ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၌ လယ် ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ပန--- ကျေးရွာတွင်နေထိုင်သော အသက် (၅၁) နှစ်အရွယ် အမျိုးသမီးဖြစ်သူ ဒေါ်တ--- သည် ယုဇနဆီအုန်းကုမ္ပဏီပိုင်ဆိုင်သည့်ဆီအုန်းခြံထဲတွင်အလုပ်လုပ်နေစဉ် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သူမ၏ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာဆိုးဆိုးရွားရွားရရှိခဲ့သည်။ သူမကိုဆေးရုံသို့ မပို့မီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက သူမ၏ဒဏ်ရာကို ဆေးလိမ်း၍ အရေးပေါ်ကုသမှုပေးခဲ့သည်။ သူမအလုပ်လုပ်သည့်နေရာဒေသတွင် SAC စစ်သားများ မကြာခဏသွားလာလှုပ်ရှားပြီး မြေမြှုပ်မိုင်းထောင်ထားခြင်းရှိကြောင်း ဒေသခံရွာသားများသိရှိထား၍ စိုးရိမ်ကြောက်ရွံ့နေရသည်။ ဒေါ်တ--- နှင့်သူမ ၏မိသားစုသည် ယခင်က ရန်ကုန်မြို့တွင် နေထိုင်ခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်ကာလအတွင်းမှာ ဒေါ်တ--- တို့မိ သားစုသည် ပန--- ကျေးရွာအနီးရှိ ယုဇနဆီအုန်းကုမ္ပဏီတွင် အလုပ်သမားများအဖြစ်လုပ်ကိုင်နေကြသည်။ ဒေါ်တ--- သည် ဤသို့ဒဏ်ရာရရှိပြီးနောက် သူမ၏သားသမီးများကလည်း သူမအားကူညီထောက်ပံ့မှုမပေးနိုင်၍စားဝတ်နေ ရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ယုဇနဆီအုန်းကုမ္ပဏီမှ ဒေါ်တ--- ၏ဆေးကုသမှုကုန်ကျစရိတ်ကို တာဝန် ယူပေးခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် သူမအနေဖြင့် သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့်သူမ၏သမီးဆီမှ ကူညီပေး သည့်ငွေဖြင့်သာ အသက်ရှင်သန်နေရပြီး နောက်ထပ်ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်း သိရှိရသည်။ ဤသို့မြေ မြှုပ်မိုင်းထိမှန်သည့်ဖြစ်စဉ်ဖြစ်ပွားပြီနောက် ထိုဒေသရှိ ရွာသားများသည် ၎င်းတို့၏ဥယျာဉ်ခြံထဲကို သွားလာလုပ်ကိုင် ရာတွင်လုံခြုံမှုမရှိဟုခံစားနေရသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
မြေမြှုပ်မိုင်းပေါက်ကွဲမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက် |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ တက--- ကျေး ရွာအနီးရှိ နက--- နေရာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
|
အမည် |
ဒေါ်တ--- |
|
အသက် |
၅၁ နှစ် |
|
ကျား/မ |
မ |
|
လူမျိုး |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
မုဆိုးမ |
|
အလုပ်အကိုင် |
ယုဇနဆီအုန်းကုမ္ပဏီအလုပ်သမား |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
(အလုပ်သမား) |
|
နေရပ် ရွာအမည် |
စတိန်ကျေးရွာအုပ်စု၊ ပန--- ကျေးရွာ (ယခင်ကရန်ကုန်မှာနေသည်။) |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိအမည် |
|
မသိရှိရ |
မသိရှိရ |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လက်အောက်ခံခြေလျင်တပ် ရင်း (ခလရ) အမှတ် (၃၅၈)နှင့် ခြေ မြန်တပ်ရင်း (ခမရ) အမှတ် (၂၂၄) |
လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာ အုပ်စု၊ လေညာကျေးရွာနှင့်ချောင်းမွန် (၅) ကျေးရွာအကြားရှိ အတွင်းဘုတ် ပြင်း |
မသိရှိရ |
|
မသိရှိရ |
မသိရှိရ |
SAC ခြေမြန်တပ်ရင်း (၅၅၉) နှင့် (၅၆၀) |
လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာ အုပ်စု၊ လေညာကျေးရွာ |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ပထမဆုံးအနေဖြင့် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ တက--- ကျေးရွာတွင်နေထိုင်သောရွာသားနှစ်ဦးဖြစ်သူ စောသ--- နှင့် ကိုဈ--- တို့သည် KHRG သတင်းစုဆောင်းသူတစ်ဦး အား အကြောင်းကြားခဲ့သည်။ ၎င်းရွာသားနှစ်ဦးသည် အခင်းဖြစ်စဉ်ကိုကိုယ်တိုင်မြင်တွေ့ခဲ့သူများဖြစ်သည်။ ထို့နောက် သတင်းမှတ်တမ်းယူရန်အတွက် KHRG သတင်းစုဆောင်းသူသည် ၎င်းတို့အိမ်သို့ (စောသ--- နှင့် ကိုဈ---) သွား ရောက်၍အင်တာဗျူးခဲ့သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
KHRG သတင်းစုဆောင်းသူသည် မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာရရှိသောအမျိုးသမီးတစ်ဦးကို ကူညီခဲ့သည့်မျက်မြင် သက်သေနှစ်ဦးအားတွေ့ဆုံမေးမြန်းခဲ့သည်။ ပထမမျက်မြင်တွေ့ရှိသူ စောသ--- သည် အခင်းဖြစ်ပွားသည့်နေရာတွင်ရှိ နေပြီး ဒဏ်ရာရသည့်အမျိုးသမီးကိုကူညီခဲ့သည်။ (ဒုတိယမျက်မြင်တွေ့ရှိသူ) ကိုဈ---သည် ဒဏ်ရာရသည့်အမျိုးသမီး ကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်ပေးခဲ့သည်။ ကိုဈ--- သည် ထိုအမျိုးသမီးကို ဖြစ်စဉ်ဘယ်လိုဖြစ်ပွားခဲ့ကြောင်း မေးမြန်း ခဲ့ပါသည်။ ထို့နောက် ကိုဈ--- သည် သူကြားသိရှိရသည့်အတိုင်း KHRG သတင်းစုဆောင်းသူအားပြောပြခဲ့သည်။ KHRG သတင်းစုဆောင်းသူသည် လုံခြုံရေးအခြေအနေကြောင့် ဒဏ်ရာရရှိသည့်အမျိုးသမီးကို သွားရောက်တွေ့ဆုံမေး မြန်းနိုင်ခြင်းမရှိခဲ့ပါ။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၌ နေ့လယ် (၁၂) နာရီတွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာ အုပ်စု၊ ပန--- ကျေးရွာတွင်နေထိုင်သည့် အသက် (၅၁)နှစ်အရွယ်အမျိုးသမီးဖြစ်သူ ဒေါ်တ---သည် စတိန်ကျေး ရွာအုပ်စု၊ တက---ကျေးရွာအနီးရှိ နက---နေရာတွင် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိခဲ့သည်။ ဒေါ်တ--- သည် တက--- ကျေးရွာအနီးရှိ နက--- နေရာတွင်ရှိသော ဆီအုန်းခြံထဲတွင်အလုပ်လုပ်နေစဉ် အဆိုပါမြေမြှုုပ်မိုင်းကို မတော်တဆ နင်းမိခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ် ခလရ (၃၅၈)၊ ခမရ (၂၂၄)၊ ခမရ (၅၅၉)နှင့် ခမရ (၅၆၀) ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းမြေမြှုပ်မိုင်းကို ထောင်ထားခဲ့ခြင်းဖြစ်သည်။ နက--- နေရာသည် (တက--- ကျေးရွာမှ) ရွာသားများအလုပ်လာ လုပ်ကြသော ဆီအုန်းပင် များစိုက်ထားသည့်ခြံဖြစ်သည်။ နက---နေရာမှ တက---ကျေးရွာသို့ ခြေကျင်ဖြင့်သွားလျှင် တစ်နာရီခန့်ကြာမြင့်သည်။
မြေမြှုပ်မိုင်းပေါက်ကွဲ၍ ဒေါ်တ---၏ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့သည်။ သူမ၏ခြေထောက်အရိုးကြေမွခဲ့ သည်။ သူမသည် ယုဇနဆီအုန်းကုမ္ပဏီတွင်အလုပ်လုပ်နေသော ခြံအလုပ်သမားတစ်ဦးဖြစ်သည်။ အဆိုပါကုမ္ပဏီသည် စားအုန်းဆီကိုထုတ်လုပ်၍ SAC အား အခွန်ဆောင်ပေးသည်။ ယခင်ကလည်း KNU (ကရင်အမျိုးသားအစည်းအရုံး) အား အခွန်ဆောင်ပေးခဲ့သည်။ သို့သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် KNU အား အခွန်ဆောင်ပေးရန် မလိုတော့ပေ။ ထိုအစား ၎င်းကုမ္ပဏီသည် ကော်သူးလေတပ်မတော် (KTLA) တပ်မှူးစောစပီး ဦးဆောင်သောခြေမြန် တပ်မ (၁) အား အခွန်ဆောင်ပေးရသည်။ သို့သော်လည်း SAC ကိုလည်း အခွန်ဆောင်ပေးနေရဆဲဖြစ်သည်။
ဒေါ်တ--- သည် မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိကာ သွေးများအလွန်ထွက်နေသည်။ ကြေမွနေသည့်သူမ၏ ခြေထောက်အရိုးကိုလည်း မြင်နေရသည်။ ထိုသို့ဒဏ်ရာရရှိပြီးနောက် သူမနှင့်အတူအလုပ်လာလုပ်ကြသောအခြား ရွာသားများသည် ယုဇန်ဆီအုန်းကုမ္ပဏီမှ ခြံမန်နေဂျာအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ထို့နောက် မန်နေဂျာသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အား ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ခဏအကြာတွင် PDF အဖွဲ့ဝင် တစ်ချို့သည် ဒေါ်တ---အား PDF ခြေမြန်တပ်မ (၁) စီမံခန့်ခွဲသော စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်သွားခဲ့သည်။ PDF ခြေမြန်တပ်မ (၁) သည် (SAC ထိန်းချုပ်နယ်မြေဖြစ်သော) ကော့သောင်းခရိုင်တွင် အခြေစိုက်ခဲ့သည်။ လက်ရှိအချိန် တွင် ၎င်းတို့သည် KNU ထိန်းချုပ်ရာနယ်မြေဖြစ်သော ဈယ--- နေရာတွင် အခြေစိုက်သည်။ ဈယ--- နေရာသည် တက--- ကျေးရွာအနီးရှိ စတ--- ဒေသတွင်တည်ရှိသည်။ စတ--- ဒေသသည် စတိန်ကျေးရွာအုပ်စုမှ ရွာသားများပိုင်ဆိုင်သည့် ဥယျာဉ်ခြံရှိရာနေရာဒေသဖြစ်သည်။ အဆိုပါစစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီးနောက် PDF ခြေမြန်တပ်မ (၁) မှ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးသည် ၎င်းတို့မှာရှိသည့်ဆေးဝါးများဖြင့် သူမ၏ဒဏ်ရာကိုဆေးလိမ်းပေးခဲ့သည်။ (ဤအတွက် ဒေါ် တ---သည် ပိုက်ဆံပေးစရာမလိုပေ။)
ထို့နောက် PDF ၏အကူအညီဖြင့် လူနာတင်ကားခေါ်၍ ဒေါ်တ--- ကို ဘိတ်ထားဝယ်ခရိုင်၊ နဧ--- မြို့ရှိ နဧ--- ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
(တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ) စစ်သားတစ်ဦး၏ပြောကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ယုဇနဆီအုန်းကုမ္ပဏီပိုင်ဆိုင်သည့်ဆီအုန်းခြံထဲ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သောနေရာဒေသတွင် မကြာခဏသွားလာလှုပ်ရှားလျက်ရှိသည်။ SAC စစ်သားများသည် ထိုနေရာဒေသတွင် မြေမြှုပ်မိုင်းထောင်ထားလေ့ရှိ သည်။ ဒေသခံရွာသားများ၏တင်ပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲသည့်နေရာသည် ရွာသားတစ်ဦး၏လယ်ယာအနီး တွင်တည်ရှိပြီး ဧက (၃၀၀) ကျယ်ဝန်းသည်။ ၎င်းလယ်ယာထဲတွင် အိမ်တစ်လုံးရှိပြီး SAC စစ်သားများသည် ဒေသ အတွင်း စစ်ကြောင်းထိုးလာသည့်အခါတိုင်း ထိုအိမ်ထဲတွင်နေထိုင်လေ့ရှိသည်။ ထို့ကြောင့် SAC စစ်သားများသည် တော် လှန်ရေးတပ်ဖွဲ့များအန္တရာယ်ပြုနိုင်သည့်အခြေအနေမှ မိမိကိုယ်ကိုကာကွယ်ရန်အတွက် ထိုလယ်ယာအနီးတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့ခြင်းဖြစ်သည်။
ဤမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွာသားတော်တော်များများသည် မြေမြှုပ်မိုင်းအန္တရာယ်ကို စတင်၍ စိုးရိမ်ကြောက်လန့်နေကြသည်။ တစ်ချို့ရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံထဲတွင်ပင် မသွားရဲကြတော့ပေ။ တစ်ချို့ရွာ သားများက ကြောက်နေကြသော်လည်း စားဝတ်နေရေးအတွက် ခြံထဲတွင်သွားလာလုပ်ကိုင်ရန်လိုအပ်ပါသည်။ စတိန် ကျေးရွာအုပ်စုတွင်နေထိုင်သောရွာသားများသည် လက်နက်ကိုင်စစ်သားများအနေဖြင့် ရွာသားများ၏စိုက်ပျိုးခြံထဲတွင် ဖြစ်စေ၊ ရွာသားများသွားလာအသုံးပြုသည့်လမ်းအနီးတစ်ဝိုက်တွင်ဖြစ်စေ မြေမြှုပ်မိုင်များ မထောင်ကြရန် (သက်ဆိုင် ရာတာဝန်ရှိသူများကို) မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။
ယုဇနဆီအုန်းကုမ္ပဏီသည် ဒေါ်တ---အတွက် ဆေးကုသမှုကုန်ကျစရိတ်ကို ပေးဆောင်ခဲ့သည်။ ဒေါ်တ---မှာ သားသမီး နှစ်ဦးရှိသည်။ သူမသည် အိမ်ထောင်ကွဲ၍မုဆိုးမတစ်ဦးဖြစ်သည်။ သူမ၏သားသမီးနှစ်ဦးသည်လည်း အိမ်ထောင်ကိုယ် စီရှိကြသည်။ ဒေါ်တ---နှင့်သူ၏မိသားစုသည် ယုဇနဆီအုန်းကုမ္ပဏီတွင် အလုပ်ဝင်လုပ်ကြသည့်နေ့စားအလုပ်သမား များဖြစ်ကြသည်။ ၎င်းတို့သည် ထိုကုမ္ပဏီတွင်အလုပ်လုပ်၍ စားဝတ်နေရေးကိုဖြေရှင်းကြသည်။ ၎င်းတို့သည် ယခင်က ရန်ကုန်တွင်နေထိုင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင်လုပ်ကိုင်စားသောက်ရတာ အဆင် မပြေသည့်အတွက်ကြောင့် တနသာၤရီတိုင်း (ဘိတ်ထားဝယ်ခရိုင်) သို့လာရောက်ရွှေ့ပြောင်း၍ တက--- ကျေးရွာအနီးရှိ ယုဇနဆီအုန်းကုမ္ပဏီပိုင်ခြံထဲတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
အခင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် (၂၀၂၅ ခုနှစ်၊ မတ်လအတွင်း) ဒေါ်တ---နှင့်သူမ၏သားသမီးတို့သည် ယုဇနဆီအုန်း ကုမ္ပဏီတွင်အလုပ်ဆက်လုပ်သော်လည်း အခက်အခဲများနှင့်ကြုံတွေ့ရသည်။ အကြောင်းမှာ ၎င်းတို့သည် မြေမြှုပ်မိုင်း အန္တရာယ်ကိုကြောက်ရွံ့နေကြခြင်းဖြစ်သည်။ သို့သော်လည်း ယုဇနဆီအုန်းကုမ္ပဏီတွင် အလုပ်ဆက်လုပ်နေလျက်ရှိ သည်။ ဒေါ်တ---၏သားသမီးနှစ်ဦးသည် အိမ်ထောင်နှင့်ရှိနေပြီးဖြစ်သည့်အတွက် ၎င်းတို့မိသားစုများကိုလည်း ကျွေးမွေးစောင့်ရှောက်ရမည်ဖြစ်သောကြောင့် မိသားစုစားဝတ်နေရေးအတွက်အလုပ်လုပ်နေပါသည်။ ထိုအတွက် ကြောင့် တစ်ချိန်တည်းတွင်လည်း ၎င်းတို့မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်ရန် အခက်အခဲများရှိနေသည်။
အကယ်၍ဖြစ်နိုင်လျှင် ကျေးဇူးပြု၍ စားဝတ်နေရေးအတွက်ကူညီဖေးမပေးကြပါဟု ဒေါ်တ---မှ တောင်းဆိုခဲ့သည်။ (၂၀၂၅ ခုနှစ်၊ မတ်လအတွင်း) ဒေါ်--- ဆေးရုံတက်နေသည့်အချိန်တွင် ယုဇနဆီအုန်းကုမ္ပဏီအလုပ်သမားများက ပေး လှူသည့်ငွေအနည်းငယ်ဖြင့် သူမသည် စားဝတ်နေရေးကိုဖြေရှင်းနေရသည်။ ထို့အပြင် နာရေးကူညီမှုနှင့်လူမှုကယ် ဆယ်ရေးအသင်းကလည်း သူမအား ငွေကြေးအရ ကူညီထောက်ပံ့ခဲ့သည်။ သူမ၏ဆေးကုသမှုစရိတ်သည် မည်မျှကုန် သွားကြောင်း ရွာသားများက မသိရှိရပါ။ ထို့အပြင် သူမသည် လူဘယ်နှစ်ဦးဆီမှ အလှူငွေများကိုရရှိခဲ့ကြောင်းလည်း ရွာသားများမသိရပါ။ သူမသည် ဆေးရုံတွင် တစ်လကြာဆေးကုသမှုခံယူခဲ့သည်။
လက်ရှိအချိန်တွင် (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း) ဒေါ်တ--- သည် ကျိုင်းထောက်ဖြင့်လမ်းလျှောက်ရသည့်အ တွက် အလုပ်ပြန်မလုပ်နိုင်သေးပါ။ ဆေးရုံမှဆင်းပြီးနောက်တွင် ဒေါ်တ--- သည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည် သူ့ဆီမှ ကူညီထောက်ပံ့မှုများမရရှိခဲ့ပါ။ သူမ၏သမီးဖြစ်သူသာ သူမကိုကျွေးမွေးစောင့်ရှောက်၍ မိသားစုစားဝတ်နေရေး အတွက် ရုန်းကန်နေရသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ တက--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စောသ--- နှင့် ဒဏ်ရာရရှိသည့်အမျိုးသမီးတို့သည် ဤသတင်းဖြစ်စဉ်ကို အသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါ သည်။ ၎င်းတို့နှစ်ဦးသည် (စောသ---နှင့်ဒေါ်တ---) ဤအကြောင်းအရာကို ရေးသားဖြန့်ဝေရန် KHRG အား တောင်းဆို ခဲ့သည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
