Wed, 22 Jan 2020
သတင်းအကျဉ်းချုပ်အစီရင်ခံစာ: ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်အတွင်း KNU/KNLA-PC မှ ကျူးလွန်ခဲ့သော လူသတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုနှင့် မြေယာသိမ်းဆည်းမှုများ

ဤသတင်းအကျဉ်းချုပ်အစီရင်ခံစာသည် ဖားအံခရိုင်ရှိ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နှင့် ဒူးပလာယာခရိုင်ရှိ ကျုံဒိုးမြို့ နယ်အတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ KNU/KNLA-PC မှ ကျူးလွန်ခဲ့ သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားခြင်းဖြစ်ပြီး ထိုလူ့အခွင့်အရေး ချိုးဖောက်မှုများသည်  တစ်နိုင်ငံ လုံးဆိုင်ရာ အပြစ်ခတ်ရပ်စဲမှုစာချုပ်ကိုလည်း ချိုးဖောက်ရာမြောက်ပါသည်။

  • ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဝ---ကျေးရွာရှိ အရက်မူးနေသည့် KNU/KNLA-PC စစ်သားနှစ်ဦးမှ ရွာသားတစ်ဦးအား ရိုက်နှက်မှုကြောင့် ပြင်းထန်သည့် ဒဏ်ရာများကိုရရှိထားသည်။ ကျေးရွာအာဏာပိုင်နှင့် ၎င်းတို့၏အထက်အရာရှိများက ထိုထိခိုက်ဒဏ်ရာ ရခဲ့သည့်ရွာသားအား လျော်ကြေးငွေပေးဆောင်ရန် အမိန့်ပေးသည့်တိုင်အောင် ပြစ်မှုကျူးလွန်ခဲ့သူများ သည် ထိခိုက်နစ်နာသူရွာသားအားလျော်ကြေးငွေပေးဆောင်ခြင်းမရှိပေ။
  • ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် KNU/KNLA-PC စစ်သားများမှ ရွှွေခိုးခဲ့သည်ဟု စွပ်စွဲထား သည့် ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ ထ---ကျေးရွာတွင် နေထိုင်သောရွာသား တစ် ဦးအား ရိုက်နှက်ပြီး တရားလက်လွတ်ဖမ်းဆီးထားခဲ့သည်။ ထို့နောက် KNU/KNLA-PC အရာရှိတစ်ဦးမှ ထိုရွာသား၏ဇနီးကို ရိုက်နှက်ခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများနှင့် ချန်ထားခဲ့သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သူမ၏ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့သော်လည်း ပြစ်မှုကျူးလွန်ခဲ့သူအား မည်သည့် တရားစွဲဆိုမှု၊ အရေးယူမှုမျှမရှိခဲ့ပေ။ 
  • ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် KNU/KNLA-PC  မှ လူသတ်မှုဖြင့် ၎င်းတို့စွပ်စွဲခဲ့သည့် ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ်၊ တ---ကျေးရွာအုပ်စုရှိ ရွာသားဆယ်ယောက်ကို တရားလက်လွတ်ဖမ်းဆီးချုပ်နှောင် ထားခဲ့သည်။ ထိုရွာ သားများသည် ဆိုးရွားသည့်ချုပ်နှောင်မှုအခြေနေများကို ရင်ဆိုင်ခဲ့ရပြီး KNU/KNLA-PC ကို ပိုက်ဆံပေးပြီးမှသာလျှင် ၎င်းတို့အားလွှတ်ပေးခဲ့သည်။ 
  • နဘူးမြို့နယ်၊ ထို့ကော်ကိုးကျေးရွာအုပ်စုတွင် KNU/KNLA-PC တို့သည် လက်ရှိအချိန်တွင် မြို့သစ်စီမံကိန်း အတွက် မြေဧက ၄၀၀၀ ကျော်အား သိမ်းဆည်းခဲ့သည်။ ထိုမြေဧကများအနက် ဧက ၄၀၀ ဝန်းကျင်ရှိသည့် မြေများသည် ဒေသခံများ၏မြေများဖြစ်ပြီး၊ အချို့သော သူများ၏မြေများ လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ ပြီးဖြစ်သည်။ 

 

နိဒါန်း

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် KNU/KNLA-PC တပ်ရင်း နံပါတ် (၇၀၉) စစ်သားများမှ ဝှေ့ရှမ်းကျေးရွာရှိ ဦးသက်ဦးအားပစ်ခဲ့ကြောင်း ကရင်သတင်းစဉ်မှ ထုတ်လွင့်တင်ပြခဲ့သည်။ ထိုပစ်ခတ်မှုသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည်။ ထိုသူအား ဆေးရုံတင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခဲ့သူများအားအရေးယူခဲ့ခြင်း မရှိ ပေ။ 

KNU/KNLA-PC သည် ဖားအံခရိုင်၊ ထို့ကော်ကိုးကျေးရွာအုပ်စုဒေသတွင် အခြေချနေသော လက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၎င်းတို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့ပြီး မြန်မာအစိုးရနှင့် ၂၀၀၇ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၀၁၀ ခုနှစ်တွင် ငြင်းဆိုခဲ့သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် KNU/KNLA-PC သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့၏ပြဌာန်းချက်များအား ဆန့်ကျင်သည့် လုပ်ဆောင်ချက်များဖြင့် ဒေသခံ ပြည်သူပြည်သားများအပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုမြောက်များစွာကို ကျူးလွန်ခဲ့ကြောင်း ကရင်လူ့အခွင့်အရေး အဖွဲ့မှ မှတ်တမ်းတင်ပြုစုခဲ့သည်။ ဤအစီရင်ခံစာသည် ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရရှိထားသည့်အမှုများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မြေယာသိမ်း ဆည်းမှုများ နှင့် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်မှုများအား ဖော်ပြထားသည်။ 

က) ပိုင်ကျုံမြို့နယ်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ဆိုးရွားသည့် ထိခိုက်ဒဏ်ရာများအား ဖြစ်ပေါ်စေခြင်း

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အရက်မူးနေသည့် KNU/KNLA-PC စစ်သားနှစ်ဦးသည် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ ဝ---ကျေးရွာသားတစ်ဦးဖြစ်သည့် စောအ--- အား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ကျူးလွန်ခဲ့သည်။ ထိုနေ့တွင် စောအ---သည် ဒေသခံဆိုင်တစ်ဆိုင်တွင် ရေဝယ်သောက်ရန် ဝင်ရောက်ခဲ့ချိန်တွင် KNU/KNLA-PC ဗျူ ဟာ (၆)မှ ဗိုလ်စောဘ--- နှင့် ၎င်း၏ လက်အောက်စစ်သား စောစ---မှ ၎င်းကို အော်ခဲ့သည်မှာ "နင့်အိမ်နင်မပြန်ဘူးလား။ နင့်မျက်နှာကို မမြင်ချင်ဘူး။ ဒီနေရာကနေထွက်သွားပြီး နင့်အိမ် ကိုပြန်။" ဟု အော်ဟစ်ကြိမ်းမောင်းခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ စောအ---နှင့် ၎င်းတို့နှစ်ဦး ကြားတွင် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။ 

ထိုကဲ့သို့ အော်ဟစ်ကြိမ်းမောင်းခဲ့ပေမယ့် စောအ---မှ မလိုက်နာခဲ့သောကြောင့် စောစ---သည် သူ၏ဦးခေါင်းကို ထိုးခဲ့သည်။ ထို့ နောက် ထိုသူ (စောအ---)သည် လွတ်မြောက်အောင် ကြိုးစားခဲ့သော်လည်း ဗိုလ်စောဘ---မှ သူ့ကို လိုက်လံတားဆီးဖမ်းခဲ့ပြီး သူ၏ဦးခေါင်း၊ ရင်ဘတ်၊ ခြေထောက်နှင့် ခန္ဓာကိုယ်ကို ဝါးချောင်းဖြင့်ရိုက်ခဲ့သည်။ အ---သည် ဦးခေါင်း၊ ခြေထောက်နှင့်ခန္ဓာကိုယ်တွင် ပြင်းထန်သည့်ဒဏ်ရာရရှခဲ့သည်။ သူသည် တစ်နာရီကျော် သတိလစ် ခဲ့ပြီး ညနေ ၄း၁၅ မိနစ်အချိန်လောက်မှ အမှုဖြစ်ပွားခဲ့သည့်နေရာတွင် ပြန်လည်သတိရလာခဲ့သည်။ သူသည် နာကျင် မှုကြောင့် တစ်ညလုံး ညည်းညူနေခဲ့သည်။ 

နောက်နေ့မနက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ရွာသားများမှ သူ့ကို ကျုံဒိုးဆေးရုံသို့ဆေးကုသရန် ခေါ် ဆောင်သွားခဲ့ သည်။ ထိုသူ၏ မိသားစုပြောကြားချက်အရ၊ သူနာပြုတစ်ဦးမှ အတည်ပြုခဲ့သည်မှာ  စောအ---သည် အတွင်းဒဏ်ရာ အထူးသဖြင့် အဆုတ်တွင်ရရှိခဲ့သည်။ သူသည် ဒဏ်ရာပျောက်သည့်အထိ ဆေးသောက်ရမည် ဖြစ်သည်။ သူသည် လေးလံသည့်အလုပ်များကို ခန္ဓာကိုယ်ပိုင်း ဒဏ်ရာမပျောက်မချင်း လုပ်ဆောင်နိုင်မည်မဟုတ် ပါ။ 

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ကျေးရွာလုံခြုံရေးများမှ ထိုပြစ်မှုကျူးလွန်ခဲ့သူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးသည်နှင့် ၎င်းတို့၏ တပ်မှူးနှင့် ကျေးရွာလူကြီးများအား ဆက်သွယ်ခဲ့သည်။ ဗိုလ်စောဘ---ကို ၎င်း၏တပ်မှူးနှင့် ကျေးရွာ လူကြီးများမှ ထိခိုက်ခံခဲ့ရသူကို ပိုက်ဆံကျပ် ဆယ်သိန်းပေးရန် ၂၀၁၉ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် အမိန့်ပေးခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းရရှိချက်အရ ထိုသူသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ လလယ်ပိုင်းတွင် မပေးရ သေးပေ။ 

ထိုဖြစ်စဉ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်၏ လိုက်နာကျင့်သုံးရမည့် ကတိက ဝတ်များ အပိုင်း ၉ (ခ) နှင့် အပိုင်း ၇ (ခ) တွင် ဖော်ပြထားသော တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူလူထုအပေါ်  အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက်ပြုမှု စသည်တို့ကို ရှောင်ကျဉ်ရန်ဖြစ် သည့် သဘောတူညီမှုများကို ဖောက်ဖျက်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ 

ခ) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ကျုံဒိုးမြို့နယ်ရှိ အမျိုးသမီးတစ်ဦး  သေဆုံးရခြင်း

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် KNU/KNLA-PC စစ်သားများသည်  ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့ နယ်၊ အ---ကျေးရွာအုပ်စု၊ ခ---ကျေးရွာရှိ ရွာသားများအား ကိုယ်ထိလက်ရောက်မှုဖြင့် အကြမ်းဖက််ခဲ့သည်။  KNU/KNLA-PC တပ်ရင်း နံ ပါတ် ၇၇၆ ရှိ စစ်သားတစ်ဦး ဖြစ်သည့် စောဒ--- မှ ဦးအ---၊ အိမ်နီးချင်းတစ်ဦးအား ၎င်း၏ ရွှေတစ်ဆယ်သားကို ခိုးယူကြောင်းစွပ်စွဲခဲ့သည်။  တပ်ရင်း နံပါတ် ၇၇၆ တပ်ခွဲမှူး စောဖ---နှင့် သူ၏စစ်သား အချို့သည် ဦးအ---နှင့် သူ၏ဇနီး၊ သမီးနှင့် ညီကိုလည်း သူ၏အိမ်တွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်သားများမှ သူ တို့ကို စ---ကျေးရွာသို့ ခေါ်ဆောင်သွားပြီး သူတို့ကို လမ်းတွင်ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း ကတိပေးခဲ့ သည်။ 

သူတို့ စ---ကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ KNU/KNLA-PC တပ်ခွဲမှူး စောဖ---နှင့် စစ်သားသုံးဦးမှ ဦးအ---အား စတင် ရိုက်နှက်ခဲ့သော်လည်း သူ၏ မိသားစုဝင်များကို မရိုက်နှက်ခဲ့ပေ။ စစ်သားများမှ ဦးအ---၏ ပါးစပ်ကို ၎င်းတို့၏ စစ်သုံး ဘွတ်ဖိနပ်များဖြင့် ကန်ခဲ့မှုကြောင့် သူ၏သွားတစ်ချောင်း ကျိုးခဲ့ပြီး၊ ၎င်းတို့၏ လက်ချောင်းကြားတွင် ကျည်ဆံများကို ထည့်ပြီး သူ့(ဦးအ---)ကို ထိုးခဲ့သည်။ တပ်ခွဲမှူးမှ သူ့ကို “နင်ကို ပစ်သတ်တာပဲကောင်းတယ်။ နင့်ကိုသတ်ပြီးမှ ငါလျော်ကြေးပြန်ပေးမယ်။” ဟု ပြောခဲ့သည်။ ဦးအ---မှ ၎င်းတို့ကို ရိုက်နှက်မှုမှရပ်တန့်ရန် တောင်းပန်ခဲ့သော်လည်း ၎င်းတို့မှ သူ့ကိုဆက်လက်ရိုက်နှက်နေခဲ့သည်။ 

ဦးအ---သည် ရွှေကို မခိုးခဲ့သည့်တိုင်အောင် သူခံစားခဲ့ရသည့် ရိုက်နှက်မှုကြောင့် ခိုးခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ ထို့နောက် သူသည် လျော်ကြေးပြန်ပေးမည်ဟု ပြောခဲ့သော်လည်း စစ်သားများမှ သူ့ကိုဆက်လက်ရိုက်နေခဲ့သည်။ ရိုက်နှက်ခဲ့ ပြီးနောက်ပိုင်းတွင်  ဒီအမှုကိုတင်ပြမည်ဆိုလျှင် သူ့ကို ဤထက်ပိုနာအောင် လုပ်မည်ဟု တပ်ခွဲမှူး စောဖ---မှ ဦးအ---ကိုပြောခဲ့သည်။ ထို့နောက် KNU/KNLA-PC မှ သူ၏ မိသားစုဝင်များကို လွှတ်ပေးခဲ့သော်လည်း သူ့ကိုအချုပ်ထဲ တွင်ဆက်ချုပ်နှောင်ခဲ့သည်။ 

ထိုနောက်ပိုင်းတွင် တပ်ခွဲမှူး စောဖ---သည် ဦးအ---၏အိမ်သို့ သွားရောက်ခဲ့ပြီး သူ၏ အသက် ၅၀ အရွယ်ရှိ ဇနီး နော်ဂ---ကို လည်း ရိုက်နှက်ခဲ့သည်။ ဦးအ---၏သမီး နော်ဟ---မှ သူမ၏မိခင် ရိုက်နှက်ခံခဲ့ရမှုကို မြင်တွေ့ခဲ့သည်။ စောဖ---သည် နော်ဟ---မှ သက်သေအဖြစ် မှတ်တမ်းတင်မှုကိုဟန့်တားရန် သူမ၏လက်ကိုင်ဖုန်းကို သိမ်းယူခဲ့ သည်။ ထို့နောက် နော်ဂ---ကို သူမ၏ပါးစပ်မှ သွေးများထွက်လာခဲ့သည့်အထိ သံချောင်းတုတ်ဖြင့်ရိုက်ခဲ့သည်။ နော်ဂ---၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သော်လည်း သူမကိုဆေးရုံသို့ ခေါ်ဆောင် သွားခြင်းမရှိပေ။ သူမ၏ကုသမှုမခံရခဲ့သည့်ဒဏ်ရာကြောင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သူမကွယ်လွန် ခဲ့သည်။ 

ဦးအ---လွတ်မြောက်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့သည့်နောက်ပိုင်းတွင် သူ၏ဇနီး ကွယ်လွန်ခဲ့ရမှုကို သိရှိပြီးနောက် သူစိတ် ဓာတ်ကျခဲ့သည်။  "ကျွန်တော် ပြင်းပြင်းထန်ထန် ရိုက်နှက်မှုခံခဲ့ရပြီး လွတ်လာခဲ့တဲ့နောက်ပိုင်း အိမ်ကိုပြန်ရောက် ခဲ့တဲ့အချိန်မှာ ကျွန်တော်ရဲ့မိန်းမ မရှိတော့တာကိုမသိခဲ့ဘူး။ ကျွန်တော်ရဲ့အိမ်နီးချင်းတွေက ကျွန်တော့်မိန်းမနေမ ကောင်းလို့ ဆေးခန်းမှာဆေးသွားထိုးတယ်လို့ ပြောခဲ့တယ်။ (အိမ်နီးချင်းများမှ သူသည် ဒဏ်ရာများကို လုံလုံ လောက်လောက် ရရှိခဲ့ပြီးဖြစ်သည့်အတွက် သူ့ကို စိတ်ထိခိုက်မှုဆက်မရအောင် သူ့၏ဇနီးကွယ်လွန်သွားမှုကို မပြော ခဲ့ခြင်းဖြစ်သည်)။ အကယ်စင်စစ် ရိုက်နှက်မှုကိုခံခဲ့ရပြီးနောက် သူမကိုဆေးရုံသို့ခေါ်ဆောင်သွားခြင်းမရှိပေ။ ရက် အနည်းငယ် နောက်ပိုင်းတွင် သူမကွယ်လွန်ခဲ့သည်" ဟု သူရှင်းပြခဲ့သည်။ 

အကြမ်းဖက်ရိုက်နှက်မှုကြောင့် သူကြုံတွေခဲ့ရသည့်စိတ်ထိခိုက်မှုအရ ဦးအ---သည် အကြောင်းအရာအလုံးစုံကို အသေးစိတ်သတိမရပေ။ သူ၏ မိသားစုကိုဆန့်ကျင်သည့်အကြမ်းဖက်မှုကို ကျေးရွာလူကြီးထံတင်ပြခဲ့သည်။သို့သော် KNU/KNLA-PC စစ်သားများက သူ့အား ကြမ်းဖက်နှိပ်စက်မှုအတွက် သူသည် စစ်သားများအား အရေးယူ ရန်  အလွန်ကြောက်ရွံ့ခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအ---ရှင်းပြခဲ့သည်မှာ "ကျွန်တော်တို့နေတဲ့ အသိုင်း အဝိုင်းက လက်နက်ကိုင် (KNU/KNLA-PC) အဖွဲ့တွေကြီးစိုးနေတယ်။ လက်နက်ကိုင်အဖွဲ့တွေ ဖြေရှင်းတဲ့ဖြစ်စဉ် တွေမှာ ဒေသခံတွေဝင်ပါလို့မရဘူး။ သူတို့က သူတို့ရဲ့သီးသန့်စီမံခန့်ခွဲမှုစနစ်ရှိတယ်။ ဒီဖြစ်စဉ်မှာရွာလူကြီးက ကြည့်ရှုသူအနေနဲ့ဘဲ ကျွန်တော်နဲ့လိုက်ခဲ့ရတယ်၊ အကြံပေးတဲ့သူအနေနဲ့မဟုတ်ဘူး။ အဲဒါကြောင့် ဒီဖြစ်စဉ်ကို KNU/ KNLA-PC တရားရုံးမှာ လက်နက်ကိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။"

တပ်ခွဲမှူး စောဖ---မှ နော်ဂ---သည် အဆိပ်သောက်ခဲ့မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည့်အတွက် သူမသေဆုံးမှု အတွက် လျော်ကြေးမပေးနိုင်ကြောင်း တောင်းဆိုခဲ့သည်။ ထိုအစား နော်ဂ---၏ သမီးဖြစ်သူ နော်ဟ---မှ ဆယ်တန်း တက်ရောက်နေသည့်အတွက် သူသည် နော်ဟ---၏ ကျောင်းစရိတ်ကို ထောက်ပံ့ရန်အတွက် ကျပ်သိန်း ၃၀ ကို ပေး ခဲ့သည်။ ဤဖြစ်စဉ်ကိုကျေအေးအောင် မည်သို့ဖိအားပေးမှုခံခဲ့ရကြောင်းကို ဦးအ---မှရှင်းပြခဲ့သည်မှာ “KNU/KNLA-PC တပ်မှူးက ကျွန်တော်ရဲ့မိန်းမကွယ်လွန်မှုအတွက် လျော်ကြေးမပေးခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော့် သမီးရဲ့ ပညာသင် စရိတ်တော့ပေးခဲ့တယ်။ သူပေးတာက သိန်းသုံးဆယ် ဒါပေမဲ့ အဲ့ပိုက်ဆံရဲ့ ၁ ရာခိုင်နှုန်းက ဖြတ်တောက်ခံခဲ့ရတယ်၊ (ဒီဖြစ်စဉ်ကို လမ်းညွှန်ပြုလုပ်ပေးခဲ့တဲ့ KNU/KNLA-PC အ ရာရှိတွေကို ပေးခဲ့တယ်။ အဲဒါကြောင့် လျော်ကြေးက ၂၇ သိန်းဘဲရတယ်။ ကျွန်တော့်မိန်းမကတော့ အပြစ်ကင်းစင်စွာနဲ့ သေဆုံးခဲ့ရပြီး လျော်ကြေးတစ်ပြားမှ မရခဲ့တဲ့အတွက် ဒါကတရားမမျှတဘူး။ သူတို့ပြောတာကတော့ ကျွန်တော့်မိန်းမက အဆိပ်သောက်ပြီးသေတာတဲ့၊ သူတို့ရိုက်လို့ မဟုတ်ဘူးတဲ့။ အခုကျွန်တော် ဒီဖြစ်စဉ်ကိုကျေအေးပေးတဲ့ သဘောတူစာချုပ်မှာ KNU/ KNLA-PC နဲ့ လက်မှတ်ထိုး ပေးခဲ့ပြီးပြီ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်ကို လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့လို့။ ကျွန်တော် ကတော့ မကျေနပ်ဘူး ဒါပေမဲ့ သူတို့ကို ရင်ဆိုင်ဖို့ ကျွန်တော်ကြောက်တယ်။ ဒီဖြစ်စဉ်ကို ဘယ်အခြားအာဏာပိုင်တွေဆီကိုမှ မလွှဲပြောင်း မတင်ပြဖို့ သူတို့ကျွန်တော်ကိုခြိမ်းခြောက်ခဲ့တယ်။ တကယ်လို့့ ကျွန်တော်လုပ်ခဲ့ရင် ဘယ်အာဏာပိုင်က မှ ကျွန်တော့်ကို နားထောင်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ KNU/KNLA-PC က သူတို့ကို လာဘ်ထိုးထားခဲ့ပြီး ပြီလို့ဖြစ်တယ်။” 

ထိုဖြစ်စဉ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်၏ လိုက်နာကျင့်သုံးရမည့် ကတိက ဝတ်များ အပိုင်း ၉ (ခ) နှင့် အပိုင်း ၇ (ခ)တွင် ဖော်ပြထားသော တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ သည် ပြည်သူလူထုခံစားစေရမည့်သတ်ဖြတ်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများဖြစ်သည့် သဘောတူညီမှုများကို ဖောက်ဖျက်ကြောင်း ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။ ထို့နည်းတူစွာ တစ်နိုင်လုံးပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် အပိုင်း ၉ (င) နှင့် အပိုင်း ၇ (င) မှ တားမြစ်ထားသည့် တရားလက်လွတ် ဖမ်းဆီးခြင်းများကိုလည်း ကျူးလွန်ချိုးဖောက်ခဲ့သည်။ 

ဂ) ပိုင်ကျုံမြို့နယ်တွင် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် လူသားမဆန်စွာ ချုပ်နှောင်ထားခြင်း အခြေအနေ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ တ---ကျေးရွာအုပ်စုရှိ တ---ကျေးရွာသား စောက--- သည် လူသတ်မှုဖြင့်စွပ်စွဲခံခဲ့ရ သည့်အတွက် KNU/KNLA-PC မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ သူ့ကို လွတ်ပေးရန် သူ၏ဇနီးမှ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂ဝရက်နေ့ ပိုက်ဆံပေးခဲ့သည့်နေ့အထိ သူသည် ကြမ်းတမ်းသည့်အခြေအနေ များအောက်တွင် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ 

စောက---သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် သူ၏လယ်ကွင်းထဲ အလုပ်လုပ်နေစဉ်အချိန်၊ ပိုင်ကျုံမြို့ နယ်၊ ယ---ကျေးရွာအုပ်စု၊ အနီးအနားရွာဘ---ကျေးရွာရှိ ရွာသား စောလ---မှ ငါးဖမ်းမြုံးနှစ်လုံး သယ်လာခဲ့သည်ကို မြင်တွေ့ခဲ့သည်။ စောလ---ကို KNU/KNLA-PC ၏ လုပ်သားတစ်ဦးအဖြစ်လည်း ရွာမှသိရှိခဲ့သည်မှာ သူသည် ထို လက်နက်ကိုင်အဖွဲ့အတွက် မကြာခဏ လုပ်အားပေးလုပ်ဆောင်ပေးသည့်အတွက်ဖြစ်သည်။ စောက---မှ သူမြင်တွေ့ ခဲ့ရသည့်အရာများကို ကျေးရွာလူကြီးထံတင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စောလ---မှ ရွာထဲရှိ အခြားရွာသား တစ်ဦး၏ ငါးပလိုင်းကိုယူလာခဲ့ခြင်းသို့မဟုတ် ခိုးလာခဲ့ခြင်းဖြစ်ကြောင်း ထင်ခဲ့သည့်အတွက်ဖြစ်သည်။ စောက---သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ထိုငါးဖမ်းမြုံးကို သူ၏လယ်မှ စမ်းချောင်းဘေးတွင်တွေ့ရှိခဲ့သည့် အတွက် သူ၏အိမ်သို့ယူလာခဲ့သည်။ 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် တ---ကျေးရွာရှိ အခြားလယ်သမားတစ်ဦးမှ စောလ---၏ ရုပ်အလောင်း သည် မြစ်ချောင်းထဲတွင် ပေါလောပေါ်နေသည်ကို မြင်တွေ့ခဲ့သည်။  အဆိုပါရွာသားသည် ထိုသတင်းအား ရွာထဲရှိ လူအယောက်တိုင်းဆီသို့ ဖြန့်ဝေခဲ့သည်။ ထို့နောက်  KNU/KNLA-PC တပ်ရင်း နံပါတ် ၇၇၃ ဒုတပ်မှူး စောခ--- နှင့် သူ၏စစ်သားများမှ ထိုလူသေအလောင်းကို သွားကြည့်ခဲ့သည်။ ၎င်းတို့၏ပြောကြားချက်အရ ထိုကွယ်လွန်မှုတွင် သူ သည် အရိုက်နှက်ခံခဲ့ရပုံနှင့် တူသည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမဲစက်များရှိနေခဲ့ပြီး သူ၏ များလုံးများလည်း မရှိတော့ပေ။ ထိုလူသေခန္ဓာကိုယ်ကို ရေထဲမှဆယ်ယူခဲ့ပြီးနောက် စစ်သားများမှ သူ့ကိုမြစ်ချောင်း ဘေးတွင်မြှုပ်နှံခဲ့သည်။ 

KNU/KNLA-PC တပ်ရင်း နံပါတ် ၇၇၃ သည် စောက---ကို ၂၀၁၉ ခုနှစ်၊ စက်ပတင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီး ခဲ့ပြီး ၎င်းတို့၏ ဗ---စခန်းတွင် လေးရက်ခန့်ချုပ်နှောင်ထားခဲ့သည်။ ဒေသခံ KNU/KNLA-PC စစ်သားများ သည် ဘ---ရွာရှိ အခြားရွာသားဆယ်ယောက်ကိုလည်း လူသတ်မှုဖြင့်စွပ်စွဲခဲ့ပြီး ထိုသူတို့ကိုဖမ်းဆီးခဲ့သည်။ စောက---သည် တ---ရွာမှ တစ်ဦးတည်းသောစွပ်စွဲခံခဲ့ရသူဖြစ်သည်။ အကြောင်းမှာ စောက---သည် ထိုသေသွားသည့်သူကို ၎င်း မသေခင်နှစ်ရက်ခန့်က တွေ့ခဲ့ကြောင်းတင်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။ 

ထို့နောက် သူသည် KNU/KNLA-PC ၏ ပ---ချုပ်နှောင်မှုစခန်းထဲတွင် မည်သည့်တရားစီရင်မှုမျှ ပြုလုပ်ခြင်းမရှိဘဲ သုံးလထိန်းချုပ်ခံထားရပါသည်။ သူသည် ၄၅ ရက်တိုင်တိုင် ရေမချိုးရခြင်း၊ သူ၏ဇနီးနှင့် တွေ့ခွင့်မရခြင်း၊ သောက်ရေ နှင့် အစားအစာကို လုံလုံလောက်လောက် သောက်သုံးစားသောက်ခွင့်မရခဲ့ခြင်း စသည်တို့ ကြုံတွေ့ခဲ့ရသည်။ သူ့ကို အစားအသောက် သင့်တော်ကောင်းမွန်စွာ စားသောက်စေမှုနှင့် ရေချိုးခွင့်ရရှိခဲ့သည့်နောက်ပိုင်းတွင် သူ့၏ထိန်းချုပ် ထားမှုသည် တိုးတက်ကောင်းမွန်လာသည်။ ထိန်းချုပ်မှုခံခဲ့ရသည့် အခြားရွာသားများသည်လည်း အလားတူပင် ထိုအခြေအနေကို ကြုံတွေ့ခဲ့ရသည်။ 

စောက---သည် ကလေးငါးယောက်ရှိပြီး သူ၏အငယ်ဆုံးကလေးသည် သူဖမ်းဆီးခံခဲ့ရချိန်တွင် ၇ လသားအရွယ်သာ ရှိနေသေးသည်။ သူသည်တစ်နှစ်လျှင် စပါးဆယ်တင်းဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် မြေယာထဲတွင် လယ်ထွန်သည့် အလုပ်ဖြင့် သူ၏မိသားစုစားဝတ်နေရေးကို ဖူလှုံအောင် လုပ်ကိုင်နေရခြင်းဖြစ်သည်။ သူချုပ်နှောင်ခံခဲ့ရချိန်တွင် သူ၏ ဇနီးမှ ကျောင်းတက်နေသော သူတို့၏ကလေးနှစ်ယောက်ကို ထောက်ပံ့ရန်စိန်ခေါ်မှုဖြစ်စေခဲ့သည်။ ထို့ပြင် သူမသည် ကလေးအငယ်ဆုံးကို ပြုစုစောင့်ရှောက်နေရသောကြောင့် လယ်အလုပ်ကို သူမကိုယ်တိုင်မလုပ်နိုင်ပေ။ ထို့ကြောင့် သူမသည် ဆန်နှင့်စားစရာများဝယ်ရန် အခြားသူများထံတွင် ပိုက်ဆံချေးခဲ့ရသည်။ 

စောက---သည် သူ၏ ဇနီးမှ KNU/KNLA-PC ကို ကျပ်နှစ်သိန်းပေးခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လွတ်မြောက်ခဲ့သည်။ စောက--- ချုပ်နှောင်ခံခဲ့ရချိန်တွင် သူ၏မိသားစုသည် အကြွေးတင်ခဲ့ပြီး ယခုအ ချိန်တွင် စီးပွားရေးအခက်ခဲပြဿနာများကို ကြုံတွေ့နေရဆဲဖြစ်သည်။ ဒေသခံများ၏မျက်မြင်သက်သေအရအခြား ချုပ်နှောင်ခံခဲ့ရသည့်ရွာသားများလည်း လွတ်မြောက်ရန်အတွက် ထိုပမာဏရှိငွေကိုပေးခဲ့ရသည်။ သို့သော် သူတို့ သည် စောက---ထက် အချိန်အနည်းငယ်သာ ချုပ်နှောင်ခံခဲ့ကြရသည်။ 

ထိုဖြစ်စဉ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်၏ လိုက်နာကျင့်သုံးရမည့် ကတိက ဝတ်များဖြစ်သည့် အပိုင်း ၉(င) နှင့် အပိုင်း ၇(င)တွင် တားမြစ်ထားသည့် တရားလက်လွတ် ချုပ်နှောင်မှုနှင့် ဖမ်းဆီးမှု များကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ချုပ်နှောင်ခံရသော ပြည်သူများ၏ လွတ်မြောက်ရေးအတွက် မိသားစုဝင်ထံမှ ငွေတောင်းယူမှုသည်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်၏ လိုက်နာကျင့်သုံးရမည့် ကတိကဝတ်၏အပိုင်း ၇(ဃ)မှ ပြည် သူများထံမှ ငွေမတောင်းခံရ ကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ 

ဃ) နဘူးမြို့နယ်ရှိ မြေယာသိမ်းဆည်းမှု 

KNU/KNLA-PC သည် ၂၀၀၇ ခုနှစ်မှစ၍ နော်တရာမြို့သစ်စီမံကိန်းအတွက် ဖားအံခရိုင်၊ နဘူးမြို့နယ်၊ ထို့ကော်ကို ကျေးရွာအုပ်စုရှိ ဒေသခံများ၏မြေယာများကို သိမ်းဆည်းခဲ့သည်။ ဤမြို့သစ်စီမံကိန်းအတွက် မြေယာဧက ၄၀၀၀ ကျော်တိုးချဲ့ခဲ့သည့်အနက် မြေဧက ၄၀၀ ကျော်မှာ ဒေသခံများ၏မြေယာများနှင့် စိုက်ပျိုးမြေများဖြစ်သည်။ ဤစီမံ ကိန်းကို တပ်ရင်း နံပါတ် ၇၀၇ မှ တပ်ရင်းမှူး ဖူးအောင်နိုင််နှင့် တပ်ရင်း နံပါတ် ၇၀၈ တပ်ရင်းမှူး ဘာဘလုမူးတို့မှ စတင်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ 

မြေယာသိမ်းဆည်းခံခဲ့ရသူူများသည် လျော်ကြေးငွေတစ်ပြားမျှမရရှိခဲ့ပေ။ ထိုသူအများစုမှာ KNU မြေယာစာရွက် စာတမ်းရှိပြီးအချို့မှာ မြန်မာအစိုးရ၏ မြေယာစာရွက်စာတမ်းများပင်ရှိသည့်အတွက် ၎င်းတို့၏မြေယာပြန်လည်ရရှိ ရေးအတွက် ဒေသခံ KNU/KNLA-PC ခေါင်းဆောင်များထံတွင် ပြန်လည်တောင်းဆိုသော်လည်း မည်သည့်အဖြေ များမှမရရှိပေ။ မြေယာပိုင်ရှင်များမှ လက်ရှိအခြေအနေအားမကျေနပ်သော်လည်း သူတို့သည် တိတ်ဆိတ်နေရ သည်မှာ KNU/KNLA-PC ကို ကြောက်နေရပြီး ဤဖြစ်စဉ်ကိုလည်း ရှေ့ဆက်မည်သို့ လွှဲပြောင်းတင်ပြရမည်ကို မသိသောကြောင့်ဖြစ်သည်။ KNU/KNLA-PC မှ သိမ်းဆည်းထားသောမြေယာများပေါ်တွင် ကျောင်းများ၊ မိမိတို့၏ မိသားစုအတွက် အိမ်များနှင့်အခြားအဆောက်အအုံများကို ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုမြေယာအချို့ပေါ်တွင် ၎င်း တို့၏ ဝင်ငွေရရှိရေးအတွက်  ရော်ဘာပင်များကိုစိုက်ပျိုးကြသည်။

မြေယာသိမ်းဆည်းခံခဲ့ရသော သူများအနက်တစ်ဦးဖြစ်သည့် နော်မ---သည် သူမ၏မြေယာများကို သိမ်းဆည်းခံရမှုမှ ပထမပိုင်းတွင်ကာကွယ်ရန် ခြံစည်းရိုးများကိုခတ်ခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။ သူမ၏အတွေ့အကြုံကို ကရင်လူ့ အခွင့်အရေးအဖွဲ့သို့ မျှဝေခဲ့သည်မှာ "ကျွန်မတို့မြေတွေပြန်ရဖို့အတွက် ကြိုးစားခဲ့တယ် ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။ မြေယာသိမ်းဆည်းခဲ့တဲ့သူတွေက ကျွန်မတို့ကိုပြောတ် မြို့နယ်မြေတိုင်းမှူးက မြေယာတွေကိုအကြမ်းဖျင်း လာတိုင်းပြီးပြီတဲ့။ အဲဒါကြောင့် ဘယ်သူမှကျွန်မတို့မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းကိုအသိအမှတ်မပြုဘူးတဲ့။ ကျွန် မဒီဖြစ်စဉ်ကို တပ်မှူး ဗိုလ်အောင်နိုင်ဆီတင်ပြတယ်။ အဲ့ဒါ သူပြန်ပြောတာက နင်ဒီမှာတင်ပြလို့မရဘူး၊ KNU/KNLA-PC ဌာနချုပ်အဆင့်မှာ သွားတင်ပြရမှာတဲ့။ အဲ့ဒါနဲ့ ကျွန်မအရှုံးပေးလိုက်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်ရမလဲ မသိလို့လေ။ ကျွန်မ သူတို့ရဲ့ဌာနချုပ်က ဘယ်မှာဆိုတာလဲ မသိဘူး။ ကျွန်မ အရမ်းဝမ်းနည်းတယ် ဒါပေမဲ့ ကျွန်မမြေပြန်ရဖို့ ဒီထက် ဘာမှမလုပ်နိုင်ဘူး။" 

ဒေသခံများက ဤစီမံကိန်းကိုဆန့်ကျင်ရခြင်းမှာ ၎င်းတို့၏စားဝတ်နေရေးဖူလှုံမှုအတွက် စိုက်ပျိုးရေးနှင့် နီးစပ်ရာ သစ်တောတွင် အစားအစာများအားရှာဖွေစားသောက်မှုမှတစ်ဆင့် လုံးဝအကျိုးသက်ရောက်သောကြောင့်ဖြစ််သည်။ ၎င်းတို့၏ ဝင်ငွေရရှိခွင့်ဆုံးရှုံးခြင်းသည်လည်း ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီနိုင်ခွင့်ကို အဟန့်အတားဖြစ်စေ သည်။ KNU/KNLA-PC စစ်သားများမှ ထိုသိမ်းဆည်းထားသောမြေနေရာများတွင်ရှိနေမှုနှင့် ရွာသားများမှ သိမ်း ဆည်းခံထားရသော ၎င်းတို့၏မြေယာများတွင် ဝင်ရောက်သွားလာခွင့်မရှိသောကြောင့် အချို့ရွာသားများသည် မိမိတို့ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို တားဆီးပိတ်ပင် တင်းကျပ်စေမှုကို ခံစားကြရသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထို့ကော်ကိုးနှင့် ဝေါ်လေကျေးရွာအုပ်စု နှစ်စုမှ ရွာသားများသည် ထို့ကော်ကိုးကျေးရွာအုပ်စုမှူးထံသို့ တိုင်ကြားစာပို့ဆောင်ရန် စုရုံးခဲ့ကြသည်။ 

ဤကဲ့သို့ဆန့်ကျင်ခဲ့ကြသည့် ကြားမှ KNU/KNLA-PC မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြေယာများကို ကျောင်းနယ် မြေ(အားကစားကွင်း)၊မကျူးကျော်ရ။ အမှတ်အသားများဖြင့် ထပ်မံသိမ်းဆည်းခဲ့ပြီး၊မြေပိုင်ရှင်များအား ဤအကြောင်း အရာနှင့်ပတ်သက်၍ကြိုတင်အသိပေးသော်လည်းကောင်း လျော်ကြေးငွေပေးခြင်းသော်လည်းကောင်းမရှိပေ။ ၎င်းတို့ သည်  မသိကျိုးကျွန်ပြုခံထားရပြီး ၎င်းတို့၏မြေယာများပြန်လည်ရရှိမည့် မျှော်လင့်ချက်ပျောက်ဆုံးခဲ့ကြသည်။ ၎င်းတို့ မြေယာထဲရှိ အချို့သစ်ပင်များကို ခုတ်လှဲခဲ့ပြီး သစ်စက်များဖြင့်သစ်ထုတ်လုပ်မှု လုပ်ငန်းလုပ်ဆောင်ခဲ့ကြသည်။ 
ထိုဖြစ်စဉ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်၏ လိုက်နာကျင့်သုံးရမည့်ကတိက ဝတ်များဖြစ်သည့် အပိုင်း ၉(စ) နှင့် အပိုင်း ၇(ခ)တွင် တားမြစ်ထားသည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ပြည်သူများ၏ မြေယာများကို မသိမ်းဆည်းရ ထိုအချက်ကိုချိုးဖောက်ခြင်းဖြစ်သည်။ 

နိဂုံး

ဤဖြစ်စဉ် လေးခုဖော်ပြထားသည်မှာ တစ်နိုင်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သော်လည်း KNU/KNLA-PC အဖွဲ့ဝင်များမှ ၎င်းတို့စီမံခန့်ခွဲမှု နေရာဒေသများတွင်ရှိသောပြည်သူများအား လူ့ အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ကြသည်။ ကျူးလွန်ခံခဲ့ရသူများမှ ပြန်လည်တုံ့ပြန်မှုကို ခံစားရမည်ကို ကြောက်ရွံ့ခြင်း၊ ဒေသခံအာဏာပိုင်များကိုလည်း ထိပ်တိုက်မရင်ဆိုင်ရဲခြင်း၊ သို့မဟုတ် KNU/KNLA-PC ထိန်းချုပ် ထားသည့် ဘက်လိုက်ခြင်းများရှိသည့် ကျေအေးမှု မူဝါဒကြောင့် အဆိုပါဖြစ်စဉ်များကိုမတင်ပြရဲကြပေ။ အချို့အခြေ အနေများတွင် ပြစ်မှုကျူးလွန်ခဲ့သူများမှ ထိခိုက်ခံခဲ့ရသူများမှ မိမိတို့၏ ကြုံတွေ့ရမှုများကို တင်ပြခြင်းမှ ကာကွယ်ရန် နှင့် တရားမျှတမှုရရှိရန် ရှာဖွေမှုများအတွက် ခြိမ်းခြောက်မှုများကို ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ သင့်တင့်မျှတ သည့် တရားစီရင်မှုမရှိခြင်းနှင့် စည်းကမ်းလိုက်နာမှု မရှိသည့် KNU/KNLA-PC အဖွဲ့ဝင်များကြောင့် အဆိုပါပြစ်မှု ကျူးလွန်မှုများသည် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေပါသည်။  ဤအခြေအနေသည် ၎င်းတို့ကို မည်သည့်ထိရောက်သည့် အရေးယူခြင်းမျှမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်စေနိုင် ပါသည်။  

KNU/KNLA-PC ၏ခေါင်းဆောင်ပိုင်းများမှ ၎င်းတို့အဖွဲ့အစည်း၏လုပ်ရပ်များသည် NCA ပါ အချက်များနှင့်ဆက်စပ် သောကတိကဝတ်များကို လိုက်ကြောင်းသေချာစေရန် လိုအပ်သည့်လုပ်ငန်းအဆင့်ဆင့်ကို အရေးတကြီးကစ္စတစ်ခု အဖြစ် လုပ်ဆောင်ရမည်ဖြစ်သည်။ NCA ကိုချိုးဖောက်သောပုဂ္ဂလ်များကိုစည်းကမ်းကြပ်မတ်နိုင်ရန် သီးသန့်ယန္တရား ဖွဲ့စည်းရမည်ဖြစ်ပြီး ကြီးမားသော လူ့အခွင့်ချိုးဖောက်မှုရှိသည့်အချိန်တွင် ချိုးဖောက်သူကို ဥပဒေအရအရေးယူနိုင်မှု များအထိလုပ်ဆောင်နိုင်ရမည်။

Wed, 22 Jan 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်