ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင်ဖြစ် ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၌ လယ်ဒိုစိုး မြို့နယ်၊ ကမိုသွေးဒေသ၊ ဆအ--- ကျေးရွာတွင်နေထိုင်သည့်ညီအကိုနှစ်ဦးဖြစ်သူ မောင်ပ--- နှင့်မောင်ရ--- တို့သည် ၎င်းတို့မိသားစုပိုင်ဆိုင်သည့်ခြံထဲတွင် သီဟိုဠ်သီးသွားခူးသည့်အချိန်တွင် မြေမြှုပ်မိုင်းနှစ်လုံးကိုနင်းမိခဲ့သည်။ ၎င်းမြေ မြှုပ်မိုင်းကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ထောင်ထားခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်၍ မောင်ပ---၏ညာဖက်ခြေထောက် တစ်ဖက်ဆုံးရှုံးရပြီး မောင်ရ---၏ဘယ်ဖက်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။ မောင်ပ--- သည် အသက် (၁၇)နှစ်ရှိပြီး မောင်ရ--- သည် အသက် (၂၂)နှစ်ရှိပြီးဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဆအ---ကျေးရွာတွင် နေထိုင်ကြသည့်ရွာသားများ သည် လယ်ယာစိုက်ပျိုးခြံထဲသို့ သွားလာလုပ်ကိုင်ရာတွင် လုံခြုံမှုမရှိဟုခံစားနေရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် ထိုဒေသတွင် သွားလာလှုပ်ရှား လျက်ရှိသည်။ ထို့ကြောင့် မည်သည့်လက်နက်ကိုင်အဖွဲ့မှ ၎င်းမြေမြှုပ်မိုင်းများကိုထောင်ထားခဲ့ကြောင်း ရွာသားများ အနေဖြင့်မသိရှိရပါ။ မြေမြှုပ်မိုင်းထိမှန်သောရွာသားနှစ်ဦးသည် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(မြေမြှုပ်မိုင်းပေါက်ကွဲမှု) ရွာသားနှစ်ဦးသည်(လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ထောင်ထားသော) မြေမြှုပ်မိုင်းနှစ်လုံးကိုနင်းမိ၍ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ)  

ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသ၊ ဆအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်ပ---

မောင်ရ---

အသက်

၁၇ နှစ်

၂၂ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ထားဝယ်လူမျိုး

ထားဝယ်လူမျိုး

အိမ်ထောင် ရှိ/မရှိ   

မရှိ

မရှိ

အလုပ်အကိုင်

ခြံ

ခြံ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

ဆအ--- ကျေးရွာ

ဆအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် ဤမြေမြှုပ်မိုင်းဖြစ်စဉ်ကို ဆအ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ် ဦးဖြစ်သူ ကိုလ--- ထံမှ ကြားသိရှိခဲ့ရသည်။ ကိုလ---သည် မြေမြှုပ်မိုင်းထိမှန်သောရွာသားနှစ်ဦးကို ဆေးရုံသို့လိုက်ပို့ပေး ခဲ့သူတစ်ဦးဖြစ်သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ရွာသားတစ်ဦးဖြစ်သူ ကိုလ--- သည် ဤသတင်းအကြောင်းအရာများကို KHRG သတင်းမှတ်တမ်းပြုစုအား ပြောပြခဲ့ သည်။ ကိုလ---သည် မြေမြှုပ်မိုင်းထိမှန်သောရွာသားနှစ်ဦးနှင့်တစ်ရွာထဲသားဖြစ်ကြသည်။ အခင်းဖြစ်ပွားသည့်အချိန် တွင် ကိုလ---သည် အခင်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့ပြီး ဒဏ်ရာရရှိသောရွာသားနှစ်ဦးကို သူကိုယ်တိုင်ဆေးရုံသို့လိုက်ပို့ပေးခဲ့ သည်။ ထို့အပြင် ကိုလ---သည် ဆေးရုံတွင်လူနာစောင့်အဖြစ် ဒဏ်ရာရရှိသူရွာသားနှစ်ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ သည်။ ထို့ကြောင့် ဤသတင်းသည်မှန်ကန်ကြောင်းဆို၍ရပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၌ ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသ၊ ဆအ--- ကျေးရွာတွင် နေထိုင် သည့်ညီအကိုနှစ်ဦးဖြစ်သူ မောင်ပ--- (၁၇ နှစ်) နှင့်မောင်ရ--- (၂၂ နှစ်) တို့သည် သီဟိုဠ်သီးခူးရန်အတွက် ၎င်းတို့မိသားစုပိုင်ဆိုင်သည့်ခြံထဲသို့ သွားရောက်ခဲ့သည်။ ၎င်းတို့သည် မနက် (၁၁) နာရီခန့်တွင် ခြံထဲတွင်ရောက်ရှိခဲ့ပြီး သီဟိုဠ်သီးများ ကိုစတင်ခူးယူခဲ့သည်။ မနက် (၁၁း၁၀) မိနစ်တွင် မောင်ရ--- သည် (ခြံထဲတွင်) မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲသွားခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်၍ မောင်ရ--- ၏ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။

 

မောင်ရ--- သည် မြေမြှုပ်မိုင်းထိမှန်ပြီးနောက် ၎င်း၏ညီလေးဖြစ်သူ မောင်ပ--- သည် မောင်ရ---ဆီသို့သွားပြီး သွေးထွက် နေသည့် (မောင်ရ---၏)ခြေထောက်ကို (သွေးတိတ်စေရန်) သူ၏အင်္ကျီကိုချွတ်ပြီး အဝတ်စဖြင့်စည်းပေးခဲ့သည်။ ထို့ နောက် သူသည် (မောင်ပ---) အကိုဖြစ်သူကိုသယ်ဆောင်လာပြီး အိမ်သို့ပြန်ခေါ်လာခဲ့သည်။ သူသည် (မောင်ပ---) သူ၏ အကိုတွဲခေါ်လာနေစဉ်အတွင်း အခင်းဖြစ်ပွားသည့်နေရာနှင့်မလှမ်းမဝေးတွင် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပြန်သည်။ မောင်ပ--- သည်မြေမြှုပ်မိုင်းနင်းမိ၍ ၎င်း၏ညာဖက်ခြေထောက်ဆုံးရှုံးခဲ့ရသည်။ (၎င်း၏ခြေထောက် ကို ဆေးရုံတွင် ဖြတ်ပေးခဲ့ရသည်။)

 

ဒေသခံရွာသားများသည် မြေမြှုပ်မိုင်းပေါက်ကွဲသည့်အသံကိုကြားရပြီးနောက်တွင် ၎င်းတို့သည် အခင်းဖြစ်ပွားသည့်နေ ရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် ရွာသားများသည် (ခြံအနီးနား) မြေပြင်တွင်တွားသွားနေသော ညီအကို နှစ်ဦးကို မြင်တွေ့ခဲ့သည်။ သို့ဖြစ်၍ ရွာသားများသည် ဒဏ်ရာရရှိသည့်ညီအကိုနှစ်ဦးကို ကားတစ်စီးပေါ်တင်ပြီး ထား ဝယ်မြို့ရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ထိုဆေးရုံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စီမံခန့်ခွဲသော ဆေးရုံဖြစ်သည်။ ဆအ---ကျေးရွာသည် ကျောက်မဲတောင်တပ်စခန်း (မြန်မာစစ်တပ်စခန်း)နှင့်နီးသည်။ ၎င်းကျေးရွာ သည် လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသ၊ ရဖ--- ကျေးရွာအနီးပတ်ဝန်းကျင်တွင် တည်ရှိသည်။ ဆအ--- ကျေးရွာမှ ကျောက်မဲတောင်တပ်စခန်းသို့ ဆိုင်ကယ်ဖြင့်သွားလျှင် (၁၀) မိနစ်သာကြာမြင့်သည်။

 

အဆိုပါညီအကိုနှစ်ဦးသည် ၎င်းတို့ခြံထဲတွင်မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိပြီးနောက်တွင် အခြားရွာသားများသည် လည်း ၎င်းတို့လယ်ယာခြံသို့သွားလာလုပ်ကိုင်ရာတွင် စိုးရိမ်မှုများရှိကြောင်းခံစားရသည်။ ဤမြေမြှုပ်မိုင်းများကို မည် သည့်လက်နက်ကိုင်အဖွဲ့မှ ထောင်ထားခဲ့ကြောင်း ထိုဒေသတွင်နေထိုင်ကြသည့်ရွာသားများက မသိရှိကြပါ။ အကြောင်း မှာ မြန်မာစစ်တပ်မှ စစ်သားများနှင့် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း (၁၀)မှ စစ်သား များသည် ထိုဒေသတွင် သွားလာလှုပ်ရှားလျက်ရှိခြင်းကြောင့်ဖြစ်သည်။ ယခင်က ထိုကျေးရွာအနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်မှ စစ်သားများနှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။ မည်သည့်ခုနှစ်၊ မည်သည့်လ၊ မည်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မသိရှိရပါ။

 

မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာရရှိသောရွာသားနှစ်ဦးသည် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ) မည်သည့်ကူညီထောက်ပံ့မှုမှ မရရှိခဲ့ပါ။ ၎င်းတို့၏ဆေးကုသမှုစရိတ်သည် ငွေကျပ် (၈,၀၀၀,၀၀၀) ခန့်ကုန်ကျခဲ့သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဆေးကုသမှုစရိတ်ကိုပေးရန် ငွေကြေးအကူအညီများလိုအပ်နေပါသည်။ အဆိုပါညီအကိုနှစ်ဦးသည် ၎င်းတို့မိသားစုကို ကျွေးမွေးစောင့်ရှောက်ရသည့်အတွက် ယခုလိုမြေမြှုပ်မိုင်းထိမှန်၍ ခြေထောက်ဆုံးရှုံးသွားသည့်အတွက်ကြောင့် မိသား စုစားဝတ်နေရေးအတွက် အခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည်။ ယခုအချိန်တွင် ၎င်းတို့ညီအကိုနှစ်ဦးသည် ခြေတုများမရရှိနိုင်၍ ချိုင်းထောက်ကိုသာအသုံးပြု၍ လမ်းလျှောက်ရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာရရှိခဲ့သော မောင်ပ---နှင့်မောင်ရ---တို့ကို ကြည့်ရှုစောင့်ရှောက်ခဲ့ဖူးသည့် ဘိတ်ထားဝယ် ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသ၊ ဆအ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ကိုလ--- သည် မောင်ပ---နှင့်မောင်ရ---တို့အနေဖြင့် ၎င်းတို့ဆေးရုံမှဆင်းလာပြီးနောက်တွင် (၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း) ဤသတင်းအကြောင်းအရာများကို အသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးခဲ့ကြောင့် KHRG သတင်းမှတ်တမ်းပြုစုသူအား ပြောပြခဲ့သည်။

Thu, 27 Nov 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်