မူတြော်ခရိုင် - လေကြောင်းတိုက်ခိုက်မှု

   

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီမှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေကေးကျေးရွာအုပ်စု၊ ထောထီးပယ်ခို့ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ စစ်ကောင်စီတိုက်လေယဉ်များမှ ဗုံး ၆ လုံးကျဲချခဲ့ပြီး ရွာသားများ၏အိမ်၊ စျေးဆိုင်၊ ကျောင်းသားများအတွက် အစားအစားသိုလှောင်ရာဂိုဒေါင်၊ စာသင်ကျောင်းအဆောင်အပါအဝင် အဆောက်အဦး ၇ လုံး ပျက်စီးသွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှု မဖြစ်ပွားခင် ဒေသခံတာဝန်ရှိသူများမှ ကြိုတင်ရှောင်တိမ်းထားရန် သတိပေးထားသောကြောင့် ဤလေကြောင်းတိုက်ခိုက်မှုတွင် ရွာသားများနှင့်ကျောင်းသူကျောင်းသားများအား ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပေ။

Related Readings

Pages