Fri, 31 Mar 2023
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို- ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါလတွင် ထောတထူမြို့နယ်အတွင်း SAC ၏ စစ်ရေးလှုပ်ရှားမှုများ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းနှင့် ခရီးသွားလာခွင့်တင်းကြပ်ပိတ်ပင်ခြင်း

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကိုဖော်ပြထားသည့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် စစ်အုပ်ချုပ်ရေး ဥပ‌ဒေ၏သက်ရောက်မှု ပါဝင်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ပယ်ထီးကျေးရွာအုပ်စု၊ ထောတထူမြို့နယ်အတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူမှုအသိုက်အဝိုင်းအတွင်း ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထောတထူ မြို့နယ်အတွင်း SAC မှ စစ်အုပ်ချုပ်ရေးဥပဒေအား စတင်ပြဌာန်းခဲ့သောကြောင့် ရွာသားများ၏ ခရီးသွားလာခွင့်အပေါ် တင်းကြပ်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထောတထူခရိုင်အတွင်းရှိရွာသားများအနေဖြင့် စိတ်ကြိုက်အစားအစာများကို သယ်ဆောင်ခွင့်မရကြသဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုရှိစေပါသည်။ SACအနေဖြင့် ရွာသားများနေထိုင်ရာနေရာဒေသများ၌ စစ်ရေးလှုပ်ရှားမှုများတိုးမြင့်ခြင်း၊ စစ်သားများနှင့် အစားအစာများကိုပို့‌ဆောင်ခြင်းတို့ကြောင့် ရွာသားများကိုယ်ပိုင်လုံခြုံရေး စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ [1]

 

 

လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့ ညနေ ၇း၄၀ ဝန်းကျင်ခန့်တွင် တောအူးခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊  ပယ်ထီးကျေးရွာအုပ်စု၊ ဂ--- ကျေးရွာတွင် ရှစေးဘိုစခန်းတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခ.မ.ရ) အမှတ် (၃၀၆) မှ ဒေသအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးများသည် ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ ဒ--- ကျေးရွာနှင့်အနီးတွင်ရှိသော စပါးခင်းထဲသို့ကျ‌ရောက်သွားခဲ့ပါသည်။

SAC ၏ စစ်အုပ်ချုပ်‌ရေးဥပဒေ

SAC မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတင်ကတည်း၌ တောအူးခရိုင်၊ ထောတထူမြို့နယ်အတွင်း စစ်အုပ်ချုပ် ရေးဥပဒေကို ပြဌာန်းခဲ့ပါသည်။ ဆိုလိုသည်မှ ၎င်းတို့သည် ဒေသအတွင်း စစ်အုပ်ချုပ်ရေးဥပဒေဖြင့်အုပ်ချုပ်လျက်ရှိနေပါသည်။ SAC မှ ရွာသားများ၏ လွတ်လပ်စွာသွားလာခွင့်အပေါ် တင်းကြပ်ပိတ်ပင်ခြင်းအား စတင်ပြဌာန်းခဲ့ပါသည်။ ၎င်းတို့မှ ရွာသားများအား တားဆီးရပ်စေကာ ၎င်းတို့သိလိုသည့် မေးခွန်းများကို မေးမြန်းခြင်းစသည့်လုပ်ရပ်များကို တိုးမြှင့်လာခဲ့ပါသည်။ SAC မှ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်တစ် စီးလျှင်တစ်ဦးတည်းသာစီးရမည့် တင်းကြပ်မှုအသစ်ကိုပါ ပြဌာန်းခဲ့ပါသည်။ ထို့အပြင်၊ ဒေသတွင်းသို့ စစ် သားများကို ပိုမိုပို့ဆောင်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် SAC စစ်သားများသည်  ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာ အုပ်စု၌ရှိသည့် အ---၊ ဖ--- နှင့် ဂ---ကျေးရွာတို့၌ ညဖက်အချိန်တွင် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ် လျှက်ရှိနေပါသည်။ ထိုကဲ့သို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ‌ဒေသခံရွာသားများသည့် ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်ပူပန်နေကြရပါသည်။ ထို့အပြင်၊ တောအူးမြို့နယ်အတွင်းသို့ ရွာသားများသည် အခြေခံအ စားအစာများ အထူးသဖြင့်ဆန်များကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက်မရကြပါ။ SAC အနေဖြင့် ရွာသား များအားဆန်သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက်မပေးသောကြောင့် ရွာသားများသည် အစားအစာပြပ်လပ်မှုကို ကြုံတွေ့နေကြရပါသည်။ ၎င်းသည့် ဒေသခံရွာသားများမှ ကြုံတွေ့နေရသော ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါသည်။

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက်တွင် SAC စစ်သားများသည် စစ်ကားခုနှစ်စီးဖြင့် တောအူးမြို့မှထန်းတပင် (တပြေး) ဒေသသို့ ထွက်ခွါခဲ့ကြပါသည်။ ၎င်းတို့သည် စစ်သားများအား ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အ--- ကျေးရွာ နှင့် ဟ--- ကျေးရွာသို့ပိုဆောင်ခဲ့ကြပါသည်။ အဆိုပါ SAC စစ်သားများသည် နတ်စင်ကျေးရွာရှိကျောင်းတွင် အခြေချခဲ့ကြပါသည်။ SAC စစ်သားများသည် ရွာသားများအား ဆန်သယ်ယူပို့ဆောင်ရန် ခွင့်မပြုပါ။ ဒေသခံရွာသားများသည် ဒေသတွင်းသို့ စစ်သားများအား ဘာကြောင့်ပို့ဆောင်သည့်နှင့်ပတ်သက်၍ မသိကြပါ။ ဤကဲ့သို့သောအခြေအနေကြောင့် ရွာသားများသည် ၎င်းတို့၏ လုံခြုံရေးနှင့် အစားအစာပြပ်လပ်မှုအတွက် စိုးရိမ်နေကြပါသည်။ ရွာသားများသည် ဒေသတွင်း ခရီးသွားလာရန် လုံခြုံသည်ဟု မခံစားကြရပါ။

SAC ၏ စစ်ရေးလှုပ်ရှားမှုများ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့ ညနေ ၇း၀၀ နာရီဝန်းကျင်ခန့်တွင် SAC စစ်သားများသည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ က--- ကျေးရွာသို့ ဝင်ရောက်ခဲ့ကြပါသည်။ ဤကျေးရွာကို ခ--- ကျေးရွာအဖြစ်လည်းသိရှိကြပါသည်။ ကျေးရွာတွင်းသို့ SAC စစ်သားများ ရုတ်တရက်ဝင်ရောက်လာခြင်းကြောင့် ရွာသားများ ကြောက်ရွံ့ကြရကြောင်း ဒေသခံရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။ ၎င်းတို့ကျေးရွာတွင်းသို့ ဝင်ရောက်လာချိန်အတွင်း ဘုရားကျောင်းတွင်ပြုလုပ်သော မင်္ဂလာဆောင်သည့် အခန်းအနားသို့သွားရောက်ခဲ့ပါသည်။ မင်္ဂလာဆောင်အခန်းအနားတွင်ရှိသော ရွာသားများသည် ၎င်းတို့အတွက် အစားအစာများကို ကြောက်ရွံ့မှုဖြင့် ပြင်ဆင်ပေးခဲ့ကြရပါသည်။ SAC စစ်သားများ အစားအစာစားပြီးသည့်နောက် ရွာသားများသည် စစ်သားတစ်ဦးစီအတွက် ဆန်တစ်ပုံးပြင်ဆင်ပေးရပါသည်။ မင်္ဂလာဆောင်အခန်းနားသို့ SAC စစ်သားများသွားပြီး‌နောက် ရွာသားများသည့် ဆိုးရွာသည့်အရာတစ်ခုခုဖြစ်ပျက်မည်ကို စိုးရိမ်သဖြင့် အခမ်းအနားကို လျင်မြန်စွာပြီးဆုံးစေခဲ့ကြရပါသည်။ ထို့နောက်၊ SAC စစ်သားများသည် ကျေးရွာမှထွက်ခွါသွားခဲ့ကြပါသည်။ ယခင်က ရွာသားအချို့သည် အခြားသောရွာသားတစ်ဦးဦးထံမှ SAC စစ်သားများ‌ ကျေးရွာထဲသို့ဝင်လာသည်ကို ကြားသည်နှင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်မှာ မကြာခဏဖြစ်ပွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျေးရွာထဲတွင် SAC စစ်သားများရှိသဖြင့် ရွာသားများသည် ကျေးရွာအတွင်းနေထိုင်ရန်ကြောက်ရွံ့ နေကြပါသည်။ SAC စစ်သားများမှ ဤကျေးရွာထဲတွင် ကင်းလှည့်ကြသဖြင့် တိတ်ပူစခန်းသို့ ရိက္ခာများပို့ဆောင်နိုင်ရန် နည်းလမ်းရှာကြံနိုင်ကြောင်း ရွာသားများထင်မြင်ကြပါသည်။ LIB အမှတ် (၅၈၂) သည် တိတ်ပူစခန်းတွင် အခြေစိုက်သော်လည်း ရွာသားများအနေဖြင့် မည်သည့် SACစစ်သားများမှ ၎င်းတို့၏ကျေးရွာကို ဝင်ရောက်သိမ်းပိုက်ထားသည်ကို မသိရှိကြပါ။ အဆိုပါစစ်သားများသည် ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ တပြေး (ကြီးတော) ကျေးရွာမှ စစ်သားများဖြစ်နိုင်ခြေရှိကြောင်း ရွာသားများမှ ထင်မြင်ကြပါသည်။

Fri, 31 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်