Thu, 20 Jun 2019
"အကယ်၍ ကျွန်မသာသိခဲ့မယ်ဆိုရင် မြန်မာပြည်ကို ပြန်လာခဲ့မှာ မဟုတ်ဘူး"
  • ပြန်လည်ရွှေ့ပြောင်းခဲ့ကြသည့် ဒုက္ခသည်များအတွက် ၎င်းတို့၏နေရာသစ်သည် တပ်မတော်စစ်တပ်စ ခန်းနှင့် နီးကပ်စွာ တည်ရှိနေခြင်းနှင့် လုပ်ကိုင်စားသောက်ရာနေရာဝန်းကျင်တွင် မပေါက်ကွဲပဲကြွင်း ကျန်နေသော လက်နက်ခဲယမ်းများရှိနေခြင်းတို့သည် ၎င်းတို့အတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေပါ သည်။[1]
နိဒါန်း
“စခန်းထဲမှာတော့ ရိက္ခာတွေကို လျှော့ချနေပြီ။ ပြီးတော့ အိမ်တွေကိုပြင်ဖို့အတွက် သစ်တွေ ဒါမှမဟုတ် ဝါးတွေ လုံးဝမရတော့ဘူး။ မိသားစုရဲ့ စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေနဲ့ ကျွန်မတို့ ရင်ဆိုင်နေရတယ်၊ သစ်တွေ ဝါးတွေကိုရဖို့အတွက် စခန်းအပြင်ဖက်ကို ကျွန်မတို့ခိုးထွက်ရတယ်။ ဒါကြောင့် ကျွန်မ မြန်မာပြည်မှာ ပြန်နေဖို့ ဆုံးဖြတ်ခဲ့တယ်။” 
နော် ဝ---၊ လတ်တလော ပြန်လည်နေရာချထားရေးမှ ဒုက္ခသည်တစ်ဦး
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၂၀ ရက်နေ့ နှင့် ၂၃ ရက်နေ့ကြားတွင် ထိုင်းနိုင်ငံတွင်းရှိ ကရင်နီဒုက္ခသည်စခန်းအပါအဝင်၊ ဒုက္ခသည်စခန်းငါးခုမှ လူဦးရေ (၅၀၀) ကျော်ရှိ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးသူငယ်များသည်  မြန်မာပြည်သို့ ပြန်သွားခဲ့ကြပါသည်။[2] ဤတတိယအကြိမ် ပြန်လည်နေရာချထားရေးကို ထိုင်းနှင့်မြန်မာ အစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး (UNHCR)၊ နှင့် လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ဤလုပ်ငန်းဆောင်တာများအား သိရှိရန်နှင့် ပြန် လည်နေရာချထားခံရသော ဒုက္ခသည်များသည် ၎င်းတို့၏ ဘဝသစ်တွင် လိုက်လျောညီထွေစွာ နေထိုင်နိုင်အောင် မည်ကဲ့သို့ လုပ်ဆောင်ကြသည်ကို နားလည်သဘောပေါက်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် ပြန်လည်နေရာချထား ရေးနေရာဖြစ်သော လေးဖါထောနှင့်[3]  မယ်လဝေလယ်မူး (မယ်လထ)[4] ရှိ ဒုက္ခသည် (၁၃) ဦးတို့နှင့် လူတွေ့မေးမြန်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းခဲ့သော ဒုက္ခသည် များသည်  အမျိုးသား (၆) ဦး၊ အမျိုးသမီး (၇) ဦးဖြစ်ပြီး နို့ဖိုး၊ ဘန့်ဒုန်ယန်း (သောပ) နှင့် မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းများမှ ပြန်လာခဲ့ကြသည့်သူများဖြစ်ကြပါသည်။ ကရင်အမျိုး သားအစည်းအရုံး (KNU)နှင့် ကရင် အမျိုးသားအစည်းအရုံးငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ပြန်လည်နေရာချထားရေးနေရာအတွက် တာဝန်ရှိဒေသခံခေါင်းဆောင်သုံးဦးတို့ကိုလည်း ကရင်လူ့အခွင့်အရေး အဖွဲ့မှ လူတွေ့မေးမြန်းခဲ့ကြပါသည်။ 
လတ်တလော ပြန်လည်နေရာရွှေ့ပြောင်းခဲ့ကြသော ဒုက္ခသည်များ၏ ထွက်ဆိုချက်များအရ ၎င်းတို့၏   ပြန် လည်နေရာချထားမှု အခြေအနေအစစ်အမှန်ကို ဖော်ပြထားပါသည်။ ၎င်းတို့၏ခရီးစဉ်သည် အစာရေစာလုံ လောက်မှုမရှိ သည့်အပြင် နေရာသစ်အိမ်သစ်သို့ပြန်ရန်  ဖုန်ထူသည့်ကား ၏အနောက်ဖက်တွင် ကျဉ်းကျဉ်း ကြပ်ကြပ်ဖြင့် ပြန်သွားခဲ့ကြရပါသည်။ ပြန်လည်နေရာချထားရေးနေရာတွင် ၎င်းတို့အား အခြေခံလူမှုရေးဝန် ဆောင်မှု၊ လယ်ယာ စိုက်ပျိုးရေးမြေယာများ နှင့် ဝင်ငွေရရှိမှုအခွင့်အရေး နည်းပါးမှုတို့ကသာ ဆီးကြိုလျှက်ရှိ နေပါသည်။ ထိုကဲ့သို့ ပြန်လည်ရွှေ့ပြောင်းခဲ့ကြသည့် ဒုက္ခသည်များအတွက် ၎င်းတို့၏နေရာသစ်သည် တပ်မ တော်စစ်တပ်စခန်းနှင့် နီးကပ်စွာ တည်ရှိနေခြင်းနှင့် ထိုနေရာဝန်းကျင်တွင် မပေါက်ကွဲပဲကြွင်းကျန်နေသော လက်နက်ခဲယမ်းများရှိနေခြင်းတို့သည် ၎င်းတို့အတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေပါသည်။ 
ကမ္ဘာ့ကုလသမဂ္ဂမှ“ဒုက္ခသည်များအားပြန်ပို့ရာတွင် နိုင်ငံရေး၊ စီးပွားရေး နှင့် ၎င်းတို့၏ဂုဏ်သိက္ခာ၊ အသက် မွေးဝမ်းကျောင်း နှင့် ဘဝအတွက်လိုအပ်လျှက်ရှိသော လူမှုရေးအခြေအနေတိုင်းအတွက် လုံခြုံစိတ်ချရသော အရည်အသွေးရှိရမည်ဖြစ်သည်”[5] ဟူ၍အနက်ဖွင့်ဆိုထားသော်လည်း အောက်ခြေမှဖြစ်ပျက်နေသော အခြေအ နေများကြောင့် ပြန်လည်ထူထောင်ရေး၏ အောင်မြင်မှုမျှော်လင့်ချက်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့မှ စိုး ရိမ်နေပါသည်။ 
မြန်မာပြည်သို့ပြန်သွားရာတွင်ဆိုးရွားသောဖြစ်ရပ်များ
ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည်များ သည် ဒုက္ခသည်စခန်းမှ ထိုင်းမြန်မာနယ်စပ်သို့ ပြန်သွားသော ခရီးစဉ်တွင်  အခက်အခဲတစ်စုံ တစ်ရာကြုံတွေ့ရကြောင်း တင်ပြထားခြင်းမရှိခဲ့ ပါ။ ၎င်းတို့အတွက် သယ်ယူပို့ဆောင်ရေး၊ နေရာ ထိုင်ခင်း နှင့် အစားအသောက်များအား UNHCR၊ IOM နှင့် ဒုက္ခသည်စခန်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ထိုင်းအစိုးရစစ်သား (အော ဆော်) တို့မှ ထောက်ပံ့ပေးခဲ့ကြပါသည်။ ထို့ပြင် ကလေးတစ်ဦးလျှင် ဘတ် (၇၅၀၀) နှင့် လူကြီး တစ်ဦးလျှင် ဘတ် (၉၃၀၀)  အသီးသီးလက်ခံရ ရှိခဲ့ကြပါသည်။ သို့သော်၊ မြန်မာပြည်တွင်းသို့ ပြန် သွားကြသော ဒုက္ခသည်များသည် အခက်အခဲ စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆို်င်ခဲ့ကြရပါသည်။ ထိုအခက်အခဲများ ထဲတွင် သွားလာရေးနှောင့်နှေးကြန့်ကြာမှု၊ သက်သောင့််သက်သာရှိမှုနှင့် လုံခြုံမှုမရှိသည့် ခရီးအခြေအနေများ၊ ရေနှင့် လတ်ဆတ်သော အစားအစာမလုံလောက်မှုတို့ပါဝင်ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ပြန်လည်နေ ရာချထားရေးအစီအစဉ်နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းများက တာဝန်ရှိကြောင်း အတည်မပြုနိုင်ခြင်း မှာ ပြန်သွားကြသောဒုက္ခသည်အများစုက ဤကိစ္စအား မသိရှိခြင်းကြောင့်ပင်ဖြစ်ပါသည်။ 
မြဝတီ မှ နို့တကော(ကြာအင်းဆိပ်ကြီး) မြို့နယ်သို့ ပြန်သွားသော ပြန်လည်နေရာချထားခံရသော ဒုက္ခသည် တစ်ဦးဖြစ်သည့် နော်စ---မှ သူမ၏အတွေ့အကြုံအား ကရင်လူ့အခွင့်အရေးအဖွဲ့ထံသို့ ဝေငှခဲ့ပါသည်။ “ထိုင်း နိုင်ငံမှာဆိုရင်တော့ သယ်ယူပို့ဆောင်ရေးနဲ့ အစားအစာတွေကတော့ အချိန်မှီ လုံလုံလောက်လောက် ပြင်ဆင် ပေးထားတယ်။ မြန်မာပြည်မှာကြတော့ သယ်ယူပို့ဆောင်ရေးကလည်း နောက်ကျပြီး ရေလည်းမပေးဘူး၊ ပြီးတော့ အစားအစာအသိုးတွေပဲ ကျွန်မတို့ရကြတယ်။ အဲ့မှာ စီစဉ်သူတွေကတော့ လာကြိုမယ့်ကားက (၈းဝ၀) နာရီမှာ ရောက်လာမယ်လို့ပြောပြီးတော့ ကားက ရောက်မလာဘူး။ မနက် (၁ဝးဝ၀) နာရီအထိ စောင့်နေခဲ့ပေ မယ့် ဘယ်သူမှ လာမကြိုဘူး။ ကျွန်မတို့နဲ့ ကလေးတွေလည်း တော်တော်ဗိုက်ဆာနေကြပြီ၊ ဒါပေမဲ့ အဲ့ဒီမှာက ကျွန်မတို့အတွက် ပထမဦးဆုံးအကြိမ်ဆိုတော့ ဘယ်မှာ စားစရာဝယ်ရမှန်းလည်း မသိဘူး။ ညနေပိုင်းရောက် တော့ အဲ့ဒီမှာဘဲ အိပ်ရတော့မယ်လို့ထင်ခဲ့တာ  ဒါပေမဲ့ တာဝန်ရှိတဲ့သူက ကျွန်မတို့ကို သွားရမယ်လို့ ပြောခဲ့ တယ်။ ညဖက် ကျွန်မတို့ ခရီးသွားခဲ့ရပြီး ကားရဲ့အနောက်ဖက်အခြမ်းမှာ ချမ်းချမ်းလေးနဲ့ အိပ်ခဲ့ရတယ်။ ကျွန်မနေမကောင်းဖြစ်ခဲ့ပြီး လည်ချောင်းဆို အခုထက်ထိနာနေတုန်းပဲ။ ကားမောင်းသမားဆိုရင် လမ်းမှာ နှစ်နာ ရီ သုံးနာရီခြား တစ်ကြိမ်  ခဏခဏ ရပ်တယ်။” 
ပြန်လည်နေရာချထားခံရသော အခြားအမျိုးသမီးတစ်ဦးဖြစ်သည့် နော်ဝ---မှ မီးသွေးအပြည့်တင်ဆောင်ထား သည့် ကားအနောက်ဖက်တွင် ပြန်သွားခဲ့ရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ထံသို့ တင်ပြခဲ့ပါသည်။ ၎င်းတို့ သည် လက်နက်ကိုင်အဖွဲ့များကြောင့် လမ်းတွင် အကြိမ်ပေါင်းများစွာရပ်ခဲ့ကြရသည်။ “ညနေ (၈းဝ၀) နာရီဝန်း ကျင်လောက်မှာပေါ့၊ မီးသွေးတင်တဲ့ကားနှစ်စီးက နို့ဖိုးနဲ့ ဘန့်ဒုန်ယန်း (သောပ) ဒုက္ခသည်စခန်းကပြန်လာတဲ့ ဒုက္ခသည်တွေကို လာကြိုတယ်။ လက်နက်ကိုင်အဖွဲ့တွေက လမ်းမှာကားတွေကိုရပ်ခိုင်းလို့ ကျွန်မတို့တွေ ကြာအင်းမြို့ကို ညနေ (၃းဝ၀) လောက်မှရောက်တာ။ သူတို့တွေက မြန်မာလိုပြောကြတော့ ကျွန်မနားမလည် ဘူး။” ဤ ဖြစ်ရပ်သည် မြန်မာပြည်တွင်း သယ်ယူပို့ဆောင်ခြင်းအတောအတွင်း ပြန်လည်နေရာချထားခံရသော သူများ၏ သက်သောင့််သက်သာမှုရှိရန်တို့အတွက် အသေအချာ စီစဉ်ဆောင်ရွက်ပေးခြင်းမရှိကြောင်း ပေါ်လွင် နေပါသည်။ ပြန်လည်နေရာချထားခံရသောသူများသည် အအေးဒဏ် နှင့် အပူဒဏ်မှ အကာအကွယ်မရှိသော ကား များဖြင့် ပြန်သွားခဲ့ကြရပါသည်။ ၎င်းတို့ဖော်ပြထားသော ဖြစ်ရပ်ဖြစ်သည့် လမ်းရှိ ဖုန့်နှင့် မီးသွေးမှုန့်တို့ ကြောင့် အထူးသဖြင့် ကလေးများနှင့် အသက်ကြီးသူများအဖို့ အသက်ရှူမှုလမ်းကြောင်းနှင့် ပါတ်သက်သော ရောဂါကို ဖြစ်စေပါသည်။  
အလားတူအတွေ့အကြုံအား အခြားသော ပြန်လည်နေရာချထားခြင်းခံရသော ဒုက္ခသည်အဖွဲ့များမှ ဝေငှထားပါ သည်။ ၎င်းတို့သည် ကျဉ်းကြပ်ပြည့်နက်နေသည့် အမိုးအကာမရှိသည့်ကား၏အနောက်ဘက်ခြမ်းတွင် ဖုန်နှင့် နေပူဒဏ်ကိုခံပြီး ပြန်သွားခဲ့ရပါသည်။ ဤအခြေများကြောင့် ၎င်းတို့၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက် မှုများကြောင့် ထိုင်းနယ်စပ်စခန်းထဲတွင် နေထိုင်သောဒုက္ခသည် အချို့့ကလည်း ပြန်ရမည် မပြန်ရမည်ဟူ၍ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ပြန်သွားကြသောသူများမှတင်ပြခဲ့ပါသည်။  ပြန်လည်နေရာချထားခံရသော အမျိုး သမီးတစ်ဦးဖြစ်သည့် နော်ဆ---က ဤကဲ့သို့ရှင်းပြထားပါသည်။ “ကားနောက်ဖက်ခြမ်းဆိုရင် ကြပ်ပြီးတော့ တ ရစပ်တုန်နေတယ်။ ဖုန်တွေလည်းအများကြီးပဲ၊ ပြီးတော့နေလည်းအရမ်းပူတယ်။ ကျွန်မတို့တွေရဲ့ မျက်နှာမှာ ဆိုရင် ဖုန်မှုန့်တွေနဲ့ပေနေပြီး မျောက်မျက်နှာနဲ့တောင်တူတယ်။ အရမ်းရယ်ရတာပဲ။ ကောင်းကောင်း အသက်ရှူ လို့ မရဘူး။ အဲ့ဒီအခြေအနေက ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေအတွက် တကယ်ခက်ခဲတယ်။ ကျွန်မ တောင်မှ နောက်နေ့ထတဲ့အချိန်မှာ တစ်ကိုယ်လုံးကိုနာလို့။ လူကြီးအများစုဆိုရင် ကိုယ်တွေလက်တွေ နာပြီး တော့ ဖုန်မှုန့်တွေရှူရပြီး မောပန်းနေတဲ့အတွက် မထနိုင်ကြဘူး ဒါပေမဲ့ ကျွန်မတို့ကသူတို့ကို မကူညီနိုင်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘာကျန်းမာရေးကူညီစောင့်ရှောက်မှုမှလည်း မရှိဘူးလေ။ တကယ်လို့ ပြန်လည်နေရာချ ထားခြင်း အစီအစဉ်က ဒီလိုဖြစ်မယ်ဆိုတာကို အစောကြီးကတည်းကသိခဲ့မယ်ဆိုရင် ကျွန်မပြန်မှာမဟုတ်ဘူး။ ကျွန်မရဲ့ အစ်မကို ဒီအခြေအနေတွေ ပြောပြလိုက်တော့ ကလေးတွေအတွက် သူမက မပြန်တော့ဘူးလို့ ကျွန်မကို ပြောခဲ့တယ်။” 
ပြန်လည်နေရာချထားခြင်းခံရသော ဒုက္ခသည်များသည် ၎င်းတို့ကြုံတွေ့ရသောအဖြစ်အပျက်များအား ပြန်လည်နေရာချထားရေးနေရာရှိ လေးဖါထောမှ ကော်မတီဝင်တစ်ဦးထံသို့တင်ပြခဲ့ပါသည်။ နော်ဝ--- သည် ကရင်လူ့အခွင့်အရေးအဖွဲ့အား ၎င်းတို့၏ ရောက်ရှိမှုအတွက်ကြာအင်းအာဏာပိုင်များမှ ကြိုတင်ပြင်ဆင်ထား ခြင်းမရှိကြောင်း ပြောခဲ့ပါသည်။ “ပြန်သွားတဲ့သူတွေထဲမှာဆိုရင် ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေလည်းပါ တယ်။ အမိုးအကာမပါပဲ နေပူတောထဲမှာ ပြန်လာခဲ့ရတာကတော့ သူတို့တွေအတွက် အဓိက အခက်အခဲဖြစ် တယ်။ သူတို့တွေသာဖျားနာခဲ့မယ်ဆိုရင် ဆေးရုံကိုသွားပို့ဖို့ခက်မှာ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့မှာ ဆိုုင် ကယ်တွေ ကားတွေ မရှိဘူး။ ကြာအင်းကို သူတို့ ရောက်တဲ့အချိန်မှာ အပြင်ထွက်ပြီး အစားအစာဝယ်ဖို့အတွက် ကြောက်ကြတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကိုချန်ထားခဲ့မှာစိုးလို့လေ။ ညစာကျွေးတာကလည်း နောက် ကျပြီး လာကျွေးတဲ့အစာကလည်း အသိုးတွေ။ ဒီဒေသရဲ့လက်နက်ကိုင်အဖွဲ့တာဝန်ခံ က ပြန်လာတဲ့ဒုက္ခသည် တွေအတွက် အစားအသောက်ပြင်ဆင်ပေးဖို့ ပိုက်ဆံမရှိလို့ဆိုပြီး ဒေသခံတွေဆီကနေ ပြီးတော့မိသားစုတစ်စု ကို ဆန်တစ်အိတ်ပေးဖို့ လူတစ်ယောက်က ကျွန်မကို ပြောပြတယ်။”  ဤကဲ့သို့သောအခြေအနေများအား ရှောင်ကျဉ်ရန် ပြန်လည်နေရာချထားရေးအစီအစဉ်တွင် ပါဝင်ကြသော အဖွဲ့အစည်းများကြားတွင် ကောင်းမွန် သော ညှိနှိုင်း ဆောင်ရွက်ခြင်းရှိရန် လိုအပ်ကြောင်း သူမအလေးပေးပြောခဲ့ပါသည်။ “အနာဂတ်မှာတော့ သူတို့ ရဲ့စီစဉ်ဆောင် ရွက်မှုစနစ်တွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ဖို့လိုပြီး ပိုမိုကောင်းမွန်တဲ့ ဆက်သွယ် အကြောင်း ကြားမှုတွေလည်း ရှိသင့်တယ်။”
UNICEF နှင့် မြန်မာကြက်ခြေနီအသင်းအဖွဲ့တို့မှ ပြန်သွားသော ဒုက္ခသည်များအား အိမ်ထောင်စုတစ်စုလျှင် (၄၇၀၀၀၀) ကျပ်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများဖြင့် ထောက်ပံ့ပေးခဲ့ပါသည်။ 
ထိုထောက်ပံ့မှုများထဲတွင် အဝတ်အစားများ၊ စောင်များ၊ ဆပ်ပြာ၊ သေတ္တာပုံးများ၊ စားသုံးဆီ၊ ခြင်ထောင် များ၊ ရေပုံးများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ ဆန်၊  အိုးများ၊ အမျိုးသမီးလစဉ် သုံးဂွမ်းကပ်များ၊ ခေါက်ဆွဲထုပ်များနှင့် ညှပ်ဖိနပ်များ ပါဝင်ပါသည်။ သို့ သော် အင်တာဗျူးဖြေဆိုသူများမှ ၎င်းတို့သည်  မိသား စုအတွက် လိုအပ်သည့် သန့်ရှင်းရေးအသုံးအဆောင် များအား လုံလောက်စွာ မရရှိကြကြောင်းတင်ပြခဲ့ပါ သည်။ 
ပြန်သွားသောအမျိုးသမီးတစ်ဦးမှ ဤအခြေအနေ သည် သူမ မျှော်လင့်ထားသကဲ့သို့ မဟုတ်ကြောင်း ကရင်လူ့အခွင့်အရေးထံသို့ပြောပြခဲ့ပါသည်။ “မြန်မာ ပြည် မပြန်ခင်မှာတော့ ကျွန်မတို့ကို ကျပ် (၅၀၀,၀၀၀) နဲ့ (၁,၀၀၀,၀၀၀) ကြားမှာရမယ်လို့ပြောခဲ့တယ်။ တကယ်တမ်းပြန်သွားတော့ (၄၃၀၀၀၀)[6] ကျပ်ဝန်းကျင်လောက်ပဲရတယ်။ ရတဲ့အိမ်အသုံးအဆောင်ပစ္စည်းတွေက လည်း မကောင်းဘူး၊ ပြီးတော့ ကျွန်မတို့ရဲ့ မိသားစုဝင်တွေ အားလုံးအတွက်လည်း မလောက်ဘူး။ ပေးတဲ့ညှပ်ဖိ နပ်ကလည်း သုံးရက်ထဲနဲ့တင် ပျက်နေပြီး။ ဖြစ်နိုင်ချေကတော့ သူတို့ရဲ့ဂုဏ်သိက္ခာကို ထိန်းဖိုု့အတွက် ဒီပစ္စည်း တွေကို အခုလို ကျွန်မတို့ကို ဝေပေးတာပဲဖြစ်ရမယ်။”
မယ်လဝေလယ်မူးနှင့် လေးဖါထောမှ အခြေခံဝန်ဆောင်မှုများ မလုံလောက်မှု
ဒုက္ခသည်များ  ပြန်လည်နေရာချထားရေး နှင့်  ပြန်လည်ထူထောင်ပေးရေးတွင် ရေရှည်တည်တံ့ခိုင်မြဲရန်အ တွက်   ပစ္စည်းဥစ္စာလုံလောက်မှုရှိခြင်းသည် အရေးပါလှပါသည်။ UNHCR မှ ၎င်းအား “ပစ္စည်းဥစ္စာလုံလောက် မှုရှိခြင်းဆိုသည်မှာ ပြန်လည်နေရာချထားရေး အစောပိုင်းအဆင့်တွင် ဒုက္ခသည်များ အသက်ရှင်သန်နိုင်ရန် လို အပ်သော အခြေခံဝန်ဆောင်မှုများဖြစ်သည့် (နေရာထိုင်ခင်း၊ ရေ၊ ကျန်းမာရေး နှင့် ပညာရေး) တို့အားရရှိခြင်း ပင်ဖြစ်သည်။ ထို့ပြင် ယင်းတွင် အလုပ်အကိုင်ဝင်ငွေလည်ပတ်မှု အခွင့်အလမ်းရရှိခြင်း၊ ပညာရေးနှင့် ကျန်းမာ ရေးတို့တွင်လည်း ဘက်လိုက်မှုမရှိသော ဝန်ဆောင်မှုများရရှိခြင်းလည်း ပါဝင်ပါသည်။  ပြန်လည်ထူထောင် ပေးရေး အစောပိုင်းကာလတွင်  ဒုက္ခသည်များသည် မိမိတို့ ကိုယ်တိုင်ပြန်လည်ထူထောင်နိုင်ရန်နှင့် ၎င်းတို့၏ အသက် မွေးဝမ်းကျောင်းလုံခြုံရန်အတွက် အခြေခံဝန်ဆောင်မှုများ၊ ကူညီပံံ့ပိုးမှုများနှင့် ဝင်ငွေလည်ပတ်မှုအ ခွင့်အရေးများအား ရရှိခြင်းသည် အထူးပင် အရေးကြီးလှပါသည်။”[7]  ဤပစ္စည်းဥစ္စာလုံလောက်မှုသည်မယ်လဝေ လယ်မူး သို့မဟုတ် လေးဖါထောတို့အတွက်   မရှိကြောင်း ပေါ်လွင်ပါသည်။ ဤအခြေအနေသည် ပြန်လည် နေရာချထားခြင်းခံရသော ဒုက္ခသည်များ၏ ရေရှည်ရည်မှန်းချက်ကို ခြိမ်းခြောက်မှုဖြစ်စေခြင်းနှင့် ပြန်လည် နေရာချထားခံရသော လူဦးရေများ၏ သက်သောင့်သက်သာရှိမှုတို့အတွက် အနည်းငယ်သာ ဖြစ်မြောက်စေခဲ့ ကြောင်း ဤဖြစ်ရပ်မှ မီးမောင်းထိုးဖော်ပြနေပါသည်။  
မူလတန်း နှင့် အထက်တန်းကျောင်းကို ကလေးများသည် မယ်လဝေလယ်မူးတွင် တက်ရောက်နိုင်သည်။ ထို နေရာတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုအတွက် ဆေးပေးခန်းတစ်လုံးရှိသော်လည်း နေရပ်သို့ပြန်လည်ရွှေ့ ပြောင်းနေထိုင်သောဒုက္ခသည်များက ကရင်လူ့အခွင့်အရေးအဖွဲ့အား ပြောကြားချက်အရ ကြီးမားဆိုးရွားသော ရောဂါများကို ကုသနိုင်စွမ်းမရှိခြင်းနှင့် လုံလောက်သော ဆေးဝါးများ အမြဲမရှိခြင်းတို့အကြောင်းကို ပြောပြခဲ့ပါ သည်။ နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည့် နော်ဗ--- ပြောကြားခဲ့သည်မှာ “အဲဒီမှာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်း သူတွေအတွက် အထူးဂရုစိုက်ပြုစုမှုတွေ (သို့) ထောက်ပံ့မှုတွေ မရှိဘူး။" ထပ်မံ၍သူမပြောခဲ့သည်မှာ “ကိုယ်ဝန် သည်အမျိုးသမီးတွေတော်တော်များများ မယ်လဒုက္ခသည်စခန်းမှာ ပြန်ပြီးကုသမှုခံယူကြရတယ်။ တစ်ချို့ကျ တော့ သူတို့အိမ်(ဒုက္ခသည်စခန်း)မှာဘဲ ကလေးမွေးရတယ်။” နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်သူတစ်ဦးမှ ယခင်က ၎င်းတို့နေထိုင်ခဲ့သည့် ဒုက္ခသည်စခန်းတွင် ပြန်လည်ပြီးဆေးကုသမှုခံယူရသည်မှာ စိုးရိမ်ဖွယ်အလွန် ကောင်းသော အခြေအနေဖြစ်သည်။ ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့်   အဖွဲ့အစည်းများ နှင့် အာဏာပိုင်များမှ ၎င်းနေရပ်သို့ပြန်လည်အခြေချနေထိုင်ခြင်း အစီအစဉ်ကိုလုပ်ဆောင်ရာတွင်  ကျန်းမာရေးနှင့်ပတ်သက်သည့် လုံလောက်သော  ဆေးဝါးပစ္စည်း၊ အဆောက်အအုံများကို ပြန်လည်နေရာချထားသည့်ဒေသများတွင် ထည့် သွင်းစဉ်းစားထားခြင်းမရှိကြောင်းကို ဖော်ပြနေပါသည်။  
လေးဖါထောဒေသတွင် စာသင်ကျောင်းများ သို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှုများ လုံလောက်မှုမရှိပေ။ နေရပ်သို့ပြန်လည် ရွှေ့ပြောင်းနေထိုင်သူများနှင့် အထူးသဖြင့် အထူးအကူအညီလိုအပ်နေသော ဒေသခံအ သိုက်အဝန်းများတွင် အခြေခံကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကို လက်လှမ်းမှီနိုင်ရန် ခက်ခဲလှပါ သည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံများ သွားလာရန်အတွက် မည်သည့်ယာဉ်မျှမရှိခြင်းကြောင့် ဖြစ် သည်။ ကလေးသူငယ်များသည် ပညာသင်ကြားရန်အတွက် တဲသုံးလုံးကျေးရွာတွင်ရှိသော (တတိယတန်း အထိရှိသည့်) အခြေခံမူလတန်းကျောင်းသို့ မိနစ်သုံးဆယ်ကြာ လမ်းလျှောက်ကြရပါသည်။ ဇီးပင်ကျေးရွာတွင် အခြားသော(စတုတ္တတန်းအထိရှိသည့်) အခြေခံမူလတန်းကျောင်းရှိသော်လည်း ဒေသခံ ကျောင်းသားများ အတွက် ထိုကျောင်းသို့ ခြေကျင်ဖြင့်သွားလျှင် အချိန်တစ်နာရီနှင့်မိနစ်သုံးဆယ်မျှကြာမြင့်ပါသည်။ လေးဖါ ထောဒေသမှ ဘုရားသုံးဆူမြို့ နှင့်အနီးဆုံးတွင် တည်ရှိသည့် အလယ်တန်း၊ အထက်တန်းကျောင်းသို့ ကားဖြင့် (၄၅) မိနစ်ကြာအောင် မောင်း ရပါသည်။ ထို့ကြောင့် နေရပ်သို့ပြန်လည်အခြေချနေထိုင်သည့် မိသားစုဝင်များ သည် ၎င်းတို့သားသမီးများအား တတိယတန်း အောင်မြင်ပြီးဆုံးပါက ပညာဆက်လက်သင်ကြားလိုလျှင် ၎င်းတို့ သားသမီးများကို လက်ခံပြီး ကြည့်ရှုစောင့်ရှောက်ပေးရန် အခြားနေရာများတွင်ရှိသည့် ၎င်းတို့၏ ဆွေမျိုးသား ချင်းများ သို့မဟုတ် သူငယ် ချင်းများကို အကူအညီတောင်းရပါသည်။ တဲသုံးလုံးကျေးရွာတွင်ရှိသည့် ဆေးပေး ခန်းတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများရှိသော်လည်း လုံလောက်သောဆေးဝါးများမရှိခြင်းကြောင့် ဆိုး ရွားသည့် ကျန်းမာရေး အခြေအနေများအား ကုသပေးရန် အလွန်ခက်ခဲလှပါသည်။ ဒေသခံများနှင့် အနီးစပ်ဆုံး ဆေးရုံသည် ဘုရားသုံးဆူမြို့တွင် တည်ရှိပါသည်။ သို့သော် ၎င်းဆေးရုံသို့သွားလာသည့် ကုန်ကျစရိတ်နှင့် ဆေးကုသမည့် ကုန်ကျစရိတ်များသည် ဒေသခံများအတွက် အလွန်များလှပါသည်။ 
လေးဖါထောဒေသတွင် ပြန်လည်အခြေချနေထိုင်သည့် တစ်ချို့သောရွာသားများသည် အနာဂတ်တွင် ၎င်းတို့မိ သားစုဝင်များ၏စားဝတ်နေရေးနှင့်ပတ်သက်၍ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ အား ပြောပြခဲ့ပါသည်။   
ဒုက္ခသည်ပြန်လည်ချထားရေးနေရာများတွင်လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိခြင်း
မယ်လဝေလယ်မူး : လယ်ယာစိုက်ပျိုးရေးမြေယာများရှိ မပေါက်ကွဲပဲကြွင်းကျန်နေသော လက်နက်ခဲယမ်းမီး ကျောက်များ၊ လက်နက်ခဲယမ်းအဆိပ်အတောက်များ 
UNHCR ၏ ပြန်လည်ထူထောင်ပေးရေးနှင့် ပြန်လည်နေရာချထားပေးရေး လုပ်ဆောင်မှုများ၏ လက်စွဲစာအုပ် အရမိမိဆန္ဒအလျောက်နေရပ်ပြန်ရေး၏အဓိကအစိတ်အပိုင်းတစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိခြင်း ပင်ဖြစ်ပါ သည်။ ထိုထဲတွင် မပေါက်ကွဲပဲကြွင်းကျန်နေသောလက်နက်ခဲယမ်းမီးကျောက်များ နှင့် မိုင်းဗုံးများလုံးဝမရှိရန်လည်း ပါဝင်ပါသည်။[8] 
မယ်လဝေလယ်မူးတွင်နေရပ်ပြန်သူများတင်ပြခဲ့သည်မှာ KNU/KNLA-PC မှ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် မြေယာများကိုအသုံးပြုရန် ခွင့်ပေးထားသည်။ သို့ပေမဲ့ နေရပ်ပြန်သူများသည် မြန်မာအစိုးရထံမှသော် လည်းကောင်း၊ ကေအဲန်ယူအစိုးရထံမှသော်လည်းကောင်း၊ မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းများပေးအပ်မှုမရှိ သည့်အတွက် ၎င်းတို့သည် မြေယာပိုင်ဆိုင်မှု လုံခြုံရေးမရှိခြင်းနှင့်   ၎င်းတို့၏အနာဂတ် အသက်မွေးဝမ်း ကျောင်းအတွက် မသေချာမှုများကိုခံစားနေကြရသည်။ ထို့ပြင် မယ်လဝေလယ်မူးရှိ စိုက်ပျိုးရေး မြေယာများ သည် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းမီးကျောက်များကြောင့် အဆိပ်အတောက်များဖြစ်စေပြီး နေရပ် ပြန်သူများအကြား လုံခြုံရေးအတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေပါသည်။ 
၂၀၁၈ခုနှစ် ဧပြီလတွင်် မယ်လဝေလယ်မူးရှိ ဒုက္ခသည်တစ်ဦးသည် စစ်ပွဲများအတွင်း မပေါက်ကွဲသေးဘဲ ကြွင်း ကျန်နေသော လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းသည် မိမိ၏မိသားစု စားနပ် ရိက္ခာဖြည့်ဆည်းပေးရန်အတွက် မြစ်၏အခြားတစ်ဖက်တွင် လယ်ယာစလုပ်ရန် မယ်လဒုက္ခသည်စခန်းမှ ခိုး ထွက်ခဲ့သည်။ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းမီးကျောက်များ ပေါက်ကွဲခဲ့ရခြင်း၏အကြောင်းရင်းမှာ ဓလေ့ထုံးတမ်းစဉ်လာအရ စိုက်ပျိုးမြေယာများကို ထပ်မံစိုက်ပျိုးရန်အတွက် ဒေသခံလယ်သမားများသည် မြေယာများကို မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်သည်။ အဆိုပါဒုက္ခသည်တစ်ဦးသည် ထိခိုက်ဒဏ်ရာရမှုမှ သက်သာ သွားသော်လည်း ၎င်းဒေသများရှိ မပေါက်ကွဲဘဲရှိသော လက်နက်ခဲယမ်းမီးကျောက်ဖြစ်ရပ်များကြောင့် ဒုက္ခသည်များနှင့် ဒေသခံပြည်သူပြည်သားများအတွက် အကြောက်တရားများ ဖြစ်စေပါသည်။  
ဤကဲ့သို့သောအဖြစ်အပျက်ဖြစ်ပွားပြီးသည့်နောက်ပိုင်း၌ ဒေသခံ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များသည် မပေါက် ကွဲသေးဘဲကြွင်းကျန်နေသောလက်နက်ခဲယမ်းမီးကျောက်များအား ၎င်းတို့ ကိုယ်တိုင် မြေမြှုပ်ခြင်းနှင့် အိမ်နီးချင်းတို့အား ထိုမြှုပ်ထားသည့်လက်နက်ခဲယမ်းမီးကျောက်တည်ရှိရာနေရာများအား အသိပေးခြင်းများ လုပ် ဆောင်ခဲ့ကြပါသည်။ မယ်လဝေလယ်မူးအနီးအနားတွင် ပြန်လည်နေရာချထားခံရသောလူဦးရေများအား မပေါက်ကွဲသေးဘဲ ကြွင်းကျန်နေသောလက်နက်ခဲယမ်းများ တည်ရှိနေသော နေရာတို့ကို အသိပေးရန် မည် သည့် အမှတ်အသားမှမရှိခြင်းနှင့် လက်နက်ခဲယမ်းအစိတ်အပိုင်းများနှင့် ပတ်သက်၍ ၎င်းတို့ ရင်ဆိုင်ရမည် ဆိုပါက မည်သို့ တာဝန်ယူဆောင်ရွက်သင့်သည်ကို အသိပေးခြင်း မရှိကြပါ။ ပြန်လည်နေ ရာချထားခြင်းခံရ သောသူတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤကဲ့သို့တင်ပြထားပါသည်။ “ဒီနေရာမှာ လက်နက်ခဲယမ်း တွေ ဒါမှမဟုတ် မြေမြှုပ်မိုင်းတွေရှိတယ်ဆိုတဲ့ ဘာအမှတ်အသားတစ်ခုကိုမှ ကျွန်နော် မတွေ့ခဲ့တဲ့အတွက် အန္တရာယ်ရှိမယ်လို့ မထင်ခဲ့ဘူး။” ပြန်လည်အခြေချနေထိုင်ကြသော လူဦးရေများအဖို့ လက်နက်ခဲယမ်းများနှင့် ဒေသတွင်းရှိ မြေမြှုပ်မိုင်းများအကြောင်း အသိပညာ ကြွယ်ဝမှုမရှိခြင်းသည် ၎င်းတို့အတွက် အလွန်ပင် အန္တရာယ်ရှိပါသည်။ 
မကြာသေးမီမှ နေရပ်သို့ပြန်လည်နေထိုင်ခဲ့သော အမျိုးသမီးတစ်ဦးဖြစ်သူ နော်ဇ---မှ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းတစ်ခုသည် လယ်ယာမီးရှို့သည့်အချိန်တွင် ၎င်း၏အိမ်းနီးနားချင်းတစ်ဦး၏ လယ်ထဲတွင် ၂၀၁၉ခုနှစ်၊ မတ်လတွင် ပေါက်ကွဲခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ကိုပြောပြခဲ့ပြီး “ကျွန်မတို့ ပေါက်ကွဲသံ အကြီးကြီး တစ်ခုကို ကြားလိုက်တယ်။ အဲဒီအသံက မြေအောက်က ပေါက်တဲ့အသံနဲ့တူတယ်။” သူူမ၏ခင်ပွန်းမှ ထပ်မံဖြည့်စွက်ခဲ့သည်မှာ “အဲဒီ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းက တော်တော်ကြီးတယ်။ ကျွန်တော်ရဲ့ ဘဝမှာ အဲလောက်ကြီးတာ တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်တော်တို့ ပိုလုံခြုံဖို့အတွက် အဲဒီဟာကို မြေအောက်မှာ မြှုပ်လိုက်တယ်။ ဒါပေမဲ့ အဲဒီဟာက တောင်ယာ မီးရှို့တဲ့အချိန်မှာ ပေါက်ကွဲသွားတာ။” ကရင်လူ့အခွင့်အရေး အဖွဲ့ကို သူမ ပြောခဲ့သည်မှာ “ကျွန်မတို့အဲဒီလို မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကို တော်တော် သတိ ထားရတယ်။ ကျွန်မတို့ အဲဒါတွေကို မတွေ့ရဘူး ဒါပေမဲ့ ကျွန်မတို့သိတာက ဒီနေရာတွေက တစ်ချိန်က စစ်မြေ ပြင် ပြီးရင် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်ဆိုတာဘဲ။ ကျွန်မတို့ အရမ်းဟောင်းနေတဲ့ ကတုတ်ကျင်း တွေကို တွေ့ရတယ်။ ကျွန်မတို့ကလေးတွေလည်း အဲဒီလို မပေါက်ကွဲသေးဘဲရှိနေတဲ့ လက်နက်ခဲယမ်းတွေကို တောထဲမှာ အမဲလိုက်ရင်းတွေ့တယ်။ အဲဒီဟာတွေက မပေါက်ကွဲလို့ သူတို့အဝေးကို ပစ်ထုတ်လိုက်တယ်။ အဲဒီ မပေါက်ကွဲဘဲရှိနေတဲ့လက်နက်ခဲယမ်းတွေက လောလောလတ်လတ် ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် အန္တရာယ်အရမ်းကြီးတယ်။ ကျွန်မတို့ဒီနေရာတွေမှာ  အဲဒီမပေါက်ကွဲဘဲရှိနေတဲ့ လက်နက်ခဲယမ်းတွေအကြောင်းနဲ့ ဆိုင်တဲ့ ပညာပေးသင်တန်းတွေ ရသင့်တယ်။”
မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများနှင့် အများပြည်သူနှင့်ဆိုင်သော အကြောင်းအရာအသိပညာပေးလှုံ့ ဆော်ခြင်းများမရှိလျှင်၊ မကြာသေးမီက နေရပ်သို့ပြန်လည်နေထိုင်ခဲ့သော အမျိုးသား၊ အမျိုးသမီး နှင့် ကလေး သူငယ် ဒုက္ခသည်များသည် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းမီးကျောက်များ၏အန္တရာယ်မှ အနာတရ ရရှိနိုင်ပြီး သေဆုံးနိုင်သည်။ 
မယ်လဝေလယ်မူး : တပ်မတော်စခန်းအနီးတွင်တည်ရှိနေခြင်း
UNHCR၏ ပြန်လည်နေရာချထားပေးရေးအတွက် လက်စွဲစာအုပ်မှ အနက်ဖွင့် ဆိုထားသည်မှာ “အကြမ်းဖက်မှု နှင့် ခြိမ်းခြောက်မှုကို လျှော့ကျခြင်း” နှင့် “လုံခြုံရေးတိုးတက်ကောင်းမွန်လာခြင်း” တို့သည် မိမိဆန္ဒအလျှောက် နေရပ်သို့ပြန်လည်အခြေချသူများအတွက် ရုပ်ပိုင်ဆိုင်ရာလုံခြုံမှုသည် အလွန်ပင်အရေးပါလှပါသည်။[9] မယ်လဝေလယ်မူးသည်  မကွီးလိုတပ်မတော်စစ်တပ်အနီးတွင် တည်ရှိသည်။ မကြာသေးမီမှ နေရပ်သို့ပြန်လည်ရွှေ့ ပြောင်းနေထိုင်ခဲ့သော ဒုက္ခသည်များသည် တပ်မတော်စစ်တပ်၏ခြံစည်းရိုးများကို ၎င်းတို့၏လယ်တဲဲများမှ မြင်တွေ့နိုင်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့အားတင်ပြခဲ့သည်မှာ ၎င်းတို့သည် တပ်မတော်စစ်တပ်မှ သေနတ် ပစ်သံများနှင့် တပ်မတော်စစ်သားမှ ညပိုင်းတွင် ၎င်းတို့အချင်းချင်း ဆက်သွယ်ရန်အတွက် သုံးသော ဝါးခ လောက်အသံများကို ကြားရသည့်အတွက် လုံခြုံမှုမရှိဟုခံစားရသည်။ မကြာသေးမီမှ နေရပ်သို့ပြန်လည် ရွှေ့ပြောင်းနေထိုင်ခဲ့သော အမျိုးသမီးတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ကိုတင်ပြခဲ့သည်မှာ “ကျွန်မမီးဖွင့်ပြီး ကျွန်မမိသားစုဝတ်ပြုကိုးကွယ်ဖို့အတွက် အစားအစာပြင်ဆင်လိုက်တဲ့အချိန်မှာ တပ်မတော်စစ်တပ်က ကျွန်မ အိမ်မှာ မီးလင်းတာကို တွေ့သွားပြီး သူတို့အချင်းချင်း အသိပေးဆက်သွယ်ဖို့ ဝါးခလောက်ကို တီးလိုက်တယ်။ တပ်မတော်စစ်သားတွေ အဲလိုတွေ့တဲ့အချိန်တိုင်း ဝါးခလောက်ကို တီးကြတယ်။ ကျွန်မတို့ မီးထွန်းတာတွေ့ရင် သူတို့ ဝါးခလောက်ကို မရပ်မနား တစ်ညလုံးတီးကြတယ်။”
တပ်မတော်စစ်သားများသည်  ဒေသခံများ၏နေရပ်ဒေသများသို့ ဝင်ထွက်သွားလာလေ့ရှိသည်။ မကြာသေးမီ က နေရပ်သို့ပြန်လည်ရွှေ့ပြောင်းနေထို်င်ခဲ့သောဒုက္ခသည်များမှ ကရင်လူ့အခွင့်အရေးအဖွဲ့သို့ တင်ပြခဲ့သည် မှာ တပ်မတော်စစ်သားများသည် ဒေသခံလယ်သမားများထံမှ ဟင်းသီးဟင်းရွက်များကို ခိုးယူရန် ၎င်းတို့၏ စိုက်ပျိုးရေးခြံမြေများထဲသို့ဝင်ရောက်ခဲ့သည်။ “တပ်မတော်စစ်သားတွေက ဟင်းသီးဟင်းရွက်တွေကို ခိုးယူ လေ့ရှိတယ်။ အခုသူတို့လာခိုးတာကို ကာကွယ်ဖို့အတွက် ကျွန်မတို့လယ်ယာတွေမှာ ထူးခြားတဲ့ပိုးသတ်ဆေး တစ်မျိုးကို သုံးတယ်လို့ သူတို့ကိုပြောလိုက်တယ်။ ဒါပေမဲ့လည်း သူတို့တွေ ကျွန်မတို့အိမ်ကိုလာပြီး ကြက်တွေ ကို ဈေးနှိမ်ပြီးလာတောင်းဝယ်တယ်။ ဒါက ကျွန်မတို့အတွက် အနှောင့်အယှက်တစ်မျိုးဘဲ။ သူတို့နေတာ ကျွန်မတို့နဲ့ အရမ်းနီးတယ်။ တကယ်လို့နိုင်ငံရေးအခြေအနေပိုဆိုးလာခဲ့ရင်၊ ကျွန်မတို့တွေ အမြောက်တစ်လုံး အောက်မှာ ပျောက်သွားနိုင်တယ်။” 
မကြာသေးမီမှ နေရပ်သို့ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့သော အမျိုးသမီးများမှ မယ်လဝေလယ်မူး၌ နေထိုင်ခြင်း သည် လုံခြုံမှုမရှိဟုခံစားရကြောင်းပြောပြခဲ့ပါသည်။ အမျိုးသမီးတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ကို ပြောခဲ့ သည်မှာ “ကျွန်မတစ်ယောက်ထဲ လျှောက်သွားရမှာ လုံခြုံမှုမရှိဘူးလို့ခံစားရတယ် ဘာလို့လဲဆိုတော့ တပ်မ တော်စစ်သားတွေနဲ့ ကျွန်မ ထိပ်ထိုက်တိုးမှာ ပြီးရင် ကျွန်မကို မုဒိန်းကျင့်ပြီး သတ်မှာကို စိုးရိမ်တယ်။ သူတို့ အရင်တုန်းကလိုဘဲ အမျိုးသမီးတွေသွားလာရင်း မုဒိန်းကျင့်ပြီးသတ်ရင် ကျွန်မတို့ဘယ်လိုလုပ်ရမလဲ။ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး ပြီးရင် ဒီမှာက အမျိုးသမီးတွေ လုံခြုံရေးအတွက်အန္တရာယ် အရမ်းများတယ်။ သူမ ထပ်မံ ဖြည့်စွက်ခဲ့သည်မှာ ”ကလေးတွေအတွက်လည်း အန္တရာယ်များတယ်။ တပ်မတော်စစ်တပ်က လယ်တဲနဲ့ ကျောင်းသွားတဲ့လမ်းကြားမှာရှိတာလေ။ သူတို့က မိန်းကလေးတွေ ကျောင်းသွားကျောင်းပြန်တဲ့အချိန် လုံခြုံမှု မရှိဘူးလို့ ခံစားရအောင်လုပ်တယ်။” ၎င်းတို့နေအိမ်သည် တပ်မတော်စစ်တပ်စခန်းအနီးတွင် တည်ရှိနေခြင်း ကြောင့် တစ်ယောက်တည်း အိပ်ရတာ အဆင်မပြေဘူးဟု ကရင်လူ့အခွင့်အရေးအဖွဲ့ကို အမျိုးသမီးများမှ တင် ပြခဲ့သည်။ တပ်မတော်စစ်သားများ၏ ယခင်မှ အမျိုးသမီးများအပေါ် ရက်စက်ပြင်းထန်သည့် နှိပ်စက် ညှည်းပန်း မှုများကြောင့် ယခုအချိန်တွင် မယ်လဝေလယ်မူးတွင် ပြန်လည်နေထိုင်သော ၎င်းအမျိုးသမီးတို့၏ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို နည်းပါးစေပါသည်။[10]     
မယ်လဝေလယ်မူးနှင့်လေးဖါထော၊ မြေယာနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြဿနာများ 
ရေရှည်တည့်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ချမှတ်ရာတွင် ဒုက္ခသည်များအတွက် လိုအပ် သည့် မြေယာနှင့်ပစ္စည်းဥစ္စာများရရှိစေရန် ထည့်သွင်းစဉ်းစားခြင်းသည် အလွန်တရာအရေးကြီးလှပါသည်။ ပီ ဟီးရိုး၏မူဝါဒများအရ “ဒုက္ခသည်များနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်သူများ၏အိုးအိမ်များ၊ မြေယာများနှင့် သို့မ ဟုတ် ပစ္စည်းဥစ္စာများအား အတင်းအဓမ္မသိမ်းပိုက်ခြင်း သို့မဟုတ် တရားလက်လွတ်သိမ်းယူခြင်းခံရပါက ထို ဆုံးရှုံးသွားသည့်အရာများအား အစားထိုးပြန်လည်ပေးအပ်ရန် ၎င်းတို့တွင် အခွင့်အရေးရှိပါသည်။ ထိုသို့ ဆုံးရှုံး သွားသည့်အရာများ အစားထိုးပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သည့်အခြေအနေများတွင် လွတ်လပ်ပြီး ဘက်  လိုက်မှုမရှိသည့်တရားရုံးတော်မှ ချမှတ်ထားသည့်အတိုင်း  လျော်ကြေးနစ်နာကြေးရရှိရန် ၎င်းတို့တွင် အခွင့်အ ရေးရှိပါသည်။”[11]  
လေးဖါထောဒေသတွင် လုပ်ကိုင်စိုက်ပျိုးရန် လယ်ယာမြေများမရှိခြင်း
လေးဖါထောဒေသတွင် ပြန်လည်အခြေချနေထိုင်သည့်ဒုက္ခသည်များသည် ၎င်းတို့၏အနာဂါတ်အတွက် စိုးရိမ်ပူ ပန်နေရပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁ရခုနှစ်တွင် လက်ခံရရှိသည့်သတင်းအချက်လက်များအရ လေးဖါထောစခန်းတွင် ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည်အိမ်ထောင်စုများအတွက် လုပ်ကိုင်စိုက်ပျိုးရန် လယ်၊ မြေယာများ သတ်မှတ်ချထားသည့်အစီအစဉ်များ မရှိခဲ့ပါ။[12]  ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည် တစ်ဦးဖြစ်သူ စောအ---သည် ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤကဲ့သို့ပြောခဲ့ပါသည်။ “မြန်မာပြည်ကို ကျွန် တော်တို့ ပြန်လည်အခြေချနေထိုင်ကတည်းက ကျွန်တော်တို့မှာ စားဖို့သောက်ဖို့စားနပ်ရိက္ခာတွေရှိတယ်။ ဒါပေမဲ့ လုပ်ကိုင်စိုက်ပျိုးဖို့အတွက် လယ်ယာမြေတွေမရှိဘူး။ မြန်မာပြည်ကိုပြန်လာတုန်းက ကျွန်တော်တို့ကို ပိုက်ဆံတွေပေးတယ်။ ဒါပေမဲ့ စားစရာတွေဝယ်ဖို့အတွက် အဲဒီပိုက်ဆံတွေကို ယူသုံးလိုက်ရတယ်။ ခြောက်လ အတွင်းမှာဘဲ ကျွန်တော်တို့မိသားစု ရရှိတဲ့ပိုက်ဆံတွေ ကုန်သွားလိမ့််မယ်။ ကျွန်တော်တို့မှာ လုပ်ကိုင်စားပျိုးဖို့ အတွက်လယ်ယာမြေဧကအနည်းငယ်ရှိခဲ့ရင် ကျွန်တော်တို့ရဲ့စားဝတ်နေရေးအတွက် ကူညီထောက်ပံ့နိုင်မယ် ထင်တယ်။” လေးဖါထောစခန်းတွင် ပြန်လည်အခြေချနေထိုင်သည့်ဒုက္ခသည်များအတွက် ဝင်ငွေရရှိသည့် အလုပ်အကိုင်အခွင့်အရေးများ ရှာဖွေရန် ခက်ခဲနေသည်သာမက တောတောင်ထဲတွင် အသီးအရွက်များ ရှာဖွေစားသောက်ရန်ပင် အခက်အခဲ များရှိနေပါသည်။ ရေရှည်တည်တံ့သည့် ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးဖြစ်စေရန်အတွက် ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည်များအတွက် လုပ်ကိုင်စိုက်ပျိုးရန် လယ်ယာမြေများရရှိခြင်း သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် လုပ်ဆောင်ပေးခြင်းသည် အဓိက ကျသည့်အရာဖြစ်သည်။ 
မယ်လဝေလယ်မူးဒေသတွင် မြေယာပိုင်ဆိုင်ခွင့်များ မရှိခြင်း
မယ်လဝေလယ်မူးဒေသတွင် ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေ ထိုင်သူများသည် လယ်ယာလုပ်ကိုင်စိုက်ပျိုးကြရန်အတွက်  KNU/KNLA-PC မှ ၎င်းတို့အတွက် မြေကွက် များချပေးခဲ့သည်။ KNU/KNLA-PC သည် ကေအဲန်ယူမှ ခွဲထွက်ခဲ့ပြီးနောက်ပိုင်းတွင် ၂၀၀၇ ခုနှစ်မှစ၍ မယ်လ ဝေလယ်မူးဒေသရှိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများအတွက် မြေယာများချပေးခဲ့ပါသည်။ မယ်လ ဝေလယ်မူးဒေသတွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးမှ KNU/KNLA-PC သည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ များအား  မည်သို့ပြောခဲ့သည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့သည်။ “ဒီမြေယာတွေကို မင်းတို့ လုပ် ကိုင်စိုက်ပျိုးလို့ရပြီး။ စိုက်ပျိုးဖို့အတွက် မင်းတို့တွေ မြေသွားရှင်းလို့ရပြီး။ ပြီးတော့ဒီမြေကွက်တွေဟာ မင်းတို့မြေ တွေဖြစ်သွားပြီး။ မင်းတို့ရဲ့သားသမီးတွေကိုလည်း ဒီမြေတွေကို အမွေပေးလို့လည်းရတယ်။” 
၂၀၁၉ခုနှစ်၊ မတ်လတွင် KNU/KNLA-PC သည် မယ်လဝေလယ်မူးတွင် အခြေချနေထိုင်သည့် ပြည်တွင်းနေ ရပ်ရွှေ့ပြောင်းနေထိုင်သူများ(၅)ဦး၏မြေယာများကို သိမ်းယူခဲ့ပြီး လျော်ကြေးငွေများလည်း ပေးဆောင်ခဲ့ ခြင်း မရှိပေ။
KNU/KNLA-PC သည် မြေယာများကို ရောင်းချရန် မြေကွက်များချ၍ ပိုင်းခြားခဲ့ပါသည်။ မြေယာသိမ်းဆည်းခံရ သည့် ဒေသခံများ၏ပြောပြချက်များအရ KNU/KNLA-PC သည် ၎င်းတို့ သိမ်းယူခဲ့သည့် တစ်ချို့သောမြေ ကွက်များကို ရောင်းချရန် စီစဉ်ခဲ့ပါသည်။ ထို့ပြင် ၎င်းဒေသတွင် မြို့သစ်စီမံကိန်းကို တည်ဆောက်ခြင်း၊ သိမ်း ဆည်းထားသည့်မြေယာတွင် ပြန်လည်အခြေချနေထိုင်မည့် ဒုက္ခသည်များအတွက် နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေဖြင့် နောက်ထပ်အိမ်အလုံးတစ်ရာ ဆောက်လုပ်ပေးခြင်း နှင့် မယ်လဝေလယ်မူးဒေသမှ အနီးအနားရှိ လယ်ယာမြေများအထိ လမ်းများဖောက်လုပ်ပေးခြင်းတို့လည်း စီစဉ်ချမှတ်ခဲ့ပါသည်။ ဒုက္ခသည်များ ပြန် လည်နေရာချထားရေးအစီအစဉ်တွင် ပြည်တွင်းနေရပ်ရွှေ့ပြောင်းဒုက္ခသည်များ စိုက်ပျိုးလုပ်ကိုင်သည့် လယ် ယာမြေများအား သိမ်းဆည်းရန် မပါဝင်ပါ။[13] လုပ်ကိုင်စိုက်ပျိုးသည့် လယ်ယာမြေများမရှိလျှင် ပြန်လည် အခြေ ချနေထိုင်သည့် ဒုက္ခသည်အိမ်ထောင်စုဝင်များသည် ၎င်းတို့၏အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန်အ တွက် အခက်အခဲများနှင့် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ ပြန်လည်နေရာချထားမည့် ဒေသအတွင်း လုပ်ဆောင် နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် မယ်လဝေလယ်မူးစခန်းရှိ နေရပ်ရွှေ့ပြောင်းနေရသော ဒေသခံပြည်သူ များ၏ မြေယာ အခွင့်အရေးများအား မချိုးဖောက်စေရန်အတွက် ဒုက္ခသည်များနေရာ ပြန်လည်ချထားရေးအစီ အစဉ်များတွင် ပါဝင်လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများအနေဖြင့် သေချာစွာ လုပ်ဆောင်သင့်ပါသည်။ 
KNU/KNLA-PC မှ ၎င်းမြေကွက်များအား သိမ်းဆည်းခြင်းများ မပြုလုပ်မှီ ၎င်းတို့သည် ဒေသခံလယ်သမား များနှင့်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် KNU/KNLA-PC သည် မြေယာသိမ်းဆည်းမှုနှင့်ပတ်သက်၍ မည် သည့်အကြောင်းအရာမှ ဒေသခံ လယ်သမားများအား ပြောပြခဲ့ခြင်းမရှိသည့်အပြင် ၎င်းတို့၏ ခွင့်ပြုချက်ကို လည်း ရယူခဲ့ခြင်းမရှိခဲ့ပေ။ ထိုသို့ လုပ်ဆောင်ရမည့်အစား KNU/KNLA-PC မှ လမ်းဆောက်လုပ်ရေး စီမံကိန်း အတွက် တစ်အိမ်ထောင်စုလျှင် ဘတ် (၁၀၀၀)  ပေးဆောင်ရန် ဒေသခံများအား ခိုင်းစေခဲ့သည်။ တွေ့ဆုံပွဲတွင် KNU/KNLA-PC မှ ဒေသခံ ပြည်သူများအား ဤကဲ့သို့ပြောကြားခဲ့သည်။ “ငါတို့တွေ လမ်းဖောက်လုပ်ကြမယ်။ ဒါဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ပိုပြီးကောင်းလာမယ်။ မင်းတို့တွေ လမ်းဆောက်လုပ်ရေးအတွက် ငါတို့ကို ကူညီပါ။ ငါတို့နဲ့ အတူတကွလုပ်ဆောင်ပါ။” မြေယာသိမ်းဆည်းခံရသည့် ဒေသခံပြည်သူများသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန်သော်လည်းကောင်း၊ KNU/KNLA-PC မှ လုပ်ဆောင်သည့် စီမံကိန်းကို ဆန့်ကျင်ရန်သော်လည်းကောင်း အလွန်ကြောက်ရွံ့နေခဲ့ ပါသည်။ 
ယခုအချိန်တွင် မယ်လဝေလယ်မူးစခန်းရှိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည် ၎င်းတို့၏အနာဂတ်အတွက် စိုးရိမ်ပူပန်နေရပါသည်။ KNU/KNLA-PC မှ စိုက်ပျိုးရေးခြံများပို၍ တိုးချဲ့ လုပ်ကိုင် ရန််အတွက် တခြားသောမြေကွက်များကို သိမ်းဆည်းရန််စီစဉ်နေခဲ့ကြောင်းကို သိရှိကြားခဲ့ရသည့် ပြန်လည် အခြေချနေထိုင်သော ဒုက္ခသည်တစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့ပါသည်။ ဤလုပ်ရပ်များသည် ရွှေ့ပြောင်းခံရသည့်ဒုက္ခသည်များ၏ယုံကြည်မှုကို ပျက်ပြားစေပါသည်။ မယ်လဝေလယ်မူးစခန်းရှိ တစ်ချို့ သော ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများသည် KNU/KNLA-PC မှ ၎င်းတို့၏မြေယာများအား မသိမ်း ဆည်းမှီ ၎င်းတို့ပိုင်ဆိုင်သည့်မြေယာများကို တန်ဖိုးနည်းသည့်စျေးနှုန်းဖြင့် ရောင်းချခဲ့ရပါသည်။
ပြန်လည်အခြေချနေထိုင်သည့်ဒုက္ခသည်တစ်ဦးဖြစ်သူ နော်ဇ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤကဲ့သို့ တင်ပြခဲ့ပါသည်။ “သူများတွေလုပ်သလိုမျိုး ကျွန်မကတော့ ကျွန်မမြေတွေကို မရောင်းနိုင်ဘူး။ ကျွန်မမှာ လယ်မြေ (၂) ဧကဘဲရှိတယ်။ ပြီးတော့ ကျွန်မရဲ့မိသားစုစားဝတ်နေရေးအတွက် ကူညီထောက်ပံ့ဖို့ ကျွန်မမှာ အခြားနည်းလမ်းတွေ မရှိတော့ဘူး။ ဒုက္ခသည်များ မိမိရဲ့ဆန္ဒဖြင့် နေရပ်ပြန်လာရေးအစီအစဉ်ကို ကျွန်မသ ဘောတူလက်မှတ်မထိုးခင်မှာ ကိုယ်ရဲ့လယ်ယာမြေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စိုက်ပျိုးနိုင်လိမ့်မယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ KNU/KNLA-PC က လမ်းဆောက်လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ လယ်ယာမြေမှာ ဒုက္ခသည်များအတွက် နောက်ထပ်အိမ်ယာတွေ ဆောက်လုပ်တယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မြေ ကိုလည်း သူတို့ရောင်းစားချင်ခဲ့တယ်။ အဲဒါကြောင့် အခြေအနေတွေက မတည်မြဲတော့ဘူး။ ဒီလိုဆိုရင် ကျွန်မ တို့မှာ လုပ်ကိုင်စိုက်ပျိုးဖို့အတွက် မြေယာတွေရှိတော့မှာ မဟုတ်ဘူး။ အကယ်လို့ ကျွန်မသာသိခဲ့မယ်ဆိုရင် မြန်မာပြည် ကို ပြန်လာခဲ့မှာမဟုတ်ဘူး။ ဒုက္ခသည်စခန်းမှာဘဲ ကျွန်မဆက်နေခဲ့ရမှာ ဖြစ်တယ်။ ဒါမှလည်း ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်နိုင်မှာ ဖြစ်တယ်။”
ပြန်လည်အခြေချနေထိုင်သည့်ဒုက္ခသည်များသည် မယ်လဝေလယ်မူးစခန်းဒေသတွင် ဝင်ငွေရရှိမည့်အခွင့်အ လမ်းများကို ရရှိရန် မျှော်လင့်နေခဲ့ကြောင်းကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့ပါသည်။ အမျိုးသမီး တစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤကဲ့သို့ပြောကြားခဲ့သည်။ “ကျွန်မရဲ့မိသားစု စားဝတ်နေရေးကို ကူ ညီထောက်ပံ့ဖို့အတွက် မွေးမြူလို့ရတဲ့တိရိစ္ဆာန်တွေ ဒါမှမဟုတ် ဆန်စက်တစ်လုံးရရှိလိမ့်မယ်လို့ ကျွန်မထင်ခဲ့ တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်မဘာမှ မရရှိခဲ့ဘူး။ ဒါဟာ ကျွန်မမျှော်လင့်ခဲ့ရတဲ့အရာတွေ မဟုတ်ဘူး။” 
အကြံပြုချက်များ
အောက်ပါဖော်ပြသည့်ရှာဖွေတွေ့ရှိချက်များအရ ကရင်လူ့အခွင့်အရေးအဖွဲ့မှ အကြံပြုထားပါသည်။ 
  • မြန်မာအစိုးရ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနှင့် အခြားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများ
  1. ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများအား နေရာပြန်လည်ချထားရေးအ စီအစဉ်တွင် ၎င်းတို့၏ဂုဏ်သိက္ခာနှင့်အညီ လေးစားမှုအပြည့်အဝရှိပြီး စစ်မှန်သော မိမိသဘော ဆန္ဒဖြင့် ပြန်လည်နေထိုင်နိုင်ခြင်း၊ လုံခြုံမှုရှိခြင်းနှင့် ရေရှည်တည်တံ့မှုရှိရန် သေချာစွာ လုပ် ဆောင်ပေးရန်၊ 
  2. စားနပ်ရိက္ခာများ လျှော့ချခြင်းသည် ဒုက္ခသည်များအား အတင်းအဓမ္မနေရပ်ပြန်ပို့စေသည့် ပုံစံ တစ်ခုအဖြစ် ယူဆနိုင်သည့်အတွက်ကြောင့် ရွှေ့ပြောင်းနေရဆဲဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ ပြောင်းဒုက္ခသည်များအား လုံလောက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ထောက်ပံ့ပေးရန်၊ 
  • မြန်မာအစိုးရအနေဖြင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသော တိုင်းရင်းသားများအား မြန်မာနိုင်ငံသားများဖြစ် ကြောင်းကို လူသိရှင်ကြားအသိအမှတ်ပြုပေးရန်နှင့် ၎င်းတို့အပေါ်သက်ရောက်သည့် မူဝါဒပိုင်းဆိုင်ရာ ရေးဆွဲမှုနှင့် ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်များတွင် ထိုသူတို့အား အပြည့်အဝပါဝင်ခွင့်ပေးရပါမည်။ 
  • မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးထံသို့ 
  1. ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆုံးရှုံးခဲ့သောပိုင်ဆိုင်မှုများအတွက် အစားထိုး ပြန်လည်ပေးအပ်ခြင်းနှင့် အစားထိုးပြန်လည်ပေးရန်မဖြစ်နိုင်သည့်အခြေအနေများတွင် လုံ လောက်သည့် လျော်ကြေးငွေပေးအပ်ရန်အတွက် ယန္တရားတစ်ခုဖန်တီးပေးရန်။ ထိုကဲ့သို့ တာဝန် ခံမှုများလုပ်ဆောင်ရာတွင် ပီဟီးရိုး၏မူဝါဒ တစ်ခုဖြစ်သည့် ဒုက္ခသည်နှင့် ပြည်တွင်းနေရပ်ရွှေ့ ပြောင်းနေထိုင်သူများအတွက် အိမ်ယာနှင့်ပိုင်ဆိုင်မှုများ ပြန်လည်အစားထိုးပေးအပ်ခြင်း မူဝါဒ အား လိုက်နာရန်၊
  2. နေရပ်ပြန်မည့်သူများအား ရေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန် လည်ထူ ထောင်နိုင်ရန်အတွက် လိုအပ်သောအထောက်အကူများအပြည့်အဝပေးရန်နှင့်် လိုအပ်ပါ က အတူတကွ ပူးပေါင်းလုပ်ဆောင်ပေးရန်၊
  3. သင့်တော်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်းပြီး နေရပ်ပြန်မည့်သူများ နေ ထိုင်သည့် နေရာများ၏မြေယာအခြေအနေအား သိရှိအောင်ပြုလုပ်ရန်နှင့် မြေယာများအား စိုက် ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် အထောက်အပံ့များပေးရန်၊ 
  • ဒုက္ခသည်များအား နေရာပြန်လည်ချထားသည့်ဒေသများတွင် အများပြည်သူများရရှိနိုင်မည့် ကျန်း မာရေးနှင့်ပညာရေးဝန်ဆောင်မှုများရှိစေရန် သေချာစွာလုပ်ဆောင်ပေးရန်၊တပ်မတော် (နယ်ခြားစောင့်တပ်အပါအဝင်) နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံသို့
  1. တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အား ချုပ်ဆိုခဲ့သည့် သဘောတူညီ ချက်တွင် ပါဝင်သည့်အချက်များအားလုံး အထူးသဖြင့်အရပ်သားများအား ကာကွယ်စောင့်ရှောက် ခြင်းနှင့်ပတ်သက် ၍ အပြည့်အဝလေးစားလိုက်နိုင်ရန်၊ 
  2. သဘောတူညီမှုလက်မှတ်မထိုးသေးသည့် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုများတွင် အ ဓိပ္ပါယ်ပြည့်ဝစွာပါဝင်လာရန်နှင့် သို့မဟုတ် အခြားငြိမ်းချမ်းရေးသဘောတူညီ ချက်စာချုပ်များအား လက်မှတ်ရေးထိုးရန်အတွက် ထည့်သွင်းစဉ်းစားမှုပြုရန်၊ 
  3. စစ်မဲ့နယ်မြေအဖြစ် သတ်မှတ်ပေးနိုင်ရန်အတွက် ကျေးရွာများနှင့် တောင်ယာများအနီးရှိ တပ်ဖွဲ့ များသည် တပ်စခန်းများအားရုပ်သိမ်းရန်၊ စစ်ဘက်ဆိုင်ရာသင်တန်းများနှင့် လှုပ်ရှားမှုများ ရပ် တန့်ရန်၊ ကျေးရွာအနီး သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအနီးတွင် စစ်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ရပ်တန့်ပေးရန်၊
  4. မြေယာသိမ်းယူမှုလုပ်ငန်းများအား ချက်ခြင်းရပ်တန့်ပေးရန်၊
  5. မြေမြှုပ်မိုင်းအသုံးပြုခြင်းအား လုံးဝရပ်တန့်ရန်၊ မြေမြှုပ်မိုင်းများ ရှိသည့်နေရာများကို ရှင်းလင်းစွာ အမှတ်အသားပြုရန်နှင့် ဒေသခံပြည်သူလူထုများ၏လုံခြုံရေးအတွက် ထိုနေရာများနှင့် ပတ်သက် ၍ အသိပေးပြောကြားရန်၊ 
  6. လက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် အကျိုးသက်ဆိုင်သူများအားလုံး အကောင်အထည် ဖော်နိုင် မည့် ပြီးပြည့်စုံသောမြေမြှုပ်မိုင်းရှင်းလင်းရေး နည်းဗျူဟာတစ်ခုကို အထူးအရေးကြီးသည့် ကိစ္စ တစ်ခုအဖြစ်စတင်ပြောဆိုဆွေးနွေးရန်။ ထို့နောက် စောနိုင်သမျှစောလျှင်စွာ အထူးသဖြင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်း နေထိုင်သူများ ပြန်လည်အခြေချနေထိုင်သည့်နေရာများကို ဗဟိုထား ပြီး မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အား စတင်အကောင်အထည်ဖော်ဆောင်ရန်၊ 
  • နိုင်ငံတကာအလှူရှင်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးများနှင့် အခြားနိုင်ငံ တကာအစိုးရ မဟုတ်သည့် အဖွဲ့စည်းများ/အရပ်ဖက်လူမှုအဖွဲ့အစည်းများ 
  1. ဒုက္ခသည်များနှင့်ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများအား မရှိမဖြစ်လိုအပ်သည့် အကူအညီ များအား ဆက်လက်ထောက်ပံ့ပေးရန်၊ 
  2. ဒေသအတွင်းဝန်ဆောင်မှုပေးနေသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်း များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပ့ံပေးနေသည့် မိတ်ဖက်အဖွဲ့များ အဖြစ် အသိအမှတ်ပြုရန်၊ 
  3. မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးအပါအဝင် သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့များ အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း မလုပ်ဆောင်နိုင်သေးသည့် အချိန်အတွင်း မိုင်းအန္တ ရာယ်ဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အသိပညာပေးရေးများကို ဆက်လက်တိုးမြှင့် လုပ်ဆောင် ရန်။ 
Thu, 20 Jun 2019
Footnotes: 
[1] ဒေသခံ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဖာပွန်ခရိုင်ရှိ ဒေသခံ အဖွဲ့ဝင်ထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ သတင်းအကျဉ်းချုပ်အား KHRG ရုံးဝန်ထမ်းများမှ စုဆောင်းတင်ပြ ထားပါသည်။ KHRG ၏ သတင်းမှတ်တမ်းပြုစုခြင်း နည်းလမ်းစနစ်အား ပွင့်လင်းမြင်သာမှု တိုးပွားလာရန်၊ မြန်မာပြည် အရှေ့ပိုင်းရှိ ရွာသူရွာသားများ၏ အမြင်ရှုထောင့်နှင့် အတွေ့အကြုံများအား ပိုမို၍ တိုက်ရိုက် ထိတွေ့ပြောဆိုနိုင်ရန်အတွက် ကွင်းဆင်းလေ့လာသူများထံမှာ ရရှိလာသည့် သတင်းအချက်အလက်များအားလုံးကို KHRG ၏ လုပ်ငန်းစဉ်များအတိုင်း ဘာသာ ပြန်လုပ်ဆောင်ပြီးနောက် ပြစ်မှုကျူးလွန်ခြင်းခံရသူများ၏ လုံခြုံရေးပိုင်းဆိုင်ရာအား စီစစ်ပြီး ဝက်ဘ်ဆိုဒ်တွင် တင်ပြထုတ်လွင့်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် အစီရင်ခံစာများအား နေရာဒေသ၊ ခုနှစ်၊ အကြောင်းအရာ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး ဤသတင်းနှင့်ပတ်သက်၍ အခြားသောအကြောင်းအရာများနှင့် အစီရင်ခံစာတစ်ခုချင်းစီအား KHRG ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖတ် ရှုနိုင်ပါသည်။
[2] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော "Dooplaya Situation Update: Kyainseikgyi Township, February to May 2017”, တွင်ကြည့်ပါ။ 
[3] Also known as Ma Taw Htoo in Karen and Zi Pin in Burmese. 
[4] Formerly known as Mae La Hta. 
[5] ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်ထုတ်ဝေသော "Third group of Myanmar refugees return home from Thailand with UNHCR support", UNHCR တွင်ကြည့်ပါ။ 
[6] ကရင်လူ့အခွင့်အရေးအဖွဲ့မှ လူတွေ့မေးမြန်းခဲ့သော ပြန်လည်နေရာချထားခြင်းခံရသည့် ဒုက္ခသည်များမှ အများစုက ၄၇၀၀၀၀ ကျပ် ရရှိကြောင်း ပြောခဲ့ပါသည်။ 
[7] UNHCR မှ ၂၀၀၄ ခုနှစ်၊ မေလတွင် ထုတ်ဝေသော "Handbook for Repatriation and Reintegration Activities", တွင်ကြည့်ပါ။ 
[8] UNHCR မှ ၂၀၀၄ ခုနှစ်၊ မေလတွင် ထုတ်ဝေသော "Handbook for Repatriation and Reintegration Activities", တွင်ကြည့်ပါ။ 
[9] UNHCR မှ ၂၀၀၄ ခုနှစ်၊ မေလတွင် ထုတ်ဝေသော "Handbook for Repatriation and Reintegration Activities", တွင်ကြည့်ပါ။ 
[10] KHRR မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Suffering in Silence? Sexual violence against women in Southeast Myanmar”, တွင်ကြည့်ပါ။
[11] ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ၂ဝဝရခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော "Handbook on Housing and Property Restitution for Refugees and Displaced Persons" တွင် ကြည့်ပါ။  
[12] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သော "Dooplaya Situation Update: Kyainseikgyi Township, February to May 2017" တွင် ကြည့်ပါ။  
[13] ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ၂ဝဝရခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သော "Handbook on Housing and Property Restitution for Refugees and Displaced Persons" တွင် ကြည့်ပါ။  
ဒေါင်းလုတ်လင့်
ဆက်စပ်ဖတ်ရှုရန်