Thu, 05 Dec 2019
ဘားအံမှုခင်းဆိုင်ရာမှတ်တမ်းလွှာ : နဘူးမြို့နယ်တွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် လူသတ်မှုကျူးလွန်ခြင်းတွင် မျှတသောတရားနာစစ်ဆေးမှုမရှိခြင်းနှင့် မတရားထိန်းသိမ်းခံရခြင်း

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  နဘူးမြို့နယ်တွင် ယခုလက်ရှိ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ထီးကလေးကျေးရွာအုပ်စု၊ စ---ကျေးရွာတွင် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် ဖခင်အား သတ်ဖြတ်ခဲ့သည့်အတွက် ကရင်အမျိုးသားရဲ တပ်ဖွဲ့မှ သူမအား ၂၀၁၈ခုနှစ်၊ အောက်တိုဘာလကတည်းက ထိန်းသိမ်းဖမ်းဆီးထားပါသည်။ ဒေသခံကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံးဒေသခံအာဏာပိုင်တို့သည် ဤအမှုအား တရားရုံးသို့မလွှဲပေးရသေးခြင်းနှင့် သူမအား မည်မျှကြာရှည်စွာ ထိန်းသိမ်းထားမည်ကိုလည်း အကြောင်းမကြားရသေးပဲ ရှိနေပါသည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မတရားထိန်းသိမ်းထားခံရခြင်း၊တရားရုံးတွင် တရားမျှတသောကြားနာမှုအခွင့် အရေးချိုးဖောက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်းနှင့် အခြားလိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုပုံစံများ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၆ခုနှစ်မှ ယခုအချိန်ထိ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဘားအံခရိုင်၊ နဘူးမြို့နယ်၊ ဖ--- ကျေးရွာအုပ်စု၊ ဖ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

အသက်

၁၈

ကျား/မ

မ    

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

နေရပ် ရွာအမည်

ဖ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

နော်အ---အား ထိန်းသိမ်းဖမ်းဆီးထားခံရသည့် ဆေးခန်းတွင် အလုပ်လုပ်သောဝန်ထမ်းတစ်ဦးမှ ဤဖြစ်စဉ် နှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းစုဆောင်းသူအားအကြောင်းကြားခဲ့ပါသည်။ထို့နောက် ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းစုဆောင်းသူမှ နော်အ---နှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအကြောင်းအရာများအား ပေးခဲ့သူမှာ ဤဖြစ်စဉ်တွင် ကိုယ်တိုင်ကြုံတွေ့ခံစားရသူဖြစ်ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 နော်အ---သည် သူမဖခင်ဖြစ်သူ ဦးစန်းဖွဲ၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကို သူမ အသက်၁၅နှစ်အရွယ်ရှိစဉ် ကတည်းက ခံစားလာခဲ့ရပါသည်။ ၂၀၁၆ခုနှစ် သူမအသက် ၁၅နှစ်အရွယ်ရှိချိန်တွင် သူမအား ဖခင်ဖြစ်သူ မှ ပထမဦးဆုံးအကြိမ် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခဲ့ပါသည်။ ထို့နောက် သူမ အသက်၁၆နှစ်နှင့် ၁ရနှစ် ရှိချိန်တွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းနှစ်ကြိမ်ခံခဲ့ရပါသည်။ ဦးစန်းဖွဲသည် နော်အ---၏ညီမဖြစ်သူနှင့် ခယ်မတို့ကိုလည်း လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ပါသည်။ ထို့ပြင် သူမ၏မိခင်သည်လည်း ဖခင်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှုကို သူမငယ်ရွယ်စဉ်က မြင်တွေ့ခဲ့ရပါသည်။ သူမ၏မိခင်သည် မကြာခဏ ရုပ်ပိုင်း ဆိုင်ရာအနာတရများခံရပြီး အကြမ်းဖက်မှုခံရချိန်တိုင်း ကြောက်ရွံ့နေရရှာပါသည်။ တစ်ခါတစ်ရံတွင် အိမ် တွင်းအကြမ်းဖက်မှုမခံရအောင် အခြားသူများ၏နေအိမ်သို့ ပုန်းရှောင်နေခဲ့ရပါသည်။ 

 

နော်အ--- သည် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းကို အသက်၁ရနှစ်အရွယ်တွင်ခံခဲ့ရပြီးသည့်နောက် လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အဆုံးသတ်ရန်အတွက် သူမ၏ဖခင်အား သတ်ခဲ့ပါသည်။ သူမသည် လူသတ် မှုကျူးလွန်သောစွပ်စွဲချက်ဖြင့် ထီးကလေးကျေးရွာအုပ်စု၊ စ---ကျေးရွာတွင် ထိန်းသိမ်းထားခံနေရပါသည်။ သူမဖခင်၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့မှုကြောင့် ဖြစ်ပွားခဲ့သည့်လူသတ်မှုဖြစ်စဉ်ကို လျှော့ပေါ့ စေရန် တရားဥပဒေရှေ့မှောက်သို့ သူမအားခေါ်ဆောင်သွားခြင်းမရှိခဲ့ပါ။ ဤလိင်ပိုင်းဆိုင်ရာအဓမ္မကျူး လွန်မှုဖြစ်ရပ်သည် စိတ်ဒဏ်ရာကို အလွန်အမင်းဖြစ်စေခဲ့ပါသည်။ နော်အ---သည် ဤကဲ့သို့ ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာအဓမ္မကျူးလွန်မှု နေ့ရက်အတိအကျကို မမှတ်မိတော့ပါ။ သူမသည် ဖြစ်ပျက်ခဲ့သည့်အရာ များအတွက် အရှက်ရခဲ့ပြီး စိတ်ဒဏ်ရာနှင့်ပတ်ဝန်းကျင်မှ ဘေးဖယ်ထားခြင်းအား ဆက်လက်ကြုံတွေ့ခံစား နေရပြီး သူမ၏လူမှုအသိုက်အဝိုင်းမှ သူမအား ပြစ်မှုကျူးလွန်သူအဖြစ်သာမြင်ကြပါသည်။ 

 

နော်အ---သည် ဖြစ်ပျက်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုသုံးခုလုံးကို ပြောပြခဲ့ပါသည်။ “၂၀၁၆ ခုနှစ် ကျွန်မအသက်၁၅နှစ်အရွယ်မှာ အဖေက ကျွန်မကိုအဓမ္မပြုကျင့်ခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်မအိပ်ရာထဲမှာ အိပ်နေတုန်းမှာ သူက ကျွန်မဆီကလာတယ်။ သူက ကျွန်မရဲ့ပါးစပ်ကိုဖိထားပြီး ခါးကိုကိုင်တယ်။ ကျွန်မသူ့ကိုမေးလိုက်တယ်။ ‘အဖေ ဘာလုပ်မလို့လဲ။’ သူက ‘ရှူး၊ တိတ်တိတ်နေ’။ ပြီးတဲ့နောက်မှာ သူက ကျွန်မကို အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတယ်ဆိုတာသိလိုက်တယ်။ ဒါနဲ့ကျွန်မထလိုက်ပြီးတော့ အိမ်သာသွား တက်ချင်တယ်လို့ဆင်ခြင်ပေးလိုက်တယ်။ ပြီးတော့ အိမ်အောက်ကိုဆင်းသွားပြီး အဲ့ဒီမှာခဏလေးနေ လိုက်တယ်။”

 

“ဒုတိယအကြိမ်ကတော့ ၂၀၁ရခုနှစ် ကျွန်မအသက်၁၆နှစ်အရွယ်မှာဖြစ်ပါတယ်။ သူကကျွန်မကို နောက်ထပ်တစ်ကြိမ်ကြိုးစားပြီးတော့ အဓမ္မပြုကျင့်မှာမဟုတ်တော့ဘူးလို့ထင်ခဲ့တယ်။ တစ်ညမှာကျွန်မကို ငါးသွားမျှားဖို့ခေါ်တယ်။ ကျွန်မ ဖယောင်းတိုင်ယူလိုက်ပြီးတော့ သူ့နောက်လိုက်သွားခဲ့တယ်။ မြစ်ကမ်းနံဘေးကိုရောက်တဲ့အချိန်မှာ ကျွန်မဆီကဖယောင်းတိုင်ကိုယူလိုက်ပြီး မှုတ်ပိတ်လိုက်တယ်။ ပြီးတော့ ကျွန်မကို ချုံပုတ်ဘေးနားမှာ အဓမ္မပြုကျင့်လိုက်တယ်။ အဖေက ကျွန်မကို ခြိမ်းခြောက်တယ်။ ‘ဒီကိစ္စကို ဘယ်သူ့မှ မပြောရဘူးနော်။ တကယ်လို့ နင်တစ်ယောက်ယောက်ကိုပြောပြလိုက်မယ်ဆိုရင်တော့ ငါနင့်ကို တောထဲ ခေါ်သွားပြီး သေတဲ့အထိ ကြိုးနဲ့နင့်လည်ပင်းကိုချိတ်ပစ်မယ်။’ ဒီအကြောင်းတွေကို ကျွန်မ အမေ့ကိုပြော ပြလိုက်တယ်။ ဒါပေမဲ့ အမေက ဒါကိုလျို့ဝှက်ထားလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေသိသွားရင် ကျွန်မရှက်သွားမှာကို အမေက ကြောက်လို့လေ။” 

 

၂၀၁၈ခုနှစ်တွင် ဦးစန်းဖွဲသည် နော်အ---အား ဒုတိယအကြိမ် အဓမ္မပြုကျင့်ခဲ့ပါသည်။ “သူဘာလို့ကျွန်မကိုအဲ့လိုလုပ်တာလဲဆိုတာ ကျွန်မနားမလည်နိုင်ဘူး။” နော်အ---သည် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုကို အ ကြိမ်ကြိမ်ခံရကြောင်းပြောပြခဲ့ပြီး လူသတ်မှုကျူးလွန်ခဲ့ရသည့်အကြောင်းအရင်းကို အသေးစိတ်ရှင်းပြခဲ့ပါ သည်။ “သူက ကျွန်မရဲ့အဖေဖြစ်တဲ့အတွက် သူ့ကိုခွင့်လွှတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်မကို အ ကြိမ်ကြိမ်အဓမ္မပြုခဲ့တဲ့အတွက် ကျွန်မသီးမခံနိုင်တော့ဘူး။ အဓမ္မပြုကျင့်ခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ဝန်မရ ခဲ့တဲ့အတွက် ကျွန်မကံကောင်းခဲ့တယ်လို့ဆိုရမှာဘဲ။ မဟုတ်ရင်တော့ ကျွန်မ တကယ်ဘဲ အရှက်ကွဲမိမှာ။” ထို့ပြင်နော်အ---မှ ထပ်မံဖြည့်စွက်ပြောခဲ့သည်မှာ“ကျွန်မအဖေက ကျွန်မတို့တွေကို အဓမ္မပြုကျင့်ကြတယ်။ ကျွန်မညီမအငယ်လေးအရွယ်ရောက်လာရင် သူအဓမ္မပြုကျင့်မှာကို ကျွန်မစိုးရိမ်တယ်။ အခု ညီမလေးက အရမ်းငယ်သေးတယ်လေ။’’

 

နော်အ---သည် နောက်ဆုံးတွင် သူမ၏ပြစ်မှုအား ဒေသခံအာဏာပိုင်များထံသို့ ဝန်ခံခဲ့ပါသည်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နဘူးမြို့နယ်ရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ခေါင်းဆောင်ညာစိန်နှင့် သူမအဖေ၏ မိသားစုဝင်များသည် ယင်းကိစ္စနှင့် ပတ်သတ်၍ မည်ကဲ့သို့တာဝန်ယူဆောင်ရွက်ကြမည်ကို ဆုံးဖြတ်ခဲ့ကြ ပါသည်။ နော်အ---၏အဒေါ်မှ [သူမဖခင်၏ညီမ] တောင်းဆိုထားသည့်အတိုင်း သူမအား သုံးလကြာထိန်းသိမ်းရမည်အပြင် လျော်ကြေးငွေအဖြစ် ကျပ် (၃,၀၀၀,၀၀၀၀) ပေးဆောင်ရမည်ဖြစ်ပါသည်။  ဤကိစ္စအား ဆောင်ရွက်စဉ်တွင် နော်အ---၏အမကြီးနှင့် ခယ်မတို့သည် လာရောက်ကာ သူတို့နှစ်ဦးစလုံးသည် သေဆုံး သွားသောသူ၏အဓမ္မပြုကျင့်ခြင်းကိုတစ်ကြိမ်စီ ခံခဲ့ရကြောင်း ပြောပြခဲ့ပါသည်။ 

 

နော်အ---ကို ကရင်အမျိုးသားရဲတပ်ဖွဲ့အာဏာပိုင်များမှ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလကတည်းက နဘူး မြို့နယ်၊ ထီးကလေးကျေးရွာအုပ်စု၊ စ--- ကျေးရွာရှိ ဆေးခန်းတွင်  ထိန်းသိမ်းထားခဲ့ပါသည်။ နော်အ--အား မည်မျှကြာရှည်စွာ ထိန်းသိမ်းထားမည်ကိုလည်း အသိပေးအကြောင်းကြားခဲ့ခြင်းမရှိခဲ့ပါ။ သူမအဒေါ်၏သ ဘောတူညီမှုရရှိမှသာ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့မှ နော်အ---အား ဤအမှု ကို ကရင်အမျိုးသားအစည်းအရုံးခရိုင်တရားရုံးသို့ လွှဲပြောင်းပေးမည်ဟုပြောခဲ့ပါသည်။ သို့သော် လွှဲပြောင်း ပေးမည့်ကိစ္စကို မပြုလုပ်ရသေးပဲရှိနေပါသည်။ 

 

နော်အ---ထံသို့ မိသားစုဝင်များသွားရောက်လည်ပတ်ရန်နှင့် သူမအား ဖုန်းဖြင့်ဆက်သွယ်ရန် ခွင့်ပြုချက် ပေးထားသော်လည်း ဆေးခန်းမှထွက်သွားရန် တားမြစ်ထားပါသည်။ ထမင်းချက်ရန်နှင့် သန့်ရှင်းရေးအပါ အဝင် သူမအားခိုင်းစေသည့်မည်သည့်အလုပ်မဆို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ တစ်ကြိမ်မှာ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ဖျားနာနေသောသူမ၏ မိခင်ကို ပြန်ကြည့်ရန် ခွင့်ပြုချက်နှစ်ရက်တောင်းဆိုခဲ့ သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပေ။ ဤအခြေအနေအောက်တွင်အသက်ရှင်နေရခြင်းနှင့် သူမအပေါ်တွင် ထားရှိသည့် ဒေသခံလူမှုအသိုက်အဝိုင်းတို့၏အမြင်များသည် သူမအား စိတ်ဓာတ်ကျစေမှုနှင့် ဝမ်းနည်းမှု များကိုဖြစ်စေပါသည်။ သူမသည် တစ်ခါတစ်ရံတွင် မျှော်လင့်ချက်မဲ့နေပြီး သေကြောင်းကြံစည်ချင်ကြောင်း ရှင်းပြခဲ့ပါသည်။ 

 

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် နော်အ---သည် သူမအမှုကို ကရင်အမျိုးသားအစည်းအရုံးခရိုင်တရားရုံးသို့ မြန်နိုင်သမျှ မြန်မြန်လွှဲပြောင်းပေးစေချင်ခဲ့ကြောင်း ပြောပြခဲ့ပါသည်။ ယခုအချိန်တွင် လူမှုကျန်းမာရေးလုပ် သားတစ်ဦးဖြစ်လာရန် သူမ၏ရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်သေးသည့်အပြင် သူမခံစားနေရ သောစိတ်ဒဏ်ရာများအား ဖယ်ရှား၍ ရှေ့ဆက်လျှောက်လမ်းနိုင်ရန်တို့မှာ မဖြစ်နို်င်သေးပဲ ရှိနေပါသည်။ “ကျွန်မကျောင်းကိုပြန်သွားပြီး ဆေးသင်တန်းကိုတက်ချင်တယ်။ ဒါမှ လှုမှုကျန်းမာရေးလုပ်သားလုပ်လို့ ရမှာ။ ကျွန်မမှာသာ အဲ့ဒီအရည်အချင်းသာရှိမယ်ဆိုရင် ဘဝသစ်ကို ပြန်စပြီး ကျွန်မခံစားရတဲ့အရှက်တရား အားလုံးကိုဖယ်ရှားပစ်နိုင်မယ်ထင်တယ်။ […] ကျွန်မလွတ်လွတ်လပ်လပ်သာ နေရလို့ရှိရင် သိပ်ကောင်း မှာဘဲ။ ကျွန်မက ကျန်းမာရေးလုပ်သားဖြစ်ဖို့ အိမ်မက်ကို ဖြစ်မြောက်ချင်တယ်။ ကျွန်မက ဆေးအတတ် ပညာရပ်ကိုသင်ယူချင်ပြီး အဲ့ဒီအတတ်ပညာနဲ့ ကျွန််မရဲ့လူမှုအသိုက်အဝိုင်းကို ကူညီချင်ပါတယ်”

 

(ပြင်ဆင်ဖြည့်စွက်ခြင်း - ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ၂ဝနေ့ရက်) ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိသော သတင်းအချက်အလက်များအရ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ၂ရက်နေ့တွင် နဘူးမြို့နယ်ရှိ ကရင်အမျိုးသား ရဲတပ်ဖွဲ့သည် နော်အ---၏အမှုကို KNU ဘားအံ ခရိုင်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ပါသည်။ 

 

(တဖန်ပြင်ဆင်ဖြည့်စွက်ခြင်း - ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ရက်နေ့) - ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ ရက်နေ့တွင် ဘားအံခရိုင်ရှိ ကေအဲန်ယူခရိုင်တရားရုံးမှ နော်အ---အား တရားစွဲဆိုထားသည့် အမှုများ အားလုံးကို ရုတ်သိမ်းရန်ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သို့သော်လည်း သူမအား အချုပ်ထဲတွင် ဖမ်းဆီးထိန်း သိမ်းထားပြီး ကုန်ဆုံးသွားသည့်အချိန်ကာလအတွက် မည်သည့်လျော်ကြေးမျှ ရရှိခဲ့ခြင်း မရှိပေ။ နော်အ---သည် ပညာရေးအား ဆက်လက်သင်ယူဆည်းပူးရန် စိတ်အားထက်သန်သည့်အတွက် တရားရုံးမှ သူမအား ကရင်အ မျိုးသမီးအစည်းအရုံးသို့ ပို့ဆောင်ခဲ့ပါသည်။ လူမှုပတ်ဝန်းကျင်အတွင်း လိုက်လျော်ညီထွေစွာ  နေထိုင်နိုင်ရန် အတွက် ကရင်အမျိုးသမီးအစည်းအရုံးမှ နော်အ---အား စိတ်ပိုင်းဆိုင်ရာအားပေးမှုများနှင့် လိုအပ်သည့် အကူအညီများ ပေးဆောင်သွားမည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ သတင်းရရှိထားပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤအချက််အလက်များအား အသုံးပြုဖြုန့်ဝေရန်အတွက် နော်အ---မှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ခွင့်ပြု ချက်ပေးခဲ့ပါသည်။ သူမသည် ၎င်းလူမှုအသိုက်အဝန်းမှ သူမအားစိတ်ဒဏ်ရာဖြစ်စေသည့်အပြုအမှုနှင့် ရင်ဆိုင်ရသော်လည်း အခြားမည်သူတစ်ဦးတစ်ယောက်မျှ သူမကဲ့သို့ မကြုံတွေ့ရစေရန် သူမ၏အတွေ့ အကြုံကို ဝေမျှချင်ခဲ့ပါသည်။ 

Thu, 05 Dec 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဘားအံခရိုင်ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေး အနေနှင့် ဆင်ဆာဖျက်ထားပါသည်။ ကွင်းစ၊ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်