Wed, 08 Nov 2023
ဘိတ်-ထားဝယ်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်မူလားမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ (၂၀၂၃ခုနှစ်၊ ဇူလှိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်းအမှတ် (ခမရ-၂၈၅) မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ဖြစ်စဉ်သုံးခုကို ဖော်ပြထားသည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးသေဆုံးခဲ့ပြီး အခြားရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့်ရွာသားတစ်ဦးမှာ အသက် (၇)နှစ်သာ ရှိသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောဒေသ၊ အ---ရွာနှင့် ဘ---ရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဟ---

စောင---

မောင်ခ---

ဦးက---

အသက်

၇၀ နှစ်

၇ နှစ်

၂၀ နှစ်

၄၀ နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ဗမာ

ဗမာ

မိသားစုရှိ/မရှိ   

ရှိ

-

ရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

-

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ကျောင်းသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

အ--- ရွာ

အ--- ရွာ

ဘ--- ရွာ

ဘ--- ရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

SAC စစ်သားများ

မသိ

ခမရ (၂၈၅)

ပုလောမြို့

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဤသတင်းအကြောင်းအရာများကို ဒေသခံခေါင်းဆောင်များနှင့် လက်နက်ကြီး ထိမှန်ခဲ့သူများ၏မိသားစုဝင်များထံမှ ရရှိခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများကို ရှင်းလင်းပြောပြသူများမှာ လက်နက်ကြီးထိမှန်၍အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့ ၏မိသားစုဝင်များနှင့် လက်နက်ကြီးပစ်ခတ်ခဲ့သည့်အခြေအနေကို မြင်တွေ့ခဲ့သည့် ဒေသခံရွာသားများဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့တွင် ပုလောမြို့တွင် အခြေစိုက်သည့် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၈၅)သည် ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောဒေသ၊ အ---ကျေးရွာတွင် လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးနှစ်လုံးမှာ ဘောလုံးကွင်းထဲတွင်ကျပြီး အခြားနှစ်လုံးမှာ ရွာသားတစ်ဦး၏အိမ်တွင် ကျ၍ ပေါက်ကွဲခဲ့သည်။ အိမ်တွင် လက်နက်ကြီးကျပြီးပေါက်ကွဲသွား၍ အိမ်ထဲတွင် နေထိုင်သည့်ရွာသားနှစ်ဦးသည် လက်နက်ကြီးကျည်ဆံစများထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးမှာ နော်ဟ--- (အသက် ၇၀ နှစ်) နှင့် စောင--- (အသက် ၇နှစ်)ဖြစ်သည်။ နော်ဟ---၏ပေါင်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စောင---၏ခြေ ထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ နော်ဟ---သည် ဒဏ်ရာရရှိခဲ့၍ သွေးထွက် လွန်သွားသဖြင့် အသက်ဆုံးရှုံးသွားနိုင်သည့်အခြေအနေတွင်ရှိခဲ့သည်။ ဒဏ်ရာရရှိသောရွာသားနှစ်ဦးကို လယ်မူလား မြို့နယ်၊ ပုလော ဒေသ၊ တ---ကျေးရွာရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ တ---ကျေးရွာရှိဆေးရုံကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) နှင့် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) အဖွဲ့ဝင်များက စီမံခန့်ခွဲကြသည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏အိမ်များနှင့်စိုက်ပျိုးခြံများလည်းပျက်စီးခဲ့ရသည်။ SAC မှ ပစ်ခတ် သည့် လက်နက်ကြီးများကြောင့် ရွာသားများသည် အလွန်ကြောက်ရွံ့၍ ရေချောင်းရှိရာဘက်သို့ (ကျေးရွာနှင့်ဝေးပြီး ရွာ သားအများစု၏ စိုက်ပျိုးခြံများရှိသည့်နေရာ) ထွက်ပြေးရှောင်ခဲ့ရသည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်လကုန်တွင် ထွက်ပြေး ရှောင်သည့် အ---ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်ခဲ့သည်။ သို့သော်လည်း ရွာသားများသည် SAC မှ လက်နက်ကြီးများ ထပ်မံပစ်ခတ်မည်ကိုစိုးရိမ်နေရသည်။ တစ်ချို့ရွာသားများသည် ညအချိန်တွင် ရွာထဲမှာအိပ်စက်ရန် ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ၎င်းတို့သည် ညအခါတွင် ရေချောင်းရှိရာဘက်သို့ သွားအိပ်ကြပြီးနေ့အခါတွင် ရွာသို့ပြန်လာနေ ထိုင်ကြသည်။     

 

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၁၉ရက်နေ့ ည (၁၁)နာရီနှင့် (၁၂)နာရီကြားတွင် ပုလောမြို့တွင် အခြေစိုက်သည့် SAC ခမရ (၂၈၅) သည် ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောမြို့နယ်၊ ဘ---ကျေးရွာတွင် လက်နက်ကြီးသုံးလုံးပစ် ခတ်ခဲ့သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဖြစ်သူ မောင်ခ---ကို ထိမှန်ပြီး ချက်ချင်းသေဆုံးသွားခဲ့ သည်။ မောင်ခ---သည် အသက် (၂၀)နှစ်ရှိပြီးဖြစ်သည်။ SAC မှ လက်နက်ကြီးများ မပစ်ခတ်မှီအချိန်တွင် မောင်ခ---သည် ၎င်း၏သူငယ်ချင်းအိမ်သို့ အလည်သွားခဲ့သည်။ ထို့နောက် အလည်သွားပြီး မိမိအိမ်သို့ပြန်လာသည့်အချိန်တွင် SAC မှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး မောင်ခ---အား ထိမှန်၍ သေဆုံးသွားခဲ့သည်။ မောင်ခ---သည် မည်သည့်အချိန် တွင် သေဆုံးခဲ့သည်ကို ရွာသားများမသိရှိရပါ။ အကြောင်းမှာ လက်နက်ကြီးပစ်ခတ်ချိန်တွင် အခြားရွာသားများသည် လည်း ကြောက်ရွံ့၍ ၎င်းတို့အိမ်အောက်တွင် ပုန်းနေကြခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် မောင်ခ---သည် လက်နက် ကြီး များထိမှန်၍ သေဆုံးနေကြောင်း ရွာသားများ တွေ့ရှိခဲ့သည်။ ပုလောမြို့တွင် အခြေစိုက်သည့် SAC ခမရ (၂၈၅) သည် ဒေသအတွင်း တိုက်ပွဲများမဖြစ်ပွားသော်လည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်လေ့ ရှိသည်။ ထို့ကြောင့် တစ်ချို့ရွာသားများသည် အခြားလုံခြုံသည့်နေရာသို့ ပုန်းရှောင်ခဲ့သည်။ အချို့ရွာသားများလည်း ၎င်းတို့ဆွေ မျိုးသားချင်းအိမ်များတွင် ပုန်းရှောင်၍နေထိုင်ခဲ့ရသည်။ တစ်ချို့ရွာသားများသည် ဗုံးခိုကျင်းတူးထား၍ SAC မှ လက်နက်ကြီးပစ်ခတ်လျှင် ရွာသားများသည် ဗုံးခိုကျင်းတွင် ဝင်ရောက်ပုန်းခိုကြသည်။

 

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၂၅ရက်နေ့တွင် SAC ခမရ (၂၈၅) သည် ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောမြို့ နယ်၊ ဘ---ကျေးရွာတွင် လက်နက်ကြီး(၇)လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၄၀)နှစ်အ ရွယ် ရွာသားတစ်ဦးဖြစ်သူ ဦးက---ကို ထိမှန်ပြီးသေဆုံးခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ဦးက---၏အိမ်ဘေးနား တွင်ကျ၍ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျည်ဆံစသည်ဦးက---၏နောက်ကျောကိုထိမှန်ပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ဦးက---သည် ကျဘမ်းအလုပ်ကိုလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့်ရွာသားတစ်ဦးဖြစ်သည်။ ဦးက---မှာ ဇနီး နှင့်သားတစ်ဦးရှိသည်။ ဦးက---သေဆုံးပြီးနောက်တွင် ၎င်း၏ဇနီးနှင့်သားသည် စားဝတ်နေရေးအခက်အခဲများနှင့် ရင် ဆိုင်နေရသည်။ ထို့ကြောင့် ဦးက---၏ဇနီးနှင့်သားသည် ၎င်းတို့၏ဆွေမျိုးများနှင့်အတူ သွားရောက်နေထိုင်ကြသည်။ ဤလက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ချို့ရွာသားများသည် အလွန်ကြောက်ရွံ့ကြ၍ အခြားရွာတွင်ရှိသည့်၎င်းတို့၏ ဆွေမျိုးသားချင်းများအိမ်တွင် သွားရောက်ပုန်းရှောင်နေရသည်။ လက်နက်ကြီးပစ်ခတ်ရာတွင် ရွာသားတစ်ဦး၏အိမ် တစ်လုံးလည်း ပျက်စီးခဲ့ရသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

လက်နက်ကြီးထိမှန်၍ အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Wed, 08 Nov 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင်တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်