Thu, 02 Dec 2021
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ့ဖာခို့မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်လူသတ်မှု (၂၀၂၁ခုနှစ်၊ ဇူလိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၌ တောအူး (တောင်ငူ) ခရိုင်၊ ဒေါ့ဖာခို့ (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို ဖော်ပြထားသည်။ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့၌ ရွာသား နှစ်ဦးသည် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ--- ကျေးရွာတွင် နေထိုင်သော စောဘ---နှင့် သူ၏မိသားစုဝင်များအား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စောဘ---သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး (နစက) စစ်သားများနှင့် ရဲများကို သတင်းပေးသူတစ်ဦးအဖြစ် ၎င်းတို့မှ ထင်မြင်ယူဆခဲ့ခြင်းဖြစ်သည်။ စောဘ---နှင့် သူ၏အမျိုးသမီးတို့မှာ အသတ်ခံရပြီး သူ၏သားနှင့်မြေးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ထိုနေ့ တွင်ပင် ကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင်များက ထိုပြစ်မှုကျူးလွန်သူ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ သို့သော်လည်း အရေးယူဆောင်ရွက်ရန်အတွက် စုံစမ်းစစ်ဆေးခြင်းအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လူသတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

နာမည်

စောဘ---(သေဆုံး)

နော်စ--- (သေဆုံး)

စောဒ--- (ကျန်ရစ်)

နော်အ--- (ကျန်ရစ်)

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

ရှိ

ရှိ

မရှိ

အလုပ်အကိုင်

ခြံလုပ်သား

ခြံလုပ်သား

ခြံလုပ်သား

မှီခို

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ---ကျေးရွာ

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ--- ကျေးရွာ

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ--- ကျေးရွာ

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ--- ကျေးရွာ

အသက်

၅၅နှစ်

၅၀ နှစ်

၃၀နှစ်

၇နှစ်

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်  

အလုပ်အကိုင်

နေရပ်ရွာအမည်

စောင---

အရောင်းအဝယ်

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ---ရွာ

စောင---၏သူငယ်ချင်း

မသိ

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ သံတောင်မြို့၊ ဗိုလ်တဲကုန်းရပ်ကွက်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

နော်အ---၏အဖွားဖြစ်သူ ဒေါ်ဖ---သည် KHRG သတင်းစုဆောင်းသူတစ်ဦးအား ဖုန်းဖြင့်ခေါ်ဆို၍ ဤမှုခင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ၎င်းအား ပြောပြခဲ့သည်။ ဒေါ်ဖ---သည် စောဒ---ယောက္ခမလည်း ဖြစ်သည်။ ထို့နောက် KHRG သတင်းစု ဆောင်းသူသည် သူမကိုသွားရောက်တွေ့ဆုံပြီး မေးမြန်းမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် KHRG သတင်းစုဆောင်းသူ သည် သေနတ်ဖြင့်အပစ်ခံရသည့် စောဒ---အား  ဆေးရုံမှဆင်းလာပြီးနောက် သွားရောက်တွေ့ဆုံခဲ့ပြီး ဤဖြစ်စဉ်နှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။ KHRG သတင်းစုဆောင်းသူသည် စောဘ---၏သမီးဖြစ်သူ နော်ဂ---ကိုလည်း ဖုန်းဖြင့် ခေါ်ဆို၍ စကားပြောမေးမြန်းခဲ့သည်။ သူမသည် ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး မျက်မြင်ကိုယ်တွေ့တစ်ဦးဖြစ်သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအရင်းအမြစ်အား ပထမဦးဆုံးမျှဝေသူသည် ဖြစ်စဉ်တွင်ပါဝင်သည့် အသက်ရှင်ကျန်ရစ်နေသူနှစ်ဦး၏ မိသားစုဝင်တစ်ဦး ဖြစ်သည်။ ဒုတိယသတင်းပေးသူမှာ အသက်ရှင်ကျန်ရစ်နေသူတစ်ဦးဖြစ်သည်။ တတိယသတင်း ပေးသူသည် ဖြစ်စဉ်တွင်ပါဝင်သည့် အသက်ရှင်ကျန်ရစ်နေသူနှစ်ဦး၏ အခြားသောမိသားစုဝင်တစ်ဦးဖြစ်သည်။ အခင်း ဖြစ်ပွားချိန်တွင် သူမသည် အိမ်ထဲတွင်ပုန်းနေပြီး ဖြစ်ပွားခဲ့သည့်အရာများကို မျက်မြင်ကိုယ်တွေ့သူတစ်ဦးဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

စောဘ--- (၅၅နှစ်)၊ သူ၏အမျိုးသမီးဖြစ်သူ နော်စ--- (၅၀နှစ်)၊ သူတို့၏သားဖြစ်သူ စောဒ--- (၃၀နှစ်)၊ သူတို့၏ သမီးဖြစ် သူ နော်ဂ--- (အသက် ၁၅၊ ၁၆ ဝန်းကျင်) နှင့် သူတို့၏မြေးဖြစ်သူ နော်အ--- (၇နှစ်)တို့သည် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့ နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ သ--- ကျေးရွာအနီးရှိ ၎င်းတို့၏ရော်ဘာခြံတွင်ရှိသော အိမ်တစ်လုံးတွင် အတူတကွ နေထိုင်ကြပါသည်။ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းအတွက် ခြံလုပ်ငန်းကို လုပ်ကိုင်ပါသည်။ ၎င်းတို့၏အိမ်ရှေ့ တွင် ဈေးဆိုင်တစ်ဆိုင်ဖွင့်ထားပြီး အပိုဝင်ငွေရရှိရန် လုပ်ကိုင်ကြိုးစားနေသူများလည်းဖြစ်သည်။

 

နော်ဂ---၏ပြောပြချက်အရ အခင်းဖြစ်ပွားနေစဉ်တစ်လျှောက်လုံး ဆယ်ကျော်သက်အရွယ်ရှိသော စောဘ---၏သမီး သည်  အိမ်ထဲတွင်သာ ပုန်းနေခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် (သ---ရွာတွင်နေထိုင် သည့်) စောင---သည် သူတို့၏ဈေးဆိုင်တွင် ရောက်ရှိလာပြီး စောဘ---အား “ဦးလေး နေကောင်းလား။ ဘာတွေ လုပ်နေ တာလဲ” ဟု မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းပြီးနောက် စောင---သည် သူ့မှာ ပါလာသည့်သေနတ်ကို ထုတ်ပြီး စောဘ---၏ရင်ဘတ်ကို ပစ်ခတ်ခဲ့သည်။ (ဤဖြစ်စဉ်တွင် အခြားသော သေနတ်ပစ်ခံရသူတစ်ဦးဖြစ်သူ စောဒ---၏ပြောပြချက် အရ ၎င်းသေနတ်သည် ၂၂ ရိုင်ဖယ်သေနတ်တစ်လက်ဖြစ်ပြီး စောင---မှ ထိုသေနတ်ကို အမဲလိုက်ရန်အတွက် အသုံးပြု သည်။) စောဘ---သည် ချက်ချင်း သေဆုံးခဲ့သည်။ စောင---သည် စောဘ---အား ပစ်သတ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် စောဘ---သည် ဒလန် (သတင်းပေးသူ) တစ်ဦးဖြစ်ကြောင်း စောင---မှ ထင်မြင်ယူဆခဲ့ကြောင်းဖြစ်သည်။ စောင---သည် စောဘ---အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) စစ်သားများနှင် ရဲများကို သတင်းပေးသူ တစ်ဦးဟု စွပ်စွဲခဲ့သည်။ ဤစွပ်စွဲချက်သည် မှန်ကန်ကြောင်း ရှင်းလင်းပြီး ခိုင်လုံသည့် သက်သေအထောက်အထားများ မရှိပေ။ KHRG ၏ သတင်းစုဆောင်းသူတစ်ဦး၏ ပြောပြချက်အရ စောဘ---သည် ဈေးဆိုင်ဖွင့်လှစ်ထားပြီး ဝယ်ယူသူ အများနှင့် ထိတွေ့ဆက်ဆံနေရသည့်အတွက်ကြောင့် တစ်ချို့သော ဝယ်ယူသူများသည် ရဲများဖြစ်ပြီး ၎င်းတို့အား သတင်းပေးနေပါသည်ဟု စောင---မှ ထင်မြင်ယူဆနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံမှု မရှိပေ။ စောင---သည် စောဘ---အား သတ်ရန်အတွက် သူ၏သူငယ်ချင်းတစ်ဦး နှင့်အတူ လာခဲ့ကြသည်။ သို့သော် ထိုသူငယ်ချင်းဖြစ်သူသည် စောင---မှ စောဘ---အား သတ်ရန်ကြိုးစားချိန်တွင် အိမ်အနီးနား တစ်နေရာတွင် ပုန်းအောင်းနေခဲ့သည်။

 

ထိုအချိန်တွင် စောဘ---၏သားဖြစ်သူ စောဒ---သည် သူ၏ရော်ဘာခြံထဲတွင် အလုပ်လုပ်နေပါသည်။ စောဒ---မှ (သေနတ်သံကြားရပြီးနောက်) ရောဘာခြံမှ အိမ်သို့ပြန်လာသည့်အချိန်တွင် သူ၏အဖေပစ်သတ်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ သည်။ ချက်ချင်းပင် စောဒ---သည် စောင---အား ဝင်ရောက်နပမ်းလုံးခဲ့သည်။ ၎င်းတို့နှစ်ဦး နပမ်းလုံးနေချိန်တွင် စောဘ---၏ အမျိုးသမီးဖြစ်သူ နော်စ---သည် အကူအညီရရှိရန်အတွက် ရွာထဲမှ သူမ၏ဆွေမျိုးများနှင့် အခြားရွာသား များအား ဖုန်းဖြင့်လှမ်းခေါ်ခဲ့သည်။ စောင---သည် ၂၂ ရိုင်ဖယ်သေနတ်ကို ဆွဲယူပြီး စောဒ---၏ဗိုက်ကို ပစ်ခဲ့သည်။ စောဒ---သည် သေနတ်ဒဏ်ရာကြောင့် မြေပြင်တွင် လှဲကျသွားပြီး မလှုပ်နိုင်တော့ပေ။ မြေပြင်လှဲကျနေချိန်တွင် စောဒ---သည် သေချင်ယောင်ဆောင်ခဲ့သည်။ ထို့နောက် စောင---မှ စောဒ---အား ဤကဲ့သို့ပြောခဲ့သည်။ “သွားသေလိုက် တော့”။ ထိုသို့ပြောပြီးနောက်ပိုင်းတွင် စောင---သည် (အိမ်အပြင်တွင် ပုန်းနေသည့်) သူ၏သူငယ်ချင်းဆီကို ပြန်လာခဲ့ပြီး သူ၏သူငယ်ချင်းကို ပြောခဲ့သည်။ “ငါလုပ်ခဲ့ပြီး။ ငါသူတို့ကို သတ်ခဲ့တယ်။ အခု သူ့ရဲ့မိသားစုကို သတ်ဖို့မင်းအလှည့်ပဲ”။ သူ၏သူငယ်ချင်းသည် အိမ်သို့ပြန်လာပြီး စောဘ---၏အမျိုးသမီးဖြစ်သူ နော်စ---ကို ဤသို့မေးမြန်းခဲ့သည်။ “အဒေါ် ဘာကူညီပေးရမလဲ”။ ထိုသို့ပြောပြီးနောက် သူမ၏ရင်ဘတ်ကို ဓားဖြင့် ထိုးသတ်ခဲ့သည်။

 

ထိုအချိန်တွင် (အခင်းဖြစ်ပွားစဉ်တစ်လျှောက်လုံး အိမ်ထဲတွင်ပုန်းနေသူတစ်ဦးဖြစ်သော) စောဒ---သမီးဖြစ်သူ နော်အ---သည် သူမ၏အဖေလှဲကျသည့်နေရာသို့ သွားခဲ့သည်။ စောင---၏သူငယ်ချင်းသည် သူမကို မြင်ပြီး သူမ၏ရင်ဘတ်တွင် ဓားတစ်ချက်ထိုးခဲ့သည်။ ထို့အပြင် သူမ၏ဘယ်လက်ချောင်များကို ဓားဖြင့် ခုတ်ခဲ့သည်။ သူမ၏ဒဏ်ရာများသည် အလွန်ပြင်းထန်သော်လည်း အသက်မသေခဲ့ပေ။ ထို့နောက် စောင---၏သူငယ်ချင်းသည် အိမ်အပြင်သို့ ထွက်လာ ခဲ့သည်။

 

စောင---၏သူငယ်ချင်း အိမ်အပြင်သို့ ထွက်လာပြီးနောက် ရွာမှာရှိသည့် စောဒ---၏အမျိုးများ ရောက်ရှိလာသည်။ ၎င်းတို့မှ ကားတစ်စီးကို ငှားယူပြီး နောအ---နှင့် သူမ၏အဖေဖြစ်သူ စောဒ---အား ဆေးကုသမှုရရှိရန်အတွက် သံတောင် ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ စောဒ---နှင့် နော်အ---သည် ဒဏ်ရာအလွန်ပြင်းထန်သဖြင့် သံတောင်ကြီးဆေးရုံမှ ၎င်းတို့အား ကောင်းကောင်းမွန်မွန် ဆေးမကုသနိုင်ခဲ့ပေ။ သံတောင်ကြီးဆေးရုံတွင် သုံးလေးရက်နေပြီးနောက် ၎င်းတို့အား နေပြည်တော်ကုတင်တစ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ နေပြည်တော် ဆေးရုံတွင် တစ်လကြာဆေးကုသ မှုခံယူပြီးနောက် ဆရာဝန်မှ ၎င်းတို့အား အိမ်သို့ပြန်လာပြီး အနားယူရန် ခိုင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဆေးရုံတွင် ကြာမြင့်စွာနေရန် အဆင်မပြေကြောင်း ဆရာဝန်မှ ပြောကြားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဆေးရုံမှ ဆင်းလာပြီး ရွာသို့ပြန်လာနေထိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏အနာဒဏ်ရာသည် အပြည့်အဝပျောက်ကင်းခြင်းမရှိခဲ့ပေ။ ၎င်းတို့အား ဆေးကုသမှုပေးသည့် နေပြည်တော်ရှိ ဆရာဝန်မှ ၎င်းတို့အား ဆက်လက်၍ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ တစ်လတစ်ခါ ပြန်လာပြရမည်ဟု အကြံပေးခဲ့သည်။

 

၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ညတွင် ကရင်အမျိုးအစည်းအရုံး (KNU) အာဏာပိုင်များက စောင---နှင့် သူ၏သူငယ် ချင်းအားဖမ်းဆီးခဲ့ပြီး ၎င်းတို့အား KNU ခရိုင်ရုံးသို့ ပို့ဆောင်ခဲ့သည်။ စောဒ---၏ပြောပြချက်အရ ဤဖြစ်စဉ်နှင့်ပတ် သတ်ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို အရေးယူရန်အတွက် KNU အာဏာပိုင်များအနေဖြင့် ဆုံးဖြတ်ချက် မချသေးပါ။ ဒေသခံ KNU ရဲ (ကရင်အမျိုးသားရဲတပ်ဖွဲ့) များသည်လည်း ၎င်းအမှုကို ဆက်လက်ရှာဖွေစုံးစမ်းနေဆဲဖြစ်သည်။  ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့တွင် လက်ခံရရှိသည့် KHRG သတင်းစုဆောင်းသူ၏ သတင်းအချက်အလက် များအရ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အမှုကိုစုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်မှုအပိုင်းတို့သည် ယခင်ထက် ပို၍ကြန့်ကြာနေလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အသက်ရှင်ကျန်ရစ်သူ စောဒ---နှင့် အခြားသောသတင်းပေးသူနှစ်ဦး ဒေါ်ဖ---နှင့် နော်ဂ---တို့သည် ဤလူသတ်မှုနှင့် ပတ်သတ်ပြီး လူအများသိရှိရန်အတွက် ဤသတင်းအကြောင်းအရာအား အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးခဲ့ သည်။

Thu, 02 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်