Sat, 19 Jun 2021
အပြည်ပြည်ဆိုင်ရာပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနေ့

     

 

ယနေ့သည် အပြည်ပြည်ဆိုင်ရာပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပါသည်။ “ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” ဟူသည့် ဝေါဟာရတွင် ပဋိပက္ခဒေသအတွင်းရှိ အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးများအပေါ်  ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအဓမ္မ ပြုကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပြည့်တန်ဆာအဖြစ်အဓမ္မသွပ်သွင်းခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ အဓမ္မ ကိုယ်ဝန်ဖျက်ချစေခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းမရှိအောင် အဓမ္မလုပ်ဆောင်ခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်စေခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအားလုံးကိုဆိုလိုသည်။ ထို့နည်းအတူ ဤဝေါဟာရသည် ပဋိပက္ခကာလအတွင်း တစုံတဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း သို့မဟုတ် လိင်အမြတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်း၊ လူကုန်ကူးခြင်းစသည့် အဓိပ္ပါယ်ကိုလည်းသက်ရောက်သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်ကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လက်နက်သဖွယ် ရည်ရွယ် ချက်ရှိရှိ မကြာခဏအသုံးချလျက်ရှိပြီး ဤအချက်သည် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများအတွက် မှန်ကန်သည့် အချက်ဖြစ်ပါသည်။ ကရင်အမျိုးသားအစည်းအရုံးနှင့် ဆယ်စုနှစ်များစွာဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခ များတွင် တပ်မတော်မှ ၎င်း၏တပ်သားများအား ပြစ်ဒဏ်ပေးခြင်းမရှိပဲ ရွာသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများ ကျူးလွန်ခွင့်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်လူ့အခွင့် အရေးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ် (၂၇) ခုနှင့် ပတ်သက်သည့် အစီရင်ခံစာပေါင်း (၅၂) စောင်ကို လက်ခံ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်းတွင် အကြမ်းဖက်မှုပေါင်း (၇) ခု ကို လက်ခံရရှိခဲ့သည်။[1]  ၂၀၁၉ ခုနှစ်တွင်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နှင့်ပတ်သက်သည့် အစီရင်ခံစာများကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဆက်လက်ပြီး လက်ခံရရှိနေဆဲ ဖြစ်သည်။[2]

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတဝှမ်းရှိ အမျိုးသမီးများနှင့်မိန်းကလေး ငယ်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကြုံတွေ့နိုင်ချေ ပိုမိုမြင့်မားလာသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အခြား ကျားမအခြေပြုအကြမ်းဖက်မှုများကိုလည်း  ကြုံတွေ့ခံစားရခဲ့ကြရသည်။ အထူးသဖြင့် တပ်မတော်သားများ၊ ရဲများ နှင့်ထောင်မှူးများစသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များအား စစ်ဆေးမေးမြန်း မှုပြုလုပ်ချိန်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကို ကျူးလွန်ကြလေ့ရှိသည်။[3]

တပ်မတော်အနေဖြင့် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်းများအား ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနေခြင်းသည် ထိုအ ကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာစေရန် ခွင့်ပြုပေးနေခြင်းပင်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို ၎င်းတို့၏ကျူးလွန်မှုများအတွက် တာဝန်ယူတာဝန်ခံစေမှုမရှိစေခြင်းက အနာဂတ်တွင် ပြစ်မှုများပိုမိုကျူးလွန်ရန် အားပေးအားမြောက်ပြုနေခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ခံစားခဲ့ရသူ အများစုမှာ တရားမျှတမှုကိုရရှိခြင်းမရှိသည့်အပြင် ၎င်းတို့အနေဖြင့် ကြုံတွေ့ရသည်များကို တင်ပြရန် သို့မဟုတ် ထုတ်ဖော်ပြောဆိုခွင့်ကိုပင် မရရှိကြပေ။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ကြုံတွေ့ခံစားခဲ့ရသူများအနေဖြင့် ထုတ်ဖော်ပြောဆိုရန် အခွင့်အလမ်းရရှိ သင့်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကုစားပေးမည့် ကျန်းမာရေးအထောက်အပံ့များကိုလည်း လက်ခံရရှိသင့် သည့်အပြင် လူမှုအသိုင်းအဝိုင်းအတွင်း ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများမရှိပဲ ပြန်လည်ဝင်ဆန့်နိုင်ခွင့်ကို လည်းပေးရမည်။ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကျူးလွန်ခံစားခဲ့ရသူများအတွက် အထက်ဖော်ပြပါအထောက် အပံ့များကူညီပံ့ပိုးပေးပါရန် ကရင်လူ့အခွင့်အရေးအဖွဲ့အနေဖြင့် တိုက်တွန်းလိုပါသည်။

အပြည်ပြည်ဆိုင်ရာပြစ်မှုများအား စုံစမ်းစစ်ဆေးခြင်းနှင့်စွဲချက်တင်နိုင်ခွင့်ရှိသည့်အဖွဲ့အစည်းများအပါအဝင် နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် အတိတ်ကာလ၊ လက်ရှိကာလနှင့် နောင်အနာဂတ်တွင်ရှိလာနိုင်မည့် ကျူးလွန်သူ များအား ၎င်းတို့၏ပြစ်မှုများအတွက် ကင်းလွတ်ခွင့်တစ်စုံတစ်ရာမရှိပဲ တာဝန်ယူစေရန်လုပ်ဆောင်သင့်သည်။ နိုင်ငံ တော်အနေဖြင့်လည်း တပ်မတော်အား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများရပ်တန့်စေပြီး ၎င်းတို့၏ ရာထူးအလိုက် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန် ဆောင်ရွက်သင့်သည်။ ကျူးလွန်မှုများအားဖြေရှင်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်ပျက်ကွက်ခြင်းက တပ်မတော်နှင့်အခြားလုံခြုံရေးတပ်ဖွဲများအနေဖြင့် ပြစ်ဒဏ်ပေးခံရခြင်းမရှိပဲ ထိုလိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ခွင့်ရှိနေကြောင်းကို သက်သေပြလျက်ရှိသည်။

ဆက်သွယ်ရန်
နော်ထူးထူး– +66 872 051 856
စောနန္ဒဆူး- +66 811 297 564

Sat, 19 Jun 2021

Footnotes: 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်