Mon, 11 Mar 2024
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့၌ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၇)သည် ငတိုးခင်ကျေးရွာအုပ်စု၊ န---ကျေးရွာအတွင်းသို့ လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာသားနှစ်ဦးအား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားနှစ်ဦးမှာ စောဆ--- (၄၆နှစ်) နှင့်နော်မ--- (၉နှစ်)တို့ဖြစ်သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့်  စောဆ---၏ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ပြီး နော်မ---၏ဘယ်လက်တစ်ဖက်တွင် လက်ချောင်းသုံးချောင်းပြတ်ထွက်ခဲ့သည်။ ထိုရွာသားနှစ်ဦးကို နီးစပ်ရာကျေးရွာဆေးခန်း သို့ပို့ဆောင်ခဲ့ပြီး ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးမှ ၎င်းတို့အား ဆေးကုသပေးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ရွာသားများ၏နွားနှစ်ကောင်ကိုလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC မှ ကျေးရွာအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးနှင့် နွားနှစ်ကောင်အား ထိခိုက်ဒဏ်ရာရ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ငတိုးခင်ကျေးရွာအုပ်စု၊ န---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဆ---

နော်မ---

အသက်

၄၆ နှစ်

၉ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ (ကလေး (၆)ဦးထွန်းကား)

-

အလုပ်အကိုင်

နေ့စားအလုပ်သမား

-

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

မိရိုးဖလာနတ်ကိုးကွယ်သူ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

န--- ကျေးရွာ

န--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၇)

ငတိုးခင်ကျေးရွာအုပ်စု၊ ဂ---ကျေးရွာ (ဂ---ကျေးရွာသည် က---ကျေးရွာနှင့် ဝ---ကျေးရွာကြားတွင် တည်ရှိသည်။)

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးအနေဖြင့် လက်နက်ကြီးပစ်ခတ်သံကို ကြားခဲ့ရပြီးနောက် ဤဖြစ်စဉ်ကိုသတင်းသွား ကောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ဒေသခံအာဏာပိုင်များကိုဆက်သွယ်ခဲ့ပြီး ၎င်းတို့ က န---ရွာသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောပြခဲ့သည်။ ထိုသို့ကြားသိရပြီးနောက် KHRG ကွင်းဆင်းလုပ်သားသည် အခင်းဖြစ်ပွားသည့်နေရာသို့သွား၍ ဒဏ်ရာရရှိသူရွာသားနှစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားသည် ငတိုးခင်ကျေးရွာအုပ်စု၊ ရ---ကျေးရွာရှိ ရ---ဆေးခန်းသို့ရောက်ရှိသောအခါ ထိုဒဏ်ရာရရှိခဲ့သူရွာသားနှစ်ဦးအား အင်တာဗျူးခဲ့ပြီး ၎င်းတို့ကိုလည်း ဓာတ်ပုံရိုက်မှတ်တမ်းပြုစုခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာကို KHRG ကွင်းဆင်းလုပ်သားအား ပထမဆုံး မျှဝေပြောပြသောသူသည် စောဆ---ဖြစ် သည်။ စောဆ---သည် လက်နက်ကြီးအစအနထိမှန်ပြီး သူ၏ခါးအပေါ်ပိုင်းမှ ညာဖက်ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ သည်။ နော်မ---ကိုလည်း ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။  KHRG ကွင်းဆင်းလုပ်သားသည် နော်မ---၏မိခင်ကိုလည်း အင် တာဗျူးခဲ့ပါသည်။ နော်မ---၏မိခင်သည် သူမ၏သမီး ဘယ်လိုဒဏ်ရာရရှိခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့ မနက်ပိုင်း (၉း၃၀)မိနစ်တွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ငတိုးခင်ကျေးရွာ အုပ်စု၊ ဂ---ကျေးရွာတွင်အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၇)သည် မူးမြို့နယ်၊ ငတိုးခင်ကျေးရွာအုပ်စုရှိ န---၊ စ--- နှင့်လ---ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၈)လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ SAC စစ်သားများမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွင် န---ရွာသားနှစ်ဦးအား ထိမှန်၍ဒဏ် ရာရရှိခဲ့သည်။ အဆိုပါဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးသည်  အသက် (၄၆) နှစ်အရွယ်ရှိသော စောဆ---နှင့် အသက် (၉) နှစ်အရွယ်ရှိသော နော်မ---ဖြစ်သည်။

 

လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် နော်မ---နှင့် သူမ၏မိခင်ဖြစ်သူ နော်ပ---သည် စောဆ---၏မိသားစုထံသို့ အလည်သွားနေခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးများသည် စောဆ---၏အိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (လက် နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင်) စောဆ---သည် ငါးဖမ်းရန်အတွက် ဝါးဖြင့်ပြုလုပ်ထားသည့် ထောင် ချောက်ကို ပြုလုပ်နေခဲ့သည်။ စောဆ---၏အရှေ့တည့်တည့်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲသွားခဲ့ပြီး လက်နက်ကြီးအစအနေများသည် ၎င်းအား တိုက်ရိုက်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ စောဆ---၏ကလေးနှစ်ဦးကိုလည်း ရှထိ၍ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ စောဆ---၏တူမဖြစ်သူ နော်မ---၏ဘယ်ဖက်လက်တွင် ထိမှန်ခဲ့ပြီး သူမ၏ လက်ကောက်ဝတ်အရိုးကျိုးပဲ့သွားပြီး လက်ချောင်း (၃)ချောင်း ပြတ်ထွက်သွားခဲ့သည်။

 

စောဆ---နှင့် နော်မ---တို့အား ရ---ကျေးရွာရှိ ဆေးခန်းသို့ပို့ဆောင်ခဲ့ပြီး ဒေသခံကျန်းမာရေးလုပ်သားများမှ ၎င်းတို့အား ဆေးကုသပေးခဲ့သည်။ စောဆ---သည် ယခုလိုပြောပြခဲ့သည်။ “သူတို့က (ဒေသခံကျန်းမာရေးလုပ်သားများ) ကျွန်တော့် အတွက် အကောင်းဆုံးလုပ်ပေးခဲ့တယ်လို့ပြောလို့ရတယ်။ သူတို့တွေ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်ပဲ ဂရုစိုက် ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ခါးမှာ လက်နက်ကြီးအစအနေတွေ စိုက်ဝင်နေတာလားလို့ ကျန်းမာရေးလုပ်သားတွေကို ကျွန်တော်မေးခဲ့တယ်။ မဝင်ဘူးလို့ သူတို့ပြန်ဖြေတယ်။ တကယ်လို့ ကျွန်တော့်ခါးမှာ လက်နက်ကြီးအပိုင်းအစစိုက်ဝင် နေရင် တော်တော်လေးကို နာကျင်ခံစားရမှာဘဲ။”

 

(စောဆ---၏ခြံရှေ့တွင်ကျောင်းထားသည့်) နော်ပ---၏နွားထီးတစ်ကောင်နှင့်နွားမတစ်ကောင်ကိုလည်း လက်နက်ကြီး အစအနများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

 

စောဆ---၏ပြောပြချက်အရ SAC မှ လက်နက်ကြီးပစ်ခတ်ခဲ့ရသည့်အကြောင်းရင်းမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့သည် ဒေသအတွင်း အမြဲတမ်းလိုလို သွားလာ လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း လက်နက်ကြီးပစ်ခတ်ချိန်တွင် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း ထိုနေရာတွင် မရှိခဲ့ကြောင်း စောဆ---မှ ဆက်လက် ရှင်းပြခဲ့သည်။ အမှန်တကယ်တွင် SAC စစ်သားများအနေဖြင့် ရွာသားများကို ပစ်မှတ်ထား၍တိုက်ခိုက်ခဲ့ကြောင်း သိသာထင်ရှားနေသည်ကို စောဆ---မှ ထောက်ပြခဲ့သည်။

 

လက်နက်ကြီးပစ်ခတ်မှုပြီးနောက်တွင် န---ရွာမှ ရွာသားအချို့သည် ပို၍သတိထားသွားလာနေထိုင်ကြသည်။ အကယ်၍ လက်နက်ကြီးများထပ်မံပစ်ခတ်ပါက ရွာသားများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရန်အတွက် (ကတုတ်ကျင်းရှေ့တွင်) သဲအိတ်များထား၍ ပြင်ဆင်ခဲ့ကြသည်။ ဤအခြေအနေကို စောဆ---မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ယခုလို ရှင်းပြခဲ့သည်။ “တစ်ချို့ရွာသားတွေက မိမိကိုယ်ကိုကာကွယ်ဖို့ သဲအိတ်တွေထားပြီး ပြင်ဆင်နေကြတယ်။ တကယ်လို့ လက်နက်ကြီးတွေထပ်မံပစ်ပြီးတော့ ကျွန်တော့်အိမ်ကိုလာထိရင် ကျွန်တော့်ရဲ့ကံတရားလို့ပဲ ယူဆလိုက်မယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကျွန်တော်ဘာမှမပြင်ဆင်ထားဘူး။ ပြီးတော့ ဒီအချိန်ကမိုးရာသီဆိုတော့ သဲတွေအများ ကြီးမရှိဘူးလေ။” ဤကဲ့သို့လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ချို့ရွာသားများသည်လည်း မိမိကိုယ်ကိုကာကွယ်ရန် အတွက် ကတုတ်ကျင်းများတူးပြီး ပြင်ဆင်နေကြသည်။ သို့သော်လည်း တစ်ချို့သောရွာသားများသည် ကြိုတင်ပြင်ဆင် မှုများမလုပ်ကြပါ။ အကြောင်းမှာ လက်နက်ကြီးပစ်ခတ်မှုသည် ကြာကြာနေမှ တစ်ခါတစ်လေသာ ဖြစ်ပွားသောကြောင့် ဖြစ်သည်။ လက်နက်ကြီးပစ်ခတ်မှုပြီးနောက်တွင် တစ်ချို့ရွာသားများသည် လုံခြုံမှုမရှိတော့ကြောင်းခံစားရပြီး သူတို့ဘဝတွင်လည်း အကြောက်တရားများနှင့်သာ အမြဲတမ်းရှင်သန်နေထိုင်နေရပါသည်။          

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များကို ရေးသားဖြန့်ဝေရန်အတွက် လက်နက်ကြီးထိမှန်သည့်ရွာသားများကိုယ်တိုင် KHRG အား ခွင့်ပြုချက်ပေးခဲ့ပြီး လုံခြုံရေးအတွက် အချို့အရေးကြီးသောအကြောင်းအရာများကို ဆင်ဆာဖျက်ထားပါသည်။

Mon, 11 Mar 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်