Fri, 24 Jul 2020
မူတရော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်တွင် တပ်မတော် လက်နက်ကြီးပစ်ခတ်ရာမှ ရွာသားတစ်ဦးနှင့် ၎င်း၏သမီး ဒဏ်ရာရရှိခြင်း၊ ၂၀၂၀ ခုနှစ် ဇွန်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မူတရော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထအုပ်စု၊ ခ---ရွာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော မူခင်းတစ်ခုအား ဖော်ပြထားခြင်းဖြစ်သည်။ တပ်မတော်၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တိုက်ခိုက်မှု ဖြစ်ပွားရာတွင် ရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ရာမှ ရွာသားတစ်ဦး နှင့် ၎င်း၏ သမီးအား ထိခိုက်ပြီး ဒဏ်ရာရရှိခဲ့ပါသည်။ ထိခိုက်နစ်နာသူနှစ်ဦးမှ ဆေးရုံကိုသွားရန် မတတ်နိုင်သဖြင့် ရွာသူကြီးမှ ၎င်းတို့၏ ဆေးကုသမှုကုန်ကျစရိတ်အတွက် ငွေချေးခဲ့ရသည်။ တပ်မတော်မှ ဤဖြစ်ပျက်မှုအတွက် တာဝန် ယူမှု မရှိသည့်အပြင် ခံစားရသူများကိုလည်း လျော်ကြေးပေးမှုမရှိပါ။[1] 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထအုပ်စု၊ ခ---ရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောလ---  နော် စ---

အသက်

၅၇

၁၃

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ

ရှိ

မရှိ

အလုပ်အကိုင်

တောင်ယာ

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

ခ---

ခ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

ဗိုလ်မှူး

ခမရ အမှတ် (၄၀၅)၊ စကခ အမှတ် (၈) မောလိုကလိုး လှိုင်ထွန်း (တပ်ရင်းမှူး)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

[ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ထိခိုက်နစ်နာသူနှစ်ဦးအနက်တစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၄၀၅) တပ်ရင်းမှူး၏ အမည်အား KNLA မှ ပြောပြခဲ့ပါသည်။] 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းပေးသူမှ လက်တွေ့ခံစားခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ အင်္ဂါနေ့ ညနေ ၃ နာရီအချိန်တွင် ဖခင်တစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူအား [တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့်] မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထအုပ်စု၊ ခ---ရွာ တွင် ဒဏ်ရာရရှိခဲ့ပါသည်။

 

ထိုနေ့တွင် KNLA တပ်ရင်းအမှတ် (၁၀၂)၊ တပ်ခွဲအမှတ် (၃)မှ စစ်သားများနှင့် တပ်မတော် စစ်ကွပ်ကဲ အခြေစိုက် (စကခ) အမှတ်(၈)၊ ခြေမြန်တပ်ရင်း အမှတ် (၄၀၅) မှ စစ်သားများသည် မောလိုကလိုးစခန်း အနီးတစ်ဝိုက်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ တပ်မတော်မှ ခ---ရွာသို့ လက်နက်ကြီးပစ်ခတ်ရာတွင် ၅၇ နှစ်ရှိသော စောလ---နှင့် ၎င်း၏ ၁၃ နှစ်ရှိသောသမီးဖြစ်သူ နော်စ---အား [စောလ--- သည် ၎င်း၏ ဘယ်ဖက်ပေါင် အားထိခိုက်၍ နော်စ---အား ၎င်း၏ညာဖက်ဝမ်းဗိုက်အားထိခိုက်] ဒဏ်ရာရစေခဲ့ပါသည်။

 

[မောလိုကလိုးစခန်းသည် တပ်ရင်းမှူးလှိုင်ထွန်း၏ စီမံခန့်ခွဲမှုအောက်တွင် တည်ရှိပါသည်။] ထိုစခန်းကို သူဦးဆောင်ပြီး သူ၏စစ်သားများမှာမူ စစ်ပွဲဇုန်နှင့် လေ့ကျင့်သောနေရာတို့တွင်သာ ပစ်ခတ်မှုများ ပြုလုပ် နိုင်ပါသည်။ ၎င်းတို့မှ ရွာသို့ လက်နက်ကြီးပစ်ခတ်ခြင်းသည် ရွာသားများ၏ အခွင့်အရေးအား ချိုးဖောက် ခြင်းဖြစ်သည်။

 

၎င်းတို့ [တပ်မတော်] မှ [ပစ်ခတ်မှုကြောင့်] ဖြစ်ပေါ်ခဲ့သော နောက်ဆက်တွဲပြဿနာများအတွက် တာဝန် မယူသည့်အပြင် ဆေးကုသခအားလည်း မပေးခဲ့ပါ။ ထိုဖခင်နှင့် သမီးတို့ ဒဏ်ရာရပြီးနောက် ရွာသူကြီးမှ ၎င်းတို့အား ကမမောင်းဆေးရုံသို့ ပို့ဆောင်လိုသော်လည်း ၎င်းတို့မှ ငြင်းဆိုခဲ့သည်မှာ ဆေးကုသမှုခံယူရန် ငွေကြေးမရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွာသူကြီးမှ ဗိုလ်မောင်ချစ်၏အမျိုးသမီးထံမှ ငွေ ၃၀၀၀၀ ကျပ် [၂၁.၆၅ ဒေါ်လာ] ချေးခဲ့ပြီး ထိခိုက်နစ်နာသူနှစ်ဦးအား [ဆေးရုံသို့] ပို့ပေးခဲ့ပါသည်။ ၎င်းတို့အား ဇွန်လ ၂ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် အိမ်ပြန်လာခဲ့ပါသည်။ [ယခုချိန်တွင်] ၎င်းတို့သည် တစ်ပတ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှု ခံယူနေရပါသည်။

 

ဤကဲ့သို့ မှုခင်းဖြစ်ပျက်ခြင်းသည် တပ်မတော်မှ NCA တွင်လိုက်နာရမည့်ကတိကဝတ်အား လိုက်နာမှု မရှိ ၍ [KNU အုပ်ချုပ်သောနေရာဒေသ] သတ်မှတ်နယ်မြေများသို့ အကြိမ်ပေါင်းများစွာ [ကြိုတင်အသိပေးမှု မရှိပဲ၊ NCA ကတိကဝတ် အပိုဒ် ၁၀ (ခ) အား ချိုးဖောက်ခြင်း] ကျူးကျော်ခဲ့ပါသည်။ ထိုအချိန်တွင် KNU မှ မူတရော်ခရိုင်တွင် COVID-19 အားကာကွယ်ရန် လုပ်ကိုင်ဆောင်ရွက်နေသောအချိန်ဖြစ်သည်။ ထို့ကြောင့် ထို [ကျူးကျော်ခဲ့သော ဖြစ်ပျက်မှုများစွာ] မှ လက်နက်ကိုင်နှစ်ဖွဲ့ [တပ်မတော်နှင့် KNLA] အကြား တင်းမာ မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ တပ်မတော်မှလည်း ကရင် [KNU] ကျန်းမာရေးလုပ်သားများနှင့် ကရင်အမျိုး သားရဲတပ်ဖွဲ့ [KNPF] များကို [COVID-19] ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ထွက်ခွာရန် အတင်းအဓမ္မ စေခိုင်းခြင်းသည် [တပ်မတော်နှင့် KNLA အကြား] လက်နက်ကိုင် ပဋ္ဋိပက္ခများဖြစ်ပွားစေပါသည်။

 

ဤကဲ့သို့သော ဖြစ်ပျက်မှုများအတွက် ရွာသားများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် နည်းဗျူဟာ တစ်စုံတစ်ခုမျှမရှိပါ။ အဖွဲ့နှစ်ဖွဲ့ [တပ်မတော်နှင့် KNLA] ကြား တင်းမာမှုနှင့် မကျေမနပ်မှုများရှိခဲ့ပြီး ၎င်းတို့ အချင်းချင်း ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပါသည်။ ရွာသားများမှ ထိုကိစ္စအား မသိရှိခြင်း သို့မဟုတ် နားမ လည်သောကြောင့် ဤကဲ့သို့အခြေအနေအား ဘယ်လိုတုန့်ပြန်ရမည်ကို မသိကြပေ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။
စောလ--- [ထိခိုက်နစ်နာသူ]မှ KHRG အား ဤအချက်အလက်ကို အသုံးပြုရန် ခွင့်ပြုထားသည်။
Fri, 24 Jul 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ် ဇူလိုင်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား မူတရော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်