Sat, 09 Sep 2023
အပြည်ပြည်ဆိုင်ရာ ပညာရေးကိုအကြမ်းဖက်တိုက်ခိုက်ခြင်းမှကာကွယ်‌ရေးနေ့ ထုတ်ပြန်ချက်

  

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင် ရာ ပညာရေးကိုတိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့တွင် မြန်မာပြည်အ‌ရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများအ ပေါ်လက်ရှိအကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အာရုံစိုက်စေလိုပြီး ကမ္ဘာတဝှမ်းလုံး၌ ပညာရေးအပေါ် တိုက် ခိုက်မှုများကို ရပ်တန့်‌ပေးရန်တောင်းဆိုလိုက်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)သည် ၎င်း တို့အပေါ် တိုင်းရင်းသား လူနည်းစု ကရင်လူမျိုးများ၏ အကြောက်တရားတိုး ပွားလာစေရန် စာသင်ကျောင်း များအား တိုက်ခိုက်ခြင်းကို နည်းပရိယာယ်တစ်ခုအဖြစ် တမင်တကာ အသုံးပြုနေခြင်းဖြစ်သည်။ စစ်ရေးနည်း ဗျူဟာတစ်ခုအနေဖြင့် စာသင်ကျောင်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို (KHRG) သည် ကျောင်း သားကျောင်းသူများ အပါအဝင် ဆရာ/မ များနှင့်အတူ တညီတညွတ်တည်း ရပ်တည်နေပြီး ၎င်းတို့လုပ်ရပ်များ ကို အပြင်းအထန်ရှုတ်ချပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် မိမိတို့၏ ပညာရေးလမ်းခရီးများ ပြီး ဆုံးရန် ကြိုးစားနေကြသည့် အပြစ်မဲ့ကလေးများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ပေး ရန်နှင့် ဤပဋိပက္ခတွင် အကြမ်းဖက်မှုများအားလုံးကို လုံးဝရပ်တန့်ပေးရန် တောင်းဆိုပါသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက KHRG ၏ မှတ်တမ်းပြုစုချက်အရ စာသင်ကျောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၄ ကြိမ်အထက်ရှိနေပြီး စာသင်ကျောင်းအဆောက်အဦး ၃၇ လုံးကျော် လုံးဝပျက်စီး (သို့မဟုတ်) ထိခိုက်ပျက်စီးခဲ့ကြောင်းတွေ့ရှိရပါသည်။ KHRG မှ မှတ်တမ်းပြုစုနိုင်ခြင်းမရှိသည့် နောက်ထပ် ထိခိုက်ပျက်စီးမှုများလည်း ရှိပါသည်။ ပညာ‌ရေးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများသည် တစ်နှစ်ထက်တစ် နှစ် တိုးပွားလာနေသည်ကို မြင်တွေ့နေရပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာပြည်အရှေ့တောင် ပိုင်းတွင် ဖြစ်ပွားခဲ့သော စာသင်ကျောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် (၂) နှစ်ပေါင်းသည်ထက် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားခဲ့သည်။ ထို့နည်းအတူ မြန်မာပြည်အ ရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းအပြင် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်း များသည် လည်း တိုက်ခိုက်ခြင်း ခံနေရပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင်မူ စစ်ကောင်စီတပ်သားများသည် မြို့စာသင်ကျောင်းတစ်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကလေးငယ် ၁၂ ဦး သေ ဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကလေးသူငယ်များသည် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အသေအပျောက်များ ရှိနေသော်လည်း စစ်ကောင်စီသည် ပညာရေးအပေါ် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ် လာသော ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးမှုများအပေါ် အရေးစိုက်ခြင်း (သို့မဟုတ်) တာဝန်ခံခြင်း လုံးဝမရှိခဲ့ပါ။ ပ ညာရေးအပေါ် ဆက်လက်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် SAC သည် ကျောင်းသားများ၊ ဆရာများနှင့် မိ ဘများကြားတွင် နက်ရှိုင်းသော အကြောက်တရားကို အမြစ်တွယ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုများ ခံရနေသော ကျေးရွာများရှိ ကျောင်းသားများနှင့် အနီးနားရှိ ကျောင်းသားများသည် စစ်အစိုးရ ၏ နောက်ထပ်ပစ်မှတ် ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် ကျောင်းတက်ရန် တွန့်ဆုတ်နေကြသည်ဟု ထုတ် ဖော်ပြောဆိုခဲ့ကြသည်။ ရေရှည်တွင် စာသင်ကျောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးပွားလာခြင်း သည် ပညာရေးထောက်ပံ့ရန် ရုန်းကန်နေရသော ဒေသများအတွက် ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများကို ထိခိုက် လာစေနိုင်ပါသည်။ အတိုက်အခံများ၏ နယ်ပယ်များကို ပျက်စီးစေခြင်း၊ စိတ်ဓာတ်ကျအောင် လုပ်ဆောင်ခြင်း နှင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပညာရေးကို ဆိုးရွားစေလိုခြင်းသည် စစ်ကောင်စီများကျင့်သုံးနေသော မဟာနည်းဗျူဟာသုံးခုပင်ဖြစ်သည်။

ဤကဲ့သို့သော ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများသည် ကမ္ဘာ့ကုလသမ္မဂ စာချုပ်များဖြစ်သည့် စီးပွားရေး၊ လူမှု ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာသဘောတူစာချုပ်၊ လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များပါဝင်ပတ်သက်မှုနှင့်ပတ်သက်သည့် နောက်ဆက်တွဲစာချုပ် များကိုတိုက်ရိုက်ချိုးဖောက်နေခြင်းဖြစ်ပါသည်။ ဤချိုးဖောက်မှုများသည် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုလည်းချိုးဖောက်ရာရောက်ပါသည်။ စစ်ကောင်စီမှ အရပ် သားများကို ထပ်မံပြီးတိုက်ခိုက်မှုများ မပြုလုပ်နိုင်အောင် နိုင်ငံတကာနှင့် ဒေသတွင်းတာဝန်ရှိသူများမှ ဖိအား ပေးလုပ်ဆောင်မှုများပိုမိုပြုလုပ်ရန် လိုအပ်ပါသည်။ ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် စစ်ကောင်စီအပေါ် တရားစွဲ ဆိုမှုနှင့် အနောက်နိုင်ငံများ၏စီးပွားရေး ပိတ်ဆို့မှုများကို ကျွန်ုပ်တို့မှကြိုဆိုသလို ဖိအားပေးမှုများကို ထပ်မံလုပ် ဆောင်ရန် တိုက်တွန်းလိုပါသည်။ စစ်ကောင်စီသည် ဆိုးရွားသည့် ရာဇဝတ်မှုများကို ချိုးဖောက် ထားသည့်အ လျှောက် တာဝန်ယူမှုရှိစေရမည်ဖြစ်ပါသည်။ အသက် ၁၈ နှစ်အောက်အများစုဖြစ်ကြသော ကျောင်းသားများ သည် ဤ ပဋိပက္ခအတွင်း ထိခိုက်မှုမရှိသင့်ပါ။

ဆိုးရွားသထက်ဆိုးရွားလာသည့်အခြေအနေတွင် ကျောင်းသူကျောင်းသားများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများနှင့် ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော လူထုအခြေပြုအဖွဲ့အ စည်းများကို KHRG မှ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ထိုအကူအညီပေးမှုများကို နိုင်ငံတကာ အ သိုင်းအဝိုင်း၏ အကူအညီနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါ သည်။ စာသင်ကျောင်းများသည် ပညာသင်ကြားရန်၊ လေ့လာသင်ယူရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆည်း ပူးရသော နေရာတစ်ခုဖြစ်ပါသည်။ အကြမ်းဖက်မှုနှင့် အကြောက်တရားများ ဖြစ်ပွားရမည့် နေရာမဖြစ်ရပါ။

အကြံပြုချက်များ

  • အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ က‌လေးများအတွက် လူသားချင်းစာနာထောက်ထား မှုအကူအညီများကို လူထုအခြေပြုအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက် ပေးအပ်ရန်။
  • အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရေးပံ့ပိုးမှုများ၊ ကျောင်းသားများနှင့်ဆရာ၊ဆရာ မများကို အကာအကွယ်ပေးမှုများနှင့် ပညာရေးအဖွဲ့အစည်းများကို အကာအကွယ်ပေးမှုများတွင် ဒေသ တွင်း အဖွဲ့အစည်းများနှင့် ဒေသခံများကို ညှိနှိုင်းဆွေးနွေးမှုများတွင်ပါဝင်စေရန်။
  • အိမ်နီးနားချင်းနိုင်ငံများမှ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ နယ်စပ် ဖြတ်ကျော် အကူအညီပေးမှုများကို ခွင့်ပြုရန်။
  • ကမ္ဘာ့ကုလသမ္မဂနှင့် အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်ရှိသောနိုင်ငံများမှ စစ်ကောင်စီ၏ လူသားမျိုး နွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် ကလေးအခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိ လာအောင်ပြုလုပ်ရန်။

ဆက်သွယ်ရန်

စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား - စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org
Sat, 09 Sep 2023

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်