ခလယ်လွီထူခရိုင် - ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှု

  

၂၀၂၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲဝင်များသည် စစ်ကောင်စီ၏ စစ်စခန်းများဖြစ်သော ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ ရန်မျိုးအောင်စခန်းနှင့် ကျောက်ကြီးမြို့နယ် ရှိ ကြိုးကုန်းစခန်း၊ ညောင်ကုန်းစခန်းစသည့် စစ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏တိုက်လေယာဥ်နှစ်စင်းသည် ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စုအတွင်းရှိ နရွဲပင်ရွာ၊ ညောင်တန်းရွာနှင့် နောင်ကုန်းရွာ တစ်ဝန်းတို့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နွားတစ်ကောင်သေဆုံးပြီး သုံးကောင်ဒဏ်ရာရကာ ထိုရွာများအနီးတစ်ဝိုက်ရှိ ရွာသူရွာသားများသည် အခြားလုံခြုံသော‌နေရာများသို့ သွား‌ရောက်ခုံလှုံခဲ့ရပါသည်။

Related Readings

Pages