ဒူပလာယာခရိုင် - လက်နက်ကြီးပစ်ခတ်မှု

    

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၉ နာရီအချိန်ခန့်တွင် ကဟီးကျိူးတပ်စခန်းအခြေစိုက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ တစ်လုံးသည် ဒူပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထော်၀ါလော်အုပ်စု၊ မယ်တလော်ကျေးရွာအတွင်းသို့ကျရောက်ခဲ့ပါသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် မယ်တလော် ကျေးရွာမှ အသက် ၅၀ အရွယ်ရှိအမျိူးသားတစ်ဦး ဦးခေါင်းဒဏ်ရာရရှိပြီး ရွာရှိနေအိမ်နှင့် သီးပင်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြေင့် ကဟီးကျိူးတပ်စခန်းအနီးရှိရွာသူရွာသားများသည် လုံခြုံရေးအတွက် စိုးရိမ်မှုများနှင့်နေထိုင်နေကြရသည်။

Related Readings

Pages