Fri, 30 Apr 2021
ခလယ်လွီထူခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: လယ်ဒိုမြို့နယ်တွင်မြေ မြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးသေဆုံးပြီးတစ်ဦးထိခိုက်ဒဏ်ရာရ ရှိ၊ ၂၀၂၀ခုနှစ်၊ မတ်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂၁ခုနှစ်၊ မတ်လတွင် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက် ကြီး)မြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ တ---ကျေးရွာတွင် ဖြစ်ပွားခဲ့သော မှုခင်းကိုဖော်ပြထားခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၁ရက်နေ့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ ခဲ့သည်။ ထိခိုက်နစ်နာသူများမှာ လယ်ဒို (ကျောက်ကြီး)မြို့တွင် ကုန်ပစ္စည်းများသွားဝယ်ချိန်တွင် ၎င်းတို့အထဲမှ စီးနှင်း လာသောဆိုင်ကယ်တစ်စီးသည် မြေမြှုပ်မိုင်းကိုတိုက်မိသွားခြင်းဖြစ်သည်။ ဤမှုခင်းကြောင့် ယခုအချိန်တွင် ဒေသခံရွာ သားများသည် ၎င်းတို့၏ဥယာဉ်ခြံမြေများသို့သွားရန်အလွန်ကြောက်ရွံ့နေကြသည်။ ဒေသခံအာဏာပိုင်များမှ မြေမြှုပ် မိုင်းများကိုရှင်းလင်းရန်၎င်းတို့လိုလားကြသည်။ သို့သော် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမျှမရှိပေ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ခုနှစ်၊ မတ်လ ၁ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ တ---ကျေးရွာမှ သုံးမိုင် (၄.၈၃ ကီလိုမီတာ)အကွာ၊ ဒ---နေရာ  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

နော်မ---

အသက်

၂၄

၁၉

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ

မရှိ

မရှိ

အလုပ်အကိုင်

ဆိုင်ကယ်ပြင်သမား

ဆိုင်ရှင် (စျေးရောင်း)

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာ

မိရိုးဖလာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ တ---ရွာ

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ တ---ရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုတွင် သေဆုံးသွားခဲ့သည့်ရွာသားတစ်ဦး၏ အဒေါ်အား တွေ့ဆုံမေးမြန်းထားခြင်းဖြစ် သည်။ သူမမှ ဤအကြောင်းအရာကို အသုံးပြုရန် ခွင့်ပြုပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းပေးခဲ့သူသည် ထိခိုက်ဒဏ်ရာရှိခဲ့သူတစ်ဦး၏ ဆွေမျိုးသားချင်းတစ်ဦးဖြစ်သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ မတ်လ ၁ရက်နေ့ စောအ--- အသက် ၂၄နှစ်နှင့် နော်မ--- အသက် ၁၉နှစ်သည် မြေမြှုုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာ အုပ်စု၊ တ---ကျေးရွာတွင် နေထိုင်ကြသည်။ ၎င်းတို့သည် လယ်ဒိုမြို့ပေါ်တွင် ၎င်းဈေးဆိုင်အတွက် ကုန် ပစ္စည်းများသွားဝယ်ချိန်တွင် ဖြစ်ပွားခဲ့သည်။ (သေဆုံးခဲ့သူနှစ်ဦးသည် ချစ်သူများဖြစ်ကြသည်။) စောက---၊ အသက် ၁၈ နှစ်အရွယ် တစ်ရွာတည်းနေရွာသားတစ်ဦးသည် ၎င်းတို့နှင့်အတူ လိုက်သွားခဲ့သည်။ 

 

နံနက် ၇နာရီခွဲအချိန်တွင် တ---ကျေးရွာနှင့် သုံးမိုင်အကွာရှိ ဒ---နေရာတွင် သေဆုံးသွားခဲ့သည့်သူနှစ်ဦး၏ ဆိုင်ကယ်သည် မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။ စောအ---နှင့်နော်မ---သည် ထိုနေရာတွင်ပင် သေဆုံးခဲ့သည်။ ၎င်းတို့နှင့်အတူ အခြားသောဆိုင်ကယ်ဖြင့် လိုက်ပါသွားသော စောက---သည် မြေမြှုပ်မိုင်းအပိုင်းအစ များကြောင့် ၎င်း၏နှုတ်ခမ်းနှင့်ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ (ဤအစီရင်ခံ စာအား ပြုစုနေချိန်တွင် ၎င်း၏ဒဏ်ရာများသည် လုံးဝသက်သာနေပြီးဖြစ်သည်။) စောက---မှ မှုခင်းဖြစ်ပွား ပြီးနောက် ချက်ချင်းရွာသို့ ပြန်လာခဲ့ပြီး ထိုသေဆုံးသွားခဲ့သူများ၏မိသားစုနှင့်ဒေသခံအာဏာပိုင်များကို ထို အကြောင်းအရာအား အသိပေးခဲ့သည်။ ၎င်းတို့သည် ထိုမှုခင်းဖြစ်ပွားခဲ့သည့်နေရာမှ သေဆုံးခဲ့သူတို့၏အ လောင်းအား ရွာသို့ပြန်လည်ယူဆောင်လာခဲ့သည်။ 

 

ဤမှုခင်းသည် ထိုဒေသတွင်ဖြစ်ပွားခဲ့သော ပထမဦးဆုံးမှုခင်းမဟုတ်ပေ။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် (ရက်စွဲတိတိကျကျအား KHRG မှ မရရှိခဲ့ပေ)၊ တ---ရွာသားတစ်ဦးသည် ဒ---နေရာအနီးတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၎င်း၏လက်နှင့်ခြေတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ နော်မ---၏အဒေါ် နော် ဘ---၏ပြောပြချက်အရ၊ ၎င်း၏ဆိုင်ကယ်ပေါ်တွင် တင်လာသည့်ဝန်(ပစ္စည်း)သည် ၎င်းအား ပြင်းထန်သည့် (ပေါက်ကွဲမှုနှင့်မိုင်းအပိုင်းအစများ) ဒဏ်ရာရရှိခြင်းမှ ကာကွယ်ပေးခဲ့သည်။ အတိတ်တွင် အခြားရွာသားများ သည် စားဝတ်ရေးအတွက် စစ်မြေပြင်ဇုန်ကိုဖြတ်၍ ၎င်းတို့၏အလုပ် သို့မဟုတ် မြို့သို့သွားချိန်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ 

 

ပြည်တွင်းနေရပ်ရင်းဇာတိစွန့်ခွာခဲ့ရသူ ကရင်အမျိုးသားများဆိုင်ရာကော်မတီ (CIDKP) မှ ဒေသခံရွာသား များအား ၂၀၀၆ခုနှစ်မှစ၍ ၂၀၂၀ခုနှစ်အထိ မြေမြှုပ်မို်င်းအသိပညာပေးသင်တန်းများပေးခဲ့သည်။ ထုံးစံအ တိုင်း ဒေသခံအိမ်ထောင်စုများမှ ၎င်းတို့၏မိသားစုဝင်တစ်ယောက်ယောက်ကို ထိုသင်တန်းအားတက် ရောက်ခိုင်းပြီးနောက် ထိုတက်ရောက်သူမှ ၎င်း၏မိသားစုများထံသို့ ပြန်လည်ဝေငှမည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံအများစုမှာ မြေမြှုပ်မိုင်းနှင့်မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ၏အန္တရာယ်ကို နားလည်သ ဘောပေါက်ပြီး၊ ၎င်းတို့မှ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်ရန် သိရှိပါသည်။ 

 

(ထိုအမှုနှစ်ခုဖြစ်ပွားပြီးနောက်) ဒေသခံကရင်အမျိုးသားအစည်းအရုံး (KNU) မှ မြေမြှပ်မိုင်းများကြောင့် ဒေ သခံရွာသူရွာသားများအား လယ်ဒိုမြို့သို့သွားသည့်အချိန်တွင် ရွာ၏အနောက်ဘက်လမ်းကို အသုံးပြုခြင်း အား ရှောင်ရှားရန်ပြောခဲ့သည်။ ၎င်းတို့အား ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံးသတိပေးခဲ့သည်။ ရွာသူရွာသားများမှ ထိုလမ်းကို ရှောင်ရှားသော်လည်း၊ အချို့မှာမူ မြို့ထဲတွင် အစားအစာများသွားဝယ်ရန် ထိုလမ်းကို အသုံးပြုဆဲဖြစ်သည်။ (အဘယ့်ကြောင့်ဆိုသော် ထိုလမ်းသည် အခြားလမ်းထက်ပိုမို၍ နီးပြီးမြန် သောကြောင့်ဖြစ်သည်။) တ---ကျေးရွာရှိ ရွာသူရွာသားများမှ ထိုမြေမြှုပ်မိုင်းများကို မည်သည့်လက်နက်ကို င်အဖွဲ့မှထောင်သည်ကိုမသိကြပါ။ သို့သော် ထိုမြေမြှုပ်မိုင်းများသည် ကရင်အမျိုးသားလွတ်လပ်ရေးတပ်မ တော် (KNLA)နှင့် တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်တွင်ထောင်ထားခဲ့သည်ဟု ၎င်းတို့ ထင်မြင်ပါသည်။

 

နော်ဘ---၏ပြောပြချက်အရ၊ အမှုဖြစ်ပွားပြီးနောက် ဒေသခံရွာသူရွာသားများမှ နေရာအတော်များများနှင့် မြေမြှုပ်မိုင်းရှိသည့်လမ်းများသို့ မသွားတော့ပေ။ “ကျွန်မတို့ အဲ့ဒီလမ်းကိုသွားလာရာတွင် အသုံးပြုဖို့ ကြောက်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာမှာဘဲ မြေမြှုပ်မိုင်းအမှုက နှစ်ခါတောင် ဖြစ်သွားခဲ့ တာ။ ကျွန်မတို့  မသွားရဲတော့ဘူး။ ကျွန်မတို့ စိုးရိမ်နေရတယ်။ တားမြစ်ထားတဲ့လမ်းကို အသုံးမပြုဖို့ ပြောထားလည်း ကျွန်မတို့က မြို့ထဲမှာ ကုန်ပစ္စည်းတွေ သွားဝယ်ဖို့လိုတယ်လေ။ မသွားရင်လည်း၊ ကျွန်မတို့စားဖို့ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ မြေမြှုပ်မိုင်းပေါက်ကွဲမှုနောက်ဆုံး တစ်ခေါက်ဖြစ်ပွားပြီး ကတည်းက၊ ရွာသူရွာသားတွေ ကြောက်ရွံ့နေရတယ်။ အနီးအနားပတ်ဝန်းကျင်ကိုသွားဖို့တောင် မလုံခြုံ တော့ဘူးလို့တောင်ခံစားရတယ်။” တ---ကျေးရွာသူကျေးရွာသားများသည် ၎င်းတို့၏ စားဝတ်နေရေးအ တွက်လယ်ယာစိုက်ပျိုးရေးအပေါ် မှီခိုနေရသော်လည်း (မြေမြှုပ်မိုင်းကြောင့်) ၎င်းတို့၏လယ်များသို့သွား လာရန်ကြောက်ရွံ့နေကြရသည်။ 

 

ရွာပတ်ဝန်းကျင်ရှိ မြေမြှုပ်မိုင်းများရှိသည့်နေရာများကို ရွာသူရွာသားများအားအသိပေးခဲ့သော်လည်း အာ ဏာပိုင်များမှ ထိုမြေမြှုပ်မိုင်းများအား တာဝန်ယူရှင်းလင်းဆောင်ရွက်ပေးသည်ကို ၎င်းတို့တစ်ခါမှမကြားဖူး သေးပါ။ နော်ဘ---၏ပြောပြချက်အရ၊ ဒေသခံလူမှုအသိုက်အဝန်းများမှ ကြောက်ရွံ့မှုကင်းရှင်းစွာနေထိုင် နိုင်ရန် ထိုမြေမြှုပ်မိုင်းများအား ရှင်းလင်းပေးရန်လိုလားကြသည်။ “ဒီနေရာဒေသမှာ မြေမြှုပ်မိုင်းတွေ အများ ကြီးရှိသေးတယ်လို့ ကျွန်မထင်တယ်။ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့တိရိစ္ဆာန်တွေ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာတွေရကြတယ်။ ဒီမြေမြှုပ်မိုင်းတွေကို (…) ရှင်းလင်းသင့်တယ်လို့ ကျွန်မထင်တယ်။ အဲ့ဒါမှ ကျွန်မတို့တွေ မြေမြှုုပ်မိုင်းပေါက်ကွဲမှု အန္တရာယ်အကြောက်တရားကနေလွတ်မှာ။ ဒီရွာမှာနေတဲ့ ရွာ သူရွာသားတွေက စားစရာတွေကို မြို့ပေါ်ကဘဲဝယ်ယူကြတယ်။ စားစရာတွေသွားဝယ်လို့မရရင် ဘယ်လို အသက်ရှင်ကြမလဲ။ ဒီကမ္ဘာမှာ ကျွန်မတို့ဘဝက တိုတောင်းပါတယ်။ အတိတ်က အတိတ်ဘဲ။ ဒီတနိုင်ငံ လုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ လက်မှတ်ထိုးထားခဲ့တဲ့အတောအ တွင်းမှာ၊ ကျွန်မတို့တွေဘိုးဘွားတွေဆီကရထားတဲ့ မြေအမွေအနှစ်တွေအပေါ်မှာ အလုပ်လုပ်ချင်သေး တယ်။ ဒီအခြေနေနဲ့ဆိုရင်တော့၊ ကျွန်မတို့ဘဝမှာ ဘာမှတိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒါက စိတ်ပျက်ဖို့ကောင်းတယ်။”

 

ထိခိုက်ဒဏ်ရာ (သို့မဟုတ် သေဆုံးသွားသည့်) ရရှိခဲ့သည့် သူများ၏မိသားစုများမှ (၎င်းတို့ရရှိခဲ့သည့် ပူ ဆွေးသောကများအား ကျော်လွှားနိုင်ရန်အတွက်) စိတ်ပိုင်းဆိုင်ရာအကြံပေး ဆွေးနွေးတိုင်ပင်မှုများကို လို လားကြသည်။ တပ်မတော်ခြေတပ်ရင်း (IB) နံပါတ် (92) သည် တ---ကျေးရွာတွင် အခြေချနေထိုင်ကြ သည်။ ၎င်းတို့၏တပ်ရင်းမှူးမှ သေဆုံးခဲ့သူ၏မိသားများအား အားပေးစကားပြောခဲ့သည်။ ထို့အပြင် ၎င်းတို့အား ဆန်သုံးအိတ်နှင့်ပဲတစ်အိတ်ပေးခဲ့သည်။ သေဆုံးသွားသည့်သူများ၏ မိသားစုဝင်များသည် နိုင်ငံ ရပ်ခြားတွင်ရှိသော ၎င်းတို့၏ဆွေမျိုးများထံမှ ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ (၎င်းတို့မိသားစုမှ မည် သည့် ထောက်ပံ့မှုကိုမျှ မတောင်းဆိုခဲ့ပေ။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သေဆုံးသွားခဲ့သည့်သူ၏ဆွေမျိုးတစ်ဦးမှ ဤအကြောင်းအရာကို အသုံးပြုရန် KHRG ကို ခွင့်ပေးခဲ့သည်။

Fri, 30 Apr 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ မတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်