Mon, 09 Nov 2020
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဘူးသိုမြို့နယ်အတွင်းမပေါက် ကွဲသေးသော လမ်းနက်ကြီးခဲယမ်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးထိခိုက် ဒဏ်ရာရရှိ (၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့်အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ဝ---ကျေးရွာမှ ရွာ သားတစ်ဦးသည် ၎င်း၏တောင်ယာထဲတွင် အလုပ်လုပ်နေစဉ် မပေါက်ကွဲသေးသောလက်နက်ကြီးခဲယမ်းတစ်လုံး (UXO) ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏လက်ချောင်းနှစ်ချောင်းပြတ်သွားခဲ့ပြီး လက်၊ခြေထောက်နှင့် နံရိုးဘေးဖက်တို့တွင် ကျည်ဆံအစအနများထိမှန်ခြင်းကြောင့် ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် ဖာပွန်ဆေးရုံတွင် ၁၀ ရက်တိတိ ဆေးဝါးကုသမှုခံယူခဲ့သည်။ ၎င်းမှ ဒေသခံကျေးရွာအုပ်စု အာဏာပိုင်များကို ရွာသားများ၏လယ်ယာထဲ၌ မိုင်းများအားရှင်းလင်းခြင်း သို့မဟုတ် မပေါက်ကွဲသေးသော လက်နက် ကြီးခဲယမ်းများအား ဖယ်ရှားပစ်ပေးခြင်းအကြောင်းအား မြို့နယ်နှင့်ခရိုင်အာဏာပိုင်များထံသို့ တင်ပြပေးရန်တောင်းဆိုခဲ့ သော်လည်း မတင်ပြရသေးပဲဖြစ်နေပါသည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မပေါက်ကွဲသေးသောလက်နက်ကြီးခဲယမ်းပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရ
ရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က--- ကျေးရွာအနီး ရှိမြေပဲစိုက်ခင်းတစ်ခင်း  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အ---

အသက်

၄၀

ကျား/မ

ကျား  

လူမျိုး

ရှမ်း

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

တောင်ယာ  

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့် 

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဝ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

ကျော်မင်းထွန်း

ဗိုလ်ကြီး

ခမရ # ၄၀၅

ကူးဆိပ်တပ်စခန်း

တပ်ရင်းမှူးလှိုင်ထွန်း

ထက်မျိုးလင်း 

ဗိုလ်ကြီး

ခမရ # ၄၀၅

ကူးဆိပ်တပ်စခန်း

တပ်ရင်းမှူးလှိုင်ထွန်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရွာသားတစ်ဦးမှ ဤဖြစ်ပျက်မှုနှင့်ပတ်သက်၍ ကျွန်တော့်အား တယ်လီဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထိုနေ့နောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူကို ဖာပွန်ဆေးရုံတွင် သွားရောက်တွေ့ဆုံခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်ပျက်မှုနှင့်ပတ်သက်၍ ကျွန်တော့်အား ပထမဦးစွာအကြောင်းကြားခဲ့သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူကိုဆေးရုံသို့ပို့ဆောင်ခဲ့သူဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် ဤဖြစ်ပွားမှုကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူဖြစ်သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

တပ်မတော်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်သည့်ဂိတ်အား ဖျက်စီးပစ်ခဲ့သောကြောင့် ၂၀၂၀ ခုနှစ်၊ မေလ ရရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများမှမှန်ပြောင်းတပ်ဆင်ထားသောသေနတ် (စနိုက်ဖယ်) ကိုအသုံးပြုပြီး ကူးဆိပ်တပ်မ တော်တပ်စခန်းကို ပစ်ခတ်ခဲ့သည်။ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုတွင် အခြေ စိုက်သည့် ကူးဆိပ်မှတပ်မတော်စစ်သားများသည် M79 လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ပြီး လက်နက် ကြီးကျည်ဆံများသည် ရွာသားများ၏လယ်ယာများသို့ကျသွားခဲ့သည်။ ၎င်းတို့မှပစ်ခတ်လိုက်သောလက် နက်ကြီးကျည်ဆံအချို့တို့သည် မပေါက်ကွဲသေးပဲရှိနေသဖြင့် ရွာသားများအဖို့ကြောက်ရွံ့မှုကို ဖြစ်စေခဲ့ သည်။ တပ်မတော်စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားချိန်အတွင်း KNLA  ဖက်မှလက်နက်ငယ်များကိုသာအ သုံးပြုကြကြောင်းရွာသားများမှသိရှိထားပြီးဖြစ်သည်။ 

 

တိုက်ပွဲဖြစ်ပွားသောအချိန်တွင် ကူးဆိပ်ရှိတပ်မတော်စစ်သားများကို တပ်မတော်စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ်-၈ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ်-၄၀၅ မှ ဗိုလ်ကြီးကျော်မင်းထွန်း ဦးဆောင်ခဲ့သည်။ ကူးဆိပ်တပ်မတော်စခန်းတွင် ဗိုလ်ကြီးသုံးဦးတို့သည် အတူတကွလက်တွဲလုပ်ဆောင်ကြသည်။ ကျော်မင်းထွန်းသည် စခန်းတွင်နေပြီး ထက်မျိုးလင်းသည် ကျော်မင်းထွန်းအားအကူအညီပေးပြီး ဖြိုးကျော်သည် လမ်းလုံခြုံရေးကိုစောင့်ကြည့်လျက်ရှိသည်။ 

 

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁း၃၀အချိန်တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စု ဝ---ကျေးရွာနေထိုင်သည့် အ---မှ သူ၏တောင်ယာတွင် မြေပဲစိုက်ပျိုးရန်အတွက် မြက်ပင်၊ ချုံပင်များကို သွားရောက်ရှင်းလင်းခဲ့သည်။ ၎င်းသည် အသက် ၄၀ နှစ်ရှိပြီးသော်လည်း အိမ်ထောင်သည် တစ်ဦးမဟုတ်ပေ။ အ---သည် အစ်ကိုဖြစ်သူနှင့်အတူတောင်ယာသို့ သွားခဲ့ကြသည်။ သူ၏တောင်ယာမှာ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာအနီးတွင် တည်ရှိသည်။ ၎င်းတောင်ယာသည် ပွယ်လိုကလိုး (ယွန်းစလင်းမြစ်) အရှေ့ဖက်တွင်တည်ရှိပြီး အနောက်ဖက်ခြမ်းကူးဆိပ်တွင် တပ်မတော်စ ခန်းတည်ရှိပါသည်။ 

 

အ---သည်  မြက်ရိတ်စက်ကို အသုံးပြု၍ မြက်ပင်၊ချုံပင်များခုတ်ထွင်းရှင်းလင်းရာမှ စကခ အမှတ်-၈၊ ခမရ အမှတ်-၄၀၅ မှပစ်ခတ်ခဲ့ပြီး ကျကျန်ခဲ့သော လက်နက်ကြီးကျည်ဆံတစ်လုံးနှင့် ထိမှန်သွားခဲ့သည်။ အဆိုပါ လက်နက်ကြီးကျည်ဆံသည် ပေါက်ကွဲသွားခဲ့ပြီး ၎င်းမှာထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဤပေါက်ကွဲမှု ဖြစ်ပွားပြီးပြီးခြင်းတွင် သူ့အားကားဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ထို့နောက် သူ့အားဖာပွန်ဆေးရုံသို့ တင်ခဲ့ရသည်။ ဆေးရုံသို့ကားဖြင့် ၁၀ မိနစ်ခန့် မောင်းနှင်ခဲ့ရသည်။ 

 

ဆေးရုံတက်ရောက်နေစဉ်တွင် မြန်မာအစိုးရလူမှုကယ်ဆယ်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဖွဲ့လျှင်ငွေကြေးထောက်ပံ့မှု ၅၀၀၀၀ ကျပ်စီလှူဒါန်းပေးခြင်းမှလွဲ၍ မည်သည့်အဖွဲ့အစည်းနှင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားကူညီပေးခြင်းမရှိခဲ့ပေ။ ၎င်းမှဆေးရုံတက်ရောက်နေ ချိန်တွင် မောင်နှမသားချင်းဖြစ်သူမှ သူ့အားပြုစုစောင့်ရှောက်ခဲ့သည်။ ၎င်းသည် ဆေးဝါးကုန်ကျစရိတ်အား ပေးခဲ့ရပြီး အချို့ရွာသားများသည် ၅၀၀၀ ကျပ်နှင့် အခြားသောရွာသားအချို့သည် ၁၀၀၀၀ ကျပ်ဖြင့် သူ့အားထောက်ပံ့ပေးခဲ့ကြသည်။ ၎င်းသည် ဆေးရုံတွင် ၁၀ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပါသည်။ 

 

အ---သည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းအား တစ်ခါမျှမတက်ရောက်ဖူးခဲ့ချေ။ လက်နက်ကြီးခဲယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသည့်နောက်ပိုင်း ၎င်းမှ ၂၀၂၀ခုနှစ်တွင် မြေပဲမစိုက်ရသေးသည့် မြေပဲစိုက်ခင်းအချို့ရှိနေသေးကြောင်း တင်ပြခဲ့သည်။ မပေါက်ကွဲသေးသောလက်နက်ကြီးကျည်ဆံပေါက်ကွဲမှုကြောင့် ရွာသားများသည် ၎င်းတို့၏တောင်ယာသို့ သွားရောက်အလုပ်လုပ်ကြရန်အတွက် ကြောက်ရွံ့နေကြသည်။ တပ်မတော်နှင့်KNLAတို့ကြား တင်းမာမှုဖြစ်ပွားသည့် မည်သည့်အချိန်မဆိုရွာသား များ၏ခရီးသွားလာရေးများကိုလည်း တင်းကြပ်ချမှတ်ခဲ့ကြသည်။ ထို့ကြောင့် အ---နှင့် က---ကျေးရွာမှ အချို့ သောရွာသားများသည်၎င်းတို့၏လယ်ယာထဲသို့သွားရောက်အလုပ်လုပ်ကိုင်ကြရန်အတွက်ကြောက်ရွံ့နေကြကြောင်းလည်းပြောခဲ့ကြသည်။ တပ်မတော်မှ KNLA၏တိုက်ခိုက်မှုအား ပြန်လည်တုန့်ပြန်ရန် လက်နက်ကြီး နှင့် လက်နက်ငယ်များအား လက်လွှတ်စပယ်ပစ်ခတ်မည်ကို ရွာသားများမှ ကြောက်ရွံ့နေကြသည်။ 

 

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အ---သည် ဆေးရုံမှဆင်းခဲ့သည်။ သို့သော်လည်း ၎င်း၏ဒဏ် ရာသည် ကောင်းမွန်စွာမသက်သာသေးသဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ ရသည်။  ဆေးရုံသို့တစ်ကြိမ်သွားပြတိုင်း ဆေးဝါးအတွက်ပေးရသောကုန်ကျစရိတ်မှာ ၁၅၀၀၀ ကျပ်ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် သူ၏လက်ချောင်းနှစ်ချောင်းပြတ်သွားခဲ့သည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သူသည် ဆေးရုံဆင်းပြီးနောက်ပိုင်း နှစ်လ သို့မဟုတ် သုံးလအတွင်း အလုပ်လုပ်၍ရနိုင်မည်မဟုတ်ပေ။ ၎င်းမှ ဒေသခံကျေးရွာအုပ်စုအာဏာပိုင်များကို ရွာသားများ၏လယ်ယာထဲ၌ မိုင်းရှင်းလင်းပေးရန် သို့မဟုတ် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းကြီးများအား ဖယ်ရှားပေးရန်အတွက် ဤဖြစ်စဉ်အား တင်ပြရန် တောင်းဆိုခဲ့သော်လည်း မြို့နယ်နှင့်ခရိုင်သို့ မတင်ပြရသေးပဲဖြစ်နေပါသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤအချက်အလက်များကို ထိခိုက်ဒဏ်ရာရရှိသူမှ KHRG အားအသုံးပြုခွင့်ပေးထားပါသည်။ 

Mon, 09 Nov 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ အားဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်် ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်