Thu, 02 Dec 2021
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ့ဖာခို့မြို့နယ်ရှိ အရက်မူးနေသည့် SAC စစ်တပ်အရာရှိတစ်ဦးမှ ရွာသားတစ်ဦး၏အိမ်ကို သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ (၂၀၂၁ခုနှစ်၊ သြဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ၌ တောအူး (တောင်ငူ) ခရိုင်၊ ဒေါ့ဖာခို့မြို့နယ်တွင် ဖြစ်ပွား ခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခမရ (၆၀၄) လက်အောက်ခံ တပ်ခွဲတစ်ခုမှ အရာရှိတစ်ဦးသည် အရက်မူးပြီး ဒေါ့ဖာခို့မြို့နယ်၊ ချီသူစော ကျေးရွာအုပ်စု၊ အ---ကျေးရွာရှိ ရွာသားတစ်ဦး၏အိမ်ကို ၎င်း၏ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သေနတ်ပစ်ခတ်မှုကြောင့် အိမ်ခေါင်မိုး ပျက်စီးသွားပြီး ရွာသားများလည်း ကြောက်ရွံ့နေခဲ့ကြသည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဒေသခံအဖွဲ့ဝင်တစ်ဦးမှ ခမရ (၆၀၄)၏ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဟိန်းစံထွန်းအား တိုင်ကြားခဲ့သည်။ သို့သော်လည်း အိမ်ကိုပစ်ခတ်ခဲ့သည့် ထိုအရာရှိအား မည်သည့်အ ရေးယူဆောင်ရွက်မှုခြင်းများ မပြုလုပ်ခဲ့ပါ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားတစ်ဦး၏အိမ်ကို သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၀ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ချီသူစော ကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

နာမည်

စောစ--- (အိမ်ပိုင်ရှင်)

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ခြံလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ချီသူစော ကျေးရွာအုပ်စု၊ အ---ကျေးရွာ

အသက်

အသက် ၅၀ကျော်

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်  

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိအမည်

နိုင်လင်းထွန်း

 ဗိုလ်ကြီး

ခြေမြန်တပ်ရင်းအမှတ် (၆၀၄)

ပျဉ်းမနားမြို့နယ် (နေပြည် တော်)။ သို့သော် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်ရှိ ဒေဒါခိုတပ်စခန်းတွင် ယာယီအခြေစိုက်

ဗိုလ်မှူးဟိန်းစံထွန်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

(ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သူ) စောဘ---သည် KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ဖုန်းဖြင့်ခေါ် ဆို၍ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားမှ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရွာသားများ ပြောနေကြသည်ကို ကြားသိရှိခဲ့ရသည်။ ထို့နောက် စောဘ---သည် KHRG ကွင်းဆင်းလုပ်သားအား ဖုန်းဖြင့်ခေါ်ဆို၍ ဤဖြစ်စဉ်အကြောင်းကို ပြောပြခဲ့ သည်။ ဒေသခံကရင်အမျိုးသားလွတ်မြောက်ေရေးတပ်ဖွဲ့ (KNLA) အာဏာပိုင်များလည်း ဤဖြစ်စဉ်နှင့်ပတ် သတ်ပြီး  KHRG ကွင်းဆင်းလုပ်သားအား ပြောပြခဲ့သည်။

 

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်  အိမ်ပိုင်ရှင်ဖြစ်သူ စောစ---သည် စောဘ---အား ဤဖြစ်စဉ်ကို ပြောပြခဲ့သည်။ ထို့နောက် စောဘ---သည် KHRG ကွင်းဆင်းလုပ်သားအား အကြောင်းကြားခဲ့ပြီး စောစ---မှ ၎င်းအား ပြောပြ ခဲ့သည့် အကြောင်းအရာများကို KHRG ကွင်းဆင်းလုပ်သားအား ပြန်လည်မျှဝေခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့ညတွင် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ချီသူစောကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးနားရှိ ဒေဒါခိုတပ်စခန်းတွင် ယာယီအခြေစိုက်နေထိုင်လှုပ်ရှားနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၄)လက်အောက်ခံ အမည်မသိ တပ်ခွဲမှ ဗိုလ်ကြီးနိုင်လင်းထွန်း နှင့် သူ၏နောက်လိုက်စစ်သားနှစ်ဦးတို့သည် တပ်စခန်းအပြင်ဘက်တွင် ထွက်၍ ရွာထဲသို့ ဝင်ရောက်လာပြီး အ ရက်သောက်မူးယစ်ခဲ့သည်။ (ပုံမှန်အားဖြင့် စစ်သားများသည် စခန်းအပြင်သို့ မထွက်သင့်ပါ။ ဗိုလ်ကြီးနိုင်လင်း ထွန်းနှင့် သူ၏နောက်လိုက်စစ်သားနှစ်ဦးတို့သည် စခန်းအပြင်သို့ထွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ် ကြီးနိုင်လင်းထွန်းသည် ထိုစခန်းထဲတွင် သြဇာအကြီးဆုံးသူတစ်ဦးဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။) ၎င်းတို့ အရက်သောက်မူးနေသည့်အချိန်တွင် ဗိုလ်ကြီးနိုင်လင်းထွန်းသည် သူ၏ပစ္စတိုသေနတ်တစ်လက်ကို ထုတ်ပြီး ရွာသား စောစ---၏အိမ်ကို ပစ်ခတ်ခဲ့သည်။ သေနတ်ပစ်ခတ်ခြင်းကြောင့် အိမ်ခေါင်မိုးပျက်စီးသွားခဲ့သည်။ (သေနတ်ကျည်ဆံကြောင့် သစ်သားအိမ်တိုင်တစ်လုံးပျက်စီးသွားပြီး ခေါင်မိုးပေါ်ရှိ သွပ်ပြားတစ်ချပ်ပျက်စီးသွားခဲ့ သည်။)  

 

ရွာသားများသည် ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျေနပ်မှုမရှိ ကြပါ။ ထို့ကြောင့် ၎င်းတို့မှ ဤအမှုကို တိုင်ကြား ခဲ့သည်။ ဒေသခံအဖွဲ့ဝင်တစ်ဦးမှ ခမရ (၆၀၄)၏ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးဟိန်းစံထွန်းကို ခေါ်ဆို၍ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး တိုင်ကြားခဲ့သည်။ (ဗိုလ်မှူးဟိန်းစံထွန်းသည် သံတောင်ကြီးမြို့နယ်၊ ကေလေခိုကျေးရွာ အုပ်စု၊ သောက်ရေခပ်ကျေးရွာ၊ သောက်ရေခပ်တပ်စခန်းတွင် နေထိုင်သည်။) ထို့နောက် ဗိုလ်မှူး ဟိန်းစံထွန်းသည် ဗိုလ်ကြီးနိုင်လင်းထွန်းကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ဗိုလ်မှူးဟိန်းစံထွန်းမှ ဤအမှုအတွက် ဗိုလ်ကြီးနိုင်လင်းထွန်းအား  အပြစ်ပေးမည်ဟု ပြောခဲ့သည်။ သို့သော်လည်း ဗိုလ်မှူးဟိန်းစံထွန်းသည် ဗိုလ်ကြီး နိုင်လင်းထွန်းလုပ်ခဲ့သည့် အရာအတွက် ၎င်းအား မည်သည့်အပြစ်ပေးခြင်း သို့မဟုတ် အရေးယူဆောင်ရွက်ခြင်းများ မရှိခဲ့ပေ။ ဗိုလ်မှူးဟိန်းစံ ထွန်းမှ ဤအမှုအတွက် အရေးယူဆောင်ရွက်ခြင်းများ ပျက်ကွက်သောကြောင့် ဒေသခံရွာသားများက အနာဂတ် တွင် SAC စစ်သားများ ဤကဲ့သို့လုပ်ရပ်မျိုးကို ကျူးလွန်မည်ကို စိုးရိမ်နေကြသည်။

 

စစ်သားများမှ ညအချိန်တွင် ရွာထဲသို့ဝင်လာပါက ရွာသားများသည် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့လုပ်ရပ်မျိုးကို ယခင်က တပ်မတော်စစ်သားများမှ ကျူးလွန်ခဲ့သည့် ချိုးဖောက်မှု များကြောင့် ရွာသားများ၏အသက်လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများအတွက် စိုးရိမ်ကြောင့်ကြနေခဲ့ရသည်။ (ဥပမာ အားဖြင့် ယခင်ကာလတွင် တပ်မတော်စစ်သားများမှ ညအချိန်တွင် ရွာထဲသို့ဝင်ရောက်လာပြီး ရွာသားများအပေါ် ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။) ထို့အပြင် ဒေသခံရွာသားများသည် ဒေဒါခိုတပ်စခန်းမှ SAC စစ်သားများမှ မကြာမှီက ၎င်းတို့၏ပိုင်ဆိုင်မှုများအား ဖျက်ဆီးခဲ့သည့်အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရသည်။ ၂၀၂၁ခုနှစ်၊ မတ်လတွင် SAC စစ်သားများသည် ၎င်းတို့၏တပ်စခန်းအနီးတစ်ဝိုက်တွင် ချုံနွယ်၊ ချုံပုတ်များရှင်းလင်း သည့်အချိန်တွင် ရွာသားများပိုင်ဆိုင်သော ဥယျာဉ်ခြံမြေအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော်လည်း ခြံပိုင်ရှင်များ ကို မည်သည့်လျော်ကြေးမှ ပေးဆောင်ခြင်းမရှိခဲ့ပေ။

 

KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ ဒေဒါခိုတပ်စခန်းတွင် နေထိုင်သည့် SAC စစ်သားများနှင့် ရွာသားများ၏ဆက်ဆံရေးသည် သိပ်မကောင်းလှပေ။ ကျေးရွာအနီးတွင် SAC စစ်သားများ တည်ရှိနေခြင်းကြောင့် ရွာသားများသည် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အိပ်ပိုင်ရှင်နှင့် KHRG ကွင်းဆင်းလုပ်သားအား အကြောင်းကြားခဲ့သည့် စောဘ---တို့သည် ဤသတင်းအချက်အ လက်ကို အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။

Thu, 02 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်