Tue, 31 Jan 2023
မြန်မာစစ်တပ် ဗိုလ်ချုပ်များမှ ကရင်လူမျိုးများနှင့် အခြားသောတိုင်းရင်းသားလူမျိုးစုများအပေါ် ကျုးလွန်သော ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံ တရားရုံးတွင်တင်သွင်းခြင်း

   

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့တွင် Fortify Rights နှင့်အတူ မြန်မာနိုင်ငံမှ တိုင်ကြားသူ ၁၆ ဦးတို့သည် မြန်မာစစ်တပ်မှ စစ်ဗိုလ်ချုပ်များ၏ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သော ရာဇဝတ်မှုများနှင့်ပတ်သက်သည့်တိုင်ကြားစာကို အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ ဂျာမနီနိုင်ငံတွင်တင် သွင်းခဲ့ပါသည်။ ဤတိုင်ကြားမှုသည် တာဝန်ယူမှု၊တာဝန်ခံမှုအတွက် တစ်ခုတည်းသောတင်သွင်းခြင်းမဟုတ် သော်လည်း ကရင်လူမျိုးများနှင့်တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်သောရာဇဝတ်မှုများအပါအဝင် ၂၀၂၁ ခု နှစ်၊ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကျုးလွန်သောရာဇဝတ်မှုများအတွက် တိုင်ကြားမှုတွင် ပထမဦးဆုံး သောပါဝင်မှုဖြစ်ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) အနေဖြင့် အခြားသောလူ့အခွင့်အရေးအခြေပြုအ ဖွဲ့အစည်းများဖြစ်သည့် ချင်းလူ့အခွင့်အ‌ရေးအဖွဲ့ (CHRO)၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) နှင့် မွန်ပြည်လူ့ အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) များနှင့်အတူ ဤတိုင်ကြားချက်အသစ်တစ်ခုကို ကြိုဆိုထောက်ခံပါသည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်မှုများနှင့်ပတ်သက်သည့် မြန်မာစစ်တပ်မှကျူးလွန်သည့်ရာဇဝတ်မှုဆိုင်ရာသက် သေခံအထောက်အထားများကို တင်ပြရာတွင် ပူးပေါင်းပံ့ပိုးဆောင်ရွက်ရန်အတွက် သဘောတူခဲ့ပါသည်။

တိုင်ကြားသူများသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအသီးသီးမှ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားဆယ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ကရင်ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းတစ်ဦး၊ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ရာဇ ဝတ်မှုများမှလွတ်မြောက်လာခဲ့သူများနှင့် မျက်မြင်သက်သေများလည်းပါဝင်ပါသည်။ လူ့အခွင့်အရေးချိုးဖောက် မှုတွေက အထူးသဖြင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားခဲ့တာ အများကြီးရှိတယ်။ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့အဓိကတရားခံဟာ မြန်မာစစ်တပ်ကဖြစ်တယ်။ ဟု တိုင်ကြားသူ ကရင်လူမျိုးတစ်ဦးမှ Fortify Rights အားရှင်းပြခဲ့သည်။ ထို့အပြင်မြန်မာစစ်တပ်က ကျုးလွန်တဲ့ရာဇဝတ်မှုတွေ ကို ဘယ်တုန်းကမှအရေးယူတာမရှိခဲ့ဘူး။ မြန်မာစစ်တပ်ကနေ သူတို့ကျုးလွန်တဲ့ရာဝတ်မှုတွေအတွက် တာဝန်ယူ မှုတာဝန်ခံမှုပေးတာ ကျနော်တခါမှလည်းမတွေ့ဖူးဘူး။ဟု ဆိုပါသည်။ ၎င်းမှဆက်လက်ကာနိုင်ငံတကာအဖွဲ့အ စည်းနဲ့အတူတကွပူးပေါင်းပြီး ကူညီပံ့ပိုးပေးထားတဲ့ရာဇဝတ်မှုဆိုင်ရာတိုင်ကြားမှုကနေ စစ်ကောင်စီကိုအရေးယူ လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တရားမျှတမှုရှိစွာ ဆောင်ရွက်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဟု ထပ်လောင်းပြောဆိုခဲ့ပါသည်။

တိုင်ကြားစာတွင် သက်သေအထောက်အထားများအရ အစုလိုက်အပြုံလိုက်လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရက်စက် ကြမ်းကြုတ်သောရာဇဝတ်မှုများအားကျုးလွန်မှုအပေါ် တာဝန်ရှိသဖြင့် ကျူးလွန်မှုတွင်ပါဝင်သောမြန်မာစစ်တပ်မှ စစ်ဗိုလ်များနှင့်အခြားသူများအား စုံစမ်းစစ်ဆေးမှုဖွင့်ပေးရန် Fortify Rights နှင့် တိုင်ကြားသူများမှ ဂျာမန်အစိုးရ ရှေ့နေသို့ တောင်းဆိုထားပါသည်။ ထို့အပြင် တိုင်ကြားသူများသည် ရာဇဝတ်မှုကျုးလွန်သည်ဟု ဖော်ပြထားခြင်း မခံရသေးသောသံသယရှိသောသူများကို ဆက်လက်ဖော်ထုတ်နိုင်ရန်အတွက် ရာဇဝတ်မှုဆိုင်ရာအထောက်အ ထားများ ထပ်မံစုဆောင်းခြင်းအားခွင့်ပြုပေးမည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာစုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလုပ် ဆောင်ရန် တောင်းဆိုထားပါသည်။

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာစုံစမ်းစစ်ဆေးမှုသည် အထူးသဖြင့် ရာဇဝတ်မှုကြီးကြီးမားမားကျူးလွန်သောအခါ တွင် စုံစမ်းစစ်ဆေးမှုများအတွက် ကျယ်ပြန့်ပြီးလိုက်လျောညီထွေမှုရှိသောချဥ်းကပ်မှုကို ခွင့်ပြုထားပါသည်။ ဤစုံ စမ်းစစ်ဆေးမှုနည်းလမ်းသည် ကျုးလွန်သူများ၏ရာဇဝတ်မှုဆိုင်ရာလုပ်ဆောင်မှုပုံစံများ၊ ၎င်းတို့၏အာဏာအဆင့် အဆင့်ကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေသည့်အပြင် နောက်ထပ်တရားခံများကိုဖော်ထုတ်နိုင်ရန်နှင့် သံသယရှိသူများ၏တည်နေရာကိုသိရှိချိန်တွင် တရားခံလွှဲပြောင်းရေးရှာဖွေနိုင်ရန် အစိုးရရှေ့နေများ၏ဆောင်ရွက် မှုများအတွက် မိုမိုလွယ်ကူစေပါသည်။ ဤစုံစမ်းစစ်ဆေးမှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုအား မှတ်တမ်းပြုစု သည့်ကရင်လူ့အခွင့်အရေးအဖွဲ့ကဲ့သို့သောအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့များနှင့် NGO များအနေဖြင့်အရေး ကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ ဆက်စုနှစ်များစွာအတွင်း တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သားပိုင်ဆိုင်မှုများကိုလုယူဖျက်ဆီးခြင်း၊ အဓ္ဓမလုပ်အားပေးခိုင်းစေ မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အထူးသဖြင့် လက်နက်ပဋိပက္ခများပြင်းထန်သည့်အချိန်‌‌‌တွင် ကျူးလွန် ခဲ့ပါသည်။ ထိုအကြမ်းဖက်မှုများကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ နှစ် ၃၀ ကျော်အတွင်း မှတ်တမ်းပြုစုလာခဲ့ ပါသည်။ သို့သော်လည်း ကျူးလွန်သူများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်အဝရရှိနေပြီး ကျူးလွန်ခံရသူများမှာ တရားမျှတမှုမရရှိပေ။ ကရင်လူ့အခွင့်အရေးအဖွဲ့အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ရန်၊ ကျူးလွန်မှု များအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန်နှင့် ကျူးလွန်ခံရသူအားလုံးအတွက် တရားမျှတမှုရရှိစေရန်  စုံစမ်း စစ်ဆေးမှုအားလုံးကို ကူညီပံ့ပိုးရန်အဆင်သင့်ရှိနေပါသည်။

ဂျာမနီနိုင်ငံရှိတရားရုံးမှတဆင့်  စုံစမ်းစစ်ဆေးမှုနှင့်နောက်ဆက်တွဲတရားစွဲဆိုမှုများ၏ဖြစ်နိုင်ချေမှာ သိသာထင် ရှားနေပါသည်။ မြန်မာစစ်တပ်ပေါ် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးဖြင့် အာဂျင်တီးနားနှင့် တူရကီ နိုင်ငံတို့တွင် အခြားအမှုနှစ်ခုဖွင့်ထားသော်လည်း ဂျာမနီနိုင်ငံ၏တရားစီရင်ရေးစနစ်သည် နိုင်ငံတကာရာဇဝတ်မှုများကိုကိုင် တွယ်ရာတွင် အခြားသောနိုင်ငံများထက်ပိုမိုအားကောင်းပါသည်။ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးဆိုသည်မှာ အချို့သောရာဇဝတ်မှုများသည် အလွန်ဆိုးရွားသောကြောင့် နိုင်ငံနယ်နိမိတ်များကိုကျော်လွန်ပြီး ကျူးလွန်သူများ ကို မည်သည့်နေရာတွင်မဆို တရားစွဲဆိုနိုင်ခြင်းအခြေခံကိုဆိုလိုသည်။ သို့သော်လည်း နိုင်ငံတစ်ခုချင်းစီ၏ဥပဒေ အပေါ်အခြေခံပြီး လုပ်ဆောင်နိုင်သည့်တရားစွဲဆိုမှုအတိုင်းအတာမှာ ကွဲပြားပါသည်။ အာဂျင်တီးနားနိုင်ငံ၏ဥပဒေ တွင် လူမျိုးတုံးသတ်ဖြတ်မှုကို အပြစ်ပေးနိုင်သည့်ဥပဒေများမရှိသောကြောင့် ထိုချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အရေးယူမှုများလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် ကျူးလွန်သူများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ဆက်စပ် ပြီး ပြစ်ဒဏ်ချမှတ်ခံရနိုင်သော်လည်း အခြားသောပြစ်မှုများဖြစ်သည့်သတ်ဖြတ်မှု၊ မုဒိန်းမှု သို့မဟုတ် တရားလက် လွတ်ဖမ်းဆီးမှုကဲ့သို့သော ပြစ်မှုများအတွက်သာ ပြစ်ဒဏ်ခံရနိုင်ပါသည်။ Fortify Right ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သော Matthew Smith မှ ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့အတွက် အထူးအခြေအနေတစ်ခုမှာရှိနေတယ်။ ဆိုးရွားတဲ့ချိုးဖောက်မှုကျူးလွန်ခဲ့တဲ့သူတွေကို ဂျာမ နီနိုင်ငံမှာဖြစ်ဖြစ် အခြားနေရာမှာပဲဖြစ်ဖြစ် တာဝန်ယူမှုရှိစေဖို့အတွက် စုံစမ်းစစ်ဆေးမှုတစ်ခုက အာမခံချက်ပေး မှာဖြစ်ပါတယ်ဟုဆိုခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် တာဝန်ယူခံမှုရှိလာစေရန်အတွက် နိုင်ငံတကာမှလုပ်ဆောင်နေသောအခြားအ ရာများထဲတွင် ရိုဟင်ဂျာလူမျိုးများကို ဘင်္ဂလားဒေရှ်နိုင်ငံအတွင်းသို့ အတင်းအဓ္ဓမနှင်ထုတ်ခြင်းအပေါ် လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့်ဆက်စပ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် စုံစမ်းစစ်ဆေးမှုနှင့်  ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာမှစွဲဆိုထား သောအမှုတို့ရှိပါသည်။ ထိုအမှုများသည် တရားမျှတမှုရရှိရန်အတွက် မျှော်လင့်ချက်များဖြစ်စေသော်လည်း မြန်မာ စစ်တပ်၏အကြမ်းဖက်မှုနှင့်ဖိနှိပ်မှုများကို ခံစားလာရသောအခြားလူမျိုးစုများအတွက် တရားမျှတမှုရရှိရေးသည် လည်း အာရုံစိုက်မှုအပြည့်အဝရရှိရန်ထိုက်တန်ပါသည်။ ဤအမှုကို ဂျာမနီနိုင်ငံ၏ဖယ်ဒရယ်အစိုးရရှေ့နေမှလက် ခံပြီး ရုံးတင်စစ်ဆေးမှုလုပ်ဆောင်ရန်အတွက် အားပေးထောက်ခံမှုများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန် ကရင်လူ့အ ခွင့်အရေးအဖွဲ့(KHRG )မှ နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် -

စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ hsue@khrg.org
စောအဲလ်ဘတ် - ကွင်းဆင်းညွန်ကြားရေးမှူး - albert@khrg.org

Tue, 31 Jan 2023

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်