Fri, 17 Mar 2023
ခလယ်လွီထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - တိုက်ပွဲ၊ လက်နက် ကြီးရမ်းသန်းပစ်ခတ်မှု၊ နေရပ်ရွှေ့ပြောင်းနေထိုင်မှု၊ လေကြောင်းတိုက်ခိုက် မှုနှင့် ပညာရေးသင်ကြားခွင့် မရရှိခြင်း (၂၀၂၂ခုနှစ်၊ သြဂုတ်လမှ စက်တင်ဘာလအထိ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ သြဂုတ်လမှ စက်တင်ဘာလအထိ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)နှင့် လယ်ဒို (ကျောက်ကြီး) မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) စစ်သားများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျိုးဆက်အနေဖြင့် ဒေသခံရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တိုသင်ဖူးတပ်စခန်းမှ SAC စစ်သားများသည် သံဆိတ်ကျေးရွာအုပ်စု၊ မဲစောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော ကြောင့် ရွာသားများ ထိခိုက်သေဆုံးသွားသည့်အပြင် လူနေအိမ်များလည်း ပျက်စီးသွားခဲ့သည်။ စက်တင်ဘာလတွင် SAC ဂျက်လေယာဉ်များသည် လယ်ဒိုမြို့နယ်တွင် ဝေဟင်ထောက်လှမ်းမှုများပြုလုပ်သည့်အပြင် လေကြောင်းတိုက် ခိုက်မှုများလည်း စစ်ဆင်ခဲ့သည်။ ဤကဲ့သို့လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ် ခြင်းကြောင့် လယ်ဒိုနှင့်မူးမြို့နယ်များတွင် နေထိုင်ကြသည့်ရွာသားများသည် ၎င်းတို့ကျေးရွာများတွင် မနေရဲတော့ဘဲ လုံခြုံမှုရှိသည့် အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [1]

 

 

တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း

၂၀၂၂ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့ မနက် (၅)နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) စစ်သားများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဆောထီးမြို့နယ်၊ သံဆိတ် ကျေးရွာအုပ်စု၊ သံဆိတ်မင်းလန်ကျေးရွာရှိ သံဆိတ်တပ်စခန်းတွင် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀)၊ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၅၀)နှင့် KNLA တပ်ရင်း (၇)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကျိုးဆက်အနေဖြင့် ဆောထီးမြို့နယ်၊ သံဆိတ်ကျေးရွာအုပ်စုရှိ ဒေသခံရွာသားများသည် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ မဲစောင်းကျေးရွာတွင် အိမ်ထောင်စုများ ၁၆၆ စုရှိပြီး သံဆိတ်မင်းလန်ကျေးရွာတွင် အိမ်ထောင် စုများ ၃၇၀စုကျော်ရှိသည်။ ၎င်းရွာနှစ်ရွာသည် သံဆိတ် ကျေးရွာအုပ်စုတွင်တည်ရှိသည်။ (တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ကြောင့် ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအထိတွင် တစ်ချို့ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်ခဲ့သည်။

တိုက်ပွဲအတွင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ပဒဲကောကျေးရွာအုပ်စု၊ တိုသင်ဖူးကျေးရွာရှိ တိုသင်ဖူးတပ်စခန်းမှ SAC ခလရ (၃၅၀)သည် လက်နက်ကြီး ၄၀ မမဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးအချို့သည် ဆောထီး မြို့နယ်၊ သံဆိတ်ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ကျရောက်ပေါက်ကွဲသွား၍ လူနေအိမ်ငါးလုံး ပျက်စီးသွားပြီး ကလေးနှစ်ဦးနှင့် ရွာသားတစ်ဦးအား ထိမှန်၍သေဆုံးသွားခဲ့သည်။ ထို့အပြင် အခြားရွာသားငါးဦးကိုလည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးထိမှန်သွားသည့်ရွာသားတစ်ဦးဖြစ်သူ အသက် ၆၂နှစ်အရွယ် ကိုဘ---သည် ထိုနေ ရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ လက်နက်ကြီးအပိုင်းအစများ ထိမှန်သွားသည့် ကလေးနှစ်ဦးသည် ဒဏ်ရာရရှိခဲ့ပြီး ခဏကြာမှ သေဆုံးခဲ့သည်။ သေဆုံးသွားသည့်ကလေးငယ်နှစ်ဦးသည် မောင်င--- (၁၁နှစ်) နှင့် မဒ---(၄နှစ်) ဖြစ်သည်။ ဤကလေးငယ်နှစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်နေ့တွင် ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အခြားရွာသားငါးဦးမှာ ဦးန---၊ ဦးန---၏သားသမီးနှစ်ဦး (နာမည်မသိရှိရ)၊ မဖ---နှင့် မဃ---တို့ဖြစ်ကြသည်။ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွင် ထိုဒေသအတွင်းရှိရွာသားများသည် ၎င်းတို့ရွာတွင် မနေရဲတော့ဘဲ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သည်။ သံဆိတ်မင်းလန်ရွာနှင့် မဲစောင်းရွာတို့မှ ထွက်ပြေး တိမ်းရှောင်သည့်ရွာသားများသည် တ--- (ပ---) မြို့တွင်းရှိ ဟ--- (ဟ---)ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံ ခဲ့သည်။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် SAC ခမရ (၅၉၀)၊ (၅၉၉)နှင့် KNLA တပ်ရင်း (၈)၊ တပ်ခွဲ (၁)၊ (၃)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ (မည်သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ကို KHRG မှ မသိရှိခဲ့ရပေ။) တိုက်ပွဲဖြစ်ပွား ပြီးနောက်တွင် (မူးမြို့နယ်၊ မူးအထူးဒေသရှိ)   တုံးတောနှင့် ရေးအိုးစဉ်ကျေးရွာတွင် အခြေစိုက်သည့် SAC စစ်သား များသည် မူးမြို့နယ်၊ ဖောပီးဒဲကျေးရွာအုပ်စု၊ ဆ---ကျေးရွာအတွင်းနှင့် ရွာအပြင်ဘက်ရှိ ရွာသားများပိုင်ဆိုင်သည့် ဥယာဉ်ခြံမြေထဲတွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ ည ၈း၃၀မိနစ် ခန့်တွင် SAC ခမရ (၅၉၀)မှ စစ်သားများသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ပြန်သည်။ လက်နက်ကြီး တစ်လုံးသည် မူးမြို့နယ်၊ ဖောပီးဒဲကျေးရွာအုပ်စု၊ ဆ---ကျေးရွာရှိ ဒေါ်က---၏အိမ်ဘေးနားတွင် ကျရောက်ပေါက် ကွဲခဲ့သည်။ အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်က---သည် လက်နက်ကြီးအ ပိုင်းအစထိမှန်ပြီး သူမ၏ဦးခေါင်းတွင် ဒဏ်ရာရ ရှိခဲ့သည်။ ထို့နောက် သူမကို လ---ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သူမ၏ဦးခေါင်းတွင် သုံးချက်ချုပ်လိုက်ရသည်။ SAC မှ ဤကဲ့သို့ လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံရွာသားများသည် ၎င်းတို့ရွာတွင် မနေရဲကြတော့ ပေ။ တစ်ချို့ရွာသားများသည် တောထဲတွင် သွားရောက်ပုန်းရှောင်နေကြပြီး တစ်ချို့ရွာသားများသည်လည်း ၎င်းတို့ ဥယျာဉ်ခြံထဲတွင် ထွက်ပြေးပုန်းရှောင်နေကြသည်။ ရွာသားများသည် ရွာထဲတွင် မရှိတော့သော်လည်း SAC ၏လက် နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကို ကြောက်ရွံ့နေဆဲဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှု 

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ ညနေ (၃)နာရီနှင့် (၄)နာရီကြားတွင် (မူတြော်ခရိုင်) တပ်မဟာ (၅)မှ ပြန်လာ သော SAC စစ်သားများသည် လယ်ဒိုမြို့နယ်၊ ကွီးလားကျေးရွာအုပ်စုရှိ တစ်နေရာတွင် KNLA စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ထို့နောက် ဆောထီးမြို့နယ်၊ လယ်ဝါးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ် ပွားသည့်နေ့တွင် (တပ်ရင်းအမှတ်မသိရှိရသည့်) SAC စစ်သားများသည် ဒေသအတွင်း လက်နက်ကြီးများ ရမ်းသန်းပစ် ခတ်ခဲ့သည်။ (လက်နက်ကြီးဘယ်နှစ်လုံးပစ်ခတ်ခဲ့သည်ကို KHRG မှ မသိရှိခဲ့ရပါ။) SAC ဂျက်လေယာဉ် နှစ်စီးသည် လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသအတွင်း ပျံသန်းလာပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဝေဟင်ကင်းထောက် လှမ်းမှုလည်း ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် (တိုက်ပွဲဖြစ်ပွားပြီးနောက်) လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ သည်။ ပထမနှင့်ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့်လေ ကြောင်းတိုက်ခိုက်မှုတွင် SAC ဂျက်လေယာဉ်များသည် စက်သေ နတ်ကိုအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်ဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုတွင် SAC ဂျက် လေယာဉ်များသည် ဗုံးများကြဲချခဲ့သည်။ (ဗုံးဘယ်နှစ်လုံးကြဲချခဲ့ကြောင်း KHRG မှ မသိရှိခဲ့ရပါ။) လေကြောင်းတိုက် ခိုက်မှုဖြစ်ပွားပြီးနောက် SAC ဂျက်လေယာဉ်များသည် ဒေသအတွင်းပျံသန်း၍ ဝေဟင်ကင်း ထောက်လှမ်းမှုပြုလုပ်ခဲ့ သည်။

ဥပမာဆိုလျှင် စက်တင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် SAC ဂျက်လေယာဉ်များသည် ဒေသအတွင်း ပျံသန်း လာ၍ ဒေသအခြေအနေကို စောင့်ကြည့်လေ့လာခဲ့သည်။ ထို့ကြောင့် မ---နှင့် န---ကျေးရွာများတွင် နေထိုင်ကြသော ရွာသားများသည် ၎င်းတို့ရွာတွင် မနေရဲတော့ဘဲ တောထဲသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သည့် ရွာသားများသည် ၎င်းတို့ရွာသို့ မကြာခဏပြန်ပြီး ၎င်းတို့အိမ်မွေးတိရိစ္ဆာန်နှင့် ကျွဲ၊နွား များကို စောင့်ကြည့်ခဲ့သည်။ သို့သော်လည်း အမျိုးသမီးများနှင့် ကလေးသူငယ်များသည် ရွာသို့ မပြန်လာရဲကြပေ။ မ---ကျေးရွာတွင် အိမ်ထောင်စုပေါင်း ၃၇စုရှိပြီး ရွာသားများ ၁၉၁ဦးကျော်ရှိသည်။ န---ရွာမှ ရွာသားများနှင့် ခရိုင်ခေါင်းဆောင်များ၏ မိသားစုဝင်များအားလုံးပေါင်း၍ တွက်ချက်ကြည့်မည်ဆိုပါက (န---ရွာနှင့် မ---ရွာမှ) ရွာသားများ ၁၀၀၀ ကျော်ရှိမည် ဖြစ်သည်။ (ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်နေရခြင်း မဟုတ်ပါ။ အချို့ရွာသားများည် အခြားရွာသို့ ထွက်ပြေးပုန်းရှောင်ကြသော်လည်း ညအချိန်တွင် ပုန်းရှောင်၍ နေ့အချိန်တွင် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်ခဲ့သည်။)

လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့နယ်၊ ကွီးလားကျေးရွာအုပ်စု၊ ဝ---ကျေးရွာတွင်နေထိုင်သော ရွာသားများ သည်လည်း ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အချို့ရွာသားများသည် မ---ကျေးရွာအုပ်စုတွင် သွားရောက် ပုန်းရှောင်နေကြသည်။ အချို့ရွာသားများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့မှစ၍ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ သို့သော်လည်း တစ်ချို့ရွာသားများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့တွင်ပင် ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ တောထဲသို့ထွက်ပြေးပုန်းရှောင်နေသော ရွာသားများသည် အခက်အခဲစိန်ခေါ်မှုအများကြီးနှင့် ရင်ဆိုင် ကြုံတွေ့ကြရသည်။ မိုးရာသီကာလဖြစ်သောကြောင့် (အစီရင်ခံစာရေးသားနေစဉ်အတွင်း) စစ်ပြေးရှောင်ရွာသား များသည် ၎င်းတို့နေစရာအတွက် ပြုလုပ်ရာတွင် အခက်အခဲများရှိနေပါသည်။ ရွာသားအများစုသည် လယ်ယာ လုပ်ငန်းများလုပ်ကိုင်ကြသည်။ ယခုအချိန်တွင် စစ်ပြေးရှောင်ရွာသားများသည် စားစရာများ မရရှိနိုင်တော့ပေ။ အကြောင်းမှာ စားနပ်ရိက္ခာများ ဝယ်ယူရန် ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ အချို့ရွာသားများသည် ၎င်းတို့ကျွဲ၊နွားတိရိစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သည်။ သို့သော်လည်း ယခုလိုအချိန်အနေတွင် ရွာသား များသည် ၎င်းတို့ရွာသို့မပြန်နိုင်ဘဲ ကျွဲ၊နွားတိရိစ္ဆာန်များကို မကြည့်ရှုနိုင်ဘဲဖြစ်နေသည်။ ရွာသားများ စိုက်ပျိုးထား သည့်သီးနှံများသည်လည်း ကျွဲ၊နွားတိရိစ္ဆာန်များကြောင့် ပျက်စီးသွားခဲ့သည်။ တောထဲတွင်ပုန်း ရှောင်ကြသည့်ကလေး များသည်လည်း ၎င်းတို့၏ပညာရေးကို ဆက်လက်ဆည်းပူးနိုင်ခြင်းမရှိတော့ပေ။ အကြောင်းမှာ တောထဲတွင် လိုအပ် သည့်ကျောင်းပစ္စည်းကိရိယာများ မရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် (အခြားအဖွဲ့အစည်းများလည်း) ကလေးပညာ ရေးအတွက် လာရောက်ကူညီပေး ခြင်းလည်း မရှိကြပါ။ (၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်အထိတွင်) (မူတြော်ခရိုင်မှ ပြန်လာသော) SAC စစ်သား များသည် ကွီးလားကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတစ်ဝိုက်တွင် ခြေကုတ်ယူ၍ သွားလာလှုပ်ရှားနေကြသည်။ စစ်ပြေးရှောင်ရွာသူရွာသားများသည် ၎င်းတို့ရွာသို့ပြန်လာနေထိုင်ရန် ကြောက်ရွံ့နေဆဲဖြစ်သည်။ (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအထိတွင်) စစ်ပြေးရှောင်အများစုသည် ၎င်းတို့ရွာသို့ ပြန်လာ နေထိုင်ခဲ့သည်။ သို့သော်လည်း အချို့ရွာသားများသည် ကျေးရွာအပြင်ဘက်ရှိ ၎င်းတို့ဥယာဉ်ခြံထဲတွင် နေထိုင်နေ လျှက်ရှိသည်။

ပညာရေး

တိုက်ပွဲနှင့်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူများနှင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရခဲ့ပြီး မ---အလယ်တန်းကျောင်း၊ န---မူလတန်းကျောင်းနှင့် လယ်ဝါးကျေးရွာအုပ်စု၊ ပ---ကျေးရွာရှိ ခလယ်လွီထူဂျူနီယာကောလိပ် (KJC) ကျောင်းများကို ပိတ်ထားခဲ့ရသည်။ မ---အလယ်တန်းကျောင်းတွင် ကျောင်းသူကျောင်းသားများ ၁၉၇ဦးကျော်ရှိပြီး ကျောင်းဆရာ၊ဆရာများ ၁၁ဦးရှိသည်။ KJC ကျောင်းတွင် ကျောင်းသူကျောင်းသားများ  ၁၅၀ဦးရှိသည်။ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းပညာရေးဆက်လက် ဆည်းပူးနိုင်ခြင်းမရှိတော့ပေ။ အကြောင်းမှာ SAC ဂျက်လေယာဉ်များသည် နေ့စဉ်နေ့တိုင်းနီးပါး ဒေသအတွင်း ပျံသန်း၍ ဝေဟင်ကင်းထောက်လှမ်းမှုများ  ပြုလုပ်နေလျှက်ရှိသည်။ (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအထိတွင် မ---အလယ် တန်းကျောင်းနှင့် န---မူလတန်းကျောင်းများသည် ပိတ်ပင်ထားလျှက်ရှိနေဆဲဖြစ်သည်။ သို့သော် KJC ကျောင်းသည် ပြန်လည်ဖွင့်လှစ်နေပြီးဖြစ်သည်။) 

Fri, 17 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်