Tue, 08 Mar 2022
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

    

 

ယနေ့ မတ်လ ၈ ရက်နေ့ ၊ ၂၀၂၂ ခုနှစ်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည့်အလျောက် ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG) မှ ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုက် ပါသည်။ KHRG မှအမျိုးသမီးများ၏အတိတ်နှင့်ပစ္စုပ္ပန်ကာလအတွင်း ၎င်းတို့၏ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အပြင် ကျေးဇူးလဲတင်ရှိပါကြောင်း ပြောကြားလို ပါသည်။  ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “ဘက်လိုက်မှုကို ချိုးဖျက်ပါ” ဆိုသည့် အလျောက် ကျား၊ မရေးရာနှင့် ပတ်သက်သည့် မည်သည့်ဘက်လိုက်မှုမျိုးကိုမဆိုချိုးဖျက်ရန်နှင့် အမျိုးသမီးများအတွက် တန်းတူညီမျှမှု ရရှိစေရန်စည်းစည်းလုံးလုံး  အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျား၊မ အ ခြေပြုဘက်လိုက်ခြင်းသည် အမျိုးသမီးများအတွက် အခွင့်အရေးနှင့် တန်းတူညီမျှမှုရရှိရန် အဟန့်အတားဖြစ်စေ ပါသည်။ အမျိုးသမီးများအပေါ် ဘက်လိုက်မှုသည် မည်သည့် လူမှုအသိုက်အဝန်းတွင်မဆို ရှိနေတတ်ပြီး ထိုဘက် လိုက်မှုများကို ကျွန်ုပ်တို့တစ်ဦးချင်းစီမှကြိုးပမ်းပြီးချိုးဖျက်မှသာ ပြောင်းလဲမှုများကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစပြီး အမျိုးသမီးများသည် လူ့အခွင့်အရေးနှင့် ဒီမိုက ရေစီအရေးတိုက်ပွဲများဖြစ်သော လူထုလှုပ်ရှားမှုများတွင် သတ္တိရှိရှိ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ပါသည်။ စစ်အာ ဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများတွင် စတင်ဦးဆောင်ခဲ့သူများမှာ လူငယ်အမျိုးသမီးများဖြစ်ပြီး အာဏာ သိမ်း စစ်တပ်မှ ပထမဆုံး ပစ်သတ်ခံခဲ့ရသူမှာလဲ အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အမျိုးသမီးများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် စကားဖြင့် မဖော်ပြနိုင်လောက်သော ပါဝင်လှုပ်ရှားမှုများ၊ အနစ်နာခံ ပေးဆပ်မှုများကို တောက်လျှောက် ပြုလုပ်ခဲ့ပါသည်။ စစ်အာဏာသိမ်း ပြီးသည့်နေ့မှစ၍ မြန်မာပြည်၏ နိုင်ငံရေး အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး လူထုလှုပ်ရှားမှုတွင်ပါဝင်သောကြောင့် အမျိုးသမီးများအနေဖြင့် ဖမ်းဆီးချုပ် နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊  ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း စသော လူ့အခွင့်အရေးချိုးဖေါက်မှုများကို နေ့စဉ်နှင့်အမျှ ပိုမိုခံစားလာရပါသည်။ သို့သော်လည်း အမျိုးသမီးများသည် ၎င်း တို့၏ အခွင့်အရေးများနှင့် မြန်မာပြည်သူ အားလုံး၏ ဆုံးရှူံးသွားသော လူ့အခွင့်အရေးများအား ပြန်လည်ရရှိရန် အသံတိတ်မနေဘဲ စစ်အာဏာရှင် ဖြုတ်ချရေး အတွက်ဆက်လက်ပြီး တိုက်ပွဲဝင်ကြရန် ရွေးချယ်ခဲ့ကြပါသည်။

မြန်မာပြည်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သောကာလအတွင်း  အမျိုးသားများအတွက် ခေါင်းဆောင်မှု တာဝန်များကို ထမ်းဆောင်ရန်ခက်ခဲသည့်အချိန်တွင် အမျိုးသမီးများသည် အန္တရာယ်များကြားမှ ၎င်းတို့၏ လူမှုအ သိုက်အဝန်းအတွက် ခေါင်းဆောင်မှုရာထူးများကို မကြာခဏ ဆိုသလိုထမ်းဆောင်ခဲ့ကြရသည်။ တိုင်းရင်းသားဒေ သအတွင်း ပြင်းထန်သောတိုက်ပွဲများနှင့် ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမျိုးသားအများအ ပြားသည် ၎င်းတို့၏ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ရခြင်း သို့မဟုတ် တိုက်ပွဲဝင်ခဲ့ရသောကြောင့်  အစဉ်အ လာအရ အမျိုးသားများ ခေါင်းဆောင်မှုယူရသည့် တာဝန်များနေရာတွင် အမျိုးသမီးများမှ အစားထိုး ပါဝင်လာခဲ့ရ ပါသည်။ ၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် အမျိုးသား များသည် ရပ်ရွာခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် ပြန်လည်နေရာယူလာကြပါသည်၊၊ မြန်မာပြည်အတွင်းရှိ အ မျိုးသမီးများသည် ၎င်းတို့၏ သားသမီးများအတွက် လူ့အခွင့်အရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရန်အ တွက်တက်ကြွစွာ သတ္တိရှိရှိ တိုက်ပွဲဝင်နေကြသော်လည်း အသိအမှတ်ပြုခံရမှု နည်းပါးနေသေးပါသည်။ လက်နက် ကိုင်ပဋိပက္ခများ ပြန်လည်ဖြစ်ပေါ်လာသည်နှင့်အမျှ အမျိုးသမီးများသည် ၎င်းတို့၏ လူမှုအသိုက်အဝန်း အတွင်း အန္တရာယ်ရှိသော တာဝန်များကို တစ်ဖန်ပြန်လည်ထမ်းဆောင်လာကြရပြန်ပါသည်။ အမျိုးသမီးများ၏ အသံများ နှင့် ၎င်းတို့၏ ခေါင်းဆောင်မှုကို ယခုအရေးကြီးသောအချိန်ကာလတွင်သာမက နောင်အနာဂတ်တွင်မှာလည်း အ သိအမှတ်ပြုရန်နှင့် မြှင့်တင်ပေးရန် လိုအပ်ပါသည်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေသည့် မြန်မာပြည် အရှေ့တောင်ပိုင်းတွင် အမျိုးသမီးများနှင့် ကလေးငယ် များအပါအဝင် အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ထွက်ပြေး တိမ်းရှောင်နေရသူ မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် မလုံခြုံသောအခြေအနေများတွင် နေထိုင်ကြရပြီး ကလေးမီးဖွားရန် နှင့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရန်အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြရပါသည်။ ထွက်ပြေးတိမ်း ရှောင်ရသည့်နေရာများတွင် အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ အစားအစာမဖူလုံမှု၊ သန့်ရှင်းရေးညံ့ဖျင်း မှု၊ COVID-19 ကူးစက်မှုနှင့် အခြားရာသီအလိုက်ဖျားနာမှုများ၊ ဆိုးရွားသောရာသီဥတုနှင့် ကြိုတင်ခန့်မှန်း၍မရနိုင် သော အခြားသောခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။ ထိုကြောင့် ဤသို့သောအရေးကြီးသည့်အခြေ အနေမျိုးတွင် လူ့အခွင့်အရေးကို ကာကွယ်ခြင်းအားဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ရန်အလွန်အ ရေးကြီးသော အချိန်ဖြစ်ပါသည်။

ယနေ့တွင် ကျွန်ုပ်တို့မှ အခြားသူများအတွက် မိမိတို့၏အသက်ကို စတေးခဲ့ကြသောအမျိုးသမီးများ၊ ရက်စက် ကြမ်းကြုတ်မှုများကို ရင်ဆိုင်ရသော်လည်း ဆက်လက်တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သော အမျိုးသမီးများနှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသော အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုက်ပါသည်။ အမျိုးသ မီးများနှင့် ၎င်းတို့၏ရဲစွမ်းသတ္တိများကို အလေးအနက်အသိအမှတ်ပြုသည်နှင့်အမျှ၊ ကျွန်ုပ်တို့အားလုံးသည်လည်း ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများမရှိတော့သည့် တန်းတူညီမျှမှုပိုရှိလာသော ကမ္ဘာတစ်ခုကိုတည်ဆောက်နိုင် ရန်အတွက် ဆက်လက်ကြိုးပမ်းလုပ်‌ဆောင်ရမည်ဖြစ်သည်။

Tue, 08 Mar 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်