ဒူးပလာယာခရိုင် - လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် ထိခိုက်ပျက်စီးမှုများ

   

၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ညနေ ၇း၃၀ နာရီအချိန်၌ လှိုင်ဝစခန်းတွင် အခြေစိုက်သော SAC ခြေမြန်တပ်ရင်း အမှတ် (၉၇) တပ်သားများသည် ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ လောင်းကိုင်ကျေးရွာအုပ်စု၊ နောင်ကလာကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်ခဲ့ပါသည်။ ထိုရမ်း သမ်းပစ်ခတ်မှုကြောင့် ရွာသားများ၏ နေအိမ်တစ်လုံး ပျက်စီးခဲ့ရပါသည်။ ထို့အပြင် မေလ (၁၅)ရက်နေ့ ညနေ ၄း၀၀ နာရီ အချိန်တွင်လည်း ထိုစခန်းရှိတပ်သားများသည် နောင်ကလာကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံးထပ်မံပစ်ခတ်ခဲ့ရာ ရွာသားတစ်ဦး၏ နေအိမ်တစ်လုံး ထပ်မံပျက်စီးခဲ့ရပါသည်။

Related Readings

Pages