ဒူးပလာယာခရိုင် - စစ်ဘေးရှောင်နေရာတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်မှု

   

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတိုက်လေယဉ်တစ်စင်းမှ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင် အယောက် ၁၀၀ ဝန်းကျင်ရှိ နေရာတစ်ခုကို ဗုံး ၂ လုံးကျဲချခဲ့ပြီး တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် မိန်းကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စစ်ရှောင်နေရာရှိ စျေးဆိုင်တစ်ဆိုင်လည်း ထိခိုက်ပျက်စီးခဲ့ပါသည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်ဘေးရှောင် ရွာသား ၃ ဦးကို ဒေသအတွင်းရှိ ဆေးခန်းတစ်ခုတွင် ဆေးကုသမှုပြုပေးခဲ့ပါသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများထိုနေရာတွင်မနေရဲတော့ပဲ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုစစ်ရှောင်ရွာသားများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက စစ်ရှောင်လာခဲ့ရသူများ ဖြစ်ကြပါသည်။ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ၏ ခွဲခြားမှု အခြေခံမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပါသည်။

Related Readings

Pages