ဒူးသထူခရိုင်- လက်နက်ကြီးပစ်ခတ်မှု

  

၂၀၂၃ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ မနက် (၇) နာရီအချိန်ခန့်တွင် ပိန္နဲတောကျေးရွာ တွင် အခြေစိုက်သည့် စစ်ကောင်စီ၏ စကခ အမှတ် (၈) မှ ကာသဒေါနီကျေးရွာသို့ နှစ်လုံး၊ နို့ပလော်ပလုကျေးရွာသို့ တစ်လုံး၊ ထီးဖိုးသေ့ယယ်ကျေးရွာသို့ တစ်လုံးစီ လက်နက်ကြီးများကို ပတ်ခတ်ခဲ့ပါသည်။ ထိုကျေးရွာသုံးရွာသည် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ မော့လေးကျေးရွာအုပ်စုတွင် တည်ရှိနေသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကာသဒေါနီကျေးရွာတွင် အိမ်တစ်လုံးနှင့် သီးပင်များ ပျက်စီးကာ ထီးဖိုးသေ့ယယ်ကျေးရွာတွင် ရွာသားနှစ်ဦးနှင့် ဆိတ်တစ်ကောင် ထိခိုက်ဒဏ်ရာရရှိပြီး အိမ်လေးလုံး ပျက်စီးခဲ့ပါသည်။ 

Footnotes: 

  

Related Readings

Pages