Fri, 25 Nov 2022
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့

   

 

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပ ပျောက်ရေးနေ့၌ ကျွန်ုပ်တို့မှ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့်လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကို တိုက်ဖျက်ရန်လိုအရေးတကြီး လိုအပ်နေကြောင်းအသိပေး တိုက်တွန်းလိုပါသည်။ မြန်မာပြည်အရှေ့ တောင်းပိုင်းရှိ အမျိုးသမီးများသည် အမျိုးမျိုးသော ကျား၊မ အခြေပြုအကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြရပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ပါဝင်သောအားဖြင့် ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးများအတွက် လူ့အခွင့်အရေး ရရှိမှုများကို မြှင့်တင်သည့် ၁၆ ရက်တာ လှုပ်ရှားမှု တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ကျူးလွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် ကျား၊ မ တန်းတူညီမျှမှု ရှိလာစေရန်အတွက်အားလုံး ပူးပေါင်းပါဝင်ရန် အတွက်ကျွန်ုပ်တို့မှ ထပ်မံတောင်းဆို လိုပါသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးသည့်နောက်တွင် စစ်ကောင်စီမှ တရားလက်လွတ် သတ်ဖြတ်မှုများ၊ ဖမ်းဆီးထောင် ချမှုများ၊ ညှင်းပန်နှိပ်စက်မှုများ၊ ကျေးရွာများ မီးရှို့ဖျက်ဆီးမှုနှင့်ပြည်သူပိုင် စည်းစိမ်ဥစ္စာများ ခိုးယူလုယက်မှုများ၊ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုမှုများသာမက အခြေခံဝန်ဆောင်မှုများနှင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများကို လက်လှမ်းမမီနိုင်အောင် ပိတ်ဆို့မှုများ ကျူးလွန်ခဲ့ပါသည်။ ထို့အပြင် ၎င်းတို့သည် အမျိုး သမီးများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်းများ ကြောင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအပေါ် ဆိုးရွားသည့် သက်‌ရောက်မှုများ ရှိစေခဲ့ပါသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ် ထွက်ပြေးတိမ်းရှောင်ရသူ ၃၀၀,၀၀၀ အထက် ရှိလာခဲ့ပါသည်။ အမျိုးသမီးအများစုသည် ကလေးငယ်များနှင့် အတူထွက်ပြေး တိမ်းရှောင်နေ ရပြီး ကလေးများကို ပြင်ပအကူအညီများရယူကာ ကာကွယ်စောင့်ရှောက်နေရပါသည်။ အမျိုးသမီးများသည် ထွက် ပြေးတိမ်းရှောင်နေရချိန်တွင် ဆိုးရွားသည့်အခြေအနေများတွင် နေထိုင်ရပြီး သောက်သုံးရေ၊ မိခင်နှင့်ကလေးကျန်း မာရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီနိုင်စွမ်း မရှိကြပါ။ ကျေးရွာများတွင် ရှိနေသောအမျိုးသမီး များသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် အခြားသောတိုက်ခိုက်မှုများကို ရင်ဆိုင်ကြရပြီး အစားအစာ နှင့် ဆေးဝါးကဲ့သို့ အရေးကြီးသည့် အရာများ ရရှိရန် လက်လှမ်းမီးနိုင်ခွင့်မှ  ပိတ်ပင်တားဆီးခြင်းခံကြရသည်။

KHRG ၏ အစီရင်ခံစာများအရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို မြန်မာစစ်တပ်မှ အတင်းအဓ္ဓမလုပ်အားပေး ခိုင်းစေမှုများနှင့်ဆက်စပ်ပြီး စနစ်တကျကျူးလွန်ခဲ့ကြသည်။ ဤသည်မှာ  စစ်ပွဲများအတွင်း ကျူးလွန်သော ကျား၊မ ရေးရာ ရာဇဝတ်မှုများသည် မြန်မာစစ်တပ်များအတွက် ယောကျ်ားပီသခြင်း ဆိုင်ရာ ယူအဆများနှင့် ဆက်နွယ်နေ ပါသည်။ မြန်မာစစ်တပ်စစ်သားများက စစ်တပ်၏ စစ်အာဏာတည်မြဲမှုအား ကာကွယ်ရန်၊ ဆန့်ကျင်မှုများကိုရပ် တန့်ရန်နှင့် ခြောက်လှန့်ဖိနှိပ်ရန်အတွက် ကျယ်ပြန့်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပါသည်။  ထို့ကြောင့် စစ်အာ ဏာသိမ်းပြီးနောက် မြန်မာစစ်တပ်စစ်သားများသည် ကျေးရွာများအနီးတွင် ဖြတ်သွားခြင်းသည်ပင်လျှင် အမျိုးသ မီးများအတွက် ကြောက်ရွံ့မှုများဖြစ်စေပါသည်။ ပဋိပက္ခအတွင်းဖြစ်ပေါ်သောလိင်အကြမ်းဖက်မှုများကိုတိုက်ဖျက် ရာတွင် တွေ့ရှိရသော အဓိကစိန်ခေါ်မှုတစ်ခုမှာ အရပ်သားတရားရေးစနစ်မှ မြန်မာစစ်တပ်အပေါ် လွမ်းမိုးနိုင်မှုမရှိ ခြင်းပင်ဖြစ်ပါသည်။ စစ်ခေါင်းဆောင်များနှင့် စစ်သားများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝရရှိနေကြ ပါသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်တွင်လည်း လက်နက်ကိုင်ပဋိပက္ခနှင့်မပတ်သက်သည့် မိန်းကလေးများနှင့် စိတ်ကျန်း မာရေး အားနည်းသည့် အမျိုးသမီးများအပေါ်ကျူးလွန်သော လိင်အကြမ်းဖက်မှုများ ပိုများပြား လာပါသည်။ အမျိုး သမီးများအပေါ်လိင်အကြမ်းဖက်မှုများကို လူမှုအသိုက်အဝန်းမှ ခွင့်လွတ်ပေးနေမှုများ ရှိနေခြင်းသည်လည်း အများ ပြည်သူမှ အကြမ်းဖက်မှုအပေါ် တုန့်ပြန်မှုများကိုပြောင်းလဲစေပါသည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများသည် ပတ်ဝန်းကျင်၏ ဝေဖန်ကဲ့ရဲ့မှုများကို ရင်ဆိုင်ရသည့်အပြင် အကြမ်းဖက်မှု၏ နောက်ဆက်တွဲအဖြစ် ရုပ်ပိုင်းနှင့် စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ရင်ဆိုင်နေကြရပါသည်။ မြန်မာပြည်အ‌ရှေ့တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာပြစ် မှုများကို တရားဥပဒေ၏ အပြင်ဘက်တွင် အလွတ်သဘောဖြင့် ဖြေရှင်းသည့် နည်းလမ်းများလည်း ရှိကြပါသည်။ KHRG မှ ရရှိသော အစီရင်ခံစာများတွင် တာဝန်ရှိသူများသည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူအား ပြစ်မှုကျူးလွန် သူနှင့်  လက်ထပ်ရန် တိုက်တွန်းလေ့ရှိကြပါသည်။ ဤလုပ်ရပ်များသည် အတင်းအဓ္ဓမလက်ထပ်ထိန်းမြားမှုမြောက် ပြီး အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စနစ်တကျ ဖြစ်ခွင့်ပြုထားသည့်သဘောသက် ရောက်နေပါသည်။ ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းသည့် လုပ်ထုံးလုပ်နည်းများသည် ကျူးလွန်ခံရသူများအား နှုတ် ဆိတ်မှုများဖြစ်စေပြီးအခြားသောအကြမ်းဖက်မှုများနှင့် ကိုယ့်ကိုယ်ကိုယ်နာကျင်စေမှုများကိုလည်းဖြစ်စေပါသည်။ အိမ်ထောင်ဖက်မှကျူးလွန်သောမုဒိန်းမှုများနှင့် အကြမ်းဖက်မှုများသည်လည်း မြန်မာပြည်တွင် ဖြစ်ပွားနေပါသည်။

KHRG မှ ကရင်ပြည်နယ်တွင် အမျိုးသမီးများအပေါ်ကျူးလွန်သည့် မမြင်သာသော အကြမ်းဖက်မှုများကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏မြေယာဥပဒေတွင် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုကို အသိအမှတ် မပြုသော ကြောင့် အမျိုးသမီးများသည် ကိုယ်ပိုင်ရပ်တည်ခွင့်နှင့် မြေယာကိုင်ဆိုင်ခွင့်အတွက် အကန့်အသတ်နှင့်သာ ရရှိကြ ပါသည်။ မိန်းကလေးငယ်များသည် အိမ်တွင်းအလုပ်များလုပ်နေကြရပြီး မောင်နှမများကို ထိန်းကျောင်းရသော ကြောင့် ကျောင်းများကိုပြီးဆုံးသည့် အထိမတက်နိုင်ကြပါ။ ကျား၊မ အကြား မတူညီသည့် တာဝန်များနှင့် မတူညီ သည့် အာဏာရရှိမှုများသည် စစ်ကောင်စီ၏ ဖိနှိပ်မှုမူဝါဒများနှင့် ဆက်စပ်နေပါသည်။ အမျိုးသမီးများကို စစ်တပ်မှ ညာတာမည်ဟု ယုံကြည်မှုများသည် ရွာသားများကိုယ်တိုင်မှ ကျား၊မကွဲပြားမှုကို အသုံးပြုပြီး ၎င်းတို့၏ အသိုက်အ ဝန်းအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကို လျှော့ချရန်ကြိုးစားကြသည်။ သို့သော်လည်း ဤအယူအဆသည် အမျိုးသားများကိုကာကွယ်ရန် အမျိုးသမီးများကို ထိုးကြွေးသည့် ပုံစံဖြစ်နေပါသည်။ ကျား၊ မတန်းတူညီမျှမှု ရှိလာ စေရန်အတွက် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကိုဖြစ်စေသည့် အချက်များအားလုံးကို ထည့်သွင်းစဉ်းစားရန်လို ပါသည်။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် KHRG မှ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ကျားမအခြေပြုအကြမ်းဖက်မှုများကို မီးမောင်းထိုးပြထားပြီး ထိုအကြမ်းဖက်မှုများကို တိုက် ဖျက်ရန် ကျွန်ုပ်တို့အားလုံးတွင်တာဝန်ရှိကြောင်းကို မီးမောင်းထိုးလိုပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများ ကို လိင်အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်၊ ကျူးလွန်ခံရသူများကို ကာကွယ်ရန်၊ မဟာ ဖိုဝါဒကြီးစိုးမှု၊ ဖိနှိပ်မှုနှင့် ဆိုးရွားသည့်ဓလေ့နှင့်စနစ်များကို အဆုံးသတ်နိုင်ရန် ကြိုးစားလုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ ထို့အပြင် မျိုးဆက်သစ်လူငယ်များကိုလည်း တန်းတူညီမျှမှုနှင့် လေးစားမှုအကြောင်းသင်ကြားပေးရ မည်ဖြစ်သည်။ ကျားမ အခြေပြု အကြမ်းဖက်မှုများအပေါ် တာဝန်ရှိသူများထံမှ ထိရောက်မှုရှိသည့် ဝန်ဆောင်မှုများ တောင်းဆိုပြီး ဆုံးဖြတ်ချက်ချသည့်နေရာများတွင် အမျိုးသမီးများကို ပါဝင်စေရန်အပြင် လူ့အသိုက်အဝန်းနှင့် အိမ် ထောင်စုများတွင် အာဏာမျှတမှုရှိစေရန်အတွက်တိုက်တွန်းရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့အားလုံး ညီညီညွတ်ညွတ် ဖြင့်အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ပေးရပါမည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမျိုးသမီးများရင်ဆိုင်ရသော မလုံခြုံမှုများကိုအသိအမှတ်ပြုသည့်အပြင် တရားမမျှ တမှု၊ ဖိနှိပ်မှုနှင့် အာဏာရှင်စနစ်ကိုတိုက်ဖျက်နေ‌သော လူ့အခွင့်အရေး ကာကွယ်သူ အမျိုးသမီးများကိုလည်း အသိ အမှတ်ပြုလိုပါသည်။ ထိုနည်းတူစွာပင် အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် တရားမျှတမှုရရှိစေရန် လုပ် ဆောင်နေသော လူထုအခြေပြုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသတွင်းအစုအဖွဲ့များ ၏ကြိုးစာအားထုတ်မှုများကိုလည်း အသိအမှတ်ပြုလိုပါသည်။ ၎င်းတို့၏ကြိုးစာအားထုတ်မှုများကို မြန်မာပြည်အ တွင်းလှုပ်ရှားနေသော နိုင်ငံတကာအစုအဖွဲ့များမှ မှေးမှိန်အောင် လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ၎င်းတို့ပြောဆိုသည့်အရာများကိုလက်တွေ့ကျကျ လုပ်ဆောင်ရန်၊ အရပ်ဘက်အဖွဲ့အစည်းများ၏လုပ်ငန်းများကို ကူညီထောက်ပံ့ရန်၊ စစ်ကောင်စီမှချိုးဖောက်သော လိုင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အ‌ခြားသောအကြမ်းဖက်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် ခိုင်မာ သည့် မှုစနကိုင်တွယ်ဖြေရှင်းမှုစနစ်တစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့မှတိုက်တွန်းလိုပါသည်။ ကျားမအခြေပြုအ ကြမ်းဖက်မှုများအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်တည်ရှိနေပါက တန်းတူညီမျှမှုနှင့် ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်မည်မဟုတ်ပါ။

Fri, 25 Nov 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်