မူတြော်(ဖာပွန်)ခရိုင် - လက်နက်ကြီးပစ်ခတ်မှု

  

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ ည ၈း၂၀ အချိန်ခန့်တွင် မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုအတွင်း မာထောစစ်စခန်းတွင် အခြေစိုက်သော SAC တပ်သားများသည် ၁၂၀ မမ လက်နက်ကြီးနှစ်လုံး ရမ်သမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထ(ကွမ်းပင်ဝ) ကျေးရွာအုပ်စု၊ ပွေထောရု(ဖွေးထော်ရိုး) ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၇၂) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထိခိုက်သေဆုံးပြီး အသက် (၅) နှစ်အရွယ်နှင့် (၂) လသားအရွယ် ကလေးနှစ်ဦးအပါအဝင် အခြားမိသားစုဝင်လေးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရလူနာများကို ပစ်ခတ်မှုဖြစ်သည့်နေ့တွင်ပင် ဆေးကုသမှုခံယူစေရန် ကျေးလက်ဆေးခန်းတစ်ခုသို့ပို့ဆောင်ခဲ့သည်။ လက်တလောတွင် ထိခိုက်ဒဏ်ရာရရှိသော ရွာသားများသည် ပြန်လည်ကောင်းမွန်လာပြီးဖြစ်သော်လည်း ကျေးရွာအတွင်းတွင် ဆက်မနေဝံ့ကြသေးဘဲရှိနေသည်။

Footnotes: 

  

Related Readings

Pages