ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၌ ဖြစ်ပွား ခဲ့သည့်အဖြစ်ပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏လေယာဥ်မှ လယ်ကဆောမြို့နယ်၊ မနိုးရိုဒေသ၌ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးနှစ်လုံးကျရောက်ခဲ့ပြီး တစ်လုံးသည် ကစ--- ကျေးရွာအနီးသို့ကျရောက်ခဲ့ပြီး အခြားတစ်လုံးသည် တရ--- ကျေးရွာသို့ ကျရောက်ခဲ့ပါသည်။ ရွာသားများထွက်ပြေးနေကြသည့်အချိန်တွင် လေယာဥ်ပေါ်မှ စက်သေနတ်များဖြင့် တရ--- ကျေးရွာသို့ပစ်ခဲ့ပါသည်။ ဤကဲ့သို့လေကြောင်းမှ စက်သေနတ်ပစ်ခတ်ခဲ့သဖြင့် ညီအမနှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်းတို့သည် အသက် ၁၇ နှစ်အရွယ်ရှိမိန်ကလေးတစ်ဦးနှင့် အသက် ၅ နှစ်အရွယ်ရှိ မိန်ကလေးတို့ဖြစ်ကြပါသည်။ ၎င်းတို့ဒဏ်ရာရရှိသွားပြီးနောက် ၎င်းတို့အနီးအနားရှိ ကရင်ကျန်းမာရေးနှင့် လူမှုဖှုလှုံရေးဌာန (KDHW) လှည့်ပတ်နေသော ဆေးရုံတစ်လုံးသို့ပို့ဆောင်ပေးခဲ့ကြပါသည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ၏
ကွမ်းခြံများပျက်စီးသွားခဲ့ပြီး ရွာသားများသည်လည်း ၎င်းတို့၏ကျေးရွာထဲတွင် ဆက်လက်၍နေထိုင်ရန်ကြောက်ရွံ့နေခဲ့ကြရပါသည်။ ထို့ကြောင့် ၎င်းတို့သည် ကျေးရွာနှင့်ဝေးရာ၌ရှိသော စိုက်ပျိုးခြံထဲသို့ထွက်ပြေးခဲ့ကြပါသည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် စစ်သားများသည် ရွာထဲတွင်လှုပ်ရှားမှုမရှိခြင်းနှင့် မည်သည့်တိုက်ပွဲများမှဖြစ်ပွားခြင်းမရှိသဖြင့် ရွာသားများမှ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားမည်ဟု မထင်မှတ်ခဲ့ကြပါ။ လေကြောင်းတိုက်ခိုက်မှုသည် ရှေ့တန်းနေရာများဖြစ်သော မြိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်၊ ထီးဝါးဒေသ ပဧ---- ကျေးရွာတွင်သာဖြစ်ပွားခဲ့ပြီး တရ--- ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါ။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

[လေကြောင်းတိုက်ခိုက်မှု] နိုင်ငံတော်စီမံအုပ်ချုပ်ရေး (SAC) ၏ လေကြောင်း
တိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ မနိုးရိုဒေသ၊ တရ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မအ---

မဆ---

အသက်

၁၇ နှစ်

၅ နှစ်

ကျား/မ

မိန်းကလေး

မိန်းကလေး

လူမျိုး

ဗမာ

ဗမာ

အိမ်ထောင် ရှိ/မရှိ   

-

-

အလုပ်အကိုင်

-

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

(ရွာသား)

(ရွာသား)

နေရပ် ရွာအမည်

မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့ နယ်၊ မနိုးရိုဒေသ၊ တရ--- ကျေးရွာ

မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ မနိုးရိုဒေသ၊ တရ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

Y-12

 

ဗမာ (SAC) လေတပ်

မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့ နယ်၊ ထီးမိုပွာဒေသ၊ မြိတ်မြို့

[ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာ့တပ်မတော်(လေတပ်)၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာ
ဝန်ထမ်းဆောင်နေပါသည်။]

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ၏သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ မှတ်တမ်းပြုစုရန် အခင်းဖြစ်ပွားသောနေရာသို့သွားခဲ့ပါသည်။ ထို့‌နောက်လယ်ကဆောမြို့နယ်၊ မနိုးရိုဒေသ၊ သစျ--- ကျေးရွာရှိ (ကရင်အမျိုးသားအစည်းအရုံး) ဒေသခံအာဏာပိုင်တစ်ဦးဖြစ် သော စောသ--- နှင့်တွေ့ဆုံခဲ့ပြီး ထိုဒေသတွင်ဖြစ်ပွားခဲ့သော မှုခင်းအကြောင်းအရာအားမေးမြန်းခဲ့ပါသည်။ [KHRG ၏သတင်းမှတ်တမ်းပြုစုသူမှ လေယာဥ်အမျိုးအစားအားအတည်ပြုပေးခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုရှိစစ်သားတစ်ဦးနှင့် အလွတ်တန်းဖြစ်ပျက်မှုအကြောင်းအရာကိုလည်း ဆွေးနွေးခဲ့ကြပါသည်။]

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဖြစ်ပျက်မှုအားမြင်တွေ့ခဲ့သော ဒေသခံခေါင်းဆောင်မှ သတင်းအချက်အလက်များကိုပေးခဲ့သဖြင့် ဤသတင်းအချက်အလက်သည့် မှန်ကန်မှုရှိပါသည်။ [မှုခင်းဖြစ်ပွားသည့်အချိန်တွင် ဒေသခံအာဏာပိုင်ဖြစ်သူ စောသ--- သည် တရ--- ကျေးရွာတွင်ရှိနေခဲ့ပါသည်။]

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ညနေ ၃း၄၇ မိနစ်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏လေယာဥ်တစ်စီးမှ ကျေးရွာထဲတွင် ဤမည်သည့်တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ မနိုးရို ဒေသ၊တရ--- ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ အဆိုပါလေယာဥ်မှ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနောက် (SAC) မှ လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ပါသည်။ ကြဲချလိုက်သည့် ပထမဗုံးသည် ကစ--- ကျေးရွာ အနီးသို့ကျရောက်ခဲ့ပြီး ဒဏ်ရရသေဆုံးခြင်း သို့မဟုတ် ပစ္စည်းဥစ္စာများပျက်စီးခြင်းမရှိခဲ့ပါ။ ကြဲချလိုက်သည့် ဒုတိယဗုံး သည်တရ--- ကျေးရွာ၌ ကျရောက်ခဲ့ပါသည်။

 

(SAC) ၏လေယာဥ်မှကြဲချလိုက်သည့် ပထမဗုံးသည် မနိုးရိုဒေသရှိ တရ--- နှင့်စန--- ‌ကျေးရွာတို့ကြားတွင်တည်ရှိသော ကစ--- ကျေးရွာ၏အနီးသို့ ကျရောက်ခဲ့ပါသည်။ ကစ--- ကျေးရွာသည် (SAC) စစ်သားများမှ ကင်းလည့်လည်ချိန် သို့မ ဟုတ် စစ်ရေးလှုပ်ရှားမှုများအား ကျေးရွာမှတဆင့်ပြုလုပ်သည့်အချိန်တိုင်း KNLA [ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မ‌တော်] ၏ခြုံခိုတိုက်ခိုက်ခြင်းကိုခံရသော နေရာတစ်ခုဖြစ်ပါသည်။ ကစ--- ကျေးရွာသည် တရ--- ကျေးရွာမှခြေလျင်ဖြင့် ၁၀ မိနစ်ကြာသွားရသည်အကွာအဝေးတွင် တည်ရှိပါသည်။ (SAC) မှ ကြဲချလိုက်သည့် ဒုတိယဗုံးသည် တရ--- ကျေးရွာတွင်တည်ရှိသည့် SAC ၏ စီမံခန့်ခွဲအုပ်ချုပ်သော တရ--- ဆေးခန်းဟောင်းနောက်သို့ ကျရောက်ခဲ့ပါသည်။ လက်ရှိ အဆိုပါ‌‌ဆေးခန်းတွင် မည်သည့်ကျန်းမာရေးဝန်ထမ်းမှ မရှိပါ။  SAC ခန့်အပ်ထားသည့် ကျန်းမာရေးဝန်ထမ်း များသည် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြသောကြောင့် ကျေးရွာတွင်မနေရဲကြတော့သဖြင့် ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးနောက် အဆိုပါဆေးခန်းအား ပိတ်ထားခဲ့ကြပါသည်။

 

ရွာသားများသည် (ကစ--- ကျေးရွာအနီးသို့) ဗုံးကျရောက်ပေါက်ကွဲသံများ ကြားသည့်အချိန်တွင် ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြကာ ထွက်ပြေးခဲ့ကြပါသည်။ ကစ--- ကျေးရွာ၊ စန--- ကျေးရွာနှင့် တရ--- ကျေးရွာရှိရွာသားများ စတင်ထွက်ပြေးပြီးမကြာမှီအချိန်တွင် (SAC) သည် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် တရ--- ကျေးရွာသို့ ပစ်ခတ်ခဲ့ပါသည်။ (ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများနှင့် ဘေးပတ်ဝန်းကျင်တို့အား ပစ်မှတ်ထားပုံရသည်။) ထို့ကြောင့် ညီအစ်မနှစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ်ရှိ မက--- နှင့် အသက် ၅ နှစ်အရွယ်ရှိ မဆ--- တို့မှ စက်သေနတ်၏ ကျဉ်ဖြင့်ထိမှန်ခဲ့ကြပါသည်။ မက--- သည် ၎င်း၏တင်တွင်ဒဏ်ရာရရှိခဲ့ပြီး မဆ--- သည် ၎င်း၏ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အချိန်တွင် ဒဏ်ရာရရှိသွားခဲ့သည်ရွာသားနှစ်ဦးသည် ၎င်းတို့၏ညနေစာအတွက် အပြင်ထွက်ဝယ်ခဲ့ကြပါသည်။

 

လေကြောင်းတိုက်ခိုက်မှုပြီးသည့်နောက် အဆိုပါရွာသားနှစ်ဦးကို ကုသမှုခံယူရန် ဘဆ--- ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပါသည်။ [အဘယ်ကြောင့်ဆိုသော် ကျေးရွာထဲတွင် ဆေးခန်းလုံးဝမရှိတော့ပါ။] ဘုန်းကြီးတစ်ပါးမှ ၎င်းတို့အား ဆေးရုံးသို့ကားဖြင့်ပို့‌ဆောင်ပေးခဲ့ပါသည်။ ၎င်းတို့၏မိဘများသည်လည်း ၎င်းတို့အားဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။ ဘဆ--- ဆေးရုံသည် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ကယ်ချောင်းဒေသတွင်ရှိသော တောင်တန်းတစ်ခုတွင်တည်ရှိပါသည်။ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ထိုနေရာသည် တရ--- ကျေးရွာနှင့် ၃၀ မိနစ်ကြာသွားရပြီး KDHW [ကရင်ကျန်းမာရေးနှင့် လူမှုဖှူလှုံ‌ရေးဌာန] မှ စီမံခန့်ခွဲအုပ်ချုပ်နေပါသည်။ အ‌ဆိုပါဆေးရုံသည် ဆေးဝါး သို့မဟုတ် ကုသမှုကုန်ကျစရိတ်တို့အား မကောက်ခံကြပါ။ [၎င်းတို့၏ဒဏ်ရာများသည့် မပြင်းထန်သဖြင့် ကုသမှုသခံယူရန်လိုအပ်ပြီးဆေးရုံတက်ရန်မလိုအပ်ခဲ့ပါ။ ၎င်းတို့သည် ပြန်လည်သက်သာလာပြီးဖြစ်ပါသည်။]

 

ထို့အပြင်၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများပိုင်ဆိုင်သည့် ကွမ်းခြံများပျက်စီးသွားခဲ့ပါသည်။ လက်ရှိတွင် (၂၀၂၅ ခုနှစ်၊ မတ်လတွင်) ရွာသားများအနေဖြင့် (လေကြောင်းတိုက်ခိုက်မှုထပ်မံဖြစ်ပွားမည်ကို ကြောက်ရွံ့ကြသောကြောင့်) ၎င်းတို့၏ကျေးရွာထဲတွင် မနေရဲကြတော့ပါ။ ထို့ကြောင့်၊ ၎င်းတို့သည် ပစ္စည်းဥစ္စာများကိုထုတ်ပိုးပြီး ၎င်းတို့၏စိုက်ပျိုးခြံများထဲသို့ ထွက်ပြေးခဲ့ကြပါသည်။

 

ထိုနေ့တွင် ကျေးရွာထဲ၌ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုအပေါ် ရွာသားများသည် မည်သည့်အထူးလုံခြုံရေးကြိုတင်ကာကွယ်မှုများ မပြုလုပ်ခဲ့ကြပါ။ ဒေသခံ KNU ခေါင်းဆောင်တစ်ဦး (လုံခြုံ‌ရေးအတွက် ရာထူးအား ဆင်ဆာဖြတ်ထားပါသည်) ဖြစ်သော စောသ--- မှ “ကျွန်တော်တို့တွေ ဒီလို (လေကြောင်းတိုက်ခိုက်မှု) ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ ဘူး။ လေယာဥ်လာတဲ့အချိန်မှာ ကျွန်တော်တို့ လေယာဥ်သံကိုကြားရတယ်။ ဒါပေမဲ့ လေယာဥ်က (တနောသရီမြို့နယ်၊ ထီးဝါးဒေသ) ပဧ--- ကျေးရွာဖြစ်တဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ နေ့တိုင်းကျွန်တော်တို့ရဲ့ရွာပေါ်ကနေ ဖြတ်တယ်။ လေယာဥ်က ကျွန်တော်တို့ရဲ့ရွာထဲမှာ လေကြောင်းတိုက်ခိုက်မှု ဘယ်တော့မှ မလုပ်ခဲ့ဘူး။ တိုက်ပွဲတွေက ပဧ--- ရွာထဲမှာ နေ့တိုင်းဖြစ်တယ်၊ (ဒါပေမဲ့ တရ--- ကျေးရွာမှတော့ ဘယ်တော့မှမဖြစ်ခဲ့ဘူး)။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှု ကျွန်တော်တို့ရွာမှ မဖြစ်ဘူးလို့ ထင်ခဲ့ကြတယ်။ နောက်ပြီးတော့ လေယာဥ် (လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့လေယာဥ်) ကအဖြူရောင်ဆိုတော့ ကျွန်တော်တို့က ခရီးသည်တင်လေယာဥ်လိုပဲ ထင်ခဲ့ကြတာပေါ့။” [လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ရှိ စစ်သားတစ်ဦးမှ အဆိုပါလေယာဥ်သည် Y-12 ဖြစ်ကြောင်း KHRG ၏သတင်းမှတ်တမ်းပြုစုသူထံသို့ အသိပေးခဲ့ပါသည်။ တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် ၎င်းမှ အရပ်ဝတ်ဖြင့် တရ--- ကျေးရွာတွင် အစားအစာဝယ်နေခဲ့ပါသည်။]

 

အဆိုပါ ဒေသခံခေါင်းဆောင် စောသ--- မှ ကျေးရွာတွင် မည်သည့်လက်နက်ကိုင်မှ (လှုပ်ရှားမှု) မရှိကြောင်း KHRG ၏သတင်းမှတ်တမ်းပြုစုသူထံသို့ ပြောပြခဲ့ပါသည်။ ထို့ကြောင့် ထိုတွင်ရှိသောရွာသားများသည် ၎င်းတို့၏အလုပ်များကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ (လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင်) ရွာသားများသည် ပုံမှန်နေ့ကဲ့သို့သာ ၎င်းတို့အလုပ်သွားလုပ်ခဲ့ကြပါသည်။ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များသည် (တစ်ခါတစ်ရံ) တရ--- ကျေးရွာသို့ အစားအစာလာရောက်ဝယ်ယူကြပါသည်။ ထို့အပြင်၊ ၎င်းတို့ (KNLA) မှ မြိတ်ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာ ရီမြို့နယ်)၊ ထီးဝါးဒေသ၊ ပဧ--- ကျေးရွာသို့ ရှေ့တန်းထွက်ရန် ကျေးရွာမှတဆင့်ကြိုတင်ဖြတ်လာကြပါသည်။ တရ---ကျေးရွာနှင့် ပဧ--- ကျေးရွာသည် ဆိုက်ကယ်ဖြင့် တစ်နာရီကြာမောင်းသွားရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒေသခံ KNU ခေါင်းဆောင်တစ်ဦးမှ ဤသတင်းအချက်အလက်အား ထုတ်ဝေရန် ကျွန်ုပ်တို့ (KHRG) အား ခွင့်ပြုချက် ပေးခဲ့ပါသည်။ [၎င်းမှထပ်မံရှင်းလင်းသည်မှာ ဒဏ်ရာရှိသောသူများ၏မိဘများမှ ဗမာအာဏာသိမ်းစစ်တပ်၏ ဒေသခံ ရွာသားများအပေါ်ပြုလုပ်သော အန္တရာယ်ကျ‌ရောက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအား သိစေလိုသဖြင့် အခြားအ ဖွဲ့အစည်းများမှ ဤသတင်းအချက်အလက်များကို မှတ်တမ်းပြုစုရန်နှင့် ထုတ်ဝေရန်ရည်ရွယ်ချက်အတွက် KNU အား ခွင့်ပြုချက်ပေးခဲ့ပါသည်။]

Thu, 22 Jan 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ မတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မြိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်