Mon, 10 Jan 2022
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဒွယ်လိုးမြို့နယ်အတွင်း SAC အရာရှိတစ်ဦးမှ ရွာသားသုံးဦးအား နှိပ်စက်ညှဥ်းပမ်းမှုပြုလုပ် (၂၀၂၁ခုနှစ်၊ သြဂုတ်လ)

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် ဖြစ်ပွားခဲ့သည့်အကြောင်းအရာကိုဖော်ပြထားပါသည်။ ကရင်အမျိုးအသားအစည်းအရုံး (KNU) နယ်မြေအတွင်းသို့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) စစ်တပ်မှကျူးကျော်ဝင်ရောက်လာပြီးသည့်နောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်။ KNLA မှ SAC အား တိုက်ခိုက်ပြီးနောက် SAC အရာရှိတစ်ဦး သည် ဒေသခံရွာသားသုံးဦးအား နှိပ်စက်ညှဉ်းပမ်းခဲ့သည်။ [1]

 

အပိုင်း - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

နှိပ်စက်ညှဥ်းပမ်းမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ --- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ) ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဦးဘ---

---

---

အသက်

၄၆

၃၂

၃၀

ကျား/

ကျား

ကျား

ကျား

လူမျိုး

ကရင်

-

-

မိသားစုရှိ/မရှိ   

ရှိ

-

-

အလုပ်အကိုင်

ဆိုင်ပိုင်ရှင်

-

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

-

 

ရာထူးအဆင့်

ဒေသခံရွာသား

ဒေသခံရွာသား

ဒေသခံရွာသား

နေရပ် ရွာအမည်

--- ကျေးရွာ

--- ကျေးရွာ

--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

ဇော်မင်းထိုက်

ဒုဗိုလ်မှူးကြီး

ခြေမြန်တပ်ရင်း အမှတ် (၄၀၇)

တနင်္သာရီ

မသိ

 

အဆင့် - သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

() ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

--- ကျေးရွာရှိ ရွာသားတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) အား ဤဖြစ်ရပ်နှင့်ပတ်သက်၍ အသိပေးခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းသတင်းပြုစုသူမှ မျက်မြင်သက်သေဖြစ်သူ --- ရွာသားတစ်ဦးဖြစ်အား မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။

() ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်ပေးသူမှာ ဖြစ်ရပ်အားမျက်မြင်တွေ့ရှိခဲ့သူဖြစ်ပါသည်။

 

အဆင့် - အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့တွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ --- ကျေးရွာ၌ နှိပ်စက်ညှဥ်းပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ နှိပ်စက်ညှဥ်းပမ်းမှုခံရသူများသည် ဦးဘ--- (၄၆ နှစ်) ဦးစ--- (၃၂ နှစ်)၊နှင့် --- (၃၀ နှစ်) တို့ဖြစ်ကြပါသည်။ ပြစ်မှုကျူးလွန်သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း အမှတ် (၄၀၇) (မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အခြေစိုက်သည်။) မှ ဒုဗိုလ်မှူးကြီး ဇော်မင်းထိုက် ဖြစ်ပါသည်။

 

ထိုနေ့အစောပိုင်း (သြဂုတ်လ ၁၅ရက်နေ့) တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၁၀၂) မှ စစ်သားများသည် SAC ခမရ အမှတ် (၄၀၇) စစ်သားများအား --- ကျေးရွာ၏လမ်းအလယ်တွင် တိုက်ခိုက်ခဲ့ပါသည်(KNU ၏နယ်မြေသို့ ကျူးကျော်ဝင်ရောက်ပုံပေါ်သည်) ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရသေကြေဆုံးရှုံးမှုမရှိပါ။  သို့သော်လည်း တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် SAC ခမရ အမှတ် (၄၀၇) ဒုဗိုလ်မှူးကြီးမှ ရွာသားများအား ( ၄၀ မှ ၅၀ ခန့်ရှိ--- ကျေးရွာရှိလမ်းလယ်တွင် စုဝေးစေခဲ့ပြီး ရွာသားသုံးဦးအား စစ်ဖိနပ်ဖြင့် ကန်ကြာ ထိုးကြိတ်မှုများပြုလုပ်ခဲ့ပါသည်။ ဦင--- မှ (ရွာ၏လမ်းထဲရှိစုဝေးမှုတွင်ပါဝင်သူတစ်ဦးဖြစ်ပြီး နိပ်စက်ညှဥ်းပမ်းမှုအားမျက်မြင်တွေ့ရှိခဲ့သူဖြစ်ပါသည်) “ကျနော် ရွာရဲ့လမ်းလယ်ခေါင်မှာ သေနေလောက်ပြီးဟုထင်ခဲ့ တယ်ဟုပြောခဲ့ပါသည်။

 

SAC စစ်သားများသည် ကျေးရွာ၏ အဝင်ဝမှ ရွာထဲတွင် ရမ်းသမ်းပစ်ခတ်မှုများကိုလည်းပြုလုပ်ခဲ့ပါသည်။

 

အဆင့် - ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဦးင--- မှ KHRG အား ဤသတင်းအချက်အလက်ကို အသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။

Mon, 10 Jan 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်