Thu, 03 Jun 2021
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ၂၀၂၁ခုနှစ်၊ မေလ အတွင်း မူးမြို့နယ်တွင် တပ်မတော်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး အခြားတစ်ဦးမှာပျောက်ဆုံးနေခြင်း

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂၁ ခုနှစ်၊ မေလ၂၈ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖ---ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကို ဖော်ပြထားပါသည်။ တပ်တော်စစ်သားတစ်စုမှ ရွာသားနှစ်ဦးအား သေနတ် ဖြင့်စတင်ပစ်ခဲ့ပြီး ၎င်းတို့ထဲမှတစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့ပါသည်။ ထိုတစ်ရက်အတွင်းမှာပင် ထိခိုက်ဒဏ်ရာရသူအား ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သို့သော် တပ်မတော်မှာ ၎င်းဆေးကုသမှုခံယူသည့်နေရာသို့ လာရောက်ခေါ်ဆောင်သွားခဲ့ကြသည်။ ဒေသခံရွာသားများသည် သူနှင့်အဆက်အသွယ်လုပ်၍မရကြပါ။ ယခုအချိန်အထိ သေနတ်ဖြင့်ပစ်ခံ ရသောအခြားရွာသားတစ်ဦးသည် ပျောက်ဆုံးနေပါသည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အရပ်သားများအားသေနတ်ဖြင့်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ ခုနှစ်၊ မေလ ၂၈ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဟ---ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ---

စောအ---

အသက်

၂၇

၃၆

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ

ရှိ

မသိ

အလုပ်အကိုင်

မသိ

မသိ

ကိုးကွယ်သည့် ဘာသာ

မိသိ

မသိ

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

-

-

ခြေလျင်တပ်ရင်း အမှတ် #၇၅

-

ဒုတပ်ရင်းမှူးဇော်ဝင်းနိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

 KHRG သတင်းကောက်ခံသူတစ်ဦးမှ သေနတ်ဖြင့်ထိခိုက်ဒဏ်ရာရရှိသူ (စောဘ---) ၏မိသားစုဝင် တစ်ဦးအားတွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းကိုပေးသောသူသည် ထိခိုက်ဒဏ်ရာရသူအားဆေးရုံသို့ ပို့ဆောင်ပေးသူဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဤမှုခင်းသည် ၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင် ဖြစ်ပွားခဲ့ပါသည်။ တပ်မတော်တပ်သားတစ်စုမှ ဒေသခံရွာသားနှစ်ဦးဖြစ်သည့် အသက် ၃၆နှစ်၊ စော အ---နှင့် အသက် ၂၇နှစ်အရွယ်ရှိ စောဘ--- တို့အား သေနတ်ဖြင့်စတင်ပစ်ခဲ့သည်။ ထိုသို့ပစ်ခတ်ချိန်၌ ၎င်းတို့နှစ်ဦးလုံးသည် တဲထဲ၌အတူတူရှိနေခဲ့ကြသည်။ အဆိုပါတပ်မတော်တပ်သားများသည်ခြေလျင်တပ်ရင်း အမှတ် (၇၅) မှဖြစ်ကြပြီး ဒုတပ်ရင်းမှူးဇော်ဝင်းနိုင်မှဦးဆောင်သည်။ နောက်ပိုင်းတွင် ၎င်းတို့မှရွာသားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်သားများဟုယူဆကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။ 

 

အခင်းဖြစ်ပွားသောနေရာနှင့် ကားလမ်းမကြီးသည် ခြေလျင်ဖြင့်သွားမည်ဆိုပါက တစ်နာရီသာကြာမည်ဖြစ်သည်။ စောဘ--- ၏ ဖခင်ဖြစ်သူ စော---စ သည် ၎င်း၏တဲသို့လာရာလမ်းတွင် သေနတ်ပစ်သံကိုကြားကာ ထွက်ပြေးသွားခဲ့သည်။ စောစ--- သည် သေနတ်ပစ်သံငြိမ်သက်သွားသည့်အချိန်တွင် သူ၏တဲသို့ပြန်သွား ခဲ့သည်။ ထိုသို့ရောက်ရှိချိန်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သွေးများနှင့် စောအ---မှ ချုံပုတ်ထဲတွင်ဝင်ပုန်း နေသည်ကိုတွေ့ခဲ့သည်။ စောအ--- ၏ ဒူခေါင်းတွင် ကျည်ဆံတစ်တောင့်ထိမှန်သွားသောကြောင့် အဝေးသို့ ထွက်ပြေးနိုင်ခြင်းမရှိတော့ပေ။  စောစ---မှ ၎င်းအား ရွာသို့ပြန်ခေါ်သွားခဲ့ပြီးနောက် ရွာသားများမှ စောအ--- ကိုကျောက်ကြီးမြို့အထွေထွေဆေးရုံးသို့ပို့ဆောင်ပေးခဲ့ကြသည်။ ယခု စောဘ---ဖြစ်သူမှာ ပျောက်ဆုံးနေပါ သည်။ ၎င်းသည် မည်သည့်နေရာ၌ရှိသည် သို့မဟုတ် အသက်ရှင်နေသည်ကို မည်သူကမျှ မသိကြပါ။ ၎င်း၏ လွယ်အိတ်နှင့် ဖိနပ်မှာလည်း အခင်းဖြစ်ပွားသည့်နေရာတွင် မရှိတော့ပါ။ 

 

စောစ---သည် ညနေ ၄း၀၀ နာရီတွင် ဆေးရုံသို့ဆေးကုသမှုခံယူရန်ရောက်လာခဲ့ပါသည်။ သို့သော် ညနေ ရး၀၀ နာရီတွင် တပ်မတော်တပ်သားများသည် ၎င်း၏ ဆေးကုသမှုခံယူရာနေရမှ ခေါ်ဆောင်သွားခဲ့ကြ သည်။ ဒေသခံရွာသားတစ်ဦးမှ KHRG အားဤကဲ့သို့ပြောခဲ့သည်။ “စောအ--- ဒူးခေါင်းမှာရတဲ့ဒဏ်ရာ ကတော်တော်ပြင်းတယ်။ ကုသမှုပြီးသွားရင်တောင် သူနောက်တစ်ခါလမ်းပြန်လျှောက်နိုင်တော့မှာမ ဟုတ်ဘူး။ သူနာပြုက စစ်တပ်ဆေးရုံကိုဆက်သွယ်ခဲ့ပြီး တပ်မတော်စစ်သားများတွေကနေ သူကိုလာ ခေါ်သွားခဲ့တယ်။ သူရဲ့ဖုန်းကိုဆက်သွယ်လို့မရတော့ဘူး။ မြန်မာစစ်တပ်က သူတို့ရဲ့ဖုန်းကိုသိမ်းလို့ သူနဲ့စကားပြောလို့မရတော့ဘူး။ သူကိုခေါ်သွားပြီးတဲ့နောက်မှာ သူနဲ့တစ်ကြိမ်ထဲ ဖုန်းပြောခွင့်ရခဲ့တယ်။ စောဘ--- အကြောင်းနဲ့ပတ်သက်ပြီးဘာမှ မကြားတော့ဘူး။ လုံခြုံရေးကြောင့် ခရီးသွားလာရေးကန့်သတ်လိုက် တည်းက သူကိုကျွန်တော်တို့ရှာလို့မတွေ့တော့ဘူး။” 

 

၎င်း၏ ထင်မြင်ယူဆချက်အရ တပ်မတော်တပ်သားများသည် စော အ--- အား အခင်းဖြစ်ပွားသည့်ကိစ္စ မပေါက်ကြားရန်အတွက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဆက်လက်ရှင်းပြခဲ့သည်။ “တပ်မတော်က ဒီသ တင်းကို မပေါက်ကြားစေချင်ဘူးလို့ထင်တယ်။ ဒါက ဟိုအရင်တုန်းကဖြစ်ခဲ့သလိုမျိုးပဲလေ။ ကျတော့်ရဲ့ ဝမ်းကွဲငါးမျှားပြန်လာတဲ့အချိန်မှာ တဲထဲမှာသူတစ်ယောက်ထဲရှိနေတယ်။ မြန်မာစစ်တပ်က သူ့တဲကိုသွားပြီး စာတစ်စောင်ချန်ထားခဲ့တယ်။ စာထဲမှာ ‘သူကိုကုသဖို့ခေါ်သွားတယ်။’ သူကိုကြိုးစားပြီးရှာပေမဲ့ မတွေ့သေးဘူး။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောဘ--- ၏ မိသားစုဝင်တစ်ဦးမှ ဤအချက်အလက်များကိုအသုံးပြုရန်ခွင့်ပြုချက်ပေးထားပါသည်။

Thu, 03 Jun 2021

Footnotes: 

[1] ဤအစီရင်ခံစာသည်  ၂၀၂၁ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ် ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်