Fri, 01 Jul 2022
မူတြော်ခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- BGF တပ်ရင်းအမှတ် (၁၀၁၃) မှ စစ်သားတစ်ဦးသည် ဒွယ်လိုးမြို့နယ်ရှိ ရွာသားသုံးဦးအား ရုပ်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှုကျူးလွန်ခြင်း (၂၀၂၁ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွား ခဲ့သောအကြောင်းအရာများကို ဖော်ပြထားပါသည်။  ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာတွင်နေထိုင်သော တစ်မိသားစုနေရွာသားသုံးဦးတို့အား ရွာ၏အနီးအနားရှိ နယ်ခြားစောင့်တပ် (BGF) စစ်ဆေး ရေးဂိတ်ရှိ BGF တပ်ရင်းအမှတ် (၁၀၁၃) ၏ စစ်သားတစ်ဦးမှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ပါသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ကိုဝ---

မလ---

ဦးယ---

အသက်

၃၂

၃၅

၆၅

ကျား/မ

ကျား

ကျား

လူမျိုး

ဗမာ

ဗမာ

ဗမာ

မိသားစုရှိ/မရှိ   

မရှိ

ရှိ

ရှိ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူး

ရွာသား

ရွာသား

ရွာသား

အလုပ်အကိုင်

ကားမောင်း

ဈေးရောင်း

ဈေးရောင်း

နေရပ် ရွာအမည်

မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာ

မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာ

မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

ကျော်ကျော်

စစ်သား

နယ်ခြားစောင့်တပ် အမှတ် (၁၀၁၃)

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ကတိုင်တိကျေးရွာ

ဒုဗိုလ်မှူးကြီး စောကျော်ဝင်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

င---ကျေးရွာတွင်နေထိုင်သော ရ--- ကျေးရွာအုပ်စုမှူး ကိုအ--- မှ BGF စစ်ဆေးရေးဂိတ်နှင့်အနီးတွင်နေထိုင်သဖြင့်ဖြစ်ပျက်မှုဖြစ်ပွားခဲ့ပုံကို သိရှိခဲ့ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့  (KHRG) ၏ သတင်းမှတ်တမ်းပြုစုသူမှ င--- ကျေးရွာသို့သွားပြီး ကိုအ--- နှင့် တွေဆုံကာ သတင်းအချက်အလက်ရယူခဲ့ပါသည်။ ကိုအ--- မှ KHRG သတင်းမှတ်တမ်းပြုစုသူအား ဖြစ်ပျက်မှု ဖြစ်ပွားခဲ့ပုံနှင့်ပတ်သက်၍ ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ကိုပေးသူသည် အခင်းဖြစ်ပျက်မှုဖြစ်ပွားရာနေရာဖြစ်သည့် င--- ကျေးရွာနေ ကျေးရွာအုပ်စုမှူးတစ်ဦးဖြစ်ပါသည်။ KHRG နှင့် တွေ့ဆုံမေးမြန်းမှုမပြုလုပ်မီတွင် ၎င်းအနေဖြင့် ကျူးလွန်ခံရသူများနှင့် တွေ့ဆုံကာ ဖြစ်ပျက်မှုဖြစ်ပွားပုံအား ပြောခဲ့ကြပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ညနေဖက်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ရ--- ကျေးရွာအုပ်စု၊ င--- ကျေးရွာတွင်နေထိုင်သော အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝ--- အား င--- ကျေးရွာရှိ ၎င်း၏ မိသားစု၏ ကုန်စုံဆိုင်အနီး BGF စစ်ဆေးရေးဂိတ်ရှိ BGF တပ်ရင်းအမှတ် (၁၀၁၃) မှ စစ်သားတစ်ဦးမှရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ပါသည်။  ဤ BGF တပ်ရင်းအား ဒုဗိုလ်မှူးကြီး စောကျော်ဝင်းမှဦးဆောင်နေပါသည်။

 

ဖြစ်ပျက်မှုသည် င--- ကျေးရွာရှိ ရွာသားများမှ မှာယူသော အစားအစာများကို ဝယ်ယူရန်အတွက် ကမာမိုမြို့ သို့သွားရာ BGF စစ်ဆေးရေးဂိတ်တွင် ကိုဝ--- ၏ ကားမှာ တားဆီးခံခဲ့ရပါသည်။ ၎င်းအနေဖြင့် BGF စစ်ဆေးရေးဂိတ်သို့ ရောက်ရှိချိန်တွင် BGF စစ်သားများမှ ၎င်းအား ရပ်ခိုင်းခဲ့ပြီး လမ်းကြေးကောက်ခံခဲ့ပါသည် (လမ်းကြေးသည်တစ်ရက်နှင့်တစ်ရက်ခြားနားမှုရှိသည်)။ သို့သော်လည်း အဆိုပါ BGF စစ်သားမှ ၎င်းအား ပုံမှန်ထက်ပို၍ ငွေကောက်ခံခဲ့ပါသည်။ ထို့ကြောင့် အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ၎င်းတို့ အချင်းချင်းကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပါသည်။ အငြင်းပွားမှုဖြစ်ပွားနေစဥ်အတွင်း BGF စစ်သား‌ ကျော်ကျော်မှ ကိုဝ--- ၏ မျက်နှာအားထိုးလိုက်သဖြင့် ၎င်း၏မျက်နှာရောင်ကိုင်းသွားခဲ့ပါသည်။

 

ကိုဝ--- အား BGF စစ်သားမှထိုးလိုက်သည်ကိုကြားသည်နှင့် BGF စစ်ဆေးရေးဂိတ်အနီးတွင် ကုန်စုံဆိုင်ဖွင့်ရောင်း သည့်၎င်း၏ ဖခင်ဖြစ်သူ ဦးယ နှင့်အမဖြစ်သူ မလ--- တို့မှ ကူညီပေးရန်သွားခဲ့ကြသည်။ ၎င်းတို့မှ ကိုဝ--- မှ ထိုတွင်ရှိနေစဥ် သွားရောက်ခဲ့ကြပါသည်။ ထို့နောက် BGF စစ်သားကျော်ကျော်မှ ဦးယ နှင့် နော်လ--- ၏ မျက်နှာအားထိုးကြိမ်လိုက်သဖြင့် ၎င်းတို့နှစ်ဦး၏ မျက်နှာမှာ ‌ရောင်ကိုင်းသွားခဲ့ပါသည်။ ကိုဝ--- မှ လမ်းခွန်အားပေးခဲ့ပြီးသည့်နောက် ကမာမိုမြို့သို့ အတားအဆီးမရှိပဲခရီးနှင်ခဲ့ပါသည်။ ဦးယ--- နှင့် နော်လ--- တို့သည့်လည်း ၎င်းတို့၏ မိသားစုကုန်စုံဆိုင်ရှိရာသို့ ပြန်လာခဲ့ကြပါသည်။

 

ကျေးရွာသူကြီးအနေဖြင့် ဖြစ်ပျက်မှု ဖြစ်ပွားခဲ့ပုံအကြောင်းအရာအားသိရှိသော်လည်း BGF စစ်သားများ၏ လက်တုန့်ပြန်မှုကိုကြောက်ရွံ့သဖြင့် ဤဖြစ်ပျက်မှုအား ဝင်ရောက်ဖြေရှင်းရန် မ၀ံ့မရဲဖြစ်နေခဲ့ပါသည်။ အဆိုပါ ရွာသားသုံးဦးသည် ၎င်းတို့၏ဒဏ်ရာသက်သာလာခဲ့သော်လည်း ဒေသခံ အာဏာပိုင်များအနေဖြင့် ဤဖြစ်ပျက်မှုဖြစ်ရပ်အား ဖြေရှင်းပေးမှုမရှိသေးပဲ ဖြစ်နေပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မေးခွန်းဖြေကြားသူနှင့် ကျူးလွန်ခံရသူများမှ KHRG အားသတင်းအချက်အလက်များကို အသုံးပြုရန်ခွင့်ပြုချက်ပေးထားပါသည်။

Fri, 01 Jul 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ ဇူလိုင်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်