Sat, 10 Dec 2022
တရားမျှတမှုနှင့် လွတ်လပ်မှု တောင်းဆိုရာတွင် ငြင်းပယ်ခံရသည့်အခါ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း - KHRG နှင့် KWO ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်

   

 

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် ကမ္ဘာတဝန်းလုံး၌ ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်းအကို အသိအမှတ်ပြု သတိရအောက်မေ့သောအားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကျင်းပ ကြပါသည်။ သို့သော်ဆိုးရွားသောလူ့အခွင့်အရေးအခြေအနေများကြောင့် ကျွန်ုပ်တို့သည် လူ့အခွင့်အရေး နေ့အား မြန်မာပြည် အရှေ့တောင်ပိုင်းတွင် မကျင်းပနိုင်ကြပါ။ ဆယ်စုနှစ်များစွာ အပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခြင်းခံရ သော မြန်မာစစ်တပ်သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာပြည်နှင့် ပတ်သက်၍ ထိရောက်တက်ကြွစွာ လုပ် ဆောင်မှုမရှိ ဖြစ်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ရွာသားများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေးအပေါ် ဆက် လက်၍ သက်ရောက်မှုရှိနေပါသည်။  နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကာလကြာမြင့်စွာ ပြစ်မှုကျူးလွန်လာခဲ့ သော စစ်ခေါင်း ဆောင်များကို တရားစွဲဆိုရန်နှင့် ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ် မှန်သည့်အရေးယူဆောင်ရွက်မှုများပြုရန် ပျက်ကွက်ခဲ့ပါသည်။ ကရင်ပြည်နယ်အတွင်း တရားမျှတမှုနှင့် လွတ်လပ် မှုသည် ငြင်းပယ်ခြင်းခံနေရသဖြင့် ၂၀၂၂ နှစ်၊ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အားလုံးအတွက် တရားမျှတမှု" သည် ပျက်ကွက်လျက် ရှိနေပါသည်။ သို့သော်လည်း ရွာသားများသည် လူ့အခွင့်အ ရေးအတွက် ဂုဏ်သိက္ခာရှိစွာနှင့် မြဲမြံစွာ ဆက်လက်ရပ်တည်နေပါသည်။ ယနေ့ ကျွန်ုပ်တို့အနေဖြင့် မြန်မာပြည် အတွင်းရှိ နိုင်ငံသားများ၏ ရပိုင်ခွင့်ရှိသည့် ၎င်းတို့၏ ခွင့်အရေးအတွက် တောင်းဆိုနိုင်စွမ်းကို ဂုဏ်ပြုလိုက်ပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အရပ်သားများအ ပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းများကို ကျယ်ပြန့်စွာ ပြုလုပ်လာခဲ့ကာ ၎င်း၏စစ်အာဏာရှင်စနစ်ကို ထပ်မံကျင့်သုံးလာခဲ့ပါသည်။ ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုကဲ့သို့ သော တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အတင်းအဓမ္မနေရပ်ရွှေ့ ပြောင်းစေခြင်း၊ အရပ်သားများ၏နေထိုင်ရာဒေသသို့ပစ်ခတ်ခြင်း၊ လုယက်ခြင်း၊ ပိုင်ဆိုင်မှုများအားဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်တောင်းယူခြင်း၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းအပြင် အရပ်သားများအပေါ် ထိုးစစ်ဆင်မှုများ၏ ဗဟိုပစ်မှတ်ဖြစ်စေသည့် ‘ဖြတ်လေးဖြတ်’ မဟာဗျူဟာ များပါဝင်ပါသည်။  ဤနှစ်တွင် လူပေါင်း ၃၅၀,၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့ထဲတွင် အမျိုးသမီး များနှင့် ကလေးသူငယ်များစွာပါဝင်ပါသည်။ ဤအကြမ်းဖက်မှုသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်တပ်၏အုပ် ချုပ်မှု အစောပိုင်းကာလအတွင်း ကရင်လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ထင်ဟပ်ချက်ပင်ဖြစ် သည်။

၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် မြန်မာလေတပ်သည် မြစ်ဝကျွန်းပေါ်‌ဒေသ၊ တီတာကျေးရွာရှိ စာသင်ကျောင်းနှင့် ကျေးရွာတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့စဥ် ကျောင်းသား (၄၁) ဦး သေဆုံး သွားခဲ့ပါသည်။ နှစ်ပေါင်း သုံးဆယ်တစ်နှစ်ကြာပြီးသည့်နောက် ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဖာပွန်မြို့ တွင်အခြေစိုက်သော အာဏာသိမ်းစစ်တပ်မှ မူတြော်ခရိုင်၊ ကလော‌ဒေးကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ် ခဲ့ခြင်းကြောင့် ကလေးသုံးဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ခုနှစ်ဦး သေဆုံးသွားခဲ့ပြီး ၃နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိ သွားခဲ့ပါ သည်။ 

၁၉၉၂ ခုနှစ်၌ ဒူးသထူခရိုင်အတွင် ပဋိပက္ခဖြစ်ပွားသည့်ကာလအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ အသက်ရှင် ကျန်ရစ်သူ တစ်ဦးသည် သူမ၏အတွေ့အကြုံကို KHRG အား ဤသို့ပြောပြခဲ့ပါသည်။ “တစ်ညလုံးအမျိုးသမီးတွေ ကို ဆွဲထုတ်ပြီး စစ်သားတွေက အဓမ္မပြုကျင့်တာပဲ။ သူတို့ အလှည့်ကျလုပ်ကြတယ်။ တစ်ယောက်ကို စစ်သားတွေ အများကြီးနဲ့ အလှည့်ကျ တစ်ညလုံးအဓမ္မပြုကျင့်တယ်။ ကျွန်မလည်း အကျင့်ခံရတာပဲ။ အဓမ္မပြုကျင့်ခံရပြီး အိပ် မယ်ဆိုရင် တခြားအမျိုးသမီးတွေ အော်တဲ့အသံကို အမြဲတမ်း ကြားနေရတယ်။ အဲ့လိုတစ်ညလုံးလုပ်ပြီးရင် မနက် ကျတော့ ကျွန်မတို့ကို ပစ္စည်းတွေသယ်ခိုင်းပြီး တောင်ပေါ်ကို တက်ခိုင်းတယ်။” ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးသည့်နောက်ပိုင်း ဒူးသထူခရိုင်၊ လေးကေ‌ဒေသရှိ ရွာသားများသည် မြန်မာစစ်တပ်များမှကျေးရွာနားသို့ ရောက်လာသည့် အချိန်တွင် အမျိုးသမီးငယ်လေးများကို ပုန်းရှောင်ရာနေရာသို့ ပို့ဆောင်ကြကြောင်း KHRG သ တင်းမှတ်တမ်းပြုစု သူများထံအသိပေးခဲ့ပါသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း KWO မှ ကရင်ပြည်နယ်အတွင်း အရပ်သားများအပေါ် မြန်မာစစ်တပ်မှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ် ၂,၉၉၉ ခုကိုမှတ်တမ်းပြုစုခဲ့ပါသည်။ KWO ၏ အစီရင်ခံစာအရ အရပ် သား ၁၅၃ ဦး အသတ်ခံရခဲ့ပြီး ထိုအထဲတွင် အမျိုးသမီး ၃၀ ဦးပါဝင်ပါသည်။ ထို့နည်းတူ၊ အရပ်သား ၂၇၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် အမျိုးသမီး ၁၁၇ ဦးပါဝင်ပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ မြန်မာ စစ်တပ်မှ ကျူးလွန်သော လုယက်မှု ဖြစ်ရပ် ၄၄၇ ခု၊ လူနေအိမ်မီးရှို့မှု ဖြစ်ရပ် ၁၇၁ ခုကိုလည်း မှတ်တမ်းပြုစုခဲ့ ပါသည်။ လူအခွင့်အရေးချိုးဖောက်မှုအများအပြားကို အစီရင်ခံနိုင်ခြင်း သို့မဟုတ် မှတ်တမ်းပြုစုနိုင်ခြင်းမပြုလုပ် နိုင်သည့်အတွက် အမှန်တကယ်ဖြစ်ပျက်နေသော ကိန်းဂဏန်းမှာ အဆိုပါကိန်းဂဏန်းများထက်  များပြားနေပါ သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ရွာသားများအပေါ် မြန်မာစစ်တပ်၏ကျူးလွန်မှုများနှင့် မြန်မာစစ်တပ်၏ ကြမ်းတမ်းသည့် ထိုးစစ်ဆင်မှုများအား ကျေးလက်ရွာသားများကြံ့ကြံ့ခံနိုင်မှုများကြောင်းကို ကရင်လူ့အခွင့်အရေး အဖွဲ့နှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့မှ လွန်ခဲ့သည့် နှစ် ၃၀ အတွင်းမှတ်တမ်းပြုစုရယူခဲ့ပါသည်။ ထိုအကြမ်းဖက် မှုများနှင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုများကိုဖော်ပြသည့် အထောက်အထား များစွာရှိနေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ တရားမျှတမှုရရှိရန်အတွက် တစ်စုံတစ်ရာ အရေးယူလုပ်ဆောင်ခဲ့ခြင်းမရှိပါ။ ကျွန်ုပ်တို့သည် မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်များအား တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ လိုအပ် သည့်အထောက်အထားများရရှိရန် အတူလက်တွဲ လုပ်ဆောင်လာသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ သို့‌သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားများ၏ ဂုဏ်သိက္ခာ၊ လွပ်လပ်ရေးနှင့် တရားမျှတမှုအတွက် မားမားမတ်မတ်ရပ် တည်ရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အစုအဖွဲ့များ၏ ပျက်ကွက်မှုအပေါ် ကျွန်ုပ်တို့မှလွန်စွာစိတ်ပျက်မိပါသည်။

“ကရင်ပြည်နယ်အတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကိုထိခိုက်စေတဲ့ ရာဇဝတ်မှုကို ကျူးလွန်သူတွေက စစ်ခေါင်းဆောင်တွေဖြစ်တယ်။ KHRG ၏ စည်းရုံးလုပ်ဆောင်ရေးတာဝန်ခံ စောနန်ဒဆူးမှ “တိုင်းရင်းသား လူနည်း စုတွေက အာဏာသိမ်းစစ်အုပ်စုတွေရဲ့အုပ်ချုပ်မှုစနစ်အောက်မှာ ဖိနှိပ်ခံနေရတယ်။ ကျွန်တော်တို့ရဲ့ လူ့အ ခွင့်အရေးတွေ ဆိုးရွားစွာချိုးဖောက်ခံနေရတယ်။ ကျွန်တော်တို့က လူသားတွေလေ၊ ဒါပေမဲ့ အာဏာသိမ်းစစ်တပ် က ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို ချိုးနှိမ်ချင်ကြတယ်” ဟုပြောပါသည်။

KWO ၏အထွေထွေအတွင်းရေမှူးဖြစ်သူ နော်ကညောဖောမှ ထပ်ဖြည့်စွက်သည်မှာ “အမျိုးသမီးနဲ့ကလေးငယ်တွေ က အသတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတယ်။ အရပ်သားတွေရဲ့ဒေသမှာပစ်ခတ်တာတွေလည်းများလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းတွေကနေ ပိုပြီးတော့ထိရောက်တဲ့အရေးယူမှုကိုလုပ်ဆောင်ပြီး အာဏာသိမ်းစစ်တပ် အား ဂျတ်လေယာဥ်ဆီရောင်းပေးတာနဲ့ သပိတ်မှောက်တာအပြင် ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်မှသာ သူတို့တွေက ဒါ တွေကိုလုပ်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလာခဲ့လို့ အာဏာ သိမ်းစစ် တပ်က ပိုပြီးအတင့်ရဲလာပြီး ကြောက်ရွံ့ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် လုပ်လာ ကြတယ်။ ဘယ်သူကမှ ဥပဒေအထက်မှာမရှိသင့်ဘူး။ အရေးယူပေးမှုကို ကျွန်မတို့တွေလိုအပ်တယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံးနှင့် KHRG မှ စစ်ကောင်စီ၏အကြမ်းဖက်မှုများကို ရင်ဆိုင်နေ ရသော မြန်မာပြည်အရှေ့တောင်ပိုင်းရှိအရပ်သားအားလုံးကို ဂုဏ်ပြုလိုပါသည်။ ဤနေ့တွင် လူ့အခွင့်အရေး၊ လွပ်လပ် ရေးနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများ၏ ကြံ့ကြံ့ခံနိုင်မှုကို ဂုဏ်ပြုလိုပါ သည်။ တစ်ချိန်တည်းတွင် လူ့အခွင့်အရေးအပေါ် ရွာသားများ၏နိုးကြားလာမှုနှင့် တရားမျှတမှုကို တိုက်ရိုက်တောင်းဆို ရန်နိုင်ငံတကာအသိုက်အဝန်းနှင့်ချိတ်ဆက်လိုမှုများကိုလည်း ကျွန်ုပ်တို့သတိပြုမိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မှ မြန် မာစစ်တပ်၏ အတိတ်နှင့် ပစ္စုပန်ကာတွင် ကျူးလွန်နေသော ချိုးဖောက်မှုများကိုရှုတ်ချရန်၊ စစ်ကောင်စီကို အသိအမှတ် ပြုရာရောက်သည့် ထိတွေ့ဆက်ဆံမှုများကိုရပ်စဲရန်၊ စစ်‌ကောင်စီအား လေယဉ်ဆီနှင့် လက်နက်ရောင်းချမှုများရပ်စဲရန် အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးအကြပ်အတည်း များကို ဖြေရှင်းရန်ကြိုးပမ်းနေသည့် ဒေသခံ များ၏ ကြိုးစားအားထုတ်မှုများကို လက်တွေ့ကျကျ ထောက်ပံ့ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံတိုက် တွန်းလိုပါသည်။

 

 

ဆက်သွယ်ရန် -

စောနန္ဒဆူး (KHRG) - hsue@khrg.org
နော်ကညောဖော (KWO) - kwocentral@gmail.com

Sat, 10 Dec 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်