Thu, 16 Dec 2021
မူတြော်ခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒွယ်လိုးမြို့နယ်အတွင်း SAC စစ်သားများမှ ညှင်းပန်းနှိပ်စက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ခြိမ်းခြောက်မှုများကြောင့် ရွာသားများကြောက်ရွံ့သဖြင့် နေရပ်ထွက်ပြေးတိမ်းရှောင်နေရခြင်းများ

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၁ခုနှစ်၊ သြဂုတ်လအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ ဤဒေသတွင်းသတင်းတိုတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ (SAC) ‌ခြေမြန်တပ်ရင်းအမှတ် (၄၀၇) မှ ရွာသားသုံးဉီးအား ကျေးရွာတွင်း ဘုန်းကြီးကျောင်းအနီးတွင်ဗုံး ထောင်ထားသည်ဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားလွတ်မြှောက်ရေး တပ်မတော် (KNLA) ၏ တိုက်ခိုက်မှုကိုခံရပါက ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ချမည်ဟု SAC စစ်သားများမှ န--- ကျေးရွာတွင်နေထိုင်သော ရွာသားများကိုခြိမ်းခြောက်ခဲ့ပါသည်။ SAC စစ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ရွာသားနှစ်ဉီး၏အိမ်မီးလောင် ပျက်စီးသွားခဲ့ပါသည်။ SAC စစ်သားများနှင့် KNLA တို့ကြား ဆက်လက်ဖြစ်ပွား နေသောတိုက်ပွဲများကြောင့် န--- ကျေးရွာရှိရွာသားများ နေရပ်‌ရွေ့ ပြောင်းနေထိုင်ခဲ့ကြရပါသည်။ SAC စစ်သားများ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် တိုက်ပွဲများကို ကြောက်ရွံ့ထိတ်လန့် ရခြင်းအပြင် COVID-19 နှင့်ဆက်နွယ်သည့် ခရီးသွားလာရေးတင်းကြပ်မှုကိုပါ ဒေသခံရွာသားများ ရင်ဆိုင်ကြုံတွေ့ နေရကြပါသည်။[1]

 

 

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် (၈း၃၀) မိနစ်တွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထော် ကျေးရွာအုပ်စု၊ န--- ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲသွားခဲ့ပါသည်။ ပေါက်ကွဲမှု ကြောင့် စောတ--- ၏ ပိုင်ဆိုင်သောကျွဲတစ်ကောင် သေဆုံးသွားခဲ့ပါသည်။ ပေါက်ကွဲမှုကြောင့် အဆိုပါကျွဲ၏ နောက်ဖက်‌ခြေထောက်မှာကျိုးသွားခဲ့ပါ‌သည်။ စောတ--- ၏ပြောပြချက်အရ ရွာသားများသည် ထိုကျွဲအား အသားပေါ်ကာ SAC စစ်သားများထံသို့ (၁၀) ကီလိုရောင်းချခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း SAC ခြေမြန်တပ်ရင်းအမှတ် (၄၀၇) မှ စစ်သားများသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာရှိ အနီးအနားအိမ်မှ ရွာသားသုံးဉီးအား ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ခေါ်ယူမေးမြန်းခဲ့ပါသည်။ ထိုရွာသားသုံးဉီးတို့မှာ စောရ--- (၄၅နှစ်၊ ကလေးသုံးဉီးရှိ)၊ စောတ--- (၃၄နှစ်၊ လေးနှစ်ဉီးရှိ) နှင့် စောဝ--- (၂၅နှစ်) တို့ဖြစ်ကြပါသည်။

စောတ--- ၏ပြောပြချက်အရ SAC တပ်ရင်းမှူးမှ ၎င်းအားဗုံးထောင်သူအဖြစ်စွပ်စွဲခဲ့ပါသည်။ စောတ--- မှဖြည့် စွက်ပြောပြသည်မှာ “ကံကောင်းလို့စစ်သားတွေတစ်ယောက်မှ ဒဏ်ရာရမသေတာ။ စစ်သားတစ်ယောက် ယောက်သာသေခဲ့မယ်ဆိုရင်တော့ သူတို့တွေ ကျတော့်ကိုကြိမ်းသေ ပစ်သတ်မှာ။”

တပ်ရင်းမှူးမှ ဖမ်းထားသည့်ရွာသားတစ်ဉီးဖြစ်သူ စောရ--- ကို ‌ခြေထောက်ဖြင့်တစ်ကြိမ်ကန်ခဲ့ပြီး စောဝ---၏ဉီးခေါင်းကိုလည်း ရိုင်ဖယ်သေနတ်ဒင်ဖြင့်ရိုက်ခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ၎င်း၏ဉီးခေါင်းမှာ ကွဲအက် ဒဏ်ရာရရှိသွားခဲ့ပြီး သွေးထွက်သွားခဲ့ပါသည်။

ထိုနောက် SAC စစ်သားများမှ လက်နက်များဖြင့် စတင်ရန်းသမ်းပစ်ခတ်ခဲ့ပါသည်။ လက်နက်များရန်းသမ်းပစ်ခဲ့စဉ် ရွာသားသုံးဉီးအား ကုန်းကွအနေအထားဖြင့် အဓမ္မထိုင်ခိုင်းစေပြီး မိုးပေါ်သို့ထောင်ပစ်သော ကျည်ခွံ များသည်ရွာသားများ၏ ခေါင်းပေါ်သို့ကျလာပါသည်။

SAC စစ်သားများသည် ရုပ်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက်လျော်ကြေးမ‌ပေးပဲ အနာတရဖြစ်မှုကိုသာ ကုသပေး မည်ဟုပြောခဲ့ပါသည်။ ထို့ကြောင့် ထိုရွာသားများအနေဖြင့် SAC ၏ဆေးကုသပေးမှုအား လက်ခံခြင်းမပြုခဲ့ပါ။ စစ်သားများသည် အဆိုပါရွာသားသုံးဉီး၏မိသားစုဝင်၏ အမည်၊ အသက်နှင့် အခြားသော ကိုယ်ရေးအချက် အလက်များကို အဓမ္မပြောပြစေခဲ့ပါသည်။

သြဂုတ်လအတွင်း SAC စစ်သားများသည် ကျေးရွာဖက်သို့သွားသည့် လမ်းနှစ်ဖက်လုံးရှိနေရာများသို့ လက်နက်များဖြင့်ရန်းသမ်းပစ်ခတ်မှုအား ပိုမိုပြုလုပ်လာခဲ့ပါသည်။ ထိုသို့ရန်းသမ်းပစ်ခတ်မှုများကြောင့် ပစ်လိုက်သောဗုံးစသည် ဘုန်းကြီးတစ်ပါး၏ လက်ဖျံရိုးအားထိမှန်ဒဏ်ရာရရှိသွားခဲ့ပါသည်။ SAC စစ်သားများမှ စောဖ--- နှင့် စောဂ--- ၏အိမ်သို့ ပစ်ခဲ့သော်လည်း အိမ်ထဲ၌ မည်သူတစ်ဉီးတစ်ယောက်မျှမရှိသဖြင့် ထိခိုက်ဒဏ်ရာရ မှုမရှိခဲ့ပါ။

ယခု SAC စစ်သားများမှ KNLA အနေဖြင့် ၎င်းတို့အားသွားရောက်တိုက်ခိုက်မှုပြုပါက ပစ်ခတ်မှုများပြုလုပ် မည်နှင့် ဆိုးကျိုးသက်ရောက်မှုအား ဂရုစိုက်မည်မဟုတ်ကြောင်း ရွာသားများအားခြိမ်းခြောက်ပြောဆိုခဲ့ပါ သည်။ တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာရှိ အိမ်များကိုမီးရှို့ပစ်မည်နှင့် ရန်းသမ်းပစ်ခတ်မှုကိုပါပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ SAC စစ်သားများမှ KNLA ၏ တိုက်ခိုက်မှုဖြစ်ပွားပါက ရွာသားများအား ရွာမှထွက်သွား ရမည် သို့မဟုတ် နေရမည်စသည်တို့အား မပြောတော့ပဲ ၎င်းတို့ပြောသကဲ့သို့လုပ်မည်ဟုလည်း ပြောခဲ့ပါ သည်။          

SAC ၏အနီးအနားနှင့် ကျေးရွာတွင်း ရန်းသမ်းပစ်ခတ်မှုများကြောင့် သြဂုတ်လတွင် KNLA ဖက်မှ SAC အား ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ပါသည်။ စောတ--- ပြောပြသည်မှာ “SAC စစ်သားတွေကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းက သူတို့တွေ ရွာတွေထဲ ရန်းသမ်းပစ်ခတ်လို့ဖြစ်တယ်ဆိုပြီး KNLA က SAC စစ်သားတွေ ကိုပြောတယ်။” (ရလဒ်အနေဖြင့် ဆက်လက်ပစ်ခတ်မှုများပြုလုပ်ခြင်းဖြင့် ခြိမ်းခြောက်မှုပြုခဲ့ပါသည်။) ၎င်းတို့ အနေဖြင့် တိုက်ခိုက်လာသည့်သူများအားမတွေ့သည့်တိုင် ပစ်ခတ်မှုများကို ပြုလုပ်မည်ဟု တုန့်ပြန်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် န--- ကျေးရွာရှိရွာသား အမျိုးသားနှင့်အမျိုးသမီး ၄၀ ဝန်းကျင်ခန့်သည် ကျေးရွာ တွင်းဆက်လက်နေထိုင်ရန် ရမရနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးခေါင်းဆောင်များထံ နောက်ထပ်အ ချက်အလက်များ သွားရောက်‌မေးမြန်းခဲ့ကြပါသည်။ န--- ကျေးရွာတွင် အိမ်ထောင်စု (၉၈) စုရှိပါသည်။ ဤအစီရင်ခံစာရေးသားတင်ပြချိန်အတွင်း အိမ်ထောင်စု (၅) စုသာ ဧပြီလအစပိုင်းတွင် KNLA နှင့် SAC တို့ကြားဖြစ်ပွားသော တိုက်ပွဲကတည်း၌ ထွက်ပြေးနှင့်ပြီးဖြစ်ပါသည်။  ထွက်ပြေးတိမ်း ရှောင်ကြသူများသည် ၎င်းတို့၏ ကျေးရွာသို့ပြန်မသွားရသေးပါ။ အခြားရွာသားများသည် ကျေးရွာတွင်း၌သာကျန်ရှိနေပြီး SAC ၏ ခြိမ်းခြောက်မှုများကြောင့် ယခု ၎င်းတို့အနေဖြင့် ရွာထဲ၌ ဆက်လက်နေရမည် သို့မဟုတ် ထွက်ပြေးရမည်နှင့် ပတ်သက်၍ အခက်တွေ့နေကြပါသည်။ တစ်ချိန်တည်းတွင် COVID-19 ကန့်သတ်ချက်နှင့် တိုက်ပွဲကြောင့် ရွာထဲမှ ထွက်ခွါရန်အတွက် အလွန်ပင်ခက်ခဲပါသည်။

SAC စစ်သားများသည် န--- ကျေးရွာ၏ ဝင်ပေါက်နှင့် ထွက်ပေါက်တွင် လက်ရှိနေထိုင်နေကြပါသည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့တွင် ၎င်းတို့နှစ်ဖွဲ့လုံးသည် ကျေးရွာတွင်း ချထားသောယာယီစခန်းနှစ်လုံး
ကြားတွင် တန်းစီကာ လက်နက်ကြီးနှင့်သေနတ်များကို ရန်းသမ်းပစ်ခတ်ခဲ့ပါသည်။ ဖာပွန်မြို့ နှင့် ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု, အ--- ကျေးရွာကြားတွင် တိုက်ပွဲနှင့် SAC တပ်များ၏ ရန်းသမ်းပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိပါသည်။

Thu, 16 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်