Fri, 07 May 2021
မူတြော်ခရိုင် နောက်ဆုံးရဒေသတွင်းအစီရင်ခံစာ: ဒွယ်လိုးနှင့်ဘူးသိုမြို့ နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ တပ်မတော်မှလက်နက်ကြီးများရမ်း သန်းပစ်ခတ်ခြင်းနှင့်မြေမြှုပ်မိုင်းများတည်ရှိခြင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လနှင့်ဧ ပြီလ

ဤနောက်ဆုံးရဒေသတွင်းအစီရင်ခံစာတွင် မူတြော်ခရိုင်၊ ဒွယ်လိုးနှင့်ဘူးသိုမြို့နယ်တို့၌ ၂၀၂၁ ခုနှစ်၊ မတ် လ ၂၈ ရက် နေ့မှ ဧပြီလ ၅ ရက်နေ့အတွင်းဖြစ်ပွားခဲ့သောအဖြစ်အပျက်များအား ရေးသားဖော်ပြထားသည်။ တပ်မတော်မှလက် နက်ကြီးကျည်ဆန်များအား ဒေသတွင်းရှိနေရာများစွာသို့ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် နေရပ်ရွှေ့ပြောင်းခြင်းနှင့် မ ပေါက်ကွဲသေးသောလက်နက်ခဲရမ်းများတည်ရှိခြင်းများဖြစ်ပွားခဲ့သည်။ လက်နက်ကြီးပစ်ခတ်ခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းခြင်းနောက်ပိုင်း တပ်မတော်နှင့် KNLA အကြား တိုက်ပွဲများအသစ်တဖန်ပြန်လည်ဖြစ် ပွားခဲ့သည်။ ယခုတွင် ဒေသခံပြည်သူများမှ ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောက်ရွံ့ကြသည်။ မြေမြှုပ်မိုင်းအ သစ်များလည်း အချို့နေရာများတွင် ထောင်ထာလျှက်ရှိကာ ယခုတွင် ဒေသခံအသိုက်အဝန်းများအတွက် လုံခြုံရေးအ တွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ နာကူးခီးကျေးရွာအုပ် စုရှိ အရပ်သားတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ 

 

ဒွယ်လိုးနှင့်ဘူးသိုမြို့နယ်

၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နှင့် ဧပြီလ ၅ ရက်အကြားတွင် တပ်မတော်ခြေလျင်တပ်ရင်း (ခလရ) ၁၉ နှင့် ခြေမြန်တပ်ရင်း (ခမရ) ၃၄၁၊ ၄၃၄၊ နှင့် ၃၄၀ တို့သည် ၎င်းတို့၏တပ်စခန်းများဝန်းကျင်ရှိ ကျေးရွာများနှင့်ဒေ သတွင်းရှိနေရာများဆီသို့ လက်နက်ကြီးအမြောက်အများအား ရမ်းသန်းပစ်ခတ်ခဲ့သည်။ ဤတပ်ရင်းများ သည် ဖာပွန်မြို့အနီး၊ ဒွယ်လိုးမြို့နယ်နှင့်ဘူးသိုမြို့နယ်၏ နယ်နိမိတ်တစ်လျှောက်တွင် အခြေစိုက်ကြသည်။ ၎င်းတို့(တပ်မတော်)သည် ၎င်းတို့၏စခန်းများအနီးတွင် KNLA တပ်များတည်ရှိနေကြောင်း သတင်းရရှိခဲ့ သောကြောင့် လက်နက်ကြီးကျည်ဆန်များပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးများသည် အောက်ဖော်ပြပါနေရာဒေသများသို့ ကျရောက်ခဲ့သည်။
-    ဖာပွန်မြို့၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) နှင့် အနောက်ဖက်ကမ်းရပ်ကွက်
-    ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ခလယ်ခိုကျေးရွာ

ဖာပွန်မြို့မှဒေသခံတစ်ဦးကမူ “၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ တပ်မတော်က ဒေသအတွင်းထဲကို လက် နက်ကြီးကျည်ဆန်တွေပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးကျည်ဆန်တစ်လုံးက ကျွန်မအိမ်ဘေးနားမှာ ပေါက်ကွဲခဲ့တယ်။” ဟုဆိုသည်။ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးမှမရှိသော်လည်း ဒေသခံပြည်သူများအားလုံး သည် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့ကြသည်။ အနာဂတ်တွင် အခြေအနေပို၍ဆိုးလာမည်ကို ၎င်းတို့စိုးရိမ်ကြသော်လည်း ဘယ်ဆီသို့ထွက်ပြေးရမည်ကို ၎င်းတို့မသိပေ။ “ကျွန်မတို့က လူမှုကွန်ရက် (ဖေ့စ်ဘွတ်၊ အင်တာနက်)ကို ကြည့်ရှုလို့မရတဲ့အတွက် ကျွန်မတို့က ဒေသတွင်းရဲ့အခြေအနေကိုအချိန် နဲ့တစ်ပြေးညီ မသိရဘူး။ ဒါကြောင့် ကျွန်မတို့ဘယ်ကိုထွက်ပြေးသင့်လဲ၊ ဘယ်နေရာကိုသွားဖို့အကောင်း ဆုံးလဲဆိုတာ ကျွန်မသိချင်တယ်။”

၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုရှိ ကူးဆိပ်တပ်မတော်တပ်စ ခန်းအား KNLA မှ တိုက်ခိုက်ခဲ့သည်။ KNLA စစ်သားများမှ တပ်မတော်လမ်းများအားလည်း သစ်တုံးများနှင့် မြေမြှုပ်မိုင်းများဖြင့် ပိတ်ဆို့ခဲ့သည်။ တပ်မတော်မှ ပြန်လည်တုန့်ပြန်သောအားဖြင့် အနီးအနားရှိကျေးရွာများ ထံသို့ လက်နက်ကြီးကျည်ဆန်များအား ရမ်းသန်းပစ်ခတ်ခဲ့သည်။ ယခုတွင် ဒေသခံပြည်သူများက လက် နက်ကြီးပစ်ခတ်ခြင်းနှင့်မြေမြှုပ်မိုင်းများအား ကြောက်ရွံ့စွာဖြင့်နေထိုင်နေရကြသည်။ ခရီးသွားကန့်သတ် ချက်များနှင့်လည်း ၎င်းတို့ရင်ဆိုင်ရသည်။ (တပ်မတော်စစ်သားများရှိနေခြင်းနှင့် မြေမြှုပ်မိုင်းများတည်ရှိနေ ခြင်းကြောင့် ၎င်းတို့သည် ခရီးမသွားရဲကြပေ။) 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ခမရ (၃၄၁) မှ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုရှိ က---ကျေး ရွာဆီသို့ လက်နက်ကြီးကျည်ဆန်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရွာသားများက ဒွယ်လိုးမြို့နယ်၊ ကလောထာကျေးရွာအုပ်စုရှိ မ---ကျေးရွာသို့ ထွက်ပြေးခဲ့ကြရသည်။ ခမရ ၃၄၁ ၏ဗိုလ်မှူးကမူ မ---ကျေး ရွာအုပ်ချုပ်ရေးမှူးအား ဒေသခံရွာသားများ၏အိမ်တွင်နေထိုင်သော IDP တစ်ယောက်မကျန်၏စာရင်းအား တင်ပြရန် မှာကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဒေသခံရွာသားများမှ ၎င်းတို့်၏အိမ်တွင်လက်ခံ ထားသော IDP အား တိုင်ကြားထားသောစာရင်းနှင့် မတိုင်ကြားသောရွာသားများ၏စာရင်းဟူ၍ စာရင်းသီး ခြားနှစ်ခုပြုလုပ်ရန်လည်း မှာကြားခဲ့သည်။ [မှာကြားသူမှာ ၎င်းသည် အဘယ်ကြောင့် ဤစာရင်းများလိုအပ် ကြောင်း ရှင်းလင်းစွာမပြောကြားခဲ့ပေ။]

၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ နာကူးခီးကျေးရွာအုပ်စု၊ နာကူးခီကျေးရွာ၊ ငါးအင်းစု လမ်းဆုံ၌ ဖာပွန်မြို့မှအရပ်သားတစ်ဦးသည် မကြာမှီကပင်ထောင်ထားသော မြေမြှုပ်မိုင်းအား နင်းမိခဲ့ သည်။ ၎င်းသည် ကုသမှုခံယူဖို့ရန် ခလရ (၄၃၄) စခန်းရှိဆေးခန်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ၎င်း သည် မည်မျှလောက်ဆိုးရွားစွာဒဏ်ရာရရှိကြောင်းကို ဒေသခံရွာသားများက မသိရှိကြပေ။ [KHRG အနေ ဖြင့် ဤကိစ္စနှင့်ပတ်သက်သော နောက်ထပ်အချက်အလက်များအား မရရှိခဲ့ပေ။]

Fri, 07 May 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်