Wed, 22 Jun 2022
ခလယ်လွီထူးခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - လယ်ဒိုနှင့်ဆောထီး မြို့နယ်များတွင် SAC မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအိမ်နှစ်လုံး ထိခိုက်ပျက်စီးပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ (၂၀၂၂ခုနှစ်၊ မတ်လမှ ဧပြီလအတွင်း)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်နှင့် ဆောထီး (ရွှေကျင်) မြို့နယ်တွင်ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါ သည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် SAC လေတပ်မှ KNU ထိန်းချုပ်အုပ်ချုပ်သော ခလယ်လွီထူးခရိုင်ရှိ နေရာဒေသနှစ်ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ထိုးစစ်ဆင်ခဲ့သည်။ ရွာသားတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိသော်လည်း ဗုံးကြဲခြင်းကြောင့် ဒေသခံအိမ်နှစ်လုံးပျက်စီးခဲ့ပြီး ရွာသားများ ၎င်းရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။ [1]

 

 

၂၀၂၂ခုနှစ်၊ မတ်လ ၁၉ရက်နေ့ မနက် ()နာရီတွင် မြန်မာစစ်တပ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)[2] SAC   စစ်တပ်မှ ဂျက်လေယာဉ်တစ်စီးပျံဝဲလာပြီး ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်၊ ဆောထီး (ရွှေကျင်) မြို့နယ်၊ လို့ခီးကျေးရွာအုပ်စု၊ ---ကျေးရွာအနီးရှိ ---နေရာတွင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းတွင် လည်း ၎င်းတို့ (SAC စစ်တပ်)မှ ခလယ်လွီထူးခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ကွီလားကျေးရွာအုပ်စု၊ ---ကျေးရွာတွင်လည်း လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာနှစ်ခု စလုံးသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ()၏ထိန်းချုပ်အုပ်ချုပ်သည့်နယ်မြေတွင်တည်ရှိသည်။ ဆောထီးနှင့်လယ်ဒိုမြို့နယ်များရှိ ပြည်သူလူထုများသည် ၎င်းတို့ရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ရွာသားများ၏တင်ပြချက်များအရ မတ်လ ၁၉ရက်နေ့ မနက် (၂)နာရီအချိန်တွင် SAC လေတပ်များသည် ခလယ်လွီထူးခရိုင်၊ ဆောထီးမြို့နယ်၊ လို့ခီးကျေးရွာအုပ်စုတွင် ဗုံးနှစ်လုံးကြဲချခဲ့သည်။ ထိုဗုံးနှစ်လုံးသည် ဒ---ရွာနှင့် ဘ---ရွာကြားရှိ လမ်းပေါ်တွင် ကျရောက်ခဲ့သည်။ ရွာသားများအိပ်ပျော်နေစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့သည်။ သို့သော်လည်း မည်သည့်ရွာသားမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့်အိမ်နှစ်လုံးသည် ဘ---ရွာတွင်နေထိုင်သည့် နော်အ---နှင့် စောဂ---တို့၏ အိမ်ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် နော်အ---၏မိုးခေါင်မိုးတစ်ပေါက်ပေါက်ပြီး ပျက်စီးခဲ့ပြီး စောဂ---၏အိမ်ခေါင်းမိုးနှစ် ပေါက်ပေါက်ပြီး ပျက်စီးခဲ့သည်။

တစ်ချိန်တည်းတွင်လည်း အခြားသော SAC ဂျက်လေယာဉ်တစ်စီးမှ ခလယ်လွီထူးခရိုင်၊ လယ်ဒိုမြို့နယ်၊ ကွီးလား ကျေးရွာအုပ်စု၊ စ---ကျေးရွာအနီးတွင် ဗုံးနှစ်လုံးကြဲခဲ့သည်။ ကျေးရွာပြင်တွင် ဗုံးများကျပြီး ပေါက်ကွဲခဲ့သောကြောင့် မည်သူမှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပေ။ သို့သော်လည်း ရွာသားတစ်ဦး၏အိမ်ခေါင်မိုးမှာ ဗုံးအစအနထိမှန်ပြီး အနည်း ငယ်ပျက်စီးခဲ့သည်။

ရွာသားများ၏ပြောပြချက်များအရ ထိုနေ့တွင် SAC မှ လေကြောင်းတိုက်ခိုက်မှုအတွက် ဂျက်လေယာဉ်နှစ်စီး အသုံးပြုခဲ့သည်။ ပထမတစ်စီးက ဆောထီးမြို့နယ်၊ ဘ---ကျေးရွာအနီးတွင် ဗုံးနှစ်လုံးကြဲခဲ့ပြီး ဒုတိယတစ်စီးသည် လယ်ဒိုမြို့နယ်၊ စ---ကျေးရွာအနီးတွင်လည်း ဗုံးနှစ်လုံးကြဲခဲ့ပြန်သည်။

အထက်ပါပုံများကို ၂၀၂၂ခုနှစ်၊ မတ်လ ၂၀ရက်နေ့၌ ခလယ်လွီထူးခရိုင်၊ ဆောထီးမြို့နယ်၊ လို့ခီးကျေးရွာအုပ်စု၊ ---ရွာတွင် ရိုက်ယူခဲ့သည်။ ပုံများတွင်ပြထားသည့်အတိုင်း ၂၀၂၂ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် SAC မှ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြု၍ ဗုံးကြဲချပြီး ရလဒ်အနေဖြင့် ဗုံးပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦး၏အိမ်ခေါင်မိုးမှာ ဗုံးအစ အနထိမှန်ပြီး အပေါက်ပေါက်သွား၍ ပျက်စီးခဲ့သည်။ (ဓါတ်ပုံများ - KHRG)

လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်ရွှေ့ပြောင်းခံရမှုများ

(မတ်လ ၁၉ရက်နေ့၌ SAC မှ လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ခဲ့ခြင်းကြောင့်) ဆောထီးမြို့နယ်ရှိ စ---၊ ဒ---၊ ဟ---၊ ဖ---နှင့် အခြား ရွာများအနီးတွင် နေထိုင်ကြသော ရွာသားများသည် ၎င်းတို့ရပ်ရွာများမှ ထွက်ခွာ၍ အနီးအနား ရှိသစ်တောများထဲရှိ လုံခြုံသည့်နေရာများတွင် တိမ်းရှောင်ခဲ့ရသည်။ ရွာသားများသည် ၎င်းတို့ရွာတွင် မအိပ်ရဲ ကြတော့ဘဲ တောထဲတွင်သာ အိပ်ခဲ့ရသည်။ အထူးသဖြင့် ကလေးများနှင့် မွေးကင်းစကလေးများ ၏မိခင်များသည် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး တောထဲတွင် ၎င်းတို့အတွက် သင့်တော်သည့် နေရာထိုင်ခင်းများ မရှိကြပေ။ SAC မှ လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရ သည့်ရွာသားများသည် လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမှီအချိန်တွင် လေကြောင်းတိုက်ခိုက်မှုရှိလာမည်ကို ကြိုတင်သိရှိရခြင်းမရှိခဲ့ပေ။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေချိန်တွင် ရွာသားများသည် ရွာထဲတွင် အိပ်မော ကျနေကြပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာမှ ရှောင်တခင်ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ဧပြီလအစမှ ဧပြီလ ၃၀ရက်နေ့အထိ ဆောထိးမြို့နယ်ရှိ ရွာပေါင်းတစ်ဝက်ခန့်တွင် နေထိုင်ကြ သော ရွာသားများသည် (စစ်လှုပ်ရှားမှုများဆက်လက်ဖြစ်ပေါ်နေသည့်အတွက်ကြောင့်) မိမိတို့၏လုံခြုံရေးအ တွက် တောများထဲသို့ တိမ်းရှောင်ခဲ့ရသည်။ ရွာသားများသည် SAC မှ KNU ထိန်းချုပ်နယ်မြေတွင် ဝင်ရောက်လာ၍ KNLA အား ဝင်ရောက်တိုက်ခိုက်ပြီး နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုစစ်ဆင်မည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် ၎င်းတို့ရွာများသို့ ညအိပ်ပြန်လာမရဲကြပေ။

SAC မှ စစ်ဆင်သည့်လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများသည် ပို၍ကြောက်ရွံ့လာကြသည်။ ရွာသား များသည် ၎င်းတို့၏နေ့စဉ်အလုပ်များနှင့် လယ်ယာလုပ်ငန်းခွင်တွင် သွားလာလုပ်ကိုင်ရန်ပင် ကြောက်ရွံ့နေကြသည်။

(SAC မှ ၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် ဆောထီးမြို့နယ်၊ မယ်ရယ်ခီးကျေးရွာအုပ်စု၊ ထီးဖါဒို့ကျေးရွာအနီး မယ်သယ်ခီးနေရာတွင်တည်ရှိသော မိုးအောင်ရွှေတူးဖော်ရေးနေရာတွင် လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ခဲ့သော သတင်းအကြောင်းအရာများကို KHRG မှ လက်ခံရရှိ၍ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းလုပ်သားများရှစ်ဦးနှင့် KNLA ရေဒီယိုလုပ်သားတစ်ဦးသေဆုံးခဲ့ပြီး မိုင်းလုပ်သားတစ်ဦးနှင့် KNU သစ်တောဌာနမှ ဝန်ထမ်းတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။)

SAC မှ ခလယ်လွီးထူခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ခဲ့သည့်အပြင် ၂၀၂၁ခုနှစ်တွင်လည်း KNU ထိန်းချုပ် နယ်မြေများဖြစ်သော မူတြော်၊ ဒူးပလာယာနှင့် ဒူးသထူခရိုင်များရှိ အရပ်သားဒေသများတွင်လည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဤကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများသည် သတင်းရေးသားနေစဉ်အတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

 

Wed, 22 Jun 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ မတ်လမှဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

[2] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏အုပ်ချုပ်ရေး အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်နေ့တွင် တပ်မတော် အစိုးရ အရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်