ဒူးသထူခရိုင်- လက်နက်ကြီးပစ်ခတ်မှု

   

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့ မနက် ၇ နာရီ နှင့် ၈ နာရီအကြားတွင် ကြာပန်စစ်စခန်းတွင်အခြေစိုက်သည့် စစ်ကောင်စီ၏ ခလရ အမှတ် ၂၄ မှ ကျုံမှိန်ကျေးရွာ၊ ကော့လှိုင်လေးကျေးရွာအုပ်စု၊ သထုံမြို့နယ်၊ ဒူးသထူ (သထုံ) ခရိုင်အတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်နှင့် ၁၄ နှစ်အရွယ်ကလေးနှစ်ဦးသေဆုံးခဲ့ပြီး အခြားရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် နွားတစ်ကောင်လည်း သေဆုံးခဲ့ပါသည်။ ဤဖြစ်စဉ်ကြောင့် ကျုံမှိန်ရွာသားများထိတ်လန့်ကြောက်ရွံ့ကြရပြီး အခြားရွာများသို့တိမ်းရှောင်နေရပါသည်။

Related Readings

Pages