Fri, 22 Dec 2023
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘားအံမြို့နယ်တွင် DKBA ဗျူဟာမှူးတစ်ဦးမှ ရွာသားသုံးဦးအား ညှဉ်းပမ်းနှိပ်စက် (၂၀၂၃ခုနှစ်၊ သြဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ သြဂုတ်လအတွင်း ဒူးသထူ(သထုံ)ခရိုင်၊ ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၇ရက်နေ့တွင် တိုးတက် သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ဗျူဟာမှူးအဆင့်ရှိသူ စောတဒါးဝင်းသည် ဘားအံမြို့နယ်၊ မိကရင်ကျေး ရွာအုပ်စု၊ အ---ကျေးရွာမှ ရွာသားသုံးဦးကို ရုပ်ပိုင်းဆိုင်ရာညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ စောတဒါးဝင်းအနေ ဖြင့် အဆိုပါရွာသားသုံးဦးသည် သူခရီးသွားလာနေသည့်လမ်းပေါ်တွင် ကျောက်စရစ်များ ပုံထားသောကြောင့် လမ်းကိုပိတ်ဆို့ထား သည်ဆို၍ ၎င်းတို့အား ညှဉ်းပမ်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

DKBA ဗျူဟာမှူးတစ်ဦးမှ ရွာသားများအား ညှဉ်းပမ်းနှိပ်စက်

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၇ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာအုပ်စု၊ အ---ကျေးရွာ၊ ဘ---နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောစ---

စောဒ---

စောက---

အသက်

၄၉နှစ်

၂၃နှစ်

၄၀နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

အိမ်ထောင်ရှိ

လူပျိုလူလွတ်

(မသိရှိရ)

အလုပ်အကိုင်

ကျဘမ်း

ကျဘမ်း

ကျဘမ်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

အ---ကျေးရွာ

အ---ကျေးရွာ

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

စောတဒါးဝင်း

ဗျူဟာမှူး

မသိရှိရ

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာ အုပ်စုနှင့် ကြာအင်းကျေးရွာအုပ်စုအနီး ကျားဂူ နေရာ၊ ကြာအင်းပေါ်တော်မူဘုန်းကြီးကျောင်း

စောဗိုလ်ဘိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၈ရက်နေ့တွင် ဒေသခံရွာသားတစ်ဦးသည် KHRG သတင်းစုဆောင်း သူတစ်ဦးအား ဖုန်းဖြင့်ခေါ်ဆိုကာ အကြောင်းကြားခဲ့သည်။ ထို့နောက် KHRG သတင်းစုဆောင်းသူသည် ဒေသခံရွာသား တစ်ဦးကို သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအား မျှဝေပြောပြခဲ့သူသည် ဒေသခံရွာသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူတစ်ဦးအား အကြောင်းကြားခဲ့သောသူတစ်ဦးဖြစ်သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၇ရက်နေ့၌ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ဗျူဟာမှူးတစ်ဦး သည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာအုပ်စု၊ အ---ကျေးရွာအနီး ဘ---နေရာတွင် ရွာသားသုံးဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ထိုရွာသားသုံးဦးသည် စောစ---၊ စောဒ---နှင့် စောက---တို့ဖြစ်ကြသည်။ စောစ---သည် အသက် (၄၉)နှစ်ရှိပြီးဖြစ်သည်။ စောဒ---သည် အသက် (၂၃)နှစ်ရှိပြီး သူသည် စောစ---၏သားဖြစ်သည်။ စောက---သည် အသက် (၄၀)နှစ်ရှိပြီး သူသည် စောဒ---၏ဦးလေးဖြစ်သည်။ အဆိုပါရွာသားသုံးဦးသည် အ---ကျေးရွာတွင် နေထိုင်ကြပြီး နေ့စားကျဘမ်းအလုပ်ကိုလုပ်၍ အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ ၎င်းတို့သည် ကျောက်စရစ် ကိုရောင်းကြသည်။ အကယ်၍အခြားရွာသားများက ကျောက်စရစ်ကိုဝယ်ယူလိုပါက ထိုရွာသားသုံးဦးသည် ကျောက်စ ရစ်ကိုလမ်းပေါ်တွင်ပုံထား၍ ရောင်းချလေ့ရှိသည်။  ကျောက်စရစ်များကို လမ်းပေါ်တွင်ပုံထားသည်မှာ ခေတ္တခဏသို လှောင်ထားခြင်းသာဖြစ်သည်။ (DKBA ဗျူဟာမှူးတစ်ဦးသည်) ဘ---နေရာသို့ခရီးသွားလာသည့်အချိန်တွင် ထိုရွာသား များမှ လမ်းပေါ်တွင် ကျောက်စရစ်များပုံထားသည်ကိုတွေ့ပြီး ထိုသို့ကျောက်စရစ်များပုံထားခြင်းသည် သူသွားသည့် လမ်းကိုပိတ်ဆို့သည်ဟုဆို၍ ထိုရွာသားများအား အပြစ်တင်ခဲ့သည်။ ထိုရွာသားသုံးဦးသည် DKBA အရာရှိအား တောင်းပန်ပြီး ဤသို့ပြောခဲ့သည်။ “အကယ်၍ ဗိုလ်ကြီးဖယ်ခိုင်းမယ်ဆိုရင် ကျွန်တော်တို့ဖယ်ရှားလို့ရပါတယ်။” သို့သော်လည်း DKBA အရာရှိသည် ထိုရွာသားများတောင်းပန်၍ပြောသည့်စကားကို နားမထောင်ပဲ ၎င်းတို့အား ရိုက် နှက်ခဲ့သည်။

 

DKBA အရာရှိသည် စောစ---အား သစ်သားတုတ်ဖြင့်တစ်ချက်ရိုက်ပြီး သူ့မျက်နှာကိုလည်း တစ်ချက်ထိုးခဲ့သည့် အတွက်ကြောင့် သူ၏နှုတ်ခမ်းကွဲခဲ့သည်။ ထို့ပြင် DKBA အရာရှိသည် စောဒ---အား သုံးချက်ထိုးနှက်ခဲ့ပြီး စောက---အား သစ်သားတုတ်ဖြင့်သုံးချက်ရိုက်နှက်ခဲ့သည်။ DKBA အရာရှိသည် စောက---အား မြေပြင်တွင် မှောက်ခိုင်း၍သူ့အား တုတ်ဖြင့်ရိုက်နှက်ခဲ့သည်။ အဆိုပါ DKBA အရာရှိသည် ထိုဒေသအတွင်း လာရောက်နေထိုင်ခြင်းမရှိမီအချိန်ကာလတွင် ဤရွာသားသုံးဦးသည် ယခုကဲ့သို့ထိုးကြိတ်ရိုက်နှက်ခံရခြင်း တစ်ခါမှ မရှိခဲ့ဖူးပါ။ DKBA အရာရှိသည် ထိုရွာသားသုံးဦး အား ထိုးကြိတ်ရိုက်နှက်ခဲ့ပြီးနောက်တွင် အ---ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ရွာသားများသည် ၎င်းတို့နေ့စဉ် ဘဝတွင် ( အနာဂတ်တွင် ဤကဲ့သို့အဖြစ်မျိုး မကြုံတွေ့အောင်) အထူးဆင်ခြင်၍ သတိထားနေထိုင်ရပါသည်။

 

ထိုရွာသားသုံးဦးအား ရိုက်နှက်ခဲ့သူမှာ စောဗိုလ်ဘိဦးဆောင်သော DKBA တပ်ရင်းတစ်ရင်းမှ ဗျူဟာမှူးစောတဒါးဝင်း ဖြစ်သည်။ စောတဒါးဝင်းသည် ထိုရွာသားသုံးဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ရွာသားများ၏ပြောပြချက်များအရ စောတဒါးဝင်းသည် ထိုဒေသအတွင်းရှိ ဒေသခံပြည်သူများအပေါ် လေးစားမှုမရှိဘဲ ရိုင်းစိုင်းစွာပြုမူဆက်ဆံသည်။ စောဗိုလ်ဘိဦးဆောင်သော DKBA တပ်ရင်းသည် ဘားအံခရိုင်၊ တပ်မဟာ (၇)အုပ်ချုပ်နယ်မြေဖြစ်သော ကော်လာဝါး လူးမှ ပြန်လာသောတပ်ရင်းဖြစ်သည်။

 

ထိုမှတစ်ဆင့် ဘားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးဖြစ်သည့်ဦးနန္ဒသာရမှ သူ့အား တွေ့ဆုံရန် ဤ DKBA တပ်ရင်းကိုဖိတ်ခေါ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် စောဗိုလ်ဘိဦးဆောင်သည့် DKBA တပ်ရင်းသည် ဦးနန္ဒသာရအား လာရောက်တွေ့ဆုံ၍ကန်တော့ခဲ့သည်။ ဤ DKBA တပ်ရင်းမှ အင်အား (၅၀)ခန့် သည် ကားသုံးစီးဖြင့် ဦးနန္ဒသာရအား လာရောက်တွေ့ဆုံ၍ကန်တော့ခဲ့သည်။ ဦးနန္ဒသာရအား လာရောက်ကန်တော့ ပြီး နောက် အဆိုပါ DKBA တပ်ရင်းသည် ၎င်းတို့နေရာသို့မပြန်တော့ဘဲ ကြာအင်းပေါ်တော်မူဘုန်းကြီးကျောင်းတွင်သာ နေထိုင်ခဲ့သည်။ ထို့နောက် အဆိုပါ DKBA တပ်ရင်းသည် ဦးနန္ဒသာရဖွဲ့စည်းထူထောင်ခဲ့သော DKBA အဖွဲ့ငယ်တစ်ဖွဲ့နှင့် ပြန်လာပေါင်းစည်းခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ကြာအင်းပေါ်တော်မူဘုန်းကြီးကျောင်းတွင် အခြေစိုက်ခဲ့သည်။

 

ဦးနန္ဒသာရသည် လက်နက်မကိုင်ဆောင်ထားသည့် DKBA အဖွဲ့ငယ်တစ်ဖွဲ့ကို ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပထမလပိုင်းများတွင် စတင်၍ ဖွဲ့စည်းထူထောင်ခဲ့သည်။ ယခုအချိန်တွင် အဆိုပါ DKBA အဖွဲ့ငယ်သည် လက်နက်ကိုင် ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသခံရွာသားများ၏ပြောပြချက်များအရ ကြာအင်းပေါ်တော်မူဘုန်းကြီး ကျောင်းတွင် DKBA ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖွဲ့များပူးပေါင်းလက်တွဲကာ စစ်ရေးစစ်ရာကိစ္စ ရပ်များကို သိုသိုသိပ်သိပ်ဆွေးနွေးလုပ်ဆောင်လျက်ရှိသည်။ ထိုဘုန်းကြီးကျောင်းတွင် အခြေစိုက်သော DKBA နှင့် ၎င်းပူးပေါင်းတပ်ဖွဲ့ဝင်များသည် အင်အား (၇၀) သို့မဟုတ် (၈၀)ခန့်ရှိကြောင်း ဒေသခံရွာသားများမှ ခန့်မှန်းကြသည်။ ဦးနန္ဒသာရသည် (နိုင်ငံရေးတွင် အတိုင်းအတာတစ်ခုအထိ အလွန်သြဇာရှိပြီး လွှမ်းမိုးနိုင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။) ဦးနန္ဒသာရသည် (ယခင်က သက်ရှိထင်ရှားရှိချိန်) မြိုင်ကြီးငူဆရာတော်ဦးသုဇနကဲ့သို့ SAC မှ အားထားရသောသူ တစ်ဦးဖြစ်သည်။ မြိုင်ကြီးငူဒေသသည် ဘားအံခရိုင်၊ လူပလယ်မြို့နယ်တွင်တည်ရှိသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များကို ရေးသားဖြန့်ဝေရန်အတွက် ဒေသခံခေါင်းဆောင်နှင့် ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည့် ရွာသားသုံးဦးတို့မှ ခွင့်ပြုချက်ပေးထားပါသည်။

Fri, 22 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်