Fri, 06 Jan 2023
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဝေါ်ရေမြို့နယ်အတွင်း ဆယ်ကျော်သက်ညီအမနှစ်ယောက်အား အဓမ္မပြုသတ်ပစ်ခြင်း (၂၀၂၂ ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ဒူးပလာယာခရိုင်၊ ဝေါ်ရေ (ဝင်းရေး) မြို့နယ် တွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ညီအမနှစ်ယောက်အား အဓမ္မပြုသတ်ပစ်ခြင်းဖြစ်ပါသည်။ အဆိုပါ ညီအမနှစ်ဦး ၏ ဦးလေးဖြစ်သူပါဝင်သော ဒေသခံရွာသားလေးဦးသည် ဤမှုခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့ကြပါသည်။ [1]

 

 

အပိုင်း ၁- မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အဓမ္မပြု သတ်ပစ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ

(ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ ဝေါ်ရေ (ဝင်းရေး) မြို့နယ်၊ ကွီးကဆောကြီးကျေးရွာအုပ်စု၊ လေးဖိုးကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်စ---

နော်ရ---

အသက်

၁၂ နှစ်

၉ နှစ်

ကျား/မ

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ

မရှိ

အလုပ်အကိုင်

ကျောင်းသူ

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

လေးဖိုးကျေးရွာ

လေးဖိုးကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ (အရပ်သားများ)

အမည်

အသက်

အလုပ်အကိုင်

ကျေးရွာ

စောမောင်ချစ်စိုး

၃၉

မသိ

ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ ကွီးကဆောကြီး ကျေးရွာအုပ်စု၊ လေးဖိုးကျေးရွာ

စောစိုးဝင်းသန်း

၂၃

မသိ

ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ ကွီးကဆောကြီး ကျေးရွာအုပ်စု၊ လေးဖိုးကျေးရွာ

စောအယ်ဒိုထူး

၂၇

မသိ

ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ ကွီးကဆောကြီး ကျေးရွာအုပ်စု၊ လေးဖိုးကျေးရွာ

စောဖားအယ်ထီး (ကျူးလွန်ခံရသူတို့၏ဦးလေး)

၃၅

မသိ

ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ ကွီးကဆောကြီး ကျေးရွာအုပ်စု၊ လေးဖိုးကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်ုပ် (ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏သတင်းမှတ်တမ်းပြုစုသူ)မှ ကျူးလွန်ခံရသူ၏မိသားစုများနှင့် ကျူး လွန်ခံရသူများ၏ရုပ်အလောင်းများကို လိုက်လံရှာဖွေရာတွင်ပါဝင်သော ဒေသတွင်းခေါင်းဆောင်များကို မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသ နည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်ကိုပေးသူများသည် စုံစမ်းစစ်ဆေးမှုပြုရာတွင်ပါဝင်သူများဖြစ်ကြပြီး ကျူးလွန်ခံရ သူတို့၏ ရုပ်အလောင်းကို မြင်တွေ့သူများဖြစ်ကြပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ရက်နေ့တွင် အသက် ၁၂ နှစ်အရွယ်ရှိ နော်စ--- နှင့် ၉နှစ်အရွယ်ရှိ နော်ရ--- တို့သည် အနီး အနားရှိ စိုက်ခင်းတွင် ဟင်းသီးဟင်းရွက်ရှာရန်ထွက်သွားပြီးနောက်ပိုင်း ပျောက်သွားခဲ့ပါသည်။ ၎င်းတို့နှစ်ဦးသည် ဦးအ--- နှင့် နော်ဝ--- တို့၏သမီးဖြစ်ပြီး ဒူးပလာခရိုင်၊ ဝေါ်ရေ (ဝင်းရေး) မြို့နယ်၊ ကွီးကဆောကြီး ကျေးရွာ အုပ်စု၊ လေးဖိုးကျေးရွာတွင်နေထိုင်ကြပါသည်။ ထိုညီအမနှစ်ဦးပျောက်သွားသည်ကိုသတိထားမိပြီး သည့်နောက် ၎င်းတို့၏မိသားစု ဆွေမျိုးများနှင့် အခြားသောရွာသားများသည် ကျေးရွာအတွင်းနှင့် အနီးအနားရှိ စိုက်ခင်းများ တွင် လိုက်လံရှာဖွေခဲ့ကြပါသည်။ နောက်ဆုံး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ရက်နေ့ မနက် ၉နာရီနှင့် ၁၀ နာရီကြားတွင် ထိုမိန်းကလေးနှစ်ဦး၏ ရုပ်အလောင်းအား ကျေးရွာနှင့်တစ်မိုင်ခန့်အကွာတွင်တွေ့ရှိခဲ့ပါသည်။ ထို့နောက် မိသားစု များနှင့် ရွာသားများသည် ဒေသခံခေါင်းဆောင်များ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) နှင့် ဒေသခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲအမှတ် (၂) တို့အား ဖြစ်ပွားခဲ့သည့်မှုခင်းအား စုံစမ်းစစ်ဆေးမှုပြု လုပ်ရန်အတွက် အသိပေးခဲ့ပါသည်။

 

အဆိုပါမိန်းကလေးနှစ်ဦး၏ ရုပ်အလောင်းကိုတွေ့ခဲ့ပြီး ၎င်းတို့၏ကိုယ်ပေါ်တွင် ‌ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှံ့ နေခဲ့ပါသည်။ ၎င်းတို့၏ လက်နှင့်ခြေထောက်များကိုလည်း ချည်နှောင်ထားခဲ့ကြပါသည်။ ရုပ်အလောင်းကိုတွေ့ခဲ့ သော ဒေသခံအဖွဲ့ဝင်တစ်ဦးမှ “သူတို့ကိုတွေ့တဲ့အချိန်မှာ မြေပေါ်မှာလှဲနေပြီ။ သူတို့ရဲ့လက်တွေကို ကြိုးနဲ့တုတ် ထားပြီး မျက်လုံးတွေကိုလည်း အဝတ်စနဲ့ပတ်ထားတယ်။ ဒါပေမဲ့ သူတို့ရဲ့အဝတ်အစားကတော့ သူတို့ကိုယ်ပေါ် မှာပဲ။ […] သူတို့ရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာအမှတ်အသားတွေနဲ့။ ‌နော်စ--- ဆိုရင် ညာဖက်နားကနေမျက်လုံးအထိ ပြားချပ်နေအောင် အရိုက်ခံထားရတယ်။ […] သူရဲ့နောက်ကျောဖက်မှာလည်းဒဏ်ရာတွေနဲ့ မြေပြင်ပေါ်မှာ ဒရွတ် တိုက်ဆွဲထားသလိုပဲ။ နော်ရ--- လည်း သူရဲ့ဘယ်ဖက်ဦးခေါင်းမှာဒဏ်ရာတွေနဲ့။ သူ့ရဲ့ခြေထောက်နှစ်ဖက် စလုံးက တွန့်လိမ်နေတာ အရိုက်ချိုးခံထားရသလိုပဲ။ သူတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်က တစ်ကိုယ်လုံးဒဏ်ရာ ဒဏ်ချက် တွေချည်းပဲ။ နောက်ပြီး မိန်းမကိုယ် (ဂင်္ဂါ) ပါအဖြဲခံထားရတယ်။” ကျူးလွန်ခံရသူနှစ်ဦးလုံးရဲ့ မိန်းမကိုယ် (ဂင်္ဂါ)  တွင် သုတ်ပိုးကိုလည်း ဒေသခံအာဏာပိုင်များမှ တွေ့ခဲ့ကြပါသည်။ ၎င်းတို့၏ကိုယ်ခန္ဓာအား စစ်ဆေးမှုပြုသူများ မှာ ကျေးရွာလုံခြုံရေးအရာရှိများ၊ ကျေးရွာသူကြီး၊ KNPF၊ KNLA၊ နှင့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) မှ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)တို့ဖြစ်ကြပါသည်။ ကျူးလွန် ခံရသူများသည် အဓမ္မပြုကျင့်ခံရခြင်း၊ နှိပ်စက်ညှဥ်းပမ်းခံရခြင်းနှင့် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်များနှင့် ရွာသားများမှယုံကြည်ကြပါသည်။  

 

ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ၎င်းတို့တွင် (ဆေး)စစ်‌ဆေးမှုပြုလုပ်ရန်အတွက် ဒေသခံအဆင့်တွင်မည်သည့် စစ်ဆေးပစ္စည်းကိရိယာများမရှိကြောင့် ပြောပြခဲ့ပါသည်။ သူမမှ “ကျမမှာ ကိုယ်ခန္ဓာကိုစစ်ဆေးမှုပြုဖို့ အတွက် ဘာနည်းပညာမှမရှိဘူး။ အဲ့ဒီကလေးတွေရဲ့ ကိုယ်ခန္ဓာမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ အမှတ်အ သားရှိမရှိ ကျမသွားစစ်ခဲ့တယ်။ ကျမကတော့ ကိုယ်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့လက်အိတ်တစ်ခုနဲ့ နားခေါင်းပိတ် တစ်ခုသုံးခဲ့တယ်။ စစ်ဆေးမှုပြုရာမှာ အသုံးပြုတဲ့ တခြားဘာပစ္စည်းမှမရှိဘူး။” သို့သော်လည်း၊ KNPF မှ စစ်ဆေးမှု ပြုလုပ်ရန်အတွက် ကျူးလွန်ခံရသူများ၏အဝတ်အစားများကို ယူသွားခဲ့ကြသည်။ (စုံစမ်းစစ် ဆေးမှုပြုလုပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအားမသိရှိရသေးပါ။)

 

KNPF နှင့် KNLA  တို့အနေဖြင့် အစပိုင်းတွင်ကျူးလွန်သူတစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ခြင်းမပြုနိုင်ခဲ့ကြ (ကျူးလွန်ခံရသူ၏မိသားစုအပါအဝင်) သတင်းအချက်အလက်များကို‌ပေးသည့် ရွာသားများမှ‌ပြောပြခဲ့ပါသည်။ သို့သော်လည်း ဤမှုခင်းဖြစ်ပျက်မှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသရရှိသောရွာသားအချို့ကို ၎င်းတို့မှာ မေးမြန်းခြင်းပြုလုပ်ခဲ့ပါသည်။ ရွာသားအချို့မှ ကျူးလွန်ခံရသူတို့၏ ဦးလေး (အမေ၏မောင်) ဖြစ်သော စောဖာထီး ကိုလည်း KNPF မှ မေးမြန်းမှုပြုလုပ်ခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် မှုခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းမှ ပျောက်နေခဲ့ပါသည်။ သို့သော်လည်း၊ KNPF မှ ၎င်းအားမေးမြန်းမှုပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာ တွင် မည်သည့်သက်သေအထောက်အထားကိုမှမတွေ့သဖြင့် ပြန်လွတ်ပေးခဲ့ပါသည်။

 

KNPF နှင့် KNLA တို့သည် ဒေသခံလုံခြုံရေးတို့၏အကူအညီဖြင့် သဲလွန်စများနှင့် သက်သေအထောက်များအား ပိုမိုရရှိရန်အတွက် ဆက်လက်စုံစမ်းစစ်ဆေးခဲ့ကြပါသည်။ ထိုနည်းတူ၊ မိဘများမှလည်း သဲလွန်စများပိုမိုရှာဖွေ တွေရှိနိုင်ရန်အတွက် အထက်လမ်းဆရာထံသွားရောက် အကူအညီတောင်ခံခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ (ဝေးရော်မြို့နယ်)၊ ဘုရာသုံးဆူမြို့ရှိ အထက်လမ်းဆရာထံ သွားရောက်စဉ်မော်ဆရာ၏ကိုယ်ထဲသို့ ၎င်း တို့သမီးနှစ်ဦး ဖြစ်သူ၏ဝိညာဉ်ဝင်ပူးခဲ့ပြီး ပြောခဲ့သည်မှာ “သမီးတို့ကိုသတ်တဲ့သူက ဦးလေးစောမောင်ချစ်စိုးဖြစ် တယ်” (ကျူးလွန်ခံရသူရဲ့ဦးလေးအရင်းမဟုတ်ပါ။ ဤတွင် ဦးလေးအား အကျွမ်းတဝင်ရှိသောအသုံးအနှုန်းအဖြစ် အသုံးပြုပါသည်။) အခြားသော အထက်လမ်းဆရာတစ်ဦးမှလည်း ကျူးလွန်သူတို့၏အိမ်သည် ကျူးလွန်ခံရသူတို့ ၏ အိမ်နှင့် မဝေးလှပါသည်ဟုပြောပြီး ကျူးလွန်သူတစ်ဦး၏ အသားအရေမှာမဲပြီး အသက် ၃၀ မှ ၄၀ ကြားတွင် ရှိသည်ဟု ပြောခဲ့ပါသည်။

 

ဤသဲလွန်စများမှ KNPF သည် ဒေသခံလုံခြုံရေးအရာရှိများကို သံသယရှိဖွယ်ရာတို့အားဆက်လက်ကြိုးစားရှာဖွေ ရန် တာဝန်ပေးခဲ့ပြီး သံသယရှိဖွယ်ဖြစ်သောရွာသားမည်သူမဆိုအား စောင့်ကြည့်ရန်တာဝန်ပေးခဲ့ပါသည်။ လုံခြုံ ရေးအရာရှိမှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဥ်အတွင်း စောမောင်ချစ်စိုး၏ စကားလုံးနှင့် လုပ်ရပ်များကြောင့် သံသယ ရှိလာခဲ့ပါသည်။ ကျူးလွန်ခံရသူတို့၏မိဘမှ စောမောင်ချစ်စိုး၏လုပ်ရပ်များသည် သံသယရှိဖွယ်ရှိကြောင်း ပြောခဲ့ ပါသည်။ အဘယ်ကြောင့်ဆိုသော် မှုခင်းမဖြစ်ပွားခင်တွင် ၎င်းအနေဖြင့် ကျူးလွန်ခံရသူတို့၏မိသားစုနှင့် ရင်းရင်းနှီး နှီး (၎င်းတို့အိမ်သို့ မကြာခဏသွားခဲ့ကြသည်) ရှိခဲ့ကြပါသည်။ သို့သော်၊ မှုခင်းဖြစ်ပွားပြီးသည့် နောက်ပိုင်း ကျူး လွန်ခံရသူတို့၏မိသားစုထံသို့ လုံးဝမသွားတော့ပါ။ ကျူးလွန်ခံရသူတို့၏မိဘများမှ ၎င်းထံသွားလည်သည့်အချိန် တွင် သူတို့နှင့် မျက်နှာချင်းမဆိုင်ဝံ့တော့ပါ။ ၎င်း၏မျက်နှာပေါ်တွင်တစ်စုံတစ်ယောက်မှ ကုတ်ခြစ်ထားသည်နှင့် တူသည် အမှတ်အသားအချို့ရှိနေပါသည်။ ထိုကုတ်ခြစ်ဒဏ်ရာကိုဖုံးရန်အတွက် ၎င်း၏မျက်နှာပေါ်တွင် သနပ်ခါး (သစ်ခေါက်ဖြစ်ပြုလုပ်ထားသည့် ရိုးရာသနပ်ခါး) လိမ်းထားပါသည်။ ယခင်က ၎င်း၏မျက်နှာပေါ်တွင် သနပ်ခါးကို မည်သည့်အခါမှ မလိမ်းကြောင်း အိမ်နီးချင်းများကပြောပြကြပါသည်။

 

ကျေးရွာလုံခြုံရေးအရာရှိများမှ ဤအခြေအနေကို KNPF ထံသို့တင်ပြခဲ့ပါသည်။ ထိုနောက် KNPF မှ သံသယရှိဖွယ် ရွာသားများကို တစ်ဦးချင်းစီလူတွေစစ်ဆေးမေးမြန်မှုပြုလုပ်ရန်အတွက် သေးကတယ်ကျေးရွာရှိ KNPF ရုံးသို့ ခေါ် လာရန် ကျေးရွာလုံခြုံရေးအရာရှိများကို အမိန့်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကျေးရွာလုံခြုံ ရေးအရာရှိများမှ အခြားသောသံသယရှိဖွယ်ရွာသားများနှင့်အတူ စော‌မောင်ချစ်စိုး၊ စောစိုးဝင်းသန်းနှင့် စောအယ်ဒို ထူးတို့အား KNPF မှ စစ်ဆေးမေးမြန်းမှုပြုလုပ်ရန်အတွက် ပို့ဆောင်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက် နေ့တွင် ဦးလေးဖြစ်သူ စောဖားအယ်ထီးအားပို့ပေးခဲ့ပါသည်။ နောက်ဆုံး ကျူးလွန်သူများမှ ဤမှုခင်းအား ကျူး လွန်ခဲ့ကြကြောင်း KNPF နှင့် KNLA တို့ထံဝန်ခဲ့ကြပါသည်။

 

ဝန်ခံချက်များအရ အစပိုင်းတွင် ဦးလေးဖြစ်သူ စောဖားအယ်ထီးနှင့် လေးနော်ရွာသားတစ်ဦးဖြစ်သည့် စောအယ်ဒို ထူးတို့သည် ထိုမိန်းကလေးနှစ်ဦးအား ၎င်းတို့နှင့်အတူ မှုခင်းဖြစ်ပွားသောနေရာဖြစ်သည့် မြစ်ချောင်းနှင့်နီးသည့် စိုက်ခင်းတစ်ခင်းတွင် လိုက်ရန်ခေါ်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အဆိုပါမိန်ကလေးနှစ်ဦး အိမ်မှထွက်ပြီး စိုက်ခင်း ထဲသို့ဟင်းသီးဟင်းရွက်သွားရှာမည့်အချိန်ကို ကြိုတင်စောင့်ကြည့်နေခဲ့ကြပါသည်။ ထိုကျူးလွန်သူနှစ်ဦးမှာ အဆို ပါမိန်းကလေးနှစ်ဦးထွက်မလာခင် စမ်းချောင်းတွင် ကြိုတင်စောင့်နှင့်နေခဲ့ကြပါသည်။ ထိုမိန်းကလေးနှစ်ဦးမှ စိုက် ခင်းသို့ရောက်ရှိသွားသည့်အချိန်တွင် ကျူးလွန်သူများမှ ထိုညီအစ်မနှစ်ဦးထံသို့ ချည်းကပ်ခဲ့ကြပြီး နောက်ထပ်ငါး နှင့် ဟင်းသီးဟင်းရွက်ရှာဖွေရန်အတွက် ၎င်းတို့နှင့်အတူလိုက်ရန်ပြောခဲ့ပါသည်။ ၎င်းတို့စမ်းချောင်းသို့ ရောက်ရှိ သွားသည်နှင့် ကျူးလွန်သူလေးဦးမှ ကလေးများကို မှုခင်းဖြစ်ပွားသည့်နေရာသို့ ခေါ်ဆောင်ခဲ့ကြပါသည်။ မှုခင်း ဖြစ်ပွားသည်နေရာသို့ရောက်သွားသည့်အချိန်တွင် ကျူးလွန်သူများမှ အဆိုပါမိန်းကလေးများကို အဝတ်ကိုဖြဲကာ ၎င်းတို့အားချည်တုတ်ခဲ့ပါသည်။ ၎င်းတို့ထဲမှ ယောက်ျားသုံးဦးသည် မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပြီး ထို တွင် ဦးလေးဖြစ်သူ စောဖားအယ်ထီးမပါဝင်ခဲ့ပါ။ သို့သော်လည်း ထိုမိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ချိန်တွင် စောဖားအယ်ထီးသည် ဘေးတွင်သာရှိနေခဲ့ပါသည်။ အဓမ္မပြုကျင့်သူသုံးဦးမှာ အရက်မူးနေခဲ့ (စောဖားအယ်ထီး မပါ) ကြပါသည်။ ဝန်ခံချက်များအရ ကျူးလွန်သူများအနေဖြင့် ဤအစီအစဉ်အား ရက်သတပတ်များအကြာ စီစဉ် မှုပြုခဲ့ကြပြီး အခွင့်အရေးရသည့်အချိန်တွင်ဖြစ်‌မြောက်အောင် ဆောင်ရွက်ခဲ့ကြပါသည်။

 

လက်ရှိ ဤမှုခင်းအား မြို့နယ် KNPF နှင့် ဒေသခံ ကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင်များမှ
(ပထမလူတွေ့မေးမြန်းမှုပြုလုပ်ချိန်တွင်)ကိုင်တွယ်ဖြေရှင်းမှုပြုနေပါသည်။ ကျူးလွန်ခံရသူ၏မိသားစုမှဤကိစ္စနှင့် ပတ်သက်၍ ရှေ့ဆက် KNU တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောပြခဲ့ပါသည်။

 

အကယ်၍ ကျူးလွန်သူများအား ဖမ်းဆီးခြင်း၊ အရေးယူခြင်း သို့မဟုတ် နှစ်အနည်းငယ်သာ ထောင်ဒဏ်ချ မှတ်မည်ဆိုပါက ကျူးလွန်သူများနှင့် ၎င်းတို့မိသားစုများ၏ ပြန်လည်ကလဲ့စားချေတုန့်ပြန်မှုကို ကျူးလွန်ခံရသူ မိသားစုမှ စိုးရိမ်ပူပန်ခဲ့ကြပါသည်။ (အဓမ္မပြုကျင့်မှုဖြစ်ရပ်အများစုတွင် ကျူးလွန်ခံရသူများ သို့မဟုတ် မိသားစု များကို ငွေကြေးလျော်ကြေးပေးရန်အတွက်သာ ကျူးလွန်သူများကိုတောင်ဆိုကြသည်။) မိသားစုနှင့် အထူးသဖြင့် အဆိုပါ မိန်းကလေးနှစ်ဦး၏မိဘများသည် သမီးလေးနှစ်ဦးအပေါ်  ဖြစ်ပွားခဲ့သည့်ကျူးလွန်မှုကြောင့် စိတ်ဒဏ်ရာ နှင့် စိတ်ပိုင်းဆိုင်ရာပြဿနာကို ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါသည်။ မှုခင်းဖြစ်ပွားသည့်အချိန်မှစ၍ မိခင် ဖြစ်သူသည် ကောင်းမွန်စွာ စားသောက်အိပ်ပျော်ခြင်းမပြုနိုင်ပါ။ သူမသည်အမြဲတမ်း အိပ်ယာထဲတွင်ရှိနေပါသည်။ သူမသည် ယခင်ကကဲ့သို့ ကျေးရွာထဲသို့ လည်ပတ်ဝင်ထွက်သွားလာခြင်းလည်းမရှိတော့ပါ။ ၎င်းတို့အနေဖြင့် စိတ် ပိုင်းဆိုင်ရာအကြံပေးမှု အကူအညီလိုအပ်နေပါသည်။ ခရီးသွားလာရေးကုန်ကျရိတ် အပါအဝင် ဤမှုခင်းအား လိုက် ရန်အတွက် ၁,၀၀၀,၀၀၀ ကျပ်နီးပါး ကုန်ကျခဲ့ပါသည်။ ထိုကြောင့် ၎င်းတို့အနေဖြင့် ယခု ငွေကြေးအခက်အခဲကို ကြုံတွေ့နေရပါသည်။

 

ထပ်မံမေးမြန်းမှုမှ အကြောင်းအရာ - ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် KNU ဒူးပလာခရိုင်တရားရုံးမှ ကျူးလွန်သူယောက်စီတိုင်းကို ပြစ်မှုချမှတ်ခဲ့ပါသည်။ စောအယ်ဒိုထူးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ စောစိုးဝင်းသန်းမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၇ နှစ်နှင့် ကျန်ရှိသည့်အခြားနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ပါသည်။ (KHRG မှ ကျူးလွန်သူနှစ်ဦး၏ သေဒဏ်ချမှတ်ခံရမှုနှင့်ပတ်သက်သည့် နောက်ထပ်သတင်း အချက်အလက်များမရ ရှိတော့ပါ။ သို့သော် KNU ၏ မူဝါဒအရ ပြစ်ဒဏ်ချမှတ်ပြီးသည့်နောက် ရက် ၄၀ အကြာမှသာ ပြစ်မှုကိုချမှတ် ပါသည်။)

 

မိခင်ဖြစ်သူသည် စိတ်ဒဏ်ရာနှင့် အိပ်မပျော်သည့် အခက်အခဲကို ဆက်လက်ကြုံတွေ့နေရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကျူးလွန်ခံရသူ၏ မိသားစုမှ ဤသတင်းအချက်အလက်ကို ထုတ်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။

Fri, 06 Jan 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မူတြောင်ခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်