Mon, 09 Nov 2020
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: နို့တကောမြို့နယ်အတွင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု၊ ၂၀၂ဝခုနှစ်၊ ဇူလိုင်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂ဝခုနှစ်၌ ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ် တွင်ဖြစ်ပွားခဲ့သောမှုခင်းဖြစ်သည်။ (သို့သော် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မှုခင်းဖြစ်ပွားခဲ့သောနေ့ရက်အတိအကျကို မရရှိခဲ့ပါ)။ အသက် ၂၂နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည်အသက် ၁၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား ကြာအင်းဆိပ်ကြီးပြည်သူ့ဆေးရုံအနီးတွင် အဓမ္မပြုကျင့်ခဲ့သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်မှ ထိုမှုခင်းကိုသိရှိပြီးနောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ထံသို့ ၂၀၂ဝခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင်တိုင်ကြားခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူကို တစ်လကျော် ဖမ်းဆီးထိန်းချုပ်ခဲ့သည်။ ပြစ်မှုကျူးလွန်သူသည် နှစ်ဦးနှစ်ဖက်မှလျော်ကြေးငွေပေးရန် သဘောတူပြီးနောက် လွှတ်မြောက်ခဲ့သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူမှာမူ မည်သည့်ပြုစုစောင့်ရှောက်မှုတစ်စုံတစ်ရာကိုမျှ ဆက်လက်မရရှိခဲ့ပေ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

သက်ငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

(မသိရှိ)၊ ၂၀၂ဝခုနှစ်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးအထွေထွေဆေးရုံကြီး 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မအ---

အသက်

၁၄ နှစ်

ကျား/မ

မ  

လူမျိုး

ဗမာ

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

နေ့စား   

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓ

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ စ---ကျေး ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

ကျေးရွာ

ဘ---

နေ့စား

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းရွှေဒိုးအုပ်စု၊ စ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှဤမှုခင်းကို နို့တကောမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထောက်လှမ်းရေးတစ်ဦးထံမှကြားသိပြီး ၎င်းမှမှုခင်းဖြစ်ပွားခဲ့မှုအကြောင်းအရာကို စ---ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် ရရှိခဲ့သည်။ ထို့နောက် KHRGသတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ ပြစ်မှုကျူးလွန်ခံခဲ့ရသူ ၏မိဘနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မှုခင်းဖြစ်ပွားခဲ့သည့်အကြောင်းအရာကို ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဆွေးမျိုးသားချင်းများမှ ပြောပြခဲ့ခြင်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

သက်ငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးအ ထွေထွေဆေးရုံအနီးတွင်ဖြစ်ပွားခဲ့သည်။ (သို့သော် KHRG မှ မှုခင်းဖြစ်ပွားခဲ့သည့်နေ့ရက်အတိအကျကိုမ ရရှိခဲ့ပါ)။ ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၂၂ နှစ်အရွယ် ဘ---သည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ၎င်းတွင် သားယောကျ်ားတစ်ဦးရှိသည်။ ၎င်းသည် (မြန်မာအစိုးရအုပ်ချုပ်နယ်မြေတွင်းရှိ) ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုပ်ဖျာကျေးရွာမှ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူမှာ မအ---၊ အသက်၁၄ နှစ်အရွယ်မိန်းကလေးဖြစ်ပြီး၊ ဗမာလူမျိုးတစ်ဦးဖြစ်သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏မိသားစုမှာလည်း (မြန်မာအစိုးရအုပ်ချုပ်နယ်မြေအတွင်းရှိ) ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ နို့တကောမြို့နယ်သို့ ရွှေ့ပြောင်းလာသူများဖြစ်ကြ သည်။ ယခုအချိန်တွင် ၎င်းတို့သည် ရော်ဘာစိုက်ခင်းများတွင် နေ့စားအလုပ်ကို လုပ်ကိုင်လျှက်ရှိသည်။ 

 

ပြစ်မှုကျူးလွန်ခဲ့သူနှင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူတို့သည် ကြာအင်းဆိပ်ကြီးအထွေထွေဆေးရုံတွင် ၎င်းတို့၏ ဆွေမျိုးများကို  သွားရောက်စောင့်ရှောက်ခဲ့စဉ်၌ ပထမဆုံးတွေ့ဆုံခဲ့ကြသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူမှာ ဆင်းရဲနွမ်းပါးသဖြင့် ကျောင်းတွင် ပညာတက်ရောက်ဆည်းပူးရန် မတက်နိုင်ခဲ့ပေ။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ ဖခင်မှ ထိုပြစ်မှုကျူးလွန်ခဲ့သူသည် သူမ၏ပညာမတ်ခြင်းနှင့် အရွယ်မရောက်သည့်အပေါ်အခွင့်ကောင်း ယူပြီး ဖြားယောင်းသွေးဆောင်ခဲ့သည်ဟုထင်သည်။ အဆိုပါပြစ်မှုကျူးလွန်သူသည် လူပျိုလူလွတ်တစ် ယောက်အဖြစ် ဟန်ဆောင်ခဲ့သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်ပြောကြားချက်အရ ၎င်းတို့ဆုံတွေ့ပြီးတစ် လမပြည့်ခင်မှာပင် သမီးရည်းစားဖြစ်ခဲ့ကြသည်။ (သို့သော် ၎င်းတို့် ဆေးရုံတွင်နေခဲ့သည့်အချိန်ကို KHRG မှ မရရှိခဲ့ပါ)။ တစ်ချိန်တွင် ဘ---သည် သူမအားဆေးရုံအနီးတွင်ရှိသည့်အများသုံးအိမ်သာသို့ခေါ်သွားခဲ့ပြီး သူမမှငြင်းဆိုမှုပြုခဲ့သော်လည်း အဓမ္မပြုကျင့်ခဲ့သည်။ 

 

အဓမ္မပြုကျင့်ပြီးနော် ၎င်းတို့သည် နို့တကောမြို့နယ်၊ ကြာအင်းရွှေဒိုးအုပ်စု၊ စ---ကျေးရွာတွင် အချိန်အ တော်များများတွေ့ဆုံခဲ့ကြသည်။ ပြစ်မှုကျူးလွန်ခံရသူ၏ဖခင်မှ ၎င်း၏သမီးဖြစ်သူမှာ  ဘ---နှင့်တွေ့ဆုံနေ ကြောင်းနှင့် ထိုသူသည် လူပျိုလူလွတ်မဟုတ်ကြောင်းကို နောက်မှသိရှိခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက် ၍ မိဘဖြစ်သူများမှ သူမအားမေးမြန်းခဲ့ချိန်တွင် ဘ---မှ သူအားအဓမ္မပြုကျင့်ခဲ့ကြောင်းပြောပြခဲ့သည်။ ဖခင်ဖြစ်သူမှ ၂၀၂ဝခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် နို့တကောမြို့နယ်ရှိ KNPF ထံသို့ တိုင်ကြားခဲ့သည်။ 

 

ပြစ်မှုကျူးလွန်ခဲ့သူကို တစ်လကျော်ဖမ်းဆီးထိန်းထားခဲ့သည်။ ပြစ်မှုကျူးလွန်သူအား စစ်ဆေးမေးမြန်းမှုပြု လုပ်ချိန်၌ ၎င်းသည်ထိုမိန်းကလေးကို ခုနှစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ဖူးပြီး အခွင့် ခါကောင်းမရရှိခဲ့သည့်အတွက် ၎င်း၏အကြံအစည်များမအောင်မြင်ခဲ့ကြောင်းဝန်ခံခဲ့သည်။  KNPF မှ ထိုအ မှုကို KNU ခရိုင်အာဏာပိုင်များထံလွှဲပြောင်းလိုကြောင်း သူမ၏မိဘကိုမေးမြန်းခဲ့သည်။ သို့သော် မိဘဖြစ် သူများမှငြင်းဆိုခဲ့ပြီး ဤအမှုကိုလျှော်ကြေးငွေဖြင့်သာ ကျေအေးမည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ 

 

အစဦးတွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏မိသားစုမှ လျှော်ကြေးငွေအဖြစ် သိန်း ၅ဝကို တောင်းဆိုခဲ့သည်။ ပြစ်မှု ကျူးလွန်သူသည် တောင်းဆိုသည့်လျှော်ကြေး ငွေပမာဏများကို ပေးရန်မတတ်နိုင်သောကြောင့် နောက်ဆုံး ၎င်းတို့နှစ်ဦးနှစ်ဖက်မှ ကျပ်၉သိန်းဖြင့်သာ သဘောတူညီခဲ့သည်။ ပြစ်မှုကျူးလွန်သူမှ လျော်ကြေးငွေ အားပေးပြီးသည့်နောက်ပိုင်း လွတ်မြောက်သွားခဲ့ပြီး အမှုပိတ်ခဲ့သည်။   ပြစ်မှုကျူးလွန်ခံခဲ့ရသူမှာမူ မည် သည့်ပြုစုစောင့်ရှောက် ထောက်ပံ့မှုကိုမျှ ဆက်လက်ရရှိခြင်းမရှိခဲ့ပေ။ 

 

ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်မှ “သူက [ပြစ်မှုကျူးလွန်သူက] လူပျိုလူလွတ်သာဆို သူတို့ကိုပေးစားလိုက် ပြီ။ ဒါပေမဲ့ အခုသူကမိန်းမနဲသားတစ်ယောက်ရှိနေတာဆိုတော့ ပေးစားလို့အဆင်မပြေဘူး။ သူ့မယားနဲ့သားအပေါ် ကိုယ်ချင်းစာပါတယ်။  ဟုဆိုခဲ့သည်။ သူမ၏မိခင်မှလည်း သူရဲ့လုံခြုံမှုအတွက် သူကိုတစ်ယောက် တည်း ဘယ်မှမပေးသွားတော့ဘူး။ ကျွန်မတို့တစ်နေရာရာသွားရမယ်ဆိုရင် သူကကျွန်မနဲ့ မဟုတ်ရင်သူ့အဖေနဲ့သွားရမယ်။ သူတစ်ယောက်တည်းသွားရမယ်ဆိုရင် ကျွန်မက သူ့အစားသွားပေးမယ်။” ထို့နောက် “ရွာမှာရှိတဲ့ကျွန်မတို့ရဲ့ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေ ဒီအကြောင်းတွေကို မသိမကြားစေချင်ဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မတို့လူတွေရှေ့မှာ မျက်နှာမပြချင်ဘူး။ ကျွန်မတို့ကို လူတွေအထင်သေးမှာ ပြီးရင် ကျွန်မတို့တစ်ခြားနေရာမှာ အလုပ်အသစ်တွေသွားလုပ်ရရင် အလုပ်မရမှာကို စိုးရိမ်တယ်။” ဟုဆက်ပြောခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

 ဤအကြောင်းအရာကို ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏မိဘမှ KHRG အား အသုံးပြုခွင့်ပေးထားသည်။ 

Mon, 09 Nov 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်