နိဒါန်း

ဤဒေသတွင်းအစီရင်ခံစာသည် ၂၀၂၀ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလအကြားတွင် KHRG ကွင်းဆင်းလုပ်သားများမှ ပြုစု ထားသောအကြောင်းအရာအပေါ်အခြေခံကာ ဆန်းစစ်မှုပြုလုပ်ထားပါသည်။

သြဂုတ်လအတွင်းတွင် ကိုဗစ်-၁၉ (COVID-19)[1]  ရောဂါ၏ ဒုတိယလှိုင်းကူးစက်ပျံ့နှံ့မှု စတင်ဝင်ရောက်သောကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေပြည်သူများအတွက် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် သက်ရောက်မှုရှိသည့် တင်းကျပ်မှုအသစ်များနှင့် ထပ်မံတိုးချဲ့သောတင်းကျပ်မှုများဖြင့် ရင်ဆိုင်ကြရပါသည်။ ကျေးရွာ အဆင့် ဝင်ထွက်သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် ဒေသခံများသည် ၎င်းတို့၏စိုက်ပျိုးမြေဥယျဉ်ခြံသို့သွား ရောက်နိုင်ခွင့်မရှိခြင်း၊ ကုန်ထွက်စိုက်ပျိုးသီးနှံများရောင်းထုတ်နိုင်စွမ်းမရှိခြင်း သို့မဟုတ် နေ့စားအလုပ်များရှာဖွေနိုင် စွမ်းမရှိခြင်းများသည် ရွာသူရွာသားများ၏မိသားစုစားဝတ်နေရေးအတွက်  အခက်အခဲများပိုမိုရင်ဆိုင်ရစေပါသည်။ မြန် မာအစိုးရမှ ငွေကြေးထောက်ပံ့ခြင်းနှင့် ပစ္စည်းဥစ္စာထောက်ပံ့ခြင်းများပေးသော်လည်း  ကရင်အမျိုးသားအစည်းအရုံး (KNU)[2]နှင့် အခြားအဖွဲ့အစည်းများအနေဖြင့် အထောက်အပံ့များဖြန့်ဖြူးဝေငှရာတွင် တကယ်လိုအပ်သည့်အိမ်ထောင် စုများဆီသို့ ရောက်ရှိခြင်းမရှိပေ။ ကိုဗစ်-၁၉ (COVID-19) ရောဂါ၏ ဒုတိယလှိုင်းကူးစက်ပျံ့နှံ့မှုသည် ပညာရေးအပေါ် ဆိုးရွားသည့်သက်ရောက်မှုရှိခဲ့ပါသည်။ နေရာဒေသအများစုတွင် ကျောင်းများဆက်လက်ပိတ်ထားနေရဆဲဖြစ်ပြီး ဖွင့်နေ သည့်ကျောင်းအချို့သည်လည်း ပညာရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမှုရှိခဲ့ပြီး ကျောင်းသူကျောင်း သားများ ကျောင်းထွက်နှုန်းများလာသည့်အပေါ် ကလေးများ၏အနာဂတ်ပညာရေးအတွက် မိဘများကစိုးရိမ်ပူပန်နေရ ပါသည်။ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်စွမ်းမှာလည်း အကန့်အသတ်ရှိပြီး ကျန်းမာရေးလုပ်သားများအနေဖြင့် နေရာ ဒေသအချို့သို့သွားရောက်နိုင်စွမ်းမရှိခြင်းနှင့် ရွာသားများသည် ၎င်းတို့နှင့်နီးသော ဆေးရုံဆေးပေးခန်းများဆီသို့လည်း သွားရောက်နိုင်စွမ်းမရှိချေ။ KHRGလှုပ်ရှားရာနယ်မြေဒေသအတွင်း ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်ခံရမှုများ ပြားလာလျက်ရှိသည်။ ရောဂါစမ်းသပ်မှုနှင့် ဆေးဝါးကုသဝန်ဆောင်မှုများလုံလောက်မှုမရှိသည့်အတွက်၊ ဒေသခံရွာသား များအနေဖြင့် ဤအခြေအနေများအောက်တွင် ဝန်ဆောင်မှုများရယူနိုင်ရေးအတွက် မည်သို့လုပ်ဆောင်ရမည်ကို မိမိ ဘာသာနည်းလမ်းများရှာဖွေဖော်ထုတ်ရသည်။

သတင်းစုဆောင်းရယူသည့်ကာလအတွင်း ကရင်ပြည်နယ်မြောက်ပိုင်း KNU သတ်မှတ်ထားသည့် ထိန်းချုပ်နယ်မြေအ တွင်း တပ်မတော်[3]စစ်သားများ ဆက်လက်တည်ရှိနေပြီး ၎င်းတို့၏အရှေ့တန်းတပ်စခန်းများသို့ စားနပ်ရိက္ခာ၊ လက်နက် ခဲယမ်းပို့ဆောင်ပြီး တပ်သားများလည်းထပ်မံအင်အားဖြည့်တင်းလျှက်ရှိသည်။ ထို့အပြင် ၎င်းတို့သည် ခလယ်လွီထူ (ဖာပွန်) နှင့် မူတြော် (ညောင်လေးပင်) ခရိုင်[4]အတွင်းရှိ  စစ်ရေးအတွက်အသုံးပြုသောလမ်းအား ပြန်လည်ဆောက်လုပ် နေသောကြောင့် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA)[5]နှင့်တင်းမာမှုဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားနေပါ သည်။ KNU ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်စစ်သားများ၏ ဆက်လက်ကျူးကျော်ဝင်ရောက်မှုများကြောင့် မူ တြော်ခရိုင်ရှိမယ်ဝေဒေသသည် ဒီဇင်ဘာလအတွင်း လုံခြုံရေးအခြေအနေများဆိုးရွားလာပါသည်။ KNLA နှင့် တပ်မ တော်အကြားဖြစ်ပွားသောတိုက်ပွဲများကြောင့် အိမ်ခြေတစ်ဆယ်ကျော် ကျေးရွာမှ ထွက်ပြေးခဲ့ရပါသည်။ တိုက်ပွဲများအ နီးနားရှိ ကျေးရွာအုပ်စုသို့ ၂၀၂၁ ခုနှစ် အစောပိုင်းကာလအထိဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ခလယ်လွီထူနှင့် မူ တြော်ခရိုင်အတွင်း တပ်မတော်လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သည့်ဖြစ်စဉ်များကိုလည်း KHRG မှ မှတ်တမ်းပြုစု ထားပါသည်။ ဤရမ်းသန်းပစ်ခတ်မှုများကြောင့် ထိခိုက်နစ်နာမှုများရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရမှုများကိုလည်း ဖြစ် ပေါ်စေပါသည်။ ထို့အပြင် ဤကဲ့သို့ ရမ်းသန်းပစ်ခတ်မှုကြောင့် အနည်းဆုံးကျေးရွာတစ်ရွာတွင်  ရွာသားများအသက် မွေးဝမ်းကျောင်းပြုလုပ်သည့်နေရာစိုက်ပျိုးခင်းများ၊ အိမ်ယာများနှင့်သောက်သုံးရေရယူနေသည့်နေရာများ ပျက်စီးဆုံး ရှုံးစေခဲ့ပါသည်။

အမျိုးသမီးများအပေါ်ချိုးဖောက်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်သည့် မုဒိန်းမှု(၄)မှုကိုလည်း KHRGမှမှတ် တမ်းပြုစုထားပါသည်။ ကလေးသူငယ်အပေါ်ချိုးဖောက်သောအမှု(၂)မှုနှင့် အရွယ်ရောက်အမျိုးသမီးအပေါ် ချိုးဖောက် မှု(၂)မှုတို့ဖြစ်ပါသည်။ ဤအမှုအားလုံးကို ဒေသခံခေါင်းဆောင်နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)[6]ထံသို့တင်ပြထား သော်လည်း အမှုတင်ထားသည့်အချိန်အတွင်း မုဒိန်းမှုဖြင့်တရားစွဲဆိုထားခြင်း မရှိသေးပေ။ ဒေသခံအာဏာပိုင်များနှင့် ဥပဒေပိုင်းဆိုင်ရာကိုင်တွယ်ဆောင်ရွက်သူများအနေဖြင့်လည်း မကြာခဏဆိုသလိုမျက်မြင်သက်သေမရှိခြင်း သို့မဟုတ် အမှု စွဲချက်တင်သူမရှိခြင်းများကြောင့် စုံစမ်းစစ်ဆေးမှုအားပိုမိုကြာရှည်စေပြီး မုဒိန်းမှုကိုပယ်ဖျက်ရာရောက်စေပါသည်။ ဤကဲ့သို့ စုံစမ်းစစ်ဆေးမှုပြုသည့်ကန့်သတ်မှုရှိနေခြင်းသည် ကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိ အဓိကအ ဟန့်အတားဖြစ်စေပါသည်။ ထို့အပြင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းမှုများကို ကြေအေးစေ ရန်အတွက် လျော်ကြေးပေးခြင်းဖြင့်ကိုင်တွယ်ဖြေရှင်းနေကြသည်။ ဤသည်ကား ရွာသူရွာသားနှင့် အာဏာပိုင်များအ ကြား ဥပဒေရေးရာအသိပညာဗဟုသုတအားနည်းခြင်းနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းများကြောင့် တရားမျှတမှုရ ရှိရန် အဟန့်အတားဖြစ်စေပါသည်။

နောက်ဆုံးအနေဖြင့် KHRG မှ လူသတ်မှု (၃) မှုနှင့် နယ်ခြားစောင့်တပ် (BGF) မှ ကျူးလွန်သော ရွာသားများအား အတင်း အဓမ္မခိုင်းစေသည့် ဖြစ်စဉ်(၁)ခုအား မှတ်တမ်းပြုစုခဲ့ပါသည်။ သတင်းမှတ်တမ်းပြုစုသည့်ကာလအတွင်း မပေါက်ကွဲ သေးသည့်လက်နက်ခဲယမ်းမှ ကလေး(၄)ဦးပါဝင်သော ဒဏ်ရာရရှိသည့် ရွာသားငါးဦးဖြစ်စဉ်လည်းရှိခဲ့ပါသည်။ ဤသည် မှာ အချို့နေရာဒေသများတွင် စစ်ကြွင်းစစ်ကျန်များကျန်ရှိနေသေးပြီး ပြည်သူလူထုတို့အား လက်မခံနိုင်သည့် ခြိမ်းခြောက်မှုမျိုးဖြစ်စေခဲ့ပါသည်။ အခြားတစ်ဘက်တွင်လည်း ဒူးပလာယာနှင့်မူတြော်ခရိုင်တို့တွင် သဘာဝဘေးဒဏ်ကြောင့်အသေးစားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် မှီခိုနေသောရွာသားများ၏ အသက်မွေးဝမ်းကျောင်းပြုမှု အခက်အခဲ ဖြစ်စေပါသည်။ မကွေးထားဝယ်ခရိုင်တွင်မူ ရေလွမ်းမိုးမှုကြောင့် ရွာသားများမှ ၎င်းတို့ကျေးရွာမှ ထွက်ပြေးခဲ့ရပြီး ညောင်လေးပင်ခရိုင်တွင်မှာမူ ကလော်မြော်၊ ဖူးလိုကလိုး၊ ကော်ကလိုးကလိုး စသည့်မြစ်ချောင်းများမှ အကြီးစားရွှေတူး ဖော်မှုလုပ်ငန်းများကြောင့် မြစ်ချောင်းဘေးတစ်လျှောက်နေထိုင်သည့် ရွာသားများ၏အသက်မွေးဝမ်းကျောင်းပြုမှုကို လည်းခြိမ်းခြောက်မှုဖြစ်စေပါသည်။ မကွေးထားဝယ်ခရိုင်မှ တိုင်းရင်းသားလူနည်းစုများသည် မြန်မာအစိုးရ၏ခွဲခြား ဆက်ဆံမှုများကြောင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားရရှိရန်နှင့် လုပ်ဆောင်ရန်အခက်အခဲများရှိကြောင်း မှတ်တမ်းပြုစု ချက်အရသိရှိရပါသည်။

အပိုင်း (၁)။ အဓိကဖွံ့ဖြိုးတိုးတက်မှုများ

     က) ကိုဗစ်-၁၉ ရောဂါ

KHRG အနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါအခြေအနေနှင့်ပတ်သက်ပြီး ယခင်ဇွန်လကတည်း ကပင်တင်ပြခဲ့ပြီးဖြစ်ပါသည်။[7] ထိုအချိန်တွင် KHRG လှုပ်ရှားရာနယ်မြေဒေသအတွင်း ရောဂါကူးစက်ပျံ့ပွားမှုနှင့်ပတ် သက်ပြီး တင်ပြထားသောအစီရင်ခံစာမရရှိသေးပါ။ ကိုဗစ်-၁၉ရောဂါကူးစက်မှုသည် သြဂုတ်လအလယ်ပိုင်းလောက် တွင်ရခိုင်ပြည်နယ်မှစတင်ပျံ့ပွားပြီး နိုင်ငံတစ်ဝန်းရှိအခြားဒေသများဆီသို့ အလျင်အမြန်ကူးစက်ပျံ့နှံ့သဖြင့် ဒုတိယလှိုင်း ကူးစက်ပျံ့ပွားမှုဖြစ်လာခဲ့ပါသည်။ ကိုဗစ်-၁၉ရောဂါပျံ့ပွားမှုသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၀ခုနှစ်၊ စက် တင်ဘာလကတည်းကပင်စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားများ၏လွတ်လပ်စွာ သွားလာလှုပ်ရှားမှုအား တင်းကြပ် မှုဖြစ်စေသည်သာမက ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ်တွင်လည်း သက်ရောက်မှုရှိစေခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှုရယူနိုင်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့ပါသည်။ မြန်မာအစိုးရ၊ KNU နှင့် အခြားလူထုအခြေပြုလူမှုအဖွဲ့အစည်းများနှင့် NGO များမှ ငွေကြေးဆိုင်ရာထောက်ပံ့မှုနှင့်ပစ္စည်းကိရိယာ ထောက်ပံ့မှုများ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ သို့သော် အဆိုပါထောက်ပံ့မှုများသည် လုံလောက်မှုမရှိသလိုတကယ်လို အပ်သည့်နေရာဒေသများဆီသို့ မရောက်ရှိခဲ့ပါ။

ဤအခန်းတွင်တင်ပြမည့် သတင်းအချက်အလက်များသည် ယခင်ထုတ်ဝေခဲ့ပြီးသော တွေ့ဆုံမေးမြန်းခန်းများနှင့် နောက်ဆုံးရအခြေအနေတင်ပြချက် အစီရင်ခံစာများအပြင် မထုတ်ဝေရသေးသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာသုံးသပ် ချက်အစီရင်ခံစာအပေါ်တွင် အခြေခံထားပါသည်။[8] KHRGမှ ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်းသည့် သတင်းအချက်များ အား သတင်းမှတ်တမ်းပြုစုသည့်ကာလအတွင်း ရရှိလျက်ရှိပြီး သတင်းစီစစ်မှုလုပ်ငန်းစဉ်အဆင့်သာရှိနေသေးသော ကြောင့် ဤအစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။

        (၁) ကျေးလက်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများသည် မြန်မာပြည်အရှေ့တောင်ပိုင်းသို့ ၂၀၂၀ခုနှစ် အ စောပိုင်းကာလတွင် စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ပထမလှိုင်းကူးစက်ပျံ့ပွားမှုအတောအတွင်း  KHRG၏လှုပ်ရှား ရာနယ်မြေဒေသရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး တင်ပြထားသည့် အစီရင်ခံစာ မရရှိခဲ့ပါ။ လတ်တလောသတင်းမှတ်တမ်းပြုစုသည့် ကာလအတွင်းတွင်မှာမူ KHRGမှ ကျေးလက်ဒေသအတွင်းရှိနေရာဒေသအချို့တွင် ကူးစက်ပျံ့ပွားမှုအသစ်နှင့်ပတ်သက်ပြီး ဖော်ပြသည့်အစီရင်ခံစာရရှိခဲ့ပါသည်။[9] ဥပမာဖြစ်စဉ် တစ်ခုတွင် တောအူး(တောင်ငူ)ခရိုင်ရှိ ထမွန်ကျေးရွာမှ  ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် ၂၀၂၀ခု နှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့တွင် စမ်းသပ်စစ်ဆေးချက်အရ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသည်ကိုတွေ့ရှိရပြီး ဆေး ဝါးကုသမှုခံယူရန်အတွက် တောင်ငူဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ပြန်လည်သက်သာလာခဲ့ပါသည်။ ကူးစက် ခံရမှု အသစ်တွေ့ရှိရပြီးနောက်ပိုင်း ဒေသအတွင်းဝင်ထွက်သွားလာမှု ပိတ်ပင်ကန့်သတ်ခြင်းမရှိသော်လည်း ဒေသခံများ အနေဖြင့်အဆိုပါရောဂါကာကွယ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဝါဒများဖြစ်သည့်နှာခေါင်းစည်းအမြဲတပ်ဆင်ခြင်းနှင့်လက်မကြာခဏဆေးကြောခြင်းတို့အား တသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု၏  ဒုတိယဖြစ်စဉ်တစ်ခုအနေဖြင့် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ စက် တင်ဘာလအတွင်း တွေ့ရှိခဲ့ပါသည်။ ကွာရန်တင်းဝင်သည့် လူနာနှင့်ထိတွေ့မှုရှိခဲ့သည့် မိသားစုဝင်သုံးဦးသည် ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား တသွေမတိမ်းလိုက်နာစေရန်နှင့် အခြားသောရွာသားများထံသို့ကူး စက်ပျံ့ပွားမှုမရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်သည့်ကြားမှ ကူးစက်ခံခဲ့ရပါသည်။

        (၂) အသိပညာပေးခြင်းနှင့် ကာကွယ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များသည် KNU နှင့် မြန်မာအစိုးရအပါအဝင် ကော်သူးလေကျန်းမာ ရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW)[10]၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD)[11]နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စသည့်အဖွဲ့အစည်းတို့မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မြန်မာအစိုးရနှင့် KNU တို့မှလည်း ၎င်းတို့၏ ဒေသအတွင်း ကွာရန်တင်းစင်တာများထားရှိခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင် ရွာသူရွာသားများနှင့် ကျန်းမာရေးလုပ်သားများအား အပူ ချိန်မည်သို့တိုင်းရမည်နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား မည်သို့စောင့်ကြည့်ရမည်ကို KDHWမှ သင်တန်းများ ပေးနေပါသည်။ ဒူးပလာယာခရိုင်၊ ဝင်းရော်မြို့နယ်ရှိ ဒေသခံလူမှုအသိုက်အဝန်းများဆီသို့ KNU နှင့် ၎င်း၏ကျန်းမာရေးအဖွဲ့သားများကအတူတကွပူးပေါင်းပြီး တစ်လတစ်ကြိမ်အသိပညာပေးသင်တန်းများပေးနေပါသည်။ KWO အနေ ဖြင့် နှာခေါင်းစည်း ၁၀၀၀ခုအား ပိတ်စဖြင့်ချုပ်ပြီး ဒေသခံလူထုဆီသို့ ပို့ဆောင်ခဲ့ကြောင်း ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်း မြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ နို့ကနဲကျေးရွာမှ ရွာသားတစ်ဦးမှ တင်ပြပါသည်။ Medical Action Myanmar (MAM)မှ လက်ဆေးဆပ်ပြာနှင့် နှာခေါင်းစည်းများဖြန့်ဝေပေးကြောင်းကိုလည်း တောအူးခရိုင်၊ ဒေါဖခို (သံတောင်ကြီး) မြို့နယ်၊ ဇီးပင်ကလေးကျေးရွာအုပ်စု၊ ဇီးပင်ကလေးကျေးရွာမှ ရွာသားတစ်ဦးက တင်ပြပါသည်။

        (၃) ကူညီထောက်ပံ့မှုများ

KHRG ၏ ယခင် (၂၀၂၀ ခုနှစ်၊ မတ်လမှ ဇွန်လအထိကောက်နုတ်တင်ပြထားသော အစီရင်ခံစာ (၂၀၂၀ခုနှစ်၊ အောက်တို ဘာလတွင်ထုတ်ဝေခဲ့သောကိုဗစ်-၁၉နှင့်ပတ်သက်သည့်အစီရင်ခံစာ)[12]တွင်မြန်မာအစိုးရမှအမှန်တကယ်ကူညီထောက် ပံ့မှုလိုအပ်သော အခြေခံလူတန်းစားနှင့် အိမ်ထောင်စုများဆီသို့ ငွေကြေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းကိရိယာ ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း ဆိုထားပါသည်။ ဇွန်လတွင် အဆိုပါကူညီထောက်ပံ့မှုများသည် မြန်မာအစိုးရနှင့်ရောနှော ထိန်းချုပ်နယ်မြေမှနေထိုင်သူများ အနည်းငယ်ရရှိခဲ့ပါသည်။ ၎င်းတို့သည် အဆိုပါထောက်ပံ့မှုများ ဆက်လက်ရရှိရန် လို အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာလှုပ်ရှားမှုများ ကန့်သတ်ထားသဖြင့် ဒေသခံလူမှုအသိုက်အဝန်းများသည် ၎င်းတို့အ သက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများအပေါ်နှင့် စားနပ်ရိက္ခာပြတ်လတ်မှုများ ကြုံတွေ့ကြရပါသည်။ ထို့အပြင် ကျေးလက်ဒေသအထိ ကူးစက်ပျံ့ပွားမှုများရှိလာခဲ့သည့်အပေါ် ၎င်းတို့အတွက် ကူးစက်ခံရမှုအန္တရာယ်မှာလည်း ပိုမိုကြီး မားလာပါသည်။ ရွာသူရွာသားအများစုမှာ အစိုးရမှထောက်ပံ့ထားသောကူညီထောက်ပံ့မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဖြင့် ရှင်သန်နေရသည်။ သို့သော် အဆိုပါကူညီထောက်ပံ့မှုများသည် တစ်ရွာနှင့်တစ်ရွာ အကြားရရှိသည့်ပဏာမနှင့်အမျိုးအစားကွာခြားမှုရှိသည်။ မြန်မာအစိုးရနှင့် ရောနှောထိန်းချုပ်နယ်မြေအကြား နေထိုင် သောသူများအတွက် အစိုးရမှဆန်၊ဆီ၊ဆား၊ နှာခေါင်းစည်း၊ လက်ဆေးရည်၊ အပူချိန်တိုင်းကိရိယာနှင့် ငွေကြေးထောက်ပံ့မှုများကူညီပံ့ပိုးပေးပါသည်။ ၎င်းအထောက်အပံ့အများစုသည် အခြေခံလူတန်းစားနှင့် အသက်မွေးဝမ်းကျောင်းလုပ် ငန်းအခက်အခဲရှိသူများအတွက် ဦးစားပေးထောက်ပံ့ပေးပါသည်။ ဆင်းရဲသောသူများ၊ လုပ်ကိုင်စားသောက်ရန်မြေယာ မရှိသူများနှင့် အသက်ကြီးသူများအတွက် အဓိကအကူအညီလိုအပ်သူများအဖြစ် သတ်မှတ်ပါသည်။ တောအူးခရိုင်၊ ဒေါဖခို(သံတောင်ကြီး)မြို့နယ်၊ လိပ်သိုမြို့တွင် အသက် ၆၀ အထက် အသက်ရွယ်အိုများကို  ကျပ်ငွေ ၅၀၀၀၀ ထောက် ပံ့ပေးပါသည်။ နေရာဒေသအချို့တွင်မြန်မာအစိုးရမှတစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ငွေကြေးထောက်ပံ့မှုပေး ပါသည်။ ဥပမာ တောအူးခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံရွာသားများ(ငွေကြေးထောက်ပံ့မှုရရှိခဲ့ပြီးဖြစ် သည်)ကို မြန်မာအစိုးရမှ ကိုဗစ်-၁၉ ပျံ့ပွားသည့်အချိန်မှစ၍ သုံးလတစ်ကြိမ် ငွေကြေးထောက်ပံ့မှုပေးခဲ့ပါသည်။ မကွေး ထားဝယ်ခရိုင်၊ လေညာဘုတ်ပျင်း၊ ကော်ဘောကျေးရွာတွင် မြန်မာအစိုးရမှ ရွာသားများကို ၂၀၀၀၀ ကျပ် ကူညီထောက် ပံ့ပေးသော်လည်း ရွာသားများမှကျေးရွာလူကြီးအား သယ်ယူပို့ဆောင်ရေးကုန်ကျမှုအတွက် ၅၀၀၀ ကျပ်ပြန်ပေးရပါ သည်။

အစိုးရ၏မတူညီသောကူညီထောက်ပံ့မှုများကြောင့် ရွာသားများအကြား အချင်းချင်းမကျေနပ်မှုများဖြစ်စေပြီး အငြင်း ပွားစရာများဖြစ်စေပါသည်။ ရွာသားအချို့မှာ ကူညီထောက်ပံ့မှုရရှိခြင်းနှင့်ပတ်သက်ပြီး တန်းတူညီမျှမှုမရှိခြင်းနှင့် ပွင့် လင်းမြင်သာမှုနည်းပါးခြင်းများအပေါ် ၎င်းတို့၏မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုကြပါသည်။ ဥပမာ ခလယ်လွီထူခ ရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ မီးတိုင်တောကျေးရွာအုပ်စုရှိ ရွာသားအများအပြားသည် ရွာသား ၃၅ ရခိုင်နှုန်းသာ လျှင် အစိုးရ၏ငွေကြေးထောက်ပံ့မှုကိုလက်ခံရရှိခဲ့ပြီး အမှန်တကယ်ချို့တဲ့ဆင်းရဲသည့် အိမ်ထောင်စုများ၊ စားဝတ်နေ ရေးမပြေလည်သူများ ငွေကြေးထောက်ပံ့ရရှိသူများထဲမပါဝင်ကြောင်း KHRG ထံသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် တင်ပြခဲ့ပါသည်။ ရွာသားတစ်စုမှ ဒေသခံခေါင်းဆောင်ထံသို့ အဆိုပါအခြေအနေအားတင်ပြပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွာသူရွာသားများနှင့်တွေ့ဆုံပြီး တန်းတူညီမျှမှုရှိသော ငွေကြေးထောက်ပံ့မှုများရရှိရန် ပြန်လည်စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ကူညီထောက်ပံ့မှုရရှိခြင်းဆိုင်ရာပြဿနာများဖြစ်ရခြင်းသည် စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့်ဖြစ်ပါသည်။ ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူး[13]၏ အောက်ခြေထိ ကွင်းဆင်းစစ်ဆေးမှုအားနည်းခြင်းကြောင့် အစိုးရ၏ကူညီထောက်ပံ့မှုများ အမှန် တကယ်ရရှိထိုက်သူများ မည်သည့်အခါမှမရရှိကြကြောင်း ကဆယ်ဒိုမြို့နယ်၊ ကလဲမူထိဒေသ၊ ဝခေါဒိုကျေးရွာမှရွာ သားများ KHRGထံသို့တင်ပြခဲ့သည်။ သို့သော် အနီးအနားရှိဒေသခံကျေးရွာများသည် အစိုးရ၏ကူညီထောက်ပံ့မှုများ လေးကြိမ်တိုင်တိုင်ရရှိခဲ့ပြီးဖြစ်ပါသည်။

KNU အစိုးရနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှလည်း အထူးသဖြင့် မြန်မာအစိုးရ၏ကူညီထောက်ပံ့မှုမရောက်ရှိနိုင် သည့် နေရာဒေသများဆီသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ကူညီပံ့ပိုးပေးခဲ့ပါသည်။ ဒူးပလာယာ ခရိုင်၊ နို့တကောမြို့နယ်၊ မဲ့တခရဲ့ကျေးရွာအုပ်စု၊ ကက--- ကျေးရွာမှ ရွာသားတစ်ဦးက “CIDKP အဖွဲ့အစည်းမှလွဲပြီး ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ မြို့နယ်ထဲကို တိုက်ရိုက်အကူအညီလာပေးတာမတွေ့သေးဘူး” ဟူ၍ တင်ပြပါသည်။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ နို့ကနဲ ကျေးရွာတွင် KWOမှ အမှန်တကယ် စားဝတ်နေရေးအ ခက်အခဲရှိသည့် အိမ်ထောင်စုများကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀၀၊ ဆီတစ်ပုလင်း၊ အာလူး၊ ကြက်ဥနှင့်ဆန် လေးပြည်ကူညီထောက်ပံ့ပေးခဲ့ပါသည်။

        (၄) သွားလာလှုပ်ရှားမှုအပေါ်တင်းကြပ်ကန့်သတ်ခြင်း

၂၀၂၀ခုနှစ်၊ အစောပိုင်းကာလ ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုပထမလှိုင်းတွင် သွားလာလှုပ်ရှားမှုအပေါ် တင်းကြပ်ကန့်သတ် မှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ခရီးသွားလာရေးအပေါ် တင်းကြပ်ကန့်သတ်မှု များပြုလုပ်ရန် မြန်မာအစိုးရနှင့် KNUအစိုးရနှစ်ဖက်စလုံးတို့မှ အမိန့်ချမှတ်ပေးခဲ့ပါသည်။ ထို့အပြင် ဒေသခံအချို့တို့ သည် ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအားတားဆီးရန် ၎င်းတို့၏ရွာအဝင်လမ်းများကို တားဆီးပိတ်ပင်ထားခြင်းဖြင့် ရောဂါ ကာကွယ်ရေးဆိုင်ရာမူဝါဒများကိုကိုယ်တိုင်ချမှတ်ခဲ့ပါသည်။ ဒေသအတွင်းအဓိကကောင်အထည်ဖော်ဆောင်ရွက်သည့် မူဝါဒမှာရွာသားများအနေဖြင့် ဒေသအတွင်းခရီးသွားလာသည့်အခါ ဒေသခံအာဏာပိုင်များထံမှ ခရီးသွားထောက်ခံစာ များရယူရမည့်စည်းမျဉ်းစည်းကမ်းကို ချမှတ်ခြင်းပင်ဖြစ်သည်။ အဆိုပါခရီးသွားခွင့်ပြုချက်ထောက်ခံစာသည် ခရီးစဉ် တစ်ခုအတွက်သာဖြစ်ပြီး ညအိပ်ခွင့်ပြုခြင်းမရှိပေ။

အချို့ဒေသများတွင် ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုဒုတိယလှိုင်းတွင် ကန့်သတ်တင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပါ သည်။ အကြောင်းမှာ ရောဂါကူးစက်မှုများ ကျေးလက်ဒေသအထိရောက်နေသောကြောင့်ဖြစ်ပါသည်။ ဒူးပလာယာခရိုင်၊ ဝေါ့ရေ့ (ဝင်းရေး) မြို့နယ်၊ ဝေးခနကျေးရွာအုပ်စု၊ ထီးဖာထောကျေးရွာမှ ရွာသားတစ်ဦးက “ဒုတိယလှိုင်းပျံ့ပွားမှုတော့ ပထမလှိုင်းထက်ပိုဆိုးခဲ့တယ်။ အရင်တုန်းကဆိုရင် တစ်ရွာနဲ့တစ်ရွာအချင်းချင်းသွားလည်လို့ရသေးတယ်။ ဒါပေမယ့် အခုတော့လုံးဝသွားလာလို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူသေနှုန်းများလာလို့ဘဲ” ဟူ၍ တင်ပြခဲ့ပါသည်။ အခြားရွာသားတစ်ဦးမှလည်း ထပ်လောင်းပြောသည်မှာ “ကျနော် တော်မော်ကျေးရွာအုပ်စုအတွင်းမှာ တော့သွားလာလို့ရသေးတယ်။ ဒါပေမယ့် ကယယ့်သဲလို တခြားကျေးရွာအုပ်စုတွေကို သွားလာမှုအပေါ် လုံးဝတင်း ကြပ်ကန့်သတ်ထားလိုက်ပြီးဖြစ်တယ်။” ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များမှ ခရီးသွားလာသူများကို ကြည့်ရှုစစ်ဆေးရန် စစ်ဆေးရေးဂိတ်များချထားခဲ့ပါသည်။   

ဒေသခံတို့၏ စားဝတ်နေရေးအခက်အခဲများကိုထောက်၍ ခရီးသွားလာမှုတင်းကြပ်ကန့်သတ်ခြင်းကို ဖြေလျှော့ပေးမှု များရှိပါသည်။ ဥပမာ ဒေသခံအာဏာပိုင်များမှ ခရီးသွားလာခွင့်ရက်အကန့်အသတ်ဖြင့်ခွင့်ပြုခြင်း သို့မဟုတ် သတ်မှတ် ထားသောရက်များတွင် ခရီးသွားလာခွင့်ပြုခြင်းစသည့်ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့ နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ နို့ကနဲကျေးရွာမှ ရွာသားတစ်ဦးရှင်းပြသည်မှာ “ရွာလူကြီးကနေပြီးတော့ အစည်းဝေးခေါ် ပြီး ရွာသားတွေကိုခရီးသွားလာခွင့် ထောက်ခံစာပေးပြီး အစားအစာဝယ်ယူစားသောက်နိုင်ဖို့အတွက် တစ်ပတ်ကို ၂ရက် သွားလာခွင့်ပြုပေးမယ်လို့ပြောခဲ့တယ်။” မူတြော်ခရိုင်တွင်မှာမူ ဒေသခံခေါင်းဆောင်များမှ ရွာသားများအား အစားအ စာနှင့် အခြားလိုအပ်သည်များကိုဝယ်ယူနိုင်ရန် တနင်္လာနေ့နှင့်သောကြာနေ့တွင် ခရီးသွားလာခွင့်ပြုပေးခဲ့သည်။[14] 

ကိုဗစ်-၁၉ ပထမလှိုင်းမှတင်ပြချက်များအရ ခရီးသွားလာခွင့်ထောက်ခံစာအတွက် ကောက်ခံသောအခကြေးငွေများ သည် ကျေးလက်ဒေသရှိ စားဝတ်နေရေးအခက်အခဲဖြစ်သောရွာသူရွာသားများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေပါသည်။ အကြောင်းမှာ ကျေးရွာနှင့်ကျေးရွာအုပ်စုအဆင့်တွင် စည်းမျဉ်းစည်းကမ်းတိတိကျကျချမှတ်ထားရှိခြင်းမရှိသောကြောင့် ခရီးသွားထောက်ခံစာအတွက် မည်မျှပေးရမည်ကိုလည်း ဆုံးဖြတ်ထားခြင်းမရှိပါ။ ထို့ကြောင့် ခရီးသွားထောက်ခံစာအ တွက် ဒေသခံကျေးရွာခေါင်းဆောင်များမှ ချင့်ချိန်ပြီးတောင်းခံကြပါသည်။ ခရီးသွားထောက်ခံစာကြေးတောင်းခံမှုနှင့် ပတ်သက်ပြီး တစ်ရွာနှင့်တစ်ရွာကွာခြားမှုရှိသည်ဟု ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှ ရွာသားများမှ တင်ပြကြပါ သည်။ မြို့နယ်အဆင့်တွင် ခရီးသွားထောက်ခံစာများကို အခမဲ့ထုတ်ဝေပေးသော်လည်း နို့တကောမြို့နယ်ရှိကျေးရွာနှင့် ကျေးရွာအုပ်စုအဆင့်များတွင် အခကြေးငွေတောင်းခံကြပါသည်။

မယ့်တခရဲ့ကျေးရွာအုပ်စုတွင် ခရီးသွားထောက်ခံစာတစ်စောင်ကို တစ်ထောင်ကျပ်တောင်းခံခဲ့ပါသည်။ သို့သော် ယခု အချိန်တွင် ဒေသခံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့် အဆိုပါအခကြေးငွေများ တောင်းခံခြင်းမရှိတော့ပါ။

        (၅) စားဝတ်နေရေးအပေါ် အကျိုးသက်ရောက်မှု

KHRG မှ တွေ့ဆုံမေးမြန်းခန်းများအရ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း တင်းကြပ်ကန့်သတ်မှုများ ဆက်လက် တည်ရှိသောကြောင့် အသက်မွေးဝမ်းကျောင်းအခြေအနေများ ဆိုးရွားလာခဲ့သည်ဟု ရွာသူရွာသားများက တင်ပြကြပါ သည်။ ရွာသူရွာသားအများစုမှ ၎င်းတို့၏ စားဝတ်နေရေးအတွက် ကောက်ပဲသီးနှံများစိုက်ပျိုးခြင်း၊ ကုန်စုံများရောင်းချ ခြင်းနှင့် ကျပမ်းနေ့စားအလုပ်များလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ မြန်မာအစိုးရနှင့် KNU တို့မှ လမ်းများပိတ်ပင်ထားရန်အမိန့်ပေးခဲ့သောကြောင့် ရွာသားများအတွက် ရွာမှမြို့သို့ခရီးသွားလာခွင့်အပေါ် သက်ရောက် မှုရှိခဲ့ပါသည်။ ၎င်းတို့၏ လုပ်ငန်းခွင့်နှင့်စိုက်ခင်းများသို့ သွားရောက်နိုင်မှုမရှိတော့ခြင်း သို့မဟုတ် ကောက်ပဲ သီးနှံများ ရောင်းထုတ်နိုင်စွမ်းမရှိတော့ခြင်းများကြောင့် လက်ရှိအချိန်တွင် ရွာသားအများအပြားသည် စားနပ်ရိက္ခာပြတ်လတ်မှု၊ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ “အရင်လိုဘဲ ကျနော်တို့ ခရီးသွားလာချင်တယ်၊ အ လုပ်လုပ်ချင်တယ်။ အခုတော့ စားနပ်ရိက္ခာလည်း အလုံအလောက်မရှိတော့ဘူး၊ နှာခေါင်းစည်းတစ်ခု ဝယ်ဖို့တောင်မှ အ ခက်အခဲရှိတယ်” ဟူ၍ ဒူးပလာယာခရိုင်နေရွာသားတစ်ဦးမှ ဆိုပါသည်။

ဒေသခံအာဏာပိုင်များထံမှ ခရီးသွားထောက်ခံစာများရယူနေရခြင်းများသည် ရွာသားများအတွက် မြို့တွင်းသို့ ၎င်းတို့ ၏ကောက်ပဲသီးနှံများရောင်းချရန်နှင့် စားနပ်ရိက္ခာဝယ်ယူရန် စိန်ခေါ်မှုဖြစ်စေပါသည်။ တောအူးခရိုင်နေရွာသားတစ်ဦး မှ “ရွာသူရွာသားတွေက သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာဘဲ ခရီးသွားလာလို့ရတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ရောင်းချသင့်သလောက်မရောင်းချနိုင်ခဲ့ဘူး။ ကျနော်တို့ရွာမှာဆိုရင် ကျနော်တို့ရဲ့ကုန်ပစ္စည်း တွေကိုရောင်းချနိုင်ဖို့အတွက် တောအူးမြို့မှာရှိတဲ့ညောင်ပင်စျေးကို မနက်အစောကြီးသွားရတယ်။ မသွားခင်မှာလည်း ခရီးသွားထောက်ခံစာသွားယူရသေးတယ်။ စျေးကတော့ ညနေပိုင်းလောက်ဆိုရင်ပိတ်ပြီး။ တခြားစျေးဆိုင်အသေးလေး တွေကျတော့ ညနေ ၃နာရီ ၄ နာရီလောက်မှ ပိတ်တယ်။ ဒါကြောင့် လောနေရတယ်။ တကယ်လို့ နောက်ကျခဲ့ရင် ဝယ် ချင်သလောက် ရောင်းချင်သလောက် ရောင်းနိုင်မှာ မဟုတ်တော့ဘူး” ဟု တင်ပြပါသည်။

ကိုဗစ်-၁၉ ပထမလှိုင်းတွင် အလုပ်အကိုင်ပြဿနာနှင့်နယ်စပ်ပိတ်ပင်မှုများကြောင့် ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင် သော ရွာသူရွာသားများသည် ကျေးရွာသို့ပြန်လာခဲ့ကြသည်။ သို့သော် မြန်မာပြည်သို့ရောက်ရှိသည့်အခါ စားဝတ်နေရေး အခက်အခဲပြဿနာများ ထပ်မံရင်ဆိုင်ရပြန်ပါသည်။ တွေ့ဆုံမေးမြန်းမှုတစ်ခုတွင်  ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ နို့ကနဲကျေးရွာမှ ရွာသားတစ်ဦးတင်ပြသည်မှာ ကိုဗစ်-၁၉ အကြပ်အတည်းကာလတွင် နိုင်ငံခြားမှ ပြန်လာသောသူများသည် ယခုအချိန်တွင် မြန်မာပြည်အတွင်းတွင် သောင်တင်နေခဲ့ကြသည်။ ခရီးသွားလာမှုကန့်သတ် ပိတ်ပင်ခြင်းများကြောင့် ၎င်းတို့သည် ထိုင်းနိုင်ငံသို့ပြန်သွားနိုင်ခြင်းမရှိတော့ပေ။ မြန်မာပြည်အတွင်းတွင်လည်း အလုပ် အကိုင် ရှာဖွေနိုင်စွမ်းမရှိချေ။

ကိုဗစ်-၁၉ ၏ အပြင်ထွက်ခွင့်ကန့်သတ်ပိတ်ပင်မှု (lockdown)များ လနှင့်ချီကြာသောကြောင့် မုဆိုးမများ၊ မသန်စွမ်းသူ များ၊ သက်ကြီးရွယ်အိုများနှင့် မိသားစုဝင်များပြားသူများအတွက် စားနပ်ရိက္ခာပြတ်လပ်မှုများ ပိုမိုကြုံတွေ့ကြရသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ အဘ----ကျေးရွာ ကလေး၆ယောက်ရှိသော ရွာသားတစ်ဦးသည် သူ၏စိုးရိမ်ပူပန် မှုကို ယခုလိုတင်ပြပါသည်။ “ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုစတင်ကတည်းက ကျနော်တို့မှာ အခက်အခဲပြဿနာအများ ကြီး ကြုံတွေ့ခဲ့ရတယ်။ ဘယ်နေရာမှလည်း သွားလို့မရသလို အစားအစာလည်း အလုံအလောက်မရှိဘူး။ ဒီလိုအခြေအ နေမှာ ကျနော်တို့အမျိုးတွေဆီက အစားအစာကို တောင်းယူရတယ်။ ကံမကောင်းရင် ဆန်ပြုတ်တောင်စားရကိန်းရှိ တယ်။ စားနပ်ရိက္ခာပြတ်လတ်မှုများလာခဲ့ရင် ဆန်ပြုတ်တောင်နပ်မှန်အောင်စားရဖို့ အာမမခံနိုင်ဘူး။” သူ၏ ဆွေမျိုး များဆီမှ ဆန်နှင့်အသားငါးများ မကြာခဏဆိုသလိုရရှိခဲ့ပေမယ့် ၎င်းတွင်ကလေး ၆ ယောက်ရှိသည့်အတွက်ကြောင့် တစ်နပ်နှစ်နပ်သာ စားလောက်ခဲ့သည်ဟု ဆက်လက်တင်ပြပါသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တောထဲမှရရှိသည့် ဟင်းသီးဟင်းရွက်ကိုသာ အခြားနေ့ရက်များအတွက် ချွေချွေတာတာစားသောက်ပြီး ရှင်သန်ခဲ့ပါသည်။

တင်းကြပ်ကန့်သတ်မှုများဆက်လက်တည်ရှိခြင်းသည် ကျေးလက်ဒေသရှိ ရွာသူရွာသားများ၏ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲစေပါသည်။ ဤအခြေအနေများသည် ရွာသားများအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ကောက်ပဲသီးနှံရောင်းချနိုင်ရန် မြို့အားမည်မျှမှီခိုရသည်ကိုတွေ့ရှိနိုင်ပါသည်။ အကြောင်းမှာ ကျေးလက်ဒေသရှိရွာသားများသည် မြို့တွင်းသို့ ပုံမှန်ဝင်ထွက်မှသာလျှင် ၎င်းတို့၏ကူးသန်းရောင်းဝယ်ရေးအား ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျေးလက်ဒေသရှိ ရွာသူရွာသားများအတွက် ပိုမိုဖွံ့ဖြိုးသောမြို့များသို့ ဝင်ထွက်သွားလာခွင့်ရှိမှသာလျှင် ၎င်းတို့၏စားဝတ်နေရေး ပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

        (၆) ပညာရေးစနစ်

ကိုဗစ်-၁၉ ပထမလှိုင်းမှ အပြင်ထွက်ခွင့်ပိတ်ပင်ခြင်း(lockdown)များကြောင့် ကျောင်းအများစုကို တစ်နှစ်ခန့်ပိတ်ထား ပြီးဖြစ်သည်။ ထို့အတွက်ကြောင့် ထိုအချိန်တွင် ကျောင်းအချို့တွင် နှစ်ဆုံးစာမေးပွဲအတွက် စိန်ခေါ်မှုများကြုံတွေ့ရခြင်း နှင့်အတူ ပညာရေးဆိုင်ရာပြဿနာအနည်းငယ်ဖြစ်ခဲ့ပါသည်။ အခြေအနေကောင်းမွန်လာခဲ့ပါက နောက်နှစ်အတွက် ကျောင်းပြန်ဖွင့်မည့်အချိန်အား ဇွန်၊ဇူလိုင်မှသြဂုတ်လတွင်ပြန်ဖွင့်ရန် ကျောင်းဖွင့်ချိန်အား နောက်ဆုတ်ခဲ့ပါသည်။ သို့ သော် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုသည် ကျေးလက်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာထိ စက်တင် ဘာလတွင်စတင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းများပြန်ဖွင့်ရန်စိန်ခေါ်မှုများဖြစ်စေပြီး ဖွင့်လှစ်လျက်ရှိသောကျောင်း များအတွက်ပါ အခက်အခဲဖြစ်စေပါသည်။ အချို့ကျောင်းများသည် အချိန်ကာလတိုတစ်ခုအတောအတွင်း ပြန်လည်ဖွင့် ခဲ့သော်လည်း ကျောင်းသူကျောင်းသားနှင့်ဆရာ၊ဆရာမများအား ရောဂါကူးစက်မှုမှကာကွယ်ရန် ပြန်လည်ပိတ်လိုက်ပါ သည်။ KHRG မှရရှိသော အစီရင်ခံစာအချို့အရ မြန်မာအစိုးရကျောင်းများအားလုံးနှင့် ရောနှောထိန်းချုပ်နယ်မြေရှိ ကျောင်းများသည် ပိတ်လျက်ရှိပြီး KECD ကျောင်းအချို့သာလျှင် ဆက်လက်ဖွင့်လျက်ရှိကြောင်းသိရှိရပါသည်။

ဆက်လက်ဖွင့်နေသောကျောင်းများမှာမူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ထုံးလုပ်နည်းများကို  လိုက်နာကျင့်သုံးကြ ရပါသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ မဲ့တခရဲ့ကျေးရွာအုပ်စု၊ ဖောနဲမူးကျေးရွာမှရွာသားတစ်ဦးက ဤကဲ့သို့ ရှင်းပြပါသည်။ KECD ကျောင်းအားလုံးကတော့ ဖွင့်နေပါတယ်။ ဒါပေမယ့် ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ အားလုံး နှာခေါင်းစည်းတပ်ထားရပါတယ်။ ကျောင်းအတွင်းမဝင်ခင်မှာလည်း အပူချိန်တိုင်းရပါတယ်။” တောအူးခရိုင်၊ ဒေါဖာခို့မြို့နယ်တွင်ရှိ အစိုးရကျောင်းများအား ဇူလိုင်လအလယ်ပိုင်းတွင်ပြန်ဖွင့်သည့်အခါ နှာခေါင်းစည်းတပ်ခြင်းနှင့် ကျောင်းသူကျောင်းသားများအား ကျောင်းပို့ကျောင်းကြိုစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးမူဝါဒစည်းမျဉ်းစည်းကမ်း များချမှတ်ခြင်းကြောင့် ငွေကြေးမပြေလည်သောကျောင်းသားမိဘများအတွက် အခက်အခဲဖြစ်စေခဲ့ပါသည်။ ကျောင်း သားတစ်ဦးမှတင်ပြသည်မှာ “ရောဂါကာကွယ်ရေးမူဝါဒများကို လိုက်နာမကျင့်သုံးနိုင်ရင်တော့ ကျောင်းထွက်ရမယ့် ကျောင်းသူကျောင်းသားတွေကတော့ များလာမှာဘဲ” ဟူ၍ ဖြစ်ပါသည်။[15] 

ကျောင်းများပိတ်ထားရခြင်းသည် ကျောင်းသူကျောင်းသားများ၊ ဆရာ၊ဆရာမများနှင့် မိဘများအားနည်းလမ်းအမျိုးမျိုး ဖြင့် သက်ရောက်မှုရှိစေခဲ့ပါသည်။ ဒူးသထူ၊ တောအူး၊ ဒူးပလာယာခရိုင်များမှ ရွာသားများကတင်ပြသည့် ဆင်းရဲသော ကျောင်းသူကျောင်းသားများမှ ၎င်းတို့အားလပ်သည့်အချိန်များတွင် မိဘများကို စိုက်ပျိုးရေးလုပ်ငန်းနှင့် ကောက်ပဲသီး နှံရိတ်သိမ်းရေးလုပ်ငန်းများတွင် ကူညီလေ့ရှိသည်။ ငွေကြေးအခြေအနေကောင်းမွန်သောမိဘများကမူ ၎င်းကလေးများ ၏ပညာရေးအတွက် သင်ခန်းစာများကို အိမ်တွင်သင်ကြားပေးပါသည်။ သို့သော် ပိုမိုဆင်းရဲသောမိဘများအနေဖြင့် ၎င်း တို့၏စားဝတ်နေရေးအတွက် ရုန်းကန်နေရသောကြောင့် ထိုကဲ့သို့လုပ်ဆောင်နိုင်စွမ်းမရှိပါ။ အသက်အနည်းငယ်ကြီးရင့် သော ကျောင်းသူကျောင်းသားများမူ ၎င်းတို့၏ အနာဂတ်ပညာရေးအတွက် မိဘများကိုကူညီပေးပြီး အခြားအလုပ်လုပ် ခြင်းဖြင့် ငွေကြေးစုဆောင်းကြပါသည်။ ကျောင်းသူကျောင်းသားအများစုတွင် ကျောင်းတက်နိုင်စွမ်းမရှိသည့်အပေါ် ကျောင်းနောက်ကျမည်ကိုလည်း မိဘအတော်များများက စိုးရိမ်နေကြပါသည်။ ဥပမာ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ နို့ကနဲကျေးရွာမှရွာသားတစ်ဦးမှ တင်ပြသည်မှာ ဆယ်ကျော်သက်အရွယ်ကလေးအများအပြား ကျောင်းတက်ရခြင်းမရှိသည့်အပေါ် ပျော်နေကြသည်ကို မိဘများကပညာရေးအပေါ် စိတ်ဝင်စားမှုမရှိတော့မည်ကို စိုး ရိမ်နေကြပါသည်။ မကွေးထားဝယ်ခရိုင်၊ ကဆယ်ဒိုမြို့နယ်မှကလေးများမူ ကျောင်းတက်ရခြင်းမရှိသည့်အပေါ် စောဒ ကတက်ကြပါသည်။ “ကျောင်းမတက်ရတော့ တအားငြီးငွေ့လာတယ် (ပညာရေးမှာလည်းဗဟုသုတတိုးတက်မှုမရှိမှာ ကိုလည်း စိုးရိမ်တယ်) စာလည်းမသင်ရတော့ ဘာမှလုပ်လို့မရဘဲ အချိန်အလကားကုန်ကြရတယ်။”

ကျောင်းဆရာ၊ဆရာမများသည် ကျောင်းများတွင်စာသင်နိုင်ခြင်းမရှိတော့သောကြောင့် ဝင်ငွေအတွက်အခြားအလုပ် များလုပ်ကြရသည်။ တောအူးခရိုင်၊ ဒေါဖခိုမြို့နယ် ဇီးပင်ကလေး (မိုင် ၂၀) မှမေးခွန်းဖြေကြားသူတစ်ဦး၏တင်ပြချက် အရ ကျေးလက်ဒေသတွင်ရှိသော ကျောင်းဆရာ၊ဆရာမများသည် ဝင်ငွေအတွက် ဈေးရောင်းခြင်းနှင့်ရော်ဘာ၊ ကွမ်းသီး နှင့် ဖာလာခြံလုပ်ငန်များကို လုပ်ကြရသည်။

        (၇) ကျန်းမာရေးလက်လှမ်းမှီနိုင်မှု

ကျေးလက်ဒေသတွင်နေထိုင်သူအများစုသည် ၎င်းတို့၏ဒေသတွင်သော်လည်းကောင်း၊ နီးစပ်ရာမြို့များတွင်သော်လည်း ကောင်း သို့မဟုတ် နယ်စပ်ကိုဖြတ်၍သော်လည်းကောင်း ကျန်းမာရေးဝန်ဆောင်မှုကိုရယူကြရသည်။ ၎င်းတို့၏ကျေး ရွာဒေသများတွင်ရှိသောဆေးခန်းအများစုသည် ဆိုးရွားသောရောဂါများကိုကုသရန်အတွက် လိုအပ်သောအထောက်အ ကူပြုပစ္စည်းများမရှိကြသောကြောင့် ဒေသခံများသည် မြို့ပြ သို့မဟုတ် ထိုင်းနိုင်ငံသို့ဖြတ်ပြီး‌ ဆေးဝါးကုသမှုသွား ရောက်ခံယူရသည်။ အချို့ဒေသများတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမှီနိုင်ရေး ပို မိုခက်ခဲသွားသည်။ ဥပမာအားဖြင့် ဒူးပလာယာခရိုင်၊ နို့တတောမြို့နယ်တွင်နေထိုင်နေကြသော ရွာသားများသည် နယ်စပ်ကိုဖြတ်ပြီး ဆေးဝါးကုသမှုခံယူရာတွင် ယဉ်မောင်းတစ်ဦးနှင့် ပြုစုသူတစ်ဦးကိုသာ လူနာနှင့်အတူသွားရောက်ရန် ခွင့် ပြုကြသည်။ ဒေသံခံအာဏာပိုင်ထံမှလည်း ခရီးသွားထောက်ခံစာယူကြရသည်။

တောအူးခရိုင်၊ ဒေါဖခိုမြို့နယ် ဇီးပင်ကလေးကျေးရွာအုပ်စုတွင် နေထိုင်သူများသည် သွားလာရေးကန့်သတ်ချက်များကြောင့် ကျန်းမာရေးကုသမှုလက်လှမ်းမှီနိုင်ရေး အခက်အခဲများရင်ဆိုင်ကြရသည်။ ဒေသခံများမှ ၎င်းတို့၏ကလေးငယ် များကို ကာကွယ်ဆေးသွားရောက်ထိုးပေးနိုင်ခြင်း မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် ကာကွယ်ဆေးထိုးပေးသော ဆေးခန်းများသည် ၎င်းတို့သွားလာနိုင်သည့် နယ်မြေတွင်းတွင် မရှိသောကြောင့်ဖြစ်သည်။ ဒူးပလာယာခရိုင်၊ နို့တကော မြို့နယ်၊ ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ ကြာအင်းရွာတွင်နေထိုင်သောဒေသခံများလည်း ကျန်းမာရေးနှင့်ပတ်သက် သော အလားတူစိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။ ဆေးခန်းနှင့်ဆေးရုံတွင် အလုပ်လုပ်ကြသောသူနာပြုများသည် ၎င်းတို့၏လူနာများနှင့်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားကြောင်း ဒေသခံတစ်ဦးကတင်ပြခဲ့သည်။ ၎င်းတို့မှ လူနာ၏ ကျန်းမာရေးအခြေအနေကိုမေးမြန်းပြီး ဆေးဝါးများထုတ်ပေးခြင်းကိုသာ ပြုလုပ်ကြသည်။

        (၈) ကျန်းမာရေးစစ်ဆေးရေးဂိတ်များ

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များကို ဆက်လက်ထားရှိကြပါ သည်။ တည်နေရာအပေါ်မူတည်ပြီး ထိုစစ်ဆေးရေးဂိတ်များကို ကျန်းမာရေးဝန်ထမ်းများ၊ စစ်သားများ၊ ရဲများ၊ ဒေသခံ အာဏာပိုင်များနှင့် ရွာသားများပေါင်းပြီး စောင့်ကြပ်ကြည့်ရှုကြပါသည်။ အချို့သောစစ်ဆေးရေးဂိတ်များတွင် ရွာသား များမှ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားတာဝန်ရှိသူများပူးပေါင်းလုပ်ဆောင်ပြီး အလှည့်ကျတာဝန်ယူ လုပ်ဆောင်ကြ ပါသည်။ အချို့ရွာများမှ တာဝန်ကျသူကိုရွေးချယ်ထားပြီး အခြားရွာများတွင် စေတနာ့ဝန်ထမ်းများကို ကြည့်ရှုစောင့် ကြပ်စေပါသည်။ အခြေအနေနှစ်ခုစလုံးတွင် စစ်ဆေးရေးဂိတ်ကို စောင့်ကြပ်သူရွာသားများသည် ကိုဗစ်-၁၉ ကာကွယ် ရေးနှင့် ပတ်သက်ပြီး သင့်လျော်သော သင်တန်းများတက်ရောက်ခဲ့ခြင်းများမရှိပါ။

စစ်ဆေးရေးဂိတ်များတွင် ပုံမှန်အားဖြင့် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများပေးအပ်ခြင်း၊ နာမည်ရေးမှတ်ခြင်းနှင့် ခရီးသွားလာရေးထောက်ခံစာစစ်ဆေးခြင်း စသည်တို့ကိုပြုလုပ်ကြပါသည်။ စစ်ဆေးရေးဂိတ်တွင်ရှိသော တာဝန်ရှိသူ များမှ ကိုဗစ်-၁၉ သံသယလူနာများကိုတွေ့ရှိပါက ဒေသတွင်းကွာရာတင်းစခန်းသို့ ချက်ချင်းပို့ကြကြောင်း တောအူးနှင့် ဒူးပလာယာခရိုင်မှ မေးခွန်းဖြေကြားသူများက တင်ပြခဲ့ကြပါသည်။ အချို့ဒေသများတွင် စစ်ဆေးရေးလမ်းညွန်ချက် များကို ကောင်းမွန်စွာလိုက်နာခြင်းများမရှိပါ။ တောအူးခရိုင်၊ ဒေါ်ဖခိုမြို့နယ် ဇီးပင်ကလေးကျေးရွာအုပ်စုတွင် နေထိုင် သူတစ်ဦးမှ ၎င်း၏ရွာတွင်ရှိသော စစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်တိုင်းသည့်ကိရိယာမရှိကြောင်း တင်ပြခဲ့ပါသည်။ ကိုယ်ပူချိန်တိုင်းကိရိယာရှိသော KNU ၏ နှစ်ဆယ့်နှစ်မိုင်စစ်ဆေးရေးဂိတ်တွင်မူ ကိုယ်ပူချိန်မြင့်နေသူများကို ဆေးပေး သော်လည်း ထပ်မံစစ်ဆေးခြင်းနှင့်ကွာရာတင်းဝင်ခိုင်းခြင်းများမရှိပါ။

တပ်မတော်နှင့်မြန်မာအစိုးရမှ ပူးပေါင်းအုပ်ချုပ်နယ်မြေတွင်ရှိသော အချို့စစ်ဆေးရေးဂိတ်များကို ကိုဗစ်-၁၉ ပထမ လှိုင်းကတည်းက ဖယ်ရှားခဲ့ကြသည်။ တပ်မတော်မှ စစ်ဆေးရေးဂိတ်များကိုမီးရှို့ဖျက်ဆီးခြင်းများ၊ ဖြိုဖျက်ခြင်းများ နည်းလာသော်လည်း အချို့ဒေသများတွင်ရှိသော စစ်ဆေးရေးဂိတ်များသည် မြန်မာအစိုးရ၏ ဖိအားပေးခြင်းကိုခံနေရ ပါသည်။ မြိတ်၊ ထားဝယ်ခရိုင်၊ လေးညာဘုတ်ပြင်းဒေသရှိ ကော်ဘောနှင့်စတိန်ကျေးရွာတို့တွင် စစ်ဆေးရေးဂိတ်နှစ်ခုကို တည်ဆောက်ခဲ့သော်လည်း မြန်မာအစိုးရ၏ခွင့်ပြုချက်မရသောကြောင့် စတင်လည်ပတ်၍မရခဲ့ပါ။ ထို့ကြောင့် ရွာသား များသည် လူအများသွားလာလှုပ်ရှားမှုများကြောင့် ရောဂါကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေကြသည်။

        (၉) ကိုဗစ်-၁၉နှင့် အထွေထွေရွေးကောက်ပွဲ

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပိုမိုပြည့်စုံသောအစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့မှထုတ် ပြန်ရန်ရည်ရွယ်ထားသည်။ အောက်ပါဖော်ပြထားသည်မှာ ကိုဗစ်-၁၉ အခြေအနေနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသများ တွင် ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးရေးအကြောင်းဖြစ်ပါသည်။

မြန်မာပြည်တစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေးနှင့် စုရုံးရေးကန့်သတ်ချက်များရှိသော်လည်း ကျေး လက်ဒေသတွင်နေထိုင်သူများသည် ၎င်းတို့ဒေသအတွင်း မဲဆွယ်စည်းရုံးရေးလုပ်နေကြသော နိုင်ငံရေးပါတီများမှ ကိုဗစ် ကာကွယ်ရေးလမ်းညွန်ချက်များ မလိုက်နာကြမည်ကိုစိုးရိမ်နေကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လူစု လူဝေးပြုလုပ်ခြင်းကိုပိတ်ပင်ထားသော်လည်း မဲဆွယ်စည်းရုံးရေးပြုလုပ်သောနိုင်ငံရေးပါတီများမှ အချို့ဒေသများတွင် လိုက်နာခဲ့ခြင်းမရှိပါ။ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိရွာသားတစ်ဦးမှ “ကျွန်တော်တို့ကျတော့ လူစုပြီးဝတ်ပြု ကိုးကွယ်လို့မရဘူး။ ဒါပေမယ့် နိုင်ငံရေးပါတီတွေကျတော့ လူစုလို့ရတယ်။ ကျေးရွာခေါင်းဆောင်တွေက ရွာထဲမှာရှိတဲ့ လူအားလုံးနီးပါးကိုစုပြီး မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွေ သွားနားထောင်ခိုင်းတယ်” ဟုတင်ပြခဲ့သည်။ အခြားရွာသား တစ်ဦးမှလည်း “အခြေအနေတွေကို ကျွန်တော်တို့နားမလည်တော့ဘူး။ တကယ်ဆိုရင် နိုင်ငံအနှံ့မှာ ကိုဗစ်ရောဂါက လျော့မသွားပဲ တိုးလာနေတယ်။ ပါတီတွေလာပြီး မဲဆွယ်တဲ့အခါဆိုရင် မသွားချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဂရုမစိုက်ဘူးလို့အထင်ခံရမှာစိုးလို့ သွားလိုက်တယ်။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့ပါတီကိုယ်စားလှယ်တွေကလည်း နယ်ခံတွေ မဟုတ်တော့ ရောဂါယူလာမှာကိုလည်း စိုးရိမ်တယ်။”[16]

ကိုဗစ်-၁၉ တာဆီးကာကွယ်ရေးလမ်းညွန်ချက်များကို အပြည့်အဝလိုက်နာကြသည့်ဒေသများတွင် မဲဆွယ်စည်းရုံးရေး လုပ်နေသောနိုင်ငံရေးပါတီများသည် ဒေသခံခေါင်းဆောင်များနှင့်သာတွေ့ဆုံခဲ့ကြသည်။ ဒူးပလာယာခရိုင်၊ နို့တကော မြို့နယ်တွင် ဤကဲ့သို့ဖြစ်ပျက်ခဲ့သည်။ “ကိုဗစ်-၁၉ ရောဂါဖြစ်နေတော့ သူတို့(နိုင်ငံရေးပါတီ)တွေကို ကျွန်တော်တို့ ရွာရဲ့ ကိုဗစ်ကာကွယ်ရေးလမ်းညွန်ချက်အတိုင်းပဲ မဲဆွယ်ခွင့်ပေးတယ်။ ရွာထဲကို အပြင်လူဝင်ခွင့် ပိတ်ထားတယ်။ အဲ့ဒါ ကြောင့် ရွာသားတိုင်းနဲ့သူတို့တွေ့လို့မရဘူး။ မြန်မာအစိုးရကလဲ လူ ၃၀ ကနေ ၅၀ အထိစုခွင့်ပေးထားတော့ ပါတီတွေက ကျေးရွာခေါင်းဆောင်တွေနဲ့ပဲတွေ့ခဲ့တယ်။”

 

     ခ) စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်ခြင်းနှင့်တိုက်ပွဲများ

ဤခြောက်လတာကာလအတွင်း တပ်မတော်သည် KNU သတ်မှတ်ထားသည့်ခရိုင်များ၏ မြောက်ပိုင်းဒေသများတွင် ဆက်လက်လှုပ်ရှားနေလျှက်ရှိသည်။ KNU အာဏာပိုင်များနှင့် ဒေသခံများတားမြစ်ထားသည့်ကြားတွင် တပ်မတော် သည် ဒေသအတွင်း ၎င်းတို့၏လမ်းဆောက်လုပ်ရေးလုပ်ငန်းများကို ပြန်လည်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ သည်။[17] KNU ထိန်းချုပ်နယ်မြေများအတွင်းသို့လည်း အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်မှုများရှိခဲ့သည်။ ဤနယ်မြေ ကျူးကျော်မှုများ‌ကြောင့် အထူးသဖြင့် မူတြော်ခရိုင်တွင် တိုက်ပွဲများဖြစ်စေပါသည်။ မူတြော်နှင့်ညောင်လေးပင်ခရိုင်များ တွင် တပ်မတော်မှကျေးရွာများနှင့် ရွာသားများလုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ နေရပ်ရွေ့ပြောင်းမှုနှင့်    ပိုင်ဆိုင်မှုပျက်စီးမှုစသည့်ဖြစ်စဉ်များကို KHRGမှ မှတ်တမ်းပြုစုရယူခဲ့ပါ သည်။

        (၁) စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်ခြင်း

တောအူးခရိုင်တွင် တပ်မတော်မှ လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများနှင့် တပ်သားများကို ရှေ့တန်းစခန်းများသို့ ဆက်လက်ပို့ဆောင်နေသောကြောင့် ဒေသခံများအတွက် လုံခြုံရေးစိုးရိမ်စရာများဖြစ်စေပါသည်။ ဒေါဖခိုမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်း တပ်မတော်မှ  လက်နက်ကြီးပစ်ခတ်လေ့ကျင့်ရေးများကို ပြုလုပ်ခဲ့သောကြောင့် ရွာသားများ၏အသက်ကိုအန္တရာယ်ဖြစ်စေခဲ့ပြီး စိုက်ပျိုးမြေများလည်းပျက်စီးခဲ့သည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းတွင် လမ်းဖောက်လုပ်မှုများနှင့်စပ်လျှဉ်း၍ တပ်မတော်စစ်သားများပိုမိုများပြားလာခဲ့သည်။ လူသောမြို့နယ်တွင်လည်း တပ်မတော်စစ်သားများ ပိုမိုရောက်ရှိသွားခဲ့သောကြောင့် ရွာသားများ၏သွားလာရေးကို ပိုမိုပိတ်ဆို့သကဲ့သို့ဖြစ် စေပါသည်။ ဒေသခံများမှ တပ်မတော်၏တပ်စခန်းများရုတ်သိမ်းရန် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

        က) တောအူးခရိုင်

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စစ်သားများသယ်ဆောင်လာသော စစ်ကား ၃ စီးသည် တောင်ငူမြို့မှတောအူးခ ရိုင်၊ ဒေါဖခိုမြို့နယ်၊ ဘောဂလိမြို့သို့သွားရောက်ခဲ့သည်။[18] ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း ရှေ့တန်းစခန်း များသို့ ရိက္ခာနှင့်စစ်သားများသယ်လာသည့်ကားများသည် တောင်ငူမြို့မှယာဒိုမြို့သို့သွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ လ ၁၀ ရက်နေ့တွင် တပ်မတော်စစ်ကား ၁၀ စီးသည် ဘောဂလိမြို့အရှေ့ဘက်တွင်ရှိသော ရှေ့တန်းစခန်းများသို့ရိက္ခာ ပို့ရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စတင်ထွက်ခွာသွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်စစ်ကားနှစ်စီးသည် ၁၀၅ (မမ) လက်နက်ကြီးနှစ်လက်ကို ဒေါဖခိုမြို့နယ်တွင်ရှိသော ဘု ရင့်နောင်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။ ဤကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများသည် တောအူးခရိုင်ရှိ ဒေသခံ များအတွက်စိုးရိမ်စရာများဖြစ်စေပါသည်။ တပ်မတော်၏စဉ်ဆက်မပြတ်သော စစ်ရေးလှုပ်ရှားမှုများသည် ရွေးကောက် ပွဲအပြီးတွင် ၎င်းတို့နှင့် KNLA အကြား တိုက်ပွဲပြန်လည်ဖြစ်ပေါ်မည်ကို ဒေသခံများကစိုးရိမ်ကြသည် (၂၀၂၀ ခုနှစ်၊ နိုဝင် ဘာလ ၈ ရက်နေ့)။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဘုရင့်နောင်လေ့ကျင့်ရေးကျောင်းမှ တပ်မတော်စစ်သားများမှ လက် နက်ကြီးပစ်ခတ်လေ့ကျင့်ခဲ့သည်။ ၎င်းတို့မှ ပေါ်ကလေးခိုနှင့်ကဲခီးခိုတောင်များသို့ရည်ရွယ်ပြီး လက်နက်ကြီးပစ်ခတ်ခဲ့ သည်။ ပေါ်ကလေးခိုတောင်သည် နန်းချိန်ကွင်ရွာအကြားတွင်ရှိ၍ ကဲခီးခိုတောင်သည် ရွှေညောင်ပင်ရွာနှင့် မောင်နွဲ့ကြီး ရွာနှင့်နန်းချိန်ကွင်ရွာအကြား မောင်နွဲ့ကြီးကျေးရွာအုပ်စု၊ ဒေါဖခိုမြို့နယ်တွင်တည်ရှိကြသည်။ ဤလက်နက်ကြီးပစ် ခတ်လေ့ကျင့်မှုတွင် လက်နက်ကြီးကျဉ်အလုံး ၁၀၀ ကျော်ကို ဖော်ပြပါတောင်များပေါ်တွင်ရှိသော ဖာလာခြံများကို ပစ် ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်‌လေ့ကျင့်မှုနှင့်ပတ်သက်ပြီး တပ်မတော်မှဒေသခံများကို ကြိုတင်အ ကြောင်းကြား ထားခြင်းမရှိသောကြောင့် လက်နက်ကြီးများပစ်ခတ်ချိန်တွင် ရွာသားတစ်ချို့မှ ပစ်မှတ်နေရာများတွင်ရှိသော ခြံထဲတွင် အလုပ်လုပ်နေကြသည်။ ထိုရွာသားများသည် ရွေးချယ်စရာမရှိပဲ ရွာထဲသို့ပြန်ပြေးလာခဲ့ရသည်။ လက်နက်ကြီးပစ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ဒေသခံများ၏ဖာလာ၊ ဒူးရင်းနှင့်ကွမ်းသီးခြံများ ထိခိုက်ပျက်စီးမှုများရှိ ကြောင်း ရွာသားများမှ KHRG ကို တင်ပြခဲ့သည်။[19]

ဒေသခံစိုက်ပျိုးမြေနှင့် လယ်ယာမြေကိုထိခိုက်ပျက်စီးစေသော စစ်‌ရေးလေ့ကျင့်မှုများသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အခန်း ၅ (က) ကို တိုက်ရိုက်ချိုးဖောက်နေသည်။ ထိုအခန်းတွင် တပ်မတော် (နှင့်အခြားလက်မှတ်ရေးထိုးထားသောအဖွဲ့အစည်းများ) သည် အပစ်ခတ်ရပ်စဲနယ်မြေများအတွင်း ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများပျက်စီးဆုံးရှုံးစေသည့်လုပ်ရပ်များ မပြုလုပ်ရန်အ ချက်ကို ထည့်သွင်းထားသည်။ တပ်မတော်၏လုပ်ရပ်များသည် ရွာသားများ၏လုံခြုံရေးကို ဥပေက္ခာပြုထားပြီး NCA ၏ အခန်း ၉ (p)ဖြစ်သော “အပစ်ခတ်ရပ်စဲနယ်မြေများအတွင်း ပြည်သူများ၏လုံခြုံရေးနှင့်ဖွံ့ဖြိုးရေးကို သေချာစေရန်” လုပ်ဆောင်ရမည့် တာဝန်ကိုချိုးဖောက်နေသည်။

        ခ) မူတြော်ခရိုင်

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၄၀၅ မှ ဗျူဟာမှူးသက်ပိုင်ဇော်နှင့် တပ်သား ၄၀၀ ခန့်၊ ခလရ အမှတ် ၄၁၀ နှင့် စစ်ကွပ်ကဲရေးအခြေစိုက် (စကခ) အမှတ်(၈) လက်အောက်ခံရှိအခြားတပ်ရင်းများသည် မဲ့ကလောကျေးရွာအုပ်စုတွင်အခြေချနေသော (ခလရ) အမှတ် ၄၃၄၊ ၃၄၁၊ ၃၄၀ နှင့် ခြေလျင်တပ်ရင်း  (ခလရ) အမှတ် (၁၉)မှ စစ်သားများနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ထိုစစ်အင်အားသွားရောက်ဖြည့်တင်းသောတပ်ဖွဲ့များသည် ယခင် ကမြိတ်၊ ထားဝယ်ခရိုင် ထားဝယ်ဒေသတွင် အခြေချသောတပ်ဖွဲ့များဖြစ်သည်။

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့တွင် ဗိုလ်မှူးသက်ပိုင်ဇော်မှ မဲ့ကလောကျေးရွာအုပ်စုတွင်ရှိသော ခမရ အမှတ် ၄၃၄ စ ခန်းတွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးကို မဲ့ကလောကျေးရွာအုပ်စုတွင်ရှိသော ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် က--၊ခ--၊ဂ---နှင့်ဃ---ရွာမှ ကျေးရွာလူကြီးများ တက်ရောက်ခဲ့သည်။ သက်ပိုင်ဇော်မှ ရွေးကောက်ပွဲအ တွင်း ဒေသခံများ၏လုံခြုံရေးအတွက် ၎င်းတို့စစ်သားများ လာရောက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ဒေ သခံများက ထိုစစ်သားများလမ်းဖောက်လုပ်ရေးအတွက်လမ်းလုံခြုံရေးယူနေသည်ကို မြင်တွေ့ရသောကြောင့် ထိုစစ် သားများရောက်ရှိလာခြင်း၏ အကြောင်းအရင်းသည် ထိုဒေသတွင်ပြုလုပ်နေသော လမ်းဖောက်လုပ်ရေးနှင့်ဆက်စပ်နေ သည်ဟု ယူဆကြသည်။ ထိုတပ်သားများရောက်လာရခြင်း၏အကြောင်းအရင်းသည် လမ်းဖောက်လုပ်ရေးနှင့်ဆက်စပ် မည်ဆိုပါက NCA ၏အခန်း ၅(ဂ)ဖြစ်သော “အပစ်ခတ်ရပ်စဲနယ်မြေများအတွင်း အုပ်ချုပ်ရေးခွင့်ပြုချက်များထက်ပို၍ တပ်အင်အားမဖြည့်ရန်” အချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်။

မဲ့ကလောကျေးရွာအုပ်စုတွင် နေထိုင်သောရွာသားများသည် တပ်မတော်စစ်သားများ ပိုမိုရောက်ရှိနေသောကြောင့် ၎င်း တို့၏တောင်ယာများသို့ သွားရန်ကြောက်ရွံ့နေကြကြောင်း KHRG သို့ တင်ပြပြောကြားခဲ့သည်။ ၂၀၂၀ခုနှစ်၊ ဇွန်လ နောက်ပိုင်းမှစ၍ စစ်ကားများကိုနေ့ရောညပါ ဆက်တိုက်မြင်တွေ့ရကြောင်း ထိုရွာသားများမှ တင်ပြခဲ့ပြီး အဆိုပါကား များတွင် မည့်သည့်အရာများကိုသယ်ယူပို့ဆောင်နေသည်ကိုမူ မသိကြပါ။ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ထိုရောက် ရှိလာသော စကခ(၈) လက်အောက်ခံတပ်ရင်းများသည် ထားဝယ်ဒေသသို့ တစ်ရင်းပြီးတစ်ရင်း ပြန်သွားခဲ့ကြသည်။[20]

၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့တွင် ဘူးသိုနှင့်ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၀ စု (မာထော၊ မဲ့ကလော၊ မယ်ခု၊ မယ် ညူ၊ မယ်မွဲ၊ ဒေးဝါး၊ ကျောပါး၊ လေးဖိုးထ၊ ကတိုင်တိ၊ ထီးသဘလုထ) မှ ရွာသား ၅၀၀၀ ခန့်သည် တပ်မတော်၏ချိုး ဖောက်မှုများအပေါ် တရားမျှတမှုနှင့် တပ်မတော်စခန်းများရုတ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည်။ ဆန္ဒပြသူတစ်စု သည် မာထောမှဖာပွန်သို့ချီတက်ခဲ့ပြီး အခြားတစ်စုမှာ တောင်သုံးလုံးမှကမမောင်းသို့ ချီတက်ခဲ့ကြသည်။[21] ဤဆန္ဒပြမှု ကြီးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် တပ်မတော်စစ်သားနှစ်ဦးမှ သတ်ဖြတ်ခဲ့သော နော်မုနော် (အပိုင်း၂တွင် ကြည့်ပါ) နှင့်ဆက်စပ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း တပ်မတော်လမ်းဖောက်လုပ်ရေးနှင့် ပိုများလာသောစစ်ရေးလှုပ်ရှားမှုများ ကို ဆန့်ကျင်သော အလားတူဆန္ဒပြမှုများသည် မူတြော်နှင့်ခလယ်လွီထူခရိုင်များတွင် ၂၀၁၉ခုနှစ်တည်းကစတင်ပြု လုပ်လာခဲ့ကြသည်။[22]  

၂၀၂၀ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့တွင် လူသောမြို့နယ် ခေးပူ၊ နော့ယိုထ၊ လယ်မူပလောနှင့် စောမူပလောကျေးရွာအုပ်စု များအတွင်းရှိ ကျေးရွာ ၆၅ ရွာမှရွာသား ၂၈၈၅ ဦးတို့သည် ကော်ဒေါခို့၊ ဆလော်ကျိုး၊ ဝါ့ကလေတူ၊ ထောမူပလဲ့မယ်၊ ကို့ ကောဒေးနှင့် ဖောခေးခိုဒေသတွင်ရှိ‌သော တပ်မတော်တပ်စခန်းများရုတ်သိမ်းပေးရန်အတွက် အခြားဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြမှုကို နော့ယိုထကျေးရွာအုပ်စုသီးနဲ့ပူး နေရာတွင်ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် လူသောမြို့နယ်အတွင်း စကခ အမှတ်(၂) လက်အောက်ခံ တပ်မတော်စခန်း ၂၉ ခုရှိနေသည်။ စက် တင်ဘာလ ၁ရက်နေ့တွင် တပ်မတော်စစ်သား ၃၀ ဦးတို့သည် လူသောမြို့နယ်တောင်ဘက်တွင်ရှိ ကားလမ်းတစ် လျှောက်တွင်နေထိုင်သော ရွာသားများနှင့် KNLA စစ်သားများ၏လှုပ်ရှားမှုကိုစောင့်ကြည့်နေကြောင်း တွေ့ရှိခဲ့ရသည်။ တပ်မတော်စစ်သားများ၏လှုပ်ရှားမှုများသည် စောမူပလော၊ လယ်မူပလော၊ ခေးပူ၊ နော့ယိုထ၊ ကောလူးဒဲ၊ ဒေးမယ်ဒဲ၊ ယယ်မူပလော၊ ကလောထ၊ ဘောသေထ၊ ခဲပါနှင့်ပေးကေးကျေးရွာအုပ်များအတွင်းရှိဒေသခံများအတွက် လုံခြုံရေးစိုး ရိမ်စရာများဖြစ်စေပါသည်။ ထို့ကြောင့် ဒေသခံရွာသားများသည် အစားအစာဝယ်ရန် သို့မဟုတ် ရှာဖွေရန်အတွက်ကား လမ်းကို ကျော်ဖြတ်သွားလာရာတွင် KNLA စစ်သားများ၏ အကာအကွယ်ကိုယူပြီးသွားကြရသည်။[23]

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မူတြော်ခရိုင်တွင်ရှိသော တပ်မတော်စခန်းအသစ်များကို နှစ်မကုန်ခင် ရုတ်သိမ်း ပေးရန် တောင်းဆိုသည့်ထုတ်ပြန်ချက်တစ်ခုကို KNLA မှထုတ်ပြန်ခဲ့သည်။[24] ဤအစီရင်ခံစာကိုပြုစုနေချိန်အတွင်းတွင် ထိုတောင်းဆိုချက်များကို တပ်မတော်မှ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါ။ တပ်သားများဆုတ်ပေးခြင်းမရှိပါက ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင် နှစ်ဖက်တပ်များအကြား တင်းမာမှုများရှိလာနိုင်သည်။

        (၂) လက်နက်ကိုင်များအကြားပစ်ခတ်မှုများ

၂၀၂ဝခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်မှ ဒီမိုကရေတစ်ကရင်အကျိုးပြုတပ်မတော် (DKBA ခွဲထွက်အဖွဲ့)အား ဆန့် ကျင်၍ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့စဉ်အတွင်း ဘားအံခရိုင်၊ တနေးဆါး(နဘူး)မြို့နယ်တွင် တပ်မတော်နှင့် NCA အဖွဲ့ဝင် နှစ်ဖွဲ့အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရလဒ်အနေဖြင့် ကျေးရွာအုပ်စု သုံးအုပ်စုအတွင်းနေထိုင်ကြသည့် ရွာသားအများအပြားသည် ခေတ္တယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဤအစီရင်ခံစာကို ပြုစုနေချိန်အတွင်း မူတြော်ခရိုင်တွင် KNLA နှင့်တပ်မတော်အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး ၂၀၂၀ခုနှစ်နှောင်းပိုင်းတွင် ဒွယ်လိုးမြို့နယ်အတွင်း လုံခြုံရေးနည်းပါးမှုများဖြစ်ပေါ်စေသည်။ ပစ်ခတ်မှုများဖြစ်ပွားရ သည့်အဓိကအကြောင်းအရင်းမှာ တပ်မတော်စစ်သားများမှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့  ခွင့်ပြုချက်မရပဲ ကျူး ကျော်ဝင်ရောက်ခြင်းများကြောင့်ဖြစ်သည်။ ဤကဲ့သို့သော ကျူးကျော်မှုများသည် NCA ၏အပိုင်း ၈(ခ)ဖြစ်သော “တစ် ဖက်အဖွဲ့အစည်း၏ ထိန်းချုပ်ထားသောနယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းသဘော တူညီချက်ဖြင့်သွားလာရန်” အချက်ကိုပေါ်လွင်စွာ ချိုးဖောက်နေပါသည်။

CIDKP ဖော်ပြသောအချက်များအရ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် KNLA တပ်မဟာ(၃) တပ်ရင်း(၉)နှင့်တပ်မတော် ခလရ အမှတ် (၅၉၈)တို့အကြား ကပဲနှင့်ဘင်းပြဲတပ်မတော်စခန်းများအကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ကရင်လူ့အခွင့် အရေးအဖွဲ့မှ ဤဖြစ်စဉ်ကိုမှတ်တမ်းပြုစုခွင့်မရရှိခဲ့သော်လည်း တပ်မတော်လမ်းဖောက်လုပ်ရေးလှုပ်ရှားမှုများနှင့် ဆက် စပ်နေပုံပေါ်သည်။ ထိခိုက်ဒဏ်ရာရရှိမှု တင်ပြမှုများမရှိပါ။[25]

        က) ဘားအံခရိုင်အတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် DKBA ခွဲထွက်အဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ယောကူ(ရန်ကုတ်)၊ ယောကူရွာအနီးတွင် BGF တပ်ရင်း(၁၀၁၇) ၏အကူအညီရရှိထားသော တပ်မတော် ခလရ အမှတ် (၂၃၀)နှင့် DKBA ခွဲထွက်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုမှာ မိနစ် ၃၀ ကြာဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုများသည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့ မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် တပ်မတော်စစ်သားနှစ်ဦးအသတ်ခံခဲ့ရမှုနှင့် ဆက်စပ်နေသည်ဟု ဒေ သခံများခန့်မှန်းကြသည်။

တိုက်ပွဲဖြစ်ပွားခဲ့သောနေ့တွင် BGF နှင့်တပ်မတော်စစ်သားများ ယောကူရွာထဲသို့ဝင်ပြီး KNU/KNLA-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)[26] နှင့် KNLA တပ်စခန်းများအပါအဝင် နီးစပ်ရာလက်နက်ကိုင်တပ်စခန်းများသို့ ပစ်ခတ်ခဲ့ ကြသည်။ ဤကဲ့သို့ပစ်ခတ်မှုများသည် အပစ်ခတ်ရပ်စဲနယ်မြေများအတွင်း လက်နက်ကိုင်ပစ်ခတ်မှုများကို တားမြစ် ထားသည့် NCA ၏အပိုင်း ၅(က)ကို ချိုးဖောက်နေသည်။ ထိုပစ်ခတ်မှုများကြောင့် ရွာသားများကြောက်ရွံ့ပြီး ပုန်းခို ကျင်းများ (အိမ်အောက်တွင်ပုန်းခိုရန် တူးထားသောကျင်းများ)၊ သစ်ပင်များအနောက်တွင် ပုန်းခဲ့ရသည်။ တပ်မတော် နှင့် BGF တို့မှ DKBA ခွဲထွက်အဖွဲ့ဝင်များကိုလိုက်လံဖမ်းဆီနေသည်ဟု အနီးအနားကျေးရွာများက သတင်းရသော ကြောင့် ရွာတွင်းရှိအမျိုးသားများမှ ပေါ်တာအဖမ်းခံရမည်ကိုစိုးရိမ်ကြပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ “ရွာသားများဟာပေါ်တာဆွဲခံရမှာကိုကြောက်ကြတယ်။ ဒါကြောင့် သူတို့ထွက် ပြေးတယ်။ ရွာမှာရှိတဲ့အမျိုးသားအယောက် (၂၀)လောက်ထွက်ပြေးခဲ့တယ်။ သူတို့တွေ ရွာအပြင်မှာရှိတဲ့ တောထဲမှာ သွားပြီးပုန်းရှောင်နေရတယ်။ အဲဒီကိုရောက်ဖို့ တစ်နာရီဝန်းကျင်လောက်သွားရတယ်။ သူတို့တွေ အဲဒီတောထဲမှာသုံး ရက်လောက် ပုန်းရှောင်နေပြီးမှ သူတို့ရွာကိုပြန်လာခဲ့တယ်။ BGF စစ်သားတွေ ရွာကိုရောက်လာတဲ့အချိန်မှာ ကျွန်မအ ဖေလည်းထွက်ပြေးခဲ့ရတယ်။ ရွာသားတွေ မထွက်ပြေးခဲ့ဘူးဆိုရင် သူတို့တွေ ပေါ်တာလုပ်ဖို့အတွက် အဖမ်းခံနေရ လောက်ပြီး။” [27]

တိုက်ပွဲဖြစ်ပွားပြီးနောက် BGF တပ်ရင်းအမှတ် (၁၀၁၇)မှ စစ်သားများသည် မဲ့ပလယ်ကျေးရွာဘုန်းကြီးကျောင်းတွင် နေ ရာချထားခဲ့သည်။ ဤနေရာချထားမှုသည် NCA လက်မှတ်ထိုးထားသူများကို ဘာသာရေးအဆောက်အဦးများတွင် စစ် ရေးဆိုင်ရာတပ်စခန်းချခြင်းကို တားမြစ်ထားသည့် NCA အပိုင်း ၅(ဃ) ကိုတိုက်ရိုက် ချိုးဖောက်နေသည်။ BGF စစ်သား များမှ ရွာသားများ၏သွားလာရေးကို စောင့်ကြည့်ခဲ့သောကြောင့် ဒေသခံများအတွက် သွားလာရေးအခက်အခဲများဖြစ် စေပြီး လွပ်လပ်စွာသွားလာခွင့်ကိုကန့်သတ်စေပါသည်။

        ခ) KNLA နှင့်တပ်မတော်တိုက်ပွဲများကြောင့်မူတြော်ခရိုင်တွင်နေရပ်ရွေ့ပြောင်းနေထိုင်မှုများဖြစ်ပေါ်

၂၀၂၀ခုနှစ်၊ သြဂုတ်လတွင် စကခ အမှတ်(၈) လက်အောက်ခံ ဒွယ်လိုးမြို့နယ်ရှိ တောင်သုံးလုံးစခန်း တပ်ရင်းတစ်ခုမှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့တွင် ဗိုလ်ကြီးသူရိန် အောင် ဦးဆောင်သော ထိုတပ်ရင်းနှင့် KNLA တပ်မဟာ အမှတ်(၅)၊ တပ်ရင်း အမှတ်(၁၀၂)၊ တပ်ခွဲ(၃)တို့အကြား တိုက် ပွဲဖြစ်ပွားခဲ့သည်။ တောင်သုံးလုံးတောင်ခြေရှိ ရွာသားများ၏လယ်ယာမြေများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။[28] တိုက် ပွဲများဆက်လက်ဖြစ်ပွားပါက ရွာသားများမှ ၎င်းတို့၏သွားရေးလာရေးနှင့် စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်မည် ကိုစိုးရိမ်ကြပါသည်။

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စု၊ ဝါသိုးခိုကျေးရွာအနီးတွင် တပ်မတော်မှကြိုတင်အကြောင်းကြားခြင်းမရှိပဲ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုကြောင့် KNL A နှင့်တပ်မတော်အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံရွာသားများမှ နီးစပ်ရာရွာများနှင့် ဘီးလင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[29]

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် KNLA မှ မယ်ဝေကျေးရွာအုပ်စု၊ မယ်ဝေကျေးရွာအနီးတွင် အခြေချနေသော ခ လရ အမှတ် ၃၃၈ အား လှဂုံးပြုံးစခန်း (ဒွယ်လိုးမြို့နယ်၊ ခူးသူ့ထကျေးရွာအုပ်စု၊ ခူးသူ့ထကျေးရွာ) သို့မဟုတ် ဝေါ်မူစ ခန်း (ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ဝေါ်မူကျေးရွာ)သို့ ပြန်လည်ပြောင်းရွေ့ရန် တောင်းဆိုခဲ့သည်။ ထိုတောင်း ဆိုမှုကို တပ်မတော်တပ်ရင်းမှ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် KNLA တပ်မဟာ အမှတ်(၅)၊ တပ်ရင်း အမှတ်(၁၀၂) နှင့် (၁၅)တို့မှ ထိုနယ်မြေအတွင်းလှုပ်ရှားသော တပ်မတော်စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလအတွင်း ပျောက် ကျားတိုက်ပွဲများဖြစ်ပွားခဲ့သည်။ KNLA မှ ပဲ့ထိန်းဖောက်ခွဲမှုများနှင့် လက်နက်ငယ်များအသုံးပြုပြီး တပ်မတော်စစ်သား များကိုတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကိုတုန့်ပြန်သည့်အနေဖြင့် တပ်မတော်မှ KNLA တပ်သားများအခြေချရာ နေရာဟု ယူဆသည့်နေရာဖြစ်သည့် မယ်ဝေရွာအရှေ့ပိုင်းတွင်ရှိသော မယ်ဝေတောင်သို့ ၈၁ (မမ) လက်နက်ကြီးများ အ ကြိမ်အနည်းငယ်ပစ်ခတ်ခဲ့သည်။

တိုက်ပွဲများကြောင့် မယ်ဝေရွာရှိ တပ်မတော်စစ်စခန်းနှင့်နီးသော အိမ်ထောင်စု ၅၀ စုခန့်သည် နီးစပ်ရာရွာများ၊ ဒူးသထူ ခရိုင်ရှိဘီးလင်းမြို့ သို့မဟုတ် မူတြော်ခရိုင်၊ လူသောမြို့နယ် ကလောထကျေးရွာအုပ်စုများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ နေရပ်ရွေ့ပြောင်းနေထိုင်ခဲ့ရသူ ရွာသားအချို့သည် မယ်ဝေတောင်ခြေရှိ ၎င်းတို့၏ခြံများနှင့် လယ်ယာများတွင်ပြန်လည်လုပ်ကိုင်၍ မရသေးပါ။ KNLA နှင့်တပ်မတော်အကြား တိုက်ပွဲထပ်မံဖြစ်ပွားပါက ၎င်းတို့စိုက်ပျိုးထားသော စ ပါးများဆုံးရှုံးနိုင်ပြီး ၂၀၂၁ခုနှစ်တွင် အစာရေစာရှားပါးမှုနှင့် ကြုံတွေ့နိုင်သည်။ [၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် KNLA နှင့် တပ်မတော်အကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်ဟု KHRG ကွင်းဆင်းလုပ်သားများကတင်ပြခဲ့သည်။ နှစ်ဖက်ကျ ဆုံးမှုများရှိသော်လည်း နှစ်ဖက်စလုံးမှ တရားဝင်ထုတ်ပြန်ခြင်းများမရှိပါ။][30]

        (၃) လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၄ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ‌ခေးပူကျေးရွာအုပ်စု၊ ခေါ်ဒေါခိုစခန်းတွင်ရှိသော ခလရ အမှတ်(၇၀၅) မှ ခေးပူကျေးရွာအုပ်စု၊ အ---ရွာစပါးစိုက်ခင်းများကို လက်နက်ကြီးဖြင့်အကြိမ် ၂၀ အပြင် လက် နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်။ မွန်းလွဲ ၁၂ နာရီ ၂၇ မိနစ်တွင် အသက် ၈၂ နှစ်ရှိသူ အ---ရွာသား စောဖ---သည် ပစ်ခတ်ခဲ့သော လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့သည်။ စောဖ---၏ကျောကုန်းနှင့် ဘယ်ဘက်ပခုံးကို လက်နက်ကြီးအစများထိမှန်ခဲ့သည်။ တစ်ရက်တည်းတွင် ရွာသားများမှ စောဖ---ကို ခေးပူတွင်ရှိသော KDHW ဆေးခန်း သို့ပို့ဆောင်ခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားမှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် တင်ပြချက်အရ စောဖ---၏ ဒဏ်ရာများပျောက်ကင်းသွားပြီး ဆေးခန်းမှဆင်းခွင့်ရပြီဖြစ်သည်။ သို့သော်လည်း ရရှိခဲ့သောဒဏ်ရာများအတွက် လျှော် ကြေးရရှိခဲ့ခြင်းများမရှိပါ။[31]

အလားတူစွာပင် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် တပ်မတော်စစ်သားများမှ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဆောမီလူကျေးရွာအုပ်စု၊ ဆောမီလူကျေးရွာတွင်ရှိသော ကိုဗစ်-၁၉ ကွာရာတင်းစင်တာတစ်ခု၏ ပတ်ဝန်းကျင်သို့လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် ကွာရာတင်းစင်တာကိုမထိခဲ့သော် လည်း နောက်ထပ်ပစ်ခတ်မှုများအတွက်စိုးရိမ်သောကြောင့် ဒေသခံရွာသားများနှင့်ကျန်းမာရေးလုပ်သားများ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုကွာရာတင်းစင်တာတွင် ဆေး၊ ဆိုလာပြား၊ ဘက်ထရီ၊ ဆန်နှင့်ချက်ပြုတ်‌ရေးပစ္စည်းများ ရှိသော်လည်း ရွာသားများယူသွား၍မရခဲ့ပါ။ ထိုပစ်ခတ်မှုဖြစ်ခဲ့စဉ်တွင် ခလရ(၆၀၃)၊ ခလရ(၃၅၀)၊ ခမရ(၅၇)၊ ခမရ (၉၂) နှင့် ခမရ(၇၅) တို့မှ ထိုနယ်မြေအတွင်းတွင် လှုပ်ရှား‌နေခဲ့သည်ဟု သိရသော်လည်း မည်သည့်တပ်ရင်းမှ မည်သည့်အ ကြောင်းကြောင့် ထိုကဲ့သို့ပစ်ခတ်ခဲ့သည်ကို KHRG မှမသိရပါ။ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏ တင်ပြချက်အရ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလလည်ပိုင်းအထိ လက်နက်ငယ်နှင့်လက်နက်ကြီးပစ်ခတ်သည့် အသံများကို ရွာသားများနေ့စဉ်ကြားခဲ့ရသည်။[32]

KHRG လူတွေ့မေးမြန်းခဲ့သော ရွာသားတစ်ဦး၏တင်ပြချက်အရ မယ်ဝေတွင်ဖြစ်ပွားခဲ့သော KNLA နှင့် တပ်မတော်အ ကြားတိုက်ပွဲများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခူးသူထကျေးရွာအုပ်စုသို့ ပျံ့သွားခဲ့သည်။ “ကျွန်‌‌တော်သိသ လောက်ကတော့ တပ်မတော်က KNU ထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်တော့ KNLA ကသူတို့ကို ပစ်တယ်။[…] အဲ့လိုနဲ့တစ်ခြားနေရာတွေကိုလည်း ကူးသွားတာပေါ့”။ ထိုဒေသအတွင်း လုံခြုံရေးအခြေအနေဆိုးရွားလာပြီး တပ်မ တော်မှ ဒီဇင်ဘာလတွင် ခူးသူထကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ဒေသခံ များထွက်ပြေးခဲ့ရသည်။ “ခူးသူထမှာရှိတဲ့ (စကခ) အမှတ် (၈) လက်အောက်ခံ (ခလရ) အမှတ် (၄၀၂) ကကျွန်တော်တို့ ရွာကို လက်နက်ကြီးနဲ့ပစ်တယ်။ ကျွန်တော်တို့ရွာထဲမှာမနေရဲ‌တော့လို့ ထွက်ပြေးရတယ်။ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၁၁ နာရီခွဲမှာတစ်ချက်ပစ်တယ်၊ ပြီးတော့ ညနေ ၃ နာရီ ၁၅ မိနစ် မှာနောက်တစ်ချက်ထပ်ပစ်တယ်။ မနက်ပိုင်း မှာ သူတို့လက်နက်ကြီးပစ်တုန်းက ကျွန်တော်တို့ရွာထဲမှာရှိတုန်းပဲ။ ဒုတိယတစ်ချက်ထပ်ပစ်တော့ ရွာထဲမှာမနေရဲတော့ လို့ ထွက်ပြေးကြတယ်။ တောထဲမှာ သွားနေရတယ်။ အဲဒီမှာတစ်ပတ်နေရတယ်။” [33]

လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းများသည် NCA ၏အပိုင်း ၅(က) ဖြစ်သော “အပစ်ခတ်ရပ်စဲနယ်မြေအတွင်း လက် နက်ကိုင်တိုက်ခိုက်မှုများ၊ […] ရုပ်ဝတ္တုပစ္စည်းများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကိုရပ်ဆိုင်းရန်”ကို တိုက်ရိုက်ချိုး ဖောက်နေသည်။ တပ်မတော်၏လုပ်ဆောင်မှုများသည် NCA ၏အပိုင်း ၉(က) ဖြစ်သော “ပြည်သူလူထု၏ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လိုအပ်သောပံ့ပိုးမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” အချက်ကိုလည်း ဆန့်ကျင်နေသည်။ 

     (ဂ) အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

ဤခြောက်လာတာကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့သည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက် သည့်အမှုလေးခုကို မှတ်တမ်းတင်ပြုစုခဲ့သည်။ ၎င်းအမှုလေးခုတွင် နှစ်ခုမှာ သက်ငယ်မုဒိမ်းမှုဖြစ်ပြီး ကျန်သောနှစ်ခုမှာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းမှ ခံစားရသူများ၏ အသက်များမှာ (၈)နှစ်ကနေစပြီး (၇၅)နှစ်အထိရှိပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလေးခုအနက်နှစ်ခုကို ကျေးရွာ အာဏာပိုင်များမှ ကိုင်တွယ်ဖြေရှင်းပြီး ကျန်သောနှစ်ခုအား ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)မှ ကိုင်တွယ်ဖြေရှင်းခဲ့ သည်။ သို့သော် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကျူးလွန်သူများသည် နည်းလမ်းကျကျတရားဥပေဒအောက်တွင် အ ပြစ်ပေးခံရခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဒေသခံအာဏာပိုင်များ၊ တရားသူကြီးများနှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ဝင်များမှလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား တရားရုံးတွင်ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများကြုံတွေ့ရခြင်းနှင့်ပြစ် မှုများအားကျေအေးစေရန်အတွက် လျော်ကြေးငွေများပေးဆောင်ခြင်းဖြင့် အမှုများကိုကိုင်တွယ်ဖြေရှင်းရခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံစားရသူများအား ခွဲခြားဆက်ဆံခြင်း၊ ပြစ်တင်ကဲ့ရဲ့ခြင်းနှင့် အရှက်ရစေခြင်း တို့သည် ဒေသအတွင်းကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသည်။ ထိုသို့သော စိန်ခေါ်မှုများကို အများအား ဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံစားရသည့် အရွယ်မရောက်သေးသော သို့မဟုတ် အသက်ကြီးသည့်အမျိုးသမီး များမှ မကြာခဏကြုံတွေ့ရလေ့ရှိသည်။ သာဓက တစ်ခုအနေဖြင့် အသက် (၂၁)နှစ် အရွယ်ရှိသည့်အမျိုးသမီးတစ်ဦး အား သူမအား သူမ၏အမျိုးသားက ရိုက်နက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည်မုဒိမ်းကျင့်ခံရသည့်အကြောင်း ကို သူမ၏အမျိုးသားအား ပြောပြခဲ့ခြင်းကြောင့်ဖြစ်သည်။ အခြားသော သာဓကတစ်ခုမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကိုခံစားရသည့် အသက်(၁၄)အရွယ်အမျိုးသမီးငယ်၏မိဘနှစ်ဦးသည် ပတ်ဝန်းကျင်မှ၎င်းတို့သမီးအား ဖယ်ကျင်ထား မည်ကိုစိုးရိမ်ကြောင့်ကြနေရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သမီးကြုံတွေ့ခဲ့ရသည်များကို ပတ်ဝန်းကျင်လူအ များမှ သိရှိသွားမည်စိုးသောကြောင့်ဖြစ်သည်။

        (၁) အရွယ်မရောက်သေးသည့်ကလေးငယ်များအားအကြမ်းဖက်ခြင်း

KHRG လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ယေဘုယျအားဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကလေးသူ ငယ်များသည် ၎င်းတို့နှင့်အရမ်းရင်းနှီးပြီး အသက်ကြီးသည့်အမျိုးသားများလက်ထဲတွင် အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်ခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ ဤအစီရင်ခံစာတွင်ပါရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှစ်ခုအပေါ် KHRG ၏သုံးသပ်ချက်အရ အမျိုးသမီးငယ်များသည် ၎င်းတို့မိဘအုပ်ထိန်းသူများမရှိသည့်အချိန်တွင် အန္တရာယ်များနှင့် ပိုမို၍ကြုံတွေ့လေ့ရှိကြောင်းတွေ့ရှိရသည်။ ပထမအမှုတစ်ခုတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သတ်သည့် ကိစ္စ ရပ်များကိုစုံစမ်းစစ်ဆေးရန် ကျေးရွာအာဏာပိုင်များအပေါ်မှီခိုအားထားရခြင်းသည် အကြမ်းဖက်ခံရသောအမျိုးသမီး ငယ်များအတွက်တရားမျှတမှုရရှိရန် အတားအဆီးတစ်ခုဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံခေါင်းဆောင် များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သူအား ထိန်းသိမ်းစစ်ဆေးသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိသော ကြောင့်ဖြစ်သည်။ ထို့အပြင် ဥပဒေပြဌာန်းချက်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းအား အနက်အဓိပ္ပါယ်ဖွင့်ဆိုထား သည်မှာ အခက်အခဲများရှိခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုနားလည်သိရှိရန် ဗဟုသုတအားနည်းခြင်းတို့ ကြောင့် အမျိုးသမီးငယ်များသည် ၎င်းပြစ်မှုအားအရေးယူဆောင်ရွက်ရာတွင် အတားအဆီးဖြစ်စေသည်။ ဒုတိယအမှုတွင်တရားသူကြီးများ၊ ရဲတပ်ဖွဲ့ဝင်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား တရားရုံးတွင်ကိုင်တွယ်ဖြေရှင်းရာတွင် တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးခြင်းမရှိဘဲ အချင်းချင်းနားလည်မှုယူ၍ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းကို သာ တွေ့ရပါမည်။

        က) ပထမအမှု

၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ရက်နေ့ညနှင့် ၂၅ရက်နေ့ညတွင် ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်၊ မ---ကျေးရွာအုပ်စု၊ က---ကျေးရွာတွင် နေထိုင်သည့်အသက်ရှစ်နှစ်အရွယ်ရှိသူ နော်ဖ---သည် သူမ၏မိသားစုထံ တွင် လာရောက်အလုပ်လုပ်ကိုင်နေသော အမျိုးသားတစ်ဦးသည် သူမအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့ သည်။[34] သူမ၏မိဘနှစ်ပါးမှ အခြားရွာတွင်အသုဘအခမ်းအနားတက်ရောက်စဉ်တွင် သူမသည် မုဒိမ်းကျင့်ခံရခြင်းဖြစ် သည်။ နိုဝင်ဘာလ၊ ၂၅ရက်နေ့ မနက် (၂)နာရီအချိန်တွင် သူမ၏မိဘနှစ်ပါးက အိမ်သို့ပြန်ရောက်လာခဲ့ပြီး နော်ဖ---ငိုနေ သည်ကိုတွေ့ရှိခဲ့သည်။ အဖေဖြစ်သူမှ ဘာဖြစ်ခဲ့သည်ကို ၎င်း၏သမီးကိုမေးမြန်းခဲ့သည်။ သူမမှဤကဲ့သို့ဖြေကြားခဲ့ သည်။ “သူက (လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ) သမီးနဲ့လိင်ဆက်ဆံခဲ့တယ်။” (သူမကြုံတွေ့ခဲ့ရသည့်ချောက်ချား ဖွယ်ရာဖြစ်ရပ်ကိုရှင်းပြရာ၌ သူမသည်မည်သည့်စကားကိုပြောဆိုခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရှိခဲ့ရပေ။)

ထို့နောက် နော်ဖ---၏မိခင်သည် သမီးဖြစ်သူ၏လိင်အင်္ဂါကိုချက်ချင်းစစ်ကြည့်လိုက်ပြီး အင်္ဂါတွင်း၌သုတ်ပိုးများတွေ့ရှိ ခဲ့သည်။ အကြမ်းဖက်ခံရသူ၏တင်ပါးသည်လည်းစိုစွတ်နေပြီး သူမ၏လိင်အင်္ဂါတွင်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိခဲ့သည်။၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၅နေ့မွန်းလွဲပိုင်းတွင် နော်ဖ---၏ဖခင်သည် ကျေးရွာခေါင်းဆောင်များထံသို့ အမှုဖွင့်တိုင်ကြား ခဲ့သည်။ ပြစ်မှုကျူးလွန်သူသည် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ သို့သော် နောက်ဆုံး၌ ၎င်းအား ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃ဝရက်နေ့ ညနေပိုင်းတွင် ကျေးရွာအာဏာပိုင်များမှဖမ်းဆီးခဲ့ကြသည်။ ၎င်းတို့သည် ပြစ်မှုကျူးလွန်သူအား ကျေးရွာ အုပ်စုခေါင်းဆောင်များထံသို့ခေါ်ဆောင်ခဲ့သည်။ သို့သော် ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃၁ရက်နေ့တွင်ထွက်ပြေးလွတ် မြောက်ခဲ့သည်။ ထိုပြစ်မှုကျူးလွန်သူသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ပြစ်မှုကျူးလွန်သူအား ရှာဖွေမတွေ့ ရှိသေးသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြစ်မှုကျူးလွန်သူသည် အကြမ်းဖက်ခံရသူ၊ သူမ၏မိသားစုဝင်များ၊ အခြားသော ရွာသားများနှင့် သူ့အားပြန်လည်ကလဲ့စားချေမည်ကို စိုးရိမ်နေပါသည်။ (အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်သူ သည် အဖမ်းဆီးခံရချိန်တွင် ၎င်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးအားခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။) ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ နော်ဖ---သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဝေဒနာများအား ဆက်လက်ခံစားနေရဆဲဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုး သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အဘယ်ကြောင့်ဆိုသော် ဒေသအတွင်းလိုအပ်သည့် ဒေသခံကျန်းမာရေးကုသမှုအရင်းအမြစ်များမရှိခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများ ခံစားနေရသည့်စိတ်ဝေ ဒနာများအား ကူညီကုသပေးရန်အတွက် စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုများ အားနည်းနေခြင်းတို့ကြောင့်ဖြစ်သည်။

အစပိုင်းတွင် ဤအမှုနှင့်ပတ်သတ်ပြီးစုံစမ်းစစ်ဆေးရာတွင် ပြစ်မှုကျူးလွန်သူမှ ၎င်းသည် နော်ဖ---၏ကိုယ်အင်္ဂါထဲတွင် လက်ချောင်းဖြင့်သာထိုးထည့်ခဲ့ပြီး သူမနှင့်လိင်ဆက်ဆံခြင်းများကျူးလွန်ခဲ့ခြင်းမရှိဟု ကိုယ့်ကိုကိုယ်ကာကွယ်၍ ပြော ကြားခဲ့သည်။[35] သို့သော် နော်ဖ---၏မိခင်မှ သမီးဖြစ်သူ၏ကိုယ်အင်္ဂါတွင် သုတ်ရည်များတွေ့ရှိခဲ့သည်ဟုရှင်းပြသော် လည်း ဒေသခံအာဏာပိုင်များက ဤအမှုကို မုဒိမ်းမှုအဖြစ်စွဲချက်တင်ရန် ၎င်းတို့အတွက်အခက်အခဲဖြစ်စေခဲ့သည်။ ထို့ ကြောင့် အာဏာပိုင်များက ဤအမှုကိုရှေ့ဆက်၍ တရားရုံးတွင်အမှုတိုင်ကြားခြင်းမရှိခဲ့ပေ။ ဤအမှုနှင့်ပတ်သတ်ပြီး KHRG၏ ကွင်းဆင်းလုပ်သားတစ်ဦးမှ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)နှင့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့တို့အား အကြောင်းကြားခဲ့သည်။ ထို့ကြောင့်  ၎င်းတို့က နော်ဖ---ကို ကူညီထောက်ပံ့မှုများပေးနိုင်ခဲ့ သည်။ နောက်ဆုံးတွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏အကူအညီဖြင့် ဒေသခံခေါင်းဆောင်များနှင့် နော်ဖ---မိသား စုဝင်များသည်  ဤအမှုကို KNU ခရိုင်အာဏာပိုင်များထံသို့ တင်ပြခဲ့သည်။

၁၈၆၁ခုနှစ် မြန်မာနိုင်ငံ၏ပြစ်မှုဆိုင်ရာဥပ‌‌ဒေနှင့် KNU ပြစ်မှုဆိုင်ရာဥပ‌‌ဒေနှစ်ခုစလုံးတွင်ဖော်ပြထားသော မုဒိမ်းမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်ကိုက်ညီမှုမရှိပေ။ အထူးသဖြင့် KNU ၏ပြစ်မှုဆိုင်ရာဥပ‌‌ဒေ တွင်အမျိုးသား၏လိင်အင်္ဂါသည် အမျိုးသမီး၏လိင်အင်္ဂါထဲသို့ထိုးဝင်မှသာလျှင်မုဒိမ်းမှုမြောက်သည်ဟု ဖွင့်ဆိုထားပါ သည် (ပုဒ်မ၊ ၂၃၆ ကိုကြည့်ပါ)။ KNU ၏ပြစ်မှုဆိုင်ရာဥပ‌‌ဒေတွင်ပါရှိသည့် ရှင်းပြချက်များကို ခြံငုံသုံးသပ်ကြည့်မည်ဆိုပါ က နော်ဖ---၏မိခင်ကိုယ်တိုင် သူမသမီး၏ကိုယ်အင်္ဂါတွင် အမျိုးသားသုတ်ရည်များတွေ့ရှိခြင်းကို ထည့်သွင်းစဉ်းစား ခြင်းမရှိပါက ခရိုင်အာဏာပိုင်များသည်လည်း ဤအမှုကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟူ၍ ထည့်သွင်းစဉ်းစားပေးရန် အတွက် ရှင်းလင်းစွာမသိရှိနိုင်ပေ။

        ခ) ဒုတိယအမှု 

၂၀၂ဝခုနှစ်တွင် (KHRGမှ မှုခင်းဖြစ်ပွားခဲ့သည့်နေ့ရက်အတိအကျကို မရရှိခဲ့ပါ) ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးအထွေထွေဆေးရုံအနီးတွင် (၁၄) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို အသက်(၂၂)နှစ်အရွယ်ရှိအ မျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်။[36] ပြစ်မှုကျူးလွန်ခဲ့သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်းတွင်သားယော ကျ်ားတစ်ဦးရှိသည်။ ၂၀၂ဝခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် မိန်ကလေးငယ်၏ဖခင်ဖြစ်သူမှ KNPF ထံသို့ ဤအမှုကိုတိုင် ကြားခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့သူနှင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူတို့သည် ကြာအင်းဆိပ်ကြီးအထွေထွေဆေးရုံတွင် ၎င်းတို့၏ဆွေမျိုးများ ကိုသွားရောက်စောင့်ရှောက်ခဲ့စဉ်၌ ပထမဆုံးတွေ့ဆုံခဲ့ကြသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူမှာ ဆင်းရဲနွမ်းပါးသဖြင့်ကျောင်း တွင်ပညာတက်ရောက်ဆည်းပူးရန် မတက်နိုင်ခဲ့ပေ။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်မှ ထိုပြစ်မှုကျူးလွန်ခဲ့သူသည် သူမ ၏ ပညာမတတ်ခြင်းနှင့် အရွယ်မရောက်သည့်အပေါ်အခွင့်ကောင်းယူပြီး ဖြားယောင်းသွေးဆောင်ခဲ့သည်ဟုထင်သည်။ အဆိုပါပြစ်မှုကျူးလွန်သူသည် လူပျိုလူလွတ်တစ်ယောက်အဖြစ်ဟန်ဆောင်ခဲ့သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်ပြော ကြားချက်အရ ၎င်းတို့ဆုံတွေ့ပြီးတစ်လမပြည့်ခင်မှာပင် သမီးရည်းစားဖြစ်ခဲ့ကြသည်။ (သို့သော် ၎င်းတို့ဆေးရုံတွင်နေခဲ့ သည့်အချိန်ကာလကို KHRG မှမသိရှိရပါ)။ တစ်ချိန်တွင်  ပြစ်မှုကျူးလွန်ခဲ့သူသည် သူမအားဆေးရုံအနီးတွင်ရှိသည့်အ များသုံးအိမ်သာသို့ခေါ်သွားခဲ့ပြီး သူမမှငြင်းဆိုမှုပြုခဲ့သော်လည်း အဓမ္မပြုကျင့်ခဲ့သည်။

ပြစ်မှုကျူးလွန်ခံရသူ၏ဖခင်မှ ၎င်း၏သမီးဖြစ်သူမှာ  ပြစ်မှုကျူးလွန်သူနှင့် နို့တကောမြို့နယ်၊ ကြာအင်းရွှေဒိုးအုပ်စု၊ စ---ကျေးရွာတွင် အချိန်အတော်များများတွေ့ဆုံနေကြောင်းကိုသိရှိပြီးသည့်နောက်မှာသာ ၎င်း၏သမီးသည် အဓမ္မပြုကျင့် ခံရကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။  ထိုအကြောင်းနှင့်ပတ်သက်၍ မိဘဖြစ်သူများမှ သူမအားမေးမြန်းခဲ့ချိန်တွင် ပြစ်မှု ကျူးလွန်သူမှ သူမအားအဓမ္မမပြုကျင့်ခဲ့ကြောင်းပြောပြခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူမှ ၎င်းအမှုကို KNPF ထံသို့တိုင် ကြားခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူကို တစ်လကျော်ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ပြစ်မှုကျူးလွန်သူအား စစ်ဆေးမေး မြန်းမှုပြုလုပ်ချိန်၌ ၎င်းသည်ထိုမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ကြောင်းဝန်ခံခဲ့သည်။

KNPF မှ ထိုအမှုကို KNU ခရိုင်အာဏာပိုင်များထံလွှဲပြောင်းလိုကြောင်း ပြစ်မှုကျူးလွန်ခံရသူ၏မိဘကို မေးမြန်းခဲ့သည်။ သို့သော် မိဘဖြစ်သူများမှငြင်းဆိုခဲ့ပြီး ဤအမှုကိုလျော်ကြေးငွေဖြင့်သာကျေအေးမည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ အစပိုင်းတွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏မိသားစုမှ လျော်ကြေးငွေအဖြစ် သိန်း (၅ဝ)ကိုတောင်းဆိုခဲ့သည်။ ပြစ်မှုကျူးလွန် သူသည် တောင်းဆိုသည့်လျော်ကြေးငွေပမာဏများကိုပေးရန်မတတ်နိုင်သောကြောင့် နောက်ဆုံး ၎င်းတို့နှစ်ဦးနှစ်ဖက် မှကျပ်(၉)သိန်းဖြင့်သာ သဘောတူညီခဲ့သည်။ ပြစ်မှုကျူးလွန်သူမှ လျော်ကြေးငွေပေးပြီးသည့်နောက်ပိုင်းလွတ်မြောက် သွားခဲ့ပြီးအမှုပိတ်ခဲ့သည်။  

မြန်မာပြည်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဆောင်ရွက်ဖြေရှင်းသည့်အမှုအရေအတွက်များနည်းပါးသည့်အ ပြင်ဒေသခံအာဏာပိုင်များက မုဒိမ်းမှုများကိုကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းမှုများရှိနေသည်။ ထို့ကြောင့် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရသူ၏မိသားစုများသည် အမှုကိုတရားရုံးသို့တင်ပြခြင်းထက် ပို၍ကောင်းသော လျော်ကြေးငွေကို သာလက်ခံ၍ အမှုကိုကျေအေးပေးလေ့ရှိကြသည်။ မည်သို့ပင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုများသောအားဖြင့် ရာဇဝတ်မှုဥပဒေပုဒ်မများအရ ဆောင်ရွက်ပေးခြင်းမရှိဘဲ နားလည်မှုဖြင့်သာ ကိုင်တွယ်ဖြေရှင်းကြပါသည်။ KHRG ၏ ယခင်ကသတင်းမှတ်တမ်းအရ[37] လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တရားရုံးတွင်ဖြေရှင်းခြင်းများမလုပ် ဘဲပြန်လည်ရုတ်သိမ်းပေးရန် ညှိနှိုင်းဆောင်ရွက်မှုများရှိခဲ့သည်။ ထိုသို့သောအခြေအနေသည် နစ်နာသူများအတွက် အ ထူးပင်စိုးရိမ်ရပါသည်။

အခြားသောစိုးရိမ်ရသည့်အချက်မှာ မုဒိမ်းမှုများကို အရေးယူပေးခြင်းများမပြုလုပ်ရန်အတွက် နစ်နာသူမိန်းကလေးကို လက်ထပ်ခိုင်းစေသည့်အရာဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ၏ဖခင်မှ ဤကဲ့သို့ရှင်းပြခဲ့သည်။ "သူက [ပြစ် မှုကျူးလွန်သူက] လူပျိုလူလွတ်သာဆိုသူတို့ကိုပေးစားလိုက်ပြီ။ ဒါပေမဲ့ အခုသူကမိန်းမနဲ့သားတစ်ယောက်ရှိနေတာဆို တော့ ပေးစားလို့အဆင်မပြေဘူး။" လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများမှ ၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံအာ ဏာပိုင်များ၏ဖိအားပေးမှုများကြောင့် ပြစ်မှုကျူးလွန်သူကို စိတ်ဆန္ဒမရှိဘဲလက်ထပ်ရသည့်အခြေအနေမျိုးသည် မြန် မာပြည်အရှေ့တောင်ပိုင်းရှိကျေးရွာဒေသများတွင် ဖြစ်ပွားလေ့ရှိသည်။ ဤသို့ဖြစ်ပွားရလေ့ရှိသည့်အကြောင်းရင်းမှာ ဒေ သအတွင်းကျား၊မရေးရာနှင့်ပတ်သတ်ပြီး ရှေးကျသည့်အတွေးအခေါ်ယုံကြည်မှုများကြောင့်သော်လည်းကောင်း၊ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများကို အခြားသောအမျိုးသားများမှ လက်ထပ်ရန်လိုလားခြင်းမရှိကြောင်းကို စိုးရိမ်နေရ ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုကဲ့သို့ပြစ်မှုကျူးလွန်သူအားလက်ထပ်ရခြင်းသည် နစ်နာသူအမျိုးသမီးများအား လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုကို ပိုမို၍ကြုံတွေ့ရသည့်အခြေအနေသို့ တွန်းပို့စေပါသည်။

ပတ်ဝန်းကျင်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူအား ဝေဖန်ကဲ့ရဲ့ခြင်းတို့ကြောင့် နစ်နစ်သူအမျိုးသမီး၏မိသားစုဝင် များအားလုံးမှ အရှက်ရမည်ကိုစိုးရိမ်ရပါသည်။ ယခုအချိန်တွင် နစ်နာသူမိန်းကလေး၏မိခင်သည် ၎င်းရွာမှရွာသားများ ဤမုဒိမ်းမှုဖြစ်ရပ်ကိုသိရှိသွားပါက သူမမိသားစုဝင်များအားခွဲခြားဆက်ဆံမည်ကို စိုးရိမ်နေပါသည်။[38] “ရွာမှာရှိတဲ့ကျွန် မတို့ရဲ့ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေကို ဒီအကြောင်းတွေကိုမသိစေချင်ဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ လူတွေရှေ့မှာ မျက်နှာမပြချင်ဘူး။ ကျွန်မတို့ကို လူတွေအထင်သေးမှာ ပြီးရင် ကျွန်မတို့တစ်ခြားနေရာမှာ အလုပ်အသစ် တွေသွားလုပ်ရရင် အလုပ်မရမှာကိုစိုးရိမ်တယ်။”

        (၂) အသက်ကြီးသည့်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

ဤခြောက်လတာကာလအတွင်း KHRG မှ အသက်ကြီးသည့်အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည့်အမှု နှစ်ခုကို မှတ်တမ်းပြုစုခဲ့သည်။ ထိုအမှုနှစ်ခုတွင် ပြစ်မှုကျူးလွန်သူနှစ်ဦးစလုံးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအားကျူး လွန်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဤအမှုနှစ်ခုစလုံးတွင်  ပြစ်မှုကျူးလွန်သူများအား တရားရုံးတွင် တရားစွဲ ဆိုခြင်းများ မပြုလုပ်တော့ပါ (သို့မဟုတ်) မုဒိမ်းမှုကို အခြားသောအမှုဟူ၍ခေါင်းစဉ်တပ်၍ ဆောင်ရွက်ခဲ့ခြင်းများ ရှိခဲ့သည်။ ဆိုလိုသည်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် ဒေသခံအာဏာပိုင်များနှင့် KNPF သည် တရားရုံးတွင် အမှုဖွင့်တိုင်ကြားရန်အတွက် မျက်မြင်သက်သေရှိသူများကို ပို၍အားကိုးရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤအမှုနှစ်ခုစလုံးတွင် ပြစ်မှုကျူးလွန်သူများက မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းရှိသည်ဟုဝန်မခံသောကြောင့် နစ်နာသူအမျိုးသမီးများ အတွက် တရားမျှတမှုရရှိရန် အလွန်တရာခက်ခဲလှပါသည်။

        က) အသက်ကြီးသည့်အမျိုးသမီးတစ်ဦအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း[39]

၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် တစ်ရွာတဲတွင်အတူနေထိုင်သည့်ရွာသားတစ်ဦးမှ ဒေါဖခိုမြို့နယ်၊ က---ကျေးရွာ အုပ်စု၊ တ---ကျေးရွာတွင်နေထိုင်သော အသက်(၇၅)နှစ်အရွယ်ရှိသူ နော်လ---၏အိမ်တွင်းသို့ သန်းခေါင်ယံအချိန် (၁၂နာရီမှ မနက်၁နာရီကြား) တွင် ခိုးဝင်ကာ သူမအား လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ပါသည်။ နော်လ---မှ KHRG အား ဤသို့ပြန်လည်ပြောပြခဲ့သည်။ “သူက ကြမ်းပြင်ပေါက်တစ်ပေါက်ကနေတက်လာတာ။ […] ကျွန်မသူ့ မျက်နှာကိုကြိုးစားကြည့်ခဲ့ပေမဲ့ သူကမပြဘူး။ [မိုးချုပ်နေပြီဖြစ်၍ သူမသည် လက်နှိပ်ဓာတ်မီးအား ရှာမတွေ့ခဲ့ပေ။] ကျွန်မသူ့အသံကိုတော့ကြားတယ်။ ကျွန်မလက်ကိုကိုင်ပြီး ပါးစပ်ကိုသူ့လက်နဲ့ပိတ်လိုက်တယ်။ ကျွန်မသေလုမတတ် ပဲ။” ဤဖြစ်စဉ်တွင် အမျိုးသမီးသည်အသက်ကြီးပြီး အိမ်မှာတစ်ဦးတည်းနေရသည့်အတွက်ကြောင့် သူမအားပစ်မှတ် ထားခံရနိုင်လွယ်ပါသည်။

နောက်နေ့မနက်၌ နော်လ---သည် သူမ၏အိမ်တွင် နေ့စဉ်လက်ဖက်ရည်နှင့် ကွမ်းလာရောက်စားသောက်နေကြဖြစ် သည့်အမျိုးသားငယ်တစ်ဦးအား သံသယဝင်ခဲ့သည်။ သူမဤကဲ့သို့ရှင်းပြခဲ့ပါသည်။ “အမှုဖြစ်ပြီးတဲ့နောက် ကျွန်မအိမ် ကိုသူမလာတော့ဘူး။ သူပဲဖြစ်မယ်ဆိုတာကိုကျွန်မသိလိုက်တယ်။  ကျွန်မကို‘ဖွားဖွား’လို့အမြဲခေါ်တယ်။  အမှုဖြစ်ပြီးတဲ့နောက်မှာ ကျွန်မကိုဖွားဖွားလို့ လုံးဝမခေါ်ရဲတော့ဘူး။ ကျွန်မအထင်တော့ သူပဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ အများကြီးပြောတာက သူဟာတရားဥပဒေနဲ့မညီတဲ့ ခိုးမှုတွေလိုမျိုးလုပ်ရပ်တွေကိုကျူးလွန်ထားတာတွေရှိတယ်။”

နော်လ---သည် ဤအမှုနှင့်ပတ်သတ်၍  သူအားအမှုကိုရှာဖွေစုံစမ်းပေးမည်ဟု ကတိပြုထားသည့်ကျေးရွာလူကြီးထံသို့ တင်ပြခဲ့သည်။ ကျေးရွာလူကြီးမှ ပြစ်မှုကျူးလွန်ခံရသူနှင့်ပြစ်မှုကျူးလွန်သူနှစ်ဦးလုံးကို သီးသန့်စစ်ဆေးမေးမြန်းမှုပြု ခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်များကို အသံဖမ်းစက်ဖြင့်ရယူခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူမှ နော်လ---အား လိင်ပိုင်းဆိုင် ရာအဓမ္မကျူးလွန်ခြင်းမပြုခဲ့ကြောင်းငြင်းဆိုခဲ့သော်လည်း သူမသည် ရွာသူကြီးပေးနားထောင်သည့် အသံဖမ်းစက်ထဲ၌ ရှိသော ပြစ်မှုကျူးလွန်သူ၏ ထွက်ဆိုချက်များကိုနားထောင်ပြီးသည့်နောက် ၎င်း၏အသံကိုမှတ်မိသွားခဲ့သည်။ ထို့ နောက်ဒေသခံခေါင်းဆောင်များမှ ဤအမှုအား ကျေးရွာအုပ်စုမှူးထံသို့တင်ပြခဲ့သည်။ ဤအမှုအား ကျေးရွာအုပ်စုမှူး ထံသို့လွှဲပြောင်းခဲ့သည်ကိုကြားပြီးနောက် ပြစ်မှုကျူးလွန်သူသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏မိသားစုဝင်များကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့သည့်အတွက် လုံခြုံရေးအရ ကျေးရွာအုပ်ချုပ်ရေးမှူး၏မိသားစုသည် ရွာမှထွက်ခွာခဲ့သည်။ ထိုအချိန်၌ ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမရှိသည့်အတွက် ဒေသခံခေါင်းဆောင်များသည် နောက်ဆုံးတွင် KNU အာဏာပိုင်ထံသို့အမှုတင်ပြရန် ဆုံးဖြတ်ချက်ချခဲ့သည်။

KNU ကိုယ်စားလှယ်တစ်ဦးသည် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် အမှုစစ်ဆေးမေးမြန်းရန်အတွက် ကျေးရွာ သို့ရောက်ရှိလာခဲ့သည်။ နောက်ဆုံးတွင် ဒေသခံအာဏာပိုင်များမှ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်နေ့တွင် ပြစ်မှုကျူး လွန်သူကိုဖမ်းဆီးခဲ့ပါသည်။ သို့သော် ဒီဇင်ဘာလတွင် (KHRG မှနေ့စွဲအတိအကျကို မရရှိခဲ့ပေ) ခိုင်လုံသောသက်သေအ ထောက်အထားမရှိသဖြင့် ဒေသခံအာဏာပိုင်များမှ ပြစ်မှုကျူးလွန်သူအား ပြန်လည်လွှတ်ပေးခဲ့သည်။ ယခု ပြစ်မှုကျူး လွန်သူသည် ကျေးရွာတွင်ပြန်ရောက်ရှိနေပြီး ကျူးလွန်ခံရသူအားပြန်လည်တုန့်ပြန်မည်နှင့် နောက်ထပ်အကြမ်းဖက်မှု များကိုကျူးလွန်မည်ကို စိုးရိမ်မှုဖြစ်စေပါသည်။

ယခု ပြစ်မှုကျူးလွန်ခံခဲ့ရသူသည် တရားမျှတမှုကိုရရှိရန်မျှော်လင့်နေပါသည်။ ပြစ်မှုကျူးလွန်သူအား ပြန်လွှတ်ပေးရန် မတိုင်မှီအချိန်တွင် နော်လ---သည် ပြစ်မှုကျူးလွန်သူမှ သူမအားပြန်လည်ကလဲ့စားချေမည်ကို အမြဲကြောက်ရွံ့နေရ သည့်အကြောင်းကို KHRG အား ပြောပြခဲ့သည်။ “အမှုဖြစ်တုန်းက ကျွန်မဆီကို နောက်တစ်ခါထပ်ပြီးလာမယ်လို့ပြောခဲ့ တယ်။ အမှုဖြစ်ပြီးနောက် တစ်ယောက်ထဲအိမ်မှာအိပ်ရတာ လုံခြုံတယ်လို့မခံစားရတော့ဘူး။” နော်လ---သည် သူမ၏ စိတ်ဒဏ်ရာများအားကုစားပေးမည့် မည်သည့်တိုင်ပင်ဆွေးနွေးအကြံပေးမှုကိုမှ  မရရှိခဲ့ပေ။ 

        ခ) အိမ်ထောင်ရှိသော အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း[40]

၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းအချိန် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တာခေါ်ကျေးရွာအုပ်စု၊ ဒ---ကျေးရွာတွင် အိမ်ထောင်ရှိသော အသက်၂၁နှစ်အရွယ်အမျိုးသမီးသည် သူမ၏အိမ်အပြင်ဖက်တွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရသည်။ သူမသည် အိမ်အပြင်ဖက်ရှိချုံပင်ကြားတွင် အလေးသွားရန်ထွက်လာခဲ့သည်။ အလေးသွားနေ စဉ်အတွင်း ရုတ်တရက်သူမ၏အနောက်တွင် အမျိုးသားတစ်ဦးရောက်ရှိလာပြီး သူမအားသစ်ပင်နှင့်ဖိပြီး အတင်းဆွဲယူခဲ့ သည်။ အကယ်၍ သူမအကူအညီတောင်းရန်အတွက် အော်ဟစ်ရန်ကြိုးစားပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့် သူမသည် အသတ်ခံရမည်ကိုကြောက်ရွံ့နေသောကြောင့် အော်ဟစ်အကူအညီတောင်းရန်မပြုလုပ်ခဲ့ပေ။ သူမအားအဓမ္မပြုကျင့်ပြီးနောက်တွင် ပြစ်မှုကျူးလွန်သူသည် သူမအားနာကျင်စေရန်အတွက် အရာဝတ္တုတစ်စုံတစ်ခုကို လိုက်လံရှာဖွေခဲ့သည်။ ထိုအချိန်တွင် သူမသည် ပြစ်မှုကျူးလွန်သူအားတွန်း၍ အမြန်ထွက်ပြေးလာခဲ့သည်။ ဤဖြစ်စဉ် နှင့်ပတ်သက်ပြီး သူမသည် သူမ၏အမျိုးသားအားပြောပြခဲ့သည်။ သူမ၏အမျိုးသားသည်စိတ်ဆိုး၍ သူမ၏မျက်နှာကို နှစ်ချက်ထိုးနှက်ခဲ့သည်။

ထိုတစ်နေ့ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူသည် သူမ၏အမျိုးသားအကူအညီမပါဘဲ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံကျေးရွာခေါင်းဆောင်များထံသို့ တင်ပြခဲ့သည်။ ထို့နောက် ကျေးရွာခေါင်းဆောင်များက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့ပြီး ၎င်းအား KNPF ထံသို့ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့တွင် လွှဲပြောင်းခဲ့သည်။ ရဲအရာရှိများမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း ပြစ်မှုကျူးလွန်သူသည် ၎င်းမှအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့ကြောင်းကို  ငြင်းဆိုခဲ့ သည်။ ဆက်လက်၍ ၎င်းမှအခင်းမဖြစ်ပွားချိန်တွင် သူမနှင့်အတူ သုံးကြိမ်တိတိလိင်ဆက်ဆံခဲ့ပြီးဖြစ်၍ သူမသည် ၎င်း အား လိင်ဆက်ဆံရန်ခွင့်ပြုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ ထိုစွပ်စွဲချက်များကို မဟုတ်ကြောင်း အမျိုးသ မီးမှ ငြင်းဆိုခဲ့သည်။ KWO မှ ဝန်ထမ်းများသည် အမျိုးသမီးအား ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့တွင် ဒူးပလာ ယာခရိုင်ရှိ KWO ၏လုံခြုံစိတ်ချမှုရှိသောအိမ်တွင် ပို့ဆောင်၍နေထိုင်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင် မှ သူမအပေါ်ခွဲခြားဆက်ဆံခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခြင်းတို့ကြောင့် သူမအတွက် အဆင်မပြေကြောင်းတင်ပြခဲ့သည်။

KNU နို့တကောမြို့နယ်တရားရုံးမှ ဤမုဒိမ်းမှုကို ပယ်ချရန်ဆုံးဖြတ်ချက်ချခဲ့ပြီး ၎င်းအစား “သူများမယားအားပုတ်ခတ် ပြောဆိုခြင်း”ဆိုသည့်အမှုအဖြစ်ပြောင်းလဲ၍ အရေးယူဆောင်ရွက်ခဲ့သည်။ (KHRG မှ ထိုအမှု၏အနက်အဓိပ္ပါယ်ကိုတိ ကျရှင်းလင်းစွာမသိရှိရေပေ။)[41] ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂ဝရက်နေ့တွင် ပြစ်မှုကျူးလွန်သူမှ ဆယ့်ငါးရက်အတွင်း နစ်နာ သူအမျိုးသမီးအား ကျပ်သိန်းလေးဆယ်ပေးဆောင်ရမည်ဟု တရားရုံးမှအမိန့်ချမှတ်ခဲ့သည်။ သို့သော် ပြစ်မှုကျူးလွန် သူမှ ငွေကျပ်ဆယ်သိန်းသာပေးဆောင်နိုင်သည်ဟု ပြောကြားခဲ့သည်။ နစ်နစ်သူအမျိုးသမီးမှလည်း  ထိုငွေပမာဏကို လက်ခံရန်ငြင်းဆိုခဲ့ပြီး အကယ်၍ ၎င်းမှတောင်းဆိုထားသည့် လျော်ကြေးငွေပမာဏအတိုင်း အပြည့်ပေးဆောင်နိုင်ခြင်း မရှိပါက ပြစ်မှုကျူးလွန်သူသည် ထောင်ကျသင့်သည်ဟု ပြန်လည်တင်ပြခဲ့သည်။ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ဤအမှုကို တာဝန်ယူကိုင်တွယ်ရသည့်တရားသူကြီးမှ ပြစ်မှုကျူးလွန်သူသည် ထောင်ဒဏ်သုံးနှစ်ကျခံစေဟု အမိန့် ချမှတ်ခဲ့သည်။

ထိုနေ့မှစ၍ နစ်နာသူအမျိုးသမီးသည်  KWO ၏လုံခြုံစိတ်ချမှုရှိသောအိမ်မှ ထွက်ခွာလာနိုင်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့သည်။ ဤဖြစ်စဉ်တွင် နစ်နာသူအမျိုးသမီးမှ ၎င်းအမှုကိုတိုင်ကြားရန်ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် တရားမျှတမှုအားရရှိခဲ့ခြင်း ဖြစ်သည်။ ဥပဒေအရ ပြစ်မှုကျူးလွန်သူအားအပြစ်ပေးထောင်ချ၍ အရေးယူပေးခြင်းရှိသော်လည်း ၎င်းကျူးလွန်ခဲ့သည့် မုဒိမ်းမှုကို တရားဝင်မှတ်ယူခဲ့ခြင်းမရှိပေ။ ဤအရာသည် ဒေသခံတရားစီရင်ရေးအခန်းကဏ္ဍတွင် မုဒိမ်းမှု၏အနက်အဓိ ပ္ပါယ်ကို တိတိကျကျရှင်းလင်းပေးရန်လိုအပ်ကြောင်း ဖော်ပြနေသည်။ ထို့အတူ ဒေသအဆင့်ဖြစ်ပွားနေသည့်မုဒိမ်းမှုအ တွက် KNU ရာဇသတ်ကြီးတွင်ဖော်ပြသည့်အနက်အဓိပ္ပါယ်အား ရှင်းလင်းပေးရန်လည်းလိုအပ်ပါသည်။

အပိုင်း (၂)။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေး အခြေအနေအား ခြုံငုံတင်ပြခြင်း

     က) လူသတ်မှု

ဤခြောက်လာတာကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ လူသတ်မှုသုံးမှုကိုမှတ်တမ်းပြုစုခဲ့သည်။ တပ်မတော်စစ် သားများနှင့်ဒီမိုကရေတစ်ကရင်အကျိုးပြုတပ်မတော် (DKBA) တို့မှ လူသတ်သည့်အမှုနှစ်ခုပါဝင်ပြီး ကျန်သောတစ်မှု မှာအောက်လမ်းပညာသုံး၍ အသတ်ခံရခြင်းဟုယူဆဖွယ်ရှိသော လူသတ်မှုဖြစ်သည်။

        (၁) မူတြော်ခရိုင်တွင် တပ်မတော်စစ်သားနှစ်ဦးမှ ဒေသခံရွာသူတစ်ဦးအား သတ်ဖြတ်ခြင်း

၂၀၂ဝခုနှစ်၊ ဇူလှိုင်လ ၁၆ရက်နေ့ နေ့လည်တစ်နာရီအချိန်တွင် စစ်ကွပ်ကဲအခြေစိုက် အမှတ်(၈) လက်အောက်ခံဖြစ် သည့် ခမရ အမှတ် (၄၀၉)မှ တပ်မတော်စစ်သားနှစ်ဦးသည် ဒွယ်လိုးမြို့နယ်၊ ခူးသူးထာကျေးရွာအုပ်စု၊ ပိုးလိုးထကျေး ရွာနေရွာသူတစ်ဦးဖြစ်သော နော်မုနော်အားပစ်သတ်ခဲ့သည်။[42] ထိုစစ်သားနှစ်ဦးမှာ ခူးသူးထာတပ်မတော်စစ်တပ်စခန်း အနီးတွင်အခြေစိုက်နေထိုင်သော ဟိန်းမင်းထက်နှင့်သန်စိုးလွင်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ဒုတပ်ရင်းမှူးလူမင်းဟန် ၏လက်အောက်တွင်ရှိသောစစ်သားများဖြစ်သည်။

မှုခင်းဖြစ်ပွားသောနေ့တွင် ၎င်းတို့နှစ်ဦးသည် ရွာဘုန်းကြီးကျောင်းတွင် နေ့လည်စာစားခဲ့သည်။ ထို့နောက် ၎င်းစစ်သား နှစ်ဦးသည် အသတ်ခံရသူ၏ဆိုင်သို့ရောက်လာပြီး ထိုင်၍အရက်သောက်နေခဲ့ကြသည်။ ထိုစစ်သားနှစ်ဦးမှာ အရက် သောက်ပြီးရွာမှပြန်သွားခဲ့သည်။ တစ်ခဏအကြာတွင် ထိုစစ်သားနှစ်ဦးမှ ဆိုင်သို့ပြန်လာခဲ့သည်။ ထို့နောက် အိမ်နီး ချင်းများမှ နော်မုနော်၏အော်သံနှင့် သေနတ်သံသုံးချက်ကို ကြားခဲ့ကြသည်။ ဟိန်းမင်းထက်သည် သူမကို ၎င်း၏ MA-1 [တပ်မတော်စစ်တပ်ထုတ်ရိုင်ဖယ်သေနတ်]နှင့် သုံးချက်ပစ်သတ်ခဲ့သည်။ ထိုစစ်သားနှစ်ဦးမှာ သူမ၏ဆွဲကြိုးနှင့်နားတွင် ပန်ထားသောနားကပ်တစ်စုံကို ခိုးယူခဲ့ပြီးနောက်ရွာမှထွက်ပြေးခဲ့သည်။

နော်မုနော်သည် အသက်၃၈ ရှိပြီးဖြစ်သည်။ သူမသည် သူမ၏ခင်ပွန်းနှင့်သားသမီးသုံးဦးကို ထားရစ်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ သြဂုတ်လ၂ရက်နေ့တွင် တပ်မတော်မှ ၎င်းလူသတ်မှုကျူးလွန်သည့်စစ်သားနှစ်ဦးကို စစ်ခုံတရားရုံးတွင် တရားစွဲဆိုချက် တင်ခဲ့ပြီး ၎င်းတို့အား“အမြင့်ဆုံးအပြစ်”ကိုပေးခဲ့ပြီးဟု ထုတ်ပြန်ခဲ့သည်။ သို့သော် တပ်မတော်မှ ၎င်းလူသတ်မှုအား အ ပြစ်မမြင်စေရန်အတွက် မတော်တဆပစ်သတ်ခဲ့မိသည့်အမှုဟူ၍လည်း ထုတ်ပြန်ကြေညာထားသောကြောင့် ဝေဖန်မှုများလည်းရရှိခဲ့သည်။[43] ၎င်းစစ်သားနှစ်ဦးအား အပြစ်ပေးသည့်ဥပဒေပုဒ်မများလည်း ရှင်းလင်းတင်ပြခြင်းလည်းမရှိပေ။ သို့သော်လည်း ထိုစစ်သားနှစ်ဦးအား အရေးယူဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုလူထုများက ထင်မြင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောပြစ်မှုမျိုးကို စစ်ခုံတရားရုံးတွင်အရေးယူဆောင်ရွက်ခြင်း မပြုလုပ်သင့်ပေ။ အမှန် စစ်စစ်တွင် အရပ်သားတရားရုံးတွင်သာ အရေးယူဆောင်ရွက်သင့်သည်။[44]

        (၂) ဒူးပလာယာခရိုင်တွင် DKBA စစ်သားတစ်ဦးမှ ရွာသားတစ်ဦးအားပစ်သတ်ခဲ့ခြင်း

၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကရူတူး(ကျုံဒိုး)မြို့နယ်၊ ဘ---အုပ်စု၊ အ---ရွာတွင် DKBA စစ် သားတစ်ဦးမှ ရွာသားတစ်ဦးအား မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ပစ်သတ်ခဲ့သည်။[45] ပြစ်သတ်ခံခဲ့ရသူ၏နာမည် သည် စ---ဖြစ်သည်။ သူသည် အသက်(၂၄) နှစ်အရွယ်ရှိ မွန်လူမျိုးတစ်ဦးဖြစ်ပြီး ဘ---အုပ်စု၊ အ---ရွာတွင် နေထိုင်ပါ သည်။ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့ မနက် (၁၀)နာရီအချိန်တွင် သူသည် သူ၏ သူငယ်ချင်းနှင့်အတူ အ---ရွာရှိ DKBA ဂိတ်စောင့်တစ်ဦးဖြစ်သူ မွန်လူမျိုး DKBA စစ်သားတစ်ဦးဖြစ်သည့် ဝင်းသူထံတွင် သစ်တစ်ပင်ခုတ်ရန်အတွက် ခွင့် ပြုချက်ပေးဖို့သွားရောက်အကြောင်းကြားခဲ့သည်။

(အကြောင်းပြချက်ကို မသိရှိဘဲ) ဝင်းသူမှ ၎င်းတို့ကို ဒေါသထွက်ခဲ့ပြီး ကြိမ်းမောင်းပြောဆိုခဲ့သည်။ “မင်းတို့ကတော် တော်လည်တဲ့သူတွေပဲ။” [မည်သည့်ဆီလျှော်သည့်အကြောင်းပြချက်မရှိပဲ ၎င်းကိုလှည့်စားရန် တောင်းဆိုမှုပြုကြောင်း ဝင်းသူမှ ယုံကြည်ပုံရသည်။] ထို့နောက် ၎င်း၏အခန်းထဲသို့ဝင်ပြီး သေနတ်တို ၉ (မမ) တစ်လက်ကိုယူလာခဲ့သည်။ ၎င်းမှ ထိုသေနတ်ကို စ---၏နဖူးတွင်ချိန်ပြီးတစ်ကြိမ်တည်းပစ်ခဲ့သည်။ သေနတ်ကျည်ဆံမှာ စ--- ၏ဦးခေါင်းကိုထိုးဖောက်ခဲ့ ပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထိုပြစ်မှုကျူးလွန်ခဲ့သူမှာ အသက် ၄၅ နှစ်အရွယ် DKBA စစ်သားတစ်ဦးဖြစ်ပြီး စိတ်ဆတ်(ဒေါသကြီး)သူတစ်ဦးဖြစ် သည်။ ထိုပြစ်မှုကျူးလွန်ခဲ့ပြီးနောက် ၎င်း၏ DKBA အဖွဲ့ဝင်များမှ ၎င်းအားဖမ်းဆီးခဲ့ပြီး ရိုက်နှက်ခဲ့ကြသည်။ ထို့နောက် တွင် DKBA မှ ကော့ကရိတ်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရိုက်နှက်ခံရမှုကြောင့်ရရှိသော ထိခိုက်ဒဏ်ရာအားကုသရန်အတွက် ပြစ်မှုကျူးလွန်ခဲ့သူကိုဆေးရုံ သို့ပို့ဆောင်ပေးခဲ့သည်။ အမှုအားတင်ပြချိန်တွင် မည်သို့သော တရားစီရင်အပြစ်ပေးမှုမျိုးကိုလုပ်ဆောင်နေသည်ကို ရှင်း လင်းစွာမသိရှိရသေးပေ။ သို့သော် အဆိုပါအမှုသည် လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်ထဲတွင်ရှိနေပါသည်။

        (၃) ဘားအံခရိုင်တွင် အောက်လမ်းပညာအသုံးပြုပြီး စွပ်စွဲခံရသူအားသတ်ဖြတ်မှု

၂၀၂ဝခုနှစ်၊ ဇူလှိုင်လ ၁ဝရက်နေ့၌ ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထို့ကော်ကိုးကျေးရွာအုပ်စု၊ န---ကျေးရွာတွင် ရွာ သားတစ်ဦးဖြစ်သည့် စောမ---ကို အမည်မသိသေနတ်သမားတစ်ဦးက သတ်ဖြတ်ခဲ့သည်။ န---ကျေးရွာသည်ရောနှော အုပ်ချုပ်သည့်‌နယ်မြေဖြစ်သော်လည်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှစိုးမိုးထားသည့် ကျေးရွာဖြစ်သည်။ စောမ---နှင့် ၎င်း၏အမျိုးသမီးဖြစ်သူ နော်ဒ---တို့သည် ကျေးရွာဒေသရှိ ပတ်ဝန်းကျင်များ၏ ကောလဟလသတင်း စကားများ ကြောင့် အောက်လမ်းအတတ်ပညာကိုအသုံးပြုကြကြောင်း စွပ်စွဲခံရမှုများကိုနှစ်ပေါင်းများစွာ ကြုံတွေ့ခံစားရသူများ ဖြစ်သည်။[46]

၂၀၁၇ခုနှစ်တွင် ဒေသခံရွာသားတစ်ဦးသေဆုံးသွားသည့်အပေါ် အခြားသောရွာသားများက စောမ---မှ အောက်လမ်းပ ညာအသုံးပြုသောကြောင့် ထိုရွာသားသေဆုံးခဲ့သည်ဟု ၎င်းအားစတင်စွပ်စွဲခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အသုဘချ သည့်ညတွင် စောမ---မှ တံတွေးထွေးခဲ့သည်ကို ရွာသားများက တွေ့မြင်ခဲ့သည်ဟုဆိုသည်။ ထိုညတွင်ပင် KNU/KNLA ငြိမ်ချမ်းရေးကောင်စီ၏ဗျူဟာ(၃)မှ စောမ---နှင့်သူ၏သူငယ်ချင်းများကိုဖမ်းဆီးပြီး အချုပ်တွင်(၇)ရက်ကြာ ထိန်းသိမ်း ခဲ့သည်။ ၎င်းတို့အားဖမ်းဆီးထိန်းသိမ်းရန်အတွက် ဗျူဟာမှူးစောယ---မှ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ စောမ---သည် အောက်လမ်းပညာအသုံးပြုသည်ဟုဆို၍ ၎င်းအားစွပ်စွဲခဲ့ကြောင်း သူ၏အမျိုးသမီးအား နောက်မှပြန်လည်ပြောပြခဲ့ သည်။ သို့သော် ထိုစွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းလည်း ၎င်းမှပြောပြခဲ့သည်။ နောက်ဆုံးတွင် စောမ---ပြန် လွှတ်လာသော်လည်း သူနှင့်သူ၏မိသားစုမှ အောက်လမ်းပညာအားအသုံးပြုကြောင်း ပတ်ဝန်းကျင်မှစွပ်စွဲချက်များ သည် ရပ်တန့်မသွားပေ။

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် စောမ---တို့မိသားစုမှ အောက်လမ်းပညာအားအသုံးပြုကြောင်း စွပ်စွဲချက်များသည် ပို၍ မြင့်တက်လာသည်။ အဘယ်ကြောင့်ဆိုသော် အခြားသောရွာသားတစ်ဦးနှင့်စောမ---၏အမျိုးသမီးတို့ကြား ပိုက်ဆံချေး သည့်ကိစ္စတွင် စကားများလာရာမှ ထိုရွာသားသည် ဖျားနာလာသည့်အတွက်ကြောင့် ၎င်းရွာသားသည် စောမ---၏အ မျိုးသမီး နော်ဒ---အား အောက်လမ်းပညာအသုံးပြုသည်ကို ပို၍သံသယများလာခဲ့သည်။ နောဒ---၏ကျိန်ဆဲမှုများ သည် အောက်လမ်းပညာအသုံးပြုနိုင်သည်ဟု ပတ်ဝန်းကျင်မှအတင်းပြောကြသည်များကို သူမမှအောက်လမ်းပညာနှင့် ပတ်သတ်၍ ဘာမှမသိကြောင်း ပြန်လည်ပြောပြခဲ့သည်။

စောမ---၏မိသားစုသည် အောက်လမ်းပညာအားအသုံးပြုနေသည်ကို ပတ်ဝန်းကျင်မှအတင်းပြောသည့် ကောလဟလ များသည် ပိုမိုကြီးထွားလာပြီး ပို၍လူသိများလာခဲ့သည်။ ထို့ကြောင့် နော်ဒ---အား လူမှုရေးကိစ္စရပ်များတွင်ပါဝင်ပြော ဆိုဆွေးနွေးခြင်းမှ အပယ်ခံရသည်သာမက ဘုန်းကြီးကျောင်းတွင် ဘုရားဝတ်ပြုရန်အတွက် သွားလာခွင့်လည်း တား မြစ်ခဲ့သည်။ နောက်ဆုံး ၂၀၂ဝခုနှစ်၊ ဇူလှိုင်လ ၁ဝရက်နေ့ ည ၈နာရီ ၄၅မိနစ်တွင် စောမ---သည် အသတ်ခံခဲ့ရသည်။ စောမ---သည် ရိုင်ဖယ်သေနတ်ဖြင့်ခြောက်ချက်အပစ်ခံရပြီး သေဆုံးသွားခဲ့သည်။ မည်သူကပစ်သတ်ခဲ့သည်ကို မသိရှိရ ပေ။ နော် ဒ---သည် သူမ၏အမျိုးသားအလောင်းမှ သေနတ်ကျည်ဆံသုံးထောင့်ကို သက်သေအနေဖြင့်ယူထားခဲ့သည််။ သို့သော် အမည်မသိလူတစ်ဦးမှ ထိုသေနတ်ကျည်ဆံများအား ခိုးယူခဲ့သည်။

နော်ဒ---နှင့်သူမ၏သားသည် နော်ဒ---၏မောင်လေးဖြစ်သူ စောဖ---ကို လူသတ်တရားခံအဖြစ် သံသယရှိခဲ့သည်။ နော်ဒ---၏မောင်လေးသည် အရက်နှင့်မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲသူဖြစ်ပြီး ယခင်က ၎င်းသည် နော်ဒ---နှင့် သူမ၏ အမျိုးသားအပေါ် မကြာခဏရန်မူလေ့ရှိသည်ဟုသိရှိရသည်။ အောက်လမ်းပညာအသုံးပြုသည်ဖြစ်ကြောင်း နော် ဒ---တို့မိသားစုအားစွပ်စွဲမှုများသည် ဆက်လက်စွပ်စွဲခံနေရသည့်အတွက်ကြောင့် နော်ဒ---သည် ပို၍ဝမ်းနည်း၍စိတ် ဓာတ်ကျလာပြီးယခုအချိန်တွင် ကြောက်ရွံ့မှုများနှင့်အသက်ရှင်နေရသည်။ နောက်ဆုံး၌ သူမ၏မိသားစုသည်  လုံခြုံရေး အခြေအနေအရ ဘားအံခရိုင်ရှိ KWO၏ လုံခြုံစိတ်ချသည့်အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ဒေသခံအာဏာပိုင်များအပါဝင် KNU/KNLA ငြိမ်ချမ်းရေးကောင်စီနှင့် KNU တို့သည် ၎င်းအမှုကိုသိရှိသော်လည်း မည် သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းမရှိပေ။ ဤကဲ့သို့အရေးယူဆောင်ရွက်မှုများမရှိခြင်းသည် စောမ---အား သတ်ဖြတ်ခဲ့သည့််အမှုတွင် လက်နက်ကိုင်တပ်ဖွဲ့များပါဝင်သည်ဟု သံသယများလာစရာရှိသည်။ ဒေသခံကျေးရွာအုပ် ချုပ်ရေးမှူး၏ပြောပြချက်အရ အောက်လမ်းပညာအသုံးပြုမှုအပေါ် ပတ်ဝန်းကျင်မှစွပ်စွဲမှုများသည် ဒေသအတွင်းတွင် ဆက်လက်ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်ဖြစ်သည်။ အောက်လမ်းပညာအသုံးပြုသည်ဟုစွပ်စွဲမှုများကြောင့် လုံခြုံ ရေးအခြေအနေအရ နော်ဒ---၏မိသားစုသည် အခြားနေရာသို့ထွက်ပြေးတိမ်းရှောင်ရခြင်းသည် ပထမဆုံးအကြိမ်မ ဟုတ်ခဲ့ပေ။ အောက်လမ်းပညာအသုံးပြုသည်ဟုစွပ်စွဲခံရပြီး လူသတ်မှုဖြစ်ပွားခြင်းနှင့်ပတ်သတ်ပြီး အကယ်၍ဒေသခံ အာဏာပိုင်များက အရေးယူဆောင်ရွက်မှုများမပြုလုပ်ပါက လာမည့်အနာဂါတ်တွင်လည်း ထိုကဲ့သို့စွပ်စွဲမှုများ ပို၍များ ပြားလာပြီး ထိုကဲ့သို့သောလူသတ်မှုမျိုးလည်း ဖြစ်ပွားလာနိုင်ဖွယ်ရှိပါသည်။

     ခ) မူတြော်ခရိုင်တွင် နယ်ခြားစောင့်တပ် (BGF) မှ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု

၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၃ရက်နေ့တွင် BGF တပ်ရင်းအမှတ် (၁၀၁၄)သည် လ---ရွာရှိ ၎င်းတို့၏ တပ်စခန်းအသစ် ကို ဆောက်လုပ်ပေးရန်အတွက် ဌ---ရွာနှင့် ဓ---ရွာတို့မှ ရွာသားများအား အမိန့်ပေးခိုင်းစေခဲ့သည်။[47] BGF တပ်ရင်းအ မှတ်(၁၀၁၄)သည် တပ်ရင်းမှူးဗိုလ်မောင်ချစ်၏ လက်အောက်တွင်ရှိသည်။ BGF စစ်သားများနှင့် ၎င်းတို့တပ်ရင်းမှူးတို့ သည် ကျေးရွာသားများအား ကြိုတင်အကြောင်းကြားရန်အတွက် အစည်းအဝေးခေါ်ယူတွေ့ဆုံခြင်းမရှိသည့်အပြင် အ မိန့်ပေးစာဖြင့်ရေးသားပေးပို့ခြင်းလည်းမရှိခဲ့ပေ။

BGF တပ်စခန်းအသစ်သည် ဒေသခံရွာသားတစ်ဦး၏အိမ်ဘေးနားရှိ ၎င်းပိုင်ဆိုင်သည့်မြေကွက်တွင် တည်ရှိနေသည်။ BGF အားကြောက်ရွံ့သည့်အတွက်ကြောင့် ထိုရွာသားသည် ဘာမျှပြောဆိုခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သည်။  ၂၀၂ဝခု နှစ်၊ အောက်တိုဘာလ ၃ရက်နေ့မှ အောက်တိုဘာလ ၁၃ရက်နေ့အထိ ရွာသားများ၁၅ဝခန့်သည် ထိုတပ်စစခန်းအသစ် ကို ဆောက်လုပ်ပေးခဲ့ရသည်။ ပထမတစ်ရက်တွင် ရွာသားလေး၊ငါးဦးမှ ပါဝင်ဆောက်လုပ်ခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၄ရက်နေ့မှစ၍ တစ်အိမ်စုလျှင် ရွာသားတစ်ဦးစီလာရောက် ဆောက်လုပ်ခဲ့ရသည်။ ရွာသားများသည် မနက် (၈)နာရီမှ ညနေ (၄)နာရီအထိ အလုပ်လုပ်ခဲ့ရသည်။ ရွာသားများသည် တပ်စခန်းသစ်အတွက် တန်းလျားအိမ်ပုံစံ (၈)လုံး ဆောက်လုပ်ခဲ့ရပြီး ခြံစည်းရိုးလည်းပြုလုပ်ခဲ့ရသည်။ သို့သော် ၎င်းတို့သည် မည်သည့်လုပ်အားခမျှ လက်ခံရရှိ ခြင်းမရှိခဲ့ပေ။

BGF စစ်သားများသည် ဝါးလုံးများနှင့် အင်ကြင်းရွက်များကို ယူလာပေးရန်လည်း ဌ---ရွာနှင့် ဓ---ရွာတို့မှ ရွာသားများ အား ခိုင်းစေခဲ့သည်။ အိမ်ထောင်စုသုံးအိမ်လျှင် ဝါးလုံးအလုံး ၁၀၀ ယူလာပေးရသည်။ ထိုရွာနှစ်ရွာတွင် အိမ်ထောင်စု (၁၅၅) ခန့်ရှိသည့်အတွက် ဝါးလုံးအလုံး ၅ဝဝဝကျော် ယူလာပေးခဲ့ရသည်။ ဝါးလုံးများသယ်ဆောင်ပေးရသည့်နေရာနှင့် BGF တပ်စခန်းသစ်ကြားတွင် လေးနာရီခန့် ခြေကျင်ဖြင့်လမ်းလျှောက်ခဲ့ရသည်။ BGF စစ်သားများသည် ဝါးလုံးများနှင့် သယ်ဆောင်ခအတွက် ကျေးရွာအာဏာပိုင်များထံသို့ ငွေ၁၂၀၀၀ကျပ်သာပေးခဲ့သည်။ ထိုငွေများအား ရွာသားများကို ပြန်လည်မျှဝေပေးခဲ့သည်။ သို့သော် ရွာသားများသည် ၎င်းတို့လက်ခံရရှိသည့်ငွေပမာဏများသည် အလွန်နည်းလွန်း သည့်အတွက် ကျေနပ်မှုမရှိခဲ့ပေ။

ထို့ကြောင့် ရွာသားများသည် BGF မှ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုကို ဒေသခံ KNU အာဏာပိုင်များထံသို့ တင်ပြခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုများ မရရှိခဲ့ပေ။ ရွာသားများသည် ဤကိစ္စနှင့်ပတ်သတ်၍ ၎င်းတို့မှရှေ့ဆက်၍ တင်ပြ၍တိုင်တန်းရန်လုပ်ဆောင်မည်မဟုတ်တော့ကြောင်း KHRG အားပြောပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သည် BGFအား ကြောက်နေရသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် BGF စစ်သား(၁၈)ဦးသည် တပ်စခန်းသစ်တွင်နေ ထိုင်လှုပ်ရှားခဲ့သည်။ ထို BGF စစ်သားများသည် မြင်းဆေး(စိတ်ကြွဆေး)နှင့်အရက်သုံးစွဲသည့်အတွက်ကြောင့် ဒေသခံ ရွာသားများ သည်၎င်းတို့အားကြောက်ရွံ့နေကြပါသည်။

        ဂ) မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO) နှင့်သက်ဆိုင်သည့် ဖြစ်စဉ်များ

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ်များစွာလက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသ အတွင်း မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းများကျန်ရှိနေပါသည်။ စစ်ပွဲအတွင်းကျကျန်ခဲ့သည့်ပေါက်ကွဲစေနိုင်သော လက်နက်ခဲယမ်းများသည် ပြည်သူများ၏အသက်အန္တရာယ်အားခြိမ်းခြောက်စေပြီး အချို့သောနေရာများတွင်ဒေသခံ များလုပ်ကိုင်စိုက်ပျိုးရန်နှင့်သွားလာလှုပ်ရှားရန်အတွက် တားမြစ်ပိတ်ပင်ခြင်းများဖြစ်ပေါ်စေသည်။ ဤခြောက်လတာ ကာလအတွင်း မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ (UXO) ပေါက်ကွဲမှုနှင့်သက်ဆိုင်သောဖြစ်စဉ်သုံးခုကို KHRG မှ လက်ခံရရှိခဲ့သည်။ ၂၀၂ဝခုနှစ်၊ ဇူလှိုင်လနှင့် စက်တင်ဘာလအတွင်း မူတြော်ခရိုင်နှင့်ဘားအံခရိုင်တွင် UXO ပေါက်ကွဲ မှုတို့ကြောင့် ရွာသားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားငါးဦးအနက် လေးဦးသည် ကလေးများဖြစ်ကြသည်။ ထို့ အပြင် ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင် တပ်မတော်မှ အိုဟောင်းသွားသော လက်နက်ခဲယမ်း များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် တစ်ချို့သောလက်နက်ခဲယမ်းများသည် UXO အသစ်များအဖြစ် ဆက်လက်ကျန်ရှိနေသည်။

        (၁) ဘားအံခရိုင်တွင် မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းပေါက်ကွဲမှုကြောင့် ကလေး (၄) ဦးထိခိုက် ဒဏ်ရာရရှိ

ဤပထမဖြစ်စဉ်သည် ၂၀၂ဝခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ ဘားအံခရိုင်၊ တနေးဆါးမြို့နယ်၊ သီဝါးပူကျေးရွာအုပ်စု၊ သီဝါးပူ ကျေးရွာတွင်ဖြစ်ပွားခဲ့သည်။[48] အဆိုပါဒေသခံကလေး(၄)ဦးတို့သည် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းတစ်လုံး (မည်သည့်လက်နက်ခဲယမ်းအမျိုးအစားမသိရှိရ) ကို အတူတူဝိုင်းဆော့ကစားရာမှ ပေါက်ကွဲသွားပြီး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ၎င်းတို့အားလုံးမှာ ဦးခေါင်း၊ ခြေထောက်၊ လက်နှင့် ရင်ဘတ်များတွင် ဒဏ်ရာရရှိခဲ့ကြသည်။ အသက်၁၂နှစ်အ ရွယ်ရှိသူ စောဟ---သည် ဒဏ်ရာအပြင်းထန်ဆုံးရရှိခဲ့သည်။ သူ၏ယာဘက်လက်သည်  ပေါက်ကွဲမှုကြောင့် ပြတ်ထွက် သွားခဲ့သည်။

အမှုဖြစ်ပွားပြီးနောက် ထိုကလေး(၄)ဦးအား သီဝါးပူးဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ဒေသခံကျန်းမာရေးဝန် ထမ်းများမှ ပြင်းထန်သည့်ဒဏ်ရာများအား မကုသနိုင်သည့်အတွက် ကလေး(၄)ဦးကို မြဝတီမြို့ဆေးရုံသို့ပို့ဆောင်ခဲ့ကြ သည်။ (KHRG မှ တိကျသည့်ရက်စွဲကို မှတ်တမ်းပြုစုနိုင်ခြင်းမှမရှိ)။ စောဟ---အား ၎င်း၏ဒဏ်ရာပြင်းထန်မှုကြောင့် (ထိုင်းနိုင်ငံ) မဲဆောက်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်း၏ လက်မောင်းအား ဖြတ်တောက်ခဲ့ရသည်။ KECD နှင့်နယ်စပ်ကျန်းမာရေးအဖွဲ့အစည်းမှ စောဟ---အား မဲဆောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ရန် ကူညီဆောင်ရွက်ပေးခဲ့ ကြသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC)မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူတို့၏ ဆေးကုသမှုကုန်ကျစရိတ်များ အား ထောက်ပံ့ပေးခဲ့ကြသည်။

စောဟ---၏မုဆိုးမမိခင်နှင့်ဆရာတို့သည် ၎င်း၏ပတ်ဝန်းကျင်တွင် ပြန်လည်သင့်မြတ်စွာနေထိုင်နိုင်ရန်နှင့် လက်တစ် ဖက်ဆုံးရှုံးရသည့်အတွက် ပတ်ဝန်းကျင်မှခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်နေကြသည်။ စောဟ---မိခင်မှ ကိုယ်လက်အ င်္ဂါ မပြည့်စုံသူတစ်ယောက်အနေဖြင့် သူမ၏သားဖြစ်သူကြုံတွေ့ရနိုင်သောအခက်အခဲအားလုံးကို ကျော်လွှားနိုင်ရန် ကောင်းမွန်သောပညာရေးအားတက်မြောက်မှုသည်  အလွန်အရေးကြောင် ပြောခဲ့ပါသည်။ သို့သော် သူမသား၏ပညာ ရေးကို ထောက်ပံ့ရန် ငွေကြေးမပြည့်စုံကြောင်းပြောပြသည်။ “ကျွန်မသားကမသန်မစွမ်းဖြစ်သွားပေမဲ့ သားလေးကို ပ ညာသင်ယူခွင့်ရစေချင်တယ်။ တကယ်လို့ တစ်ယောက်ယောက်က သူပညာရေးအတွက်ကူညီပေးမယ်ဆိုရင် သူ့အတွက် ကောင်းမွန်တဲ့အနာဂတ်ရှိမှာ။”

ယခင်က မိုင်းအန္တရာယ်လျော့ချရေးပညာရေးအမြင်ဖွင့်သင်တန်း(MRE)ကို သီးဝါပူကျေးရွာမှ အရွယ်ရောက်သည့်ရွာ သားများမှတက်ရောက်ခဲ့ပြီး အသိပညာပေးပိုစတာများကို ကျောင်း၏နံရံဘေးတွင် ကပ်ထားသည်များလည်းရှိသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကလေးများသည် ဒေသခံရွာသားများအား  မပေါက်ကွဲသေးသောလက်နက်ခဲယမ်း တစ်လုံးနှင့်ဆင်တူသည့်လက်နက်ကို [ပိုစတာတွင် (သို့မဟုတ်) စစ်သားများထံမှ] ယခင်ကမတွေ့ဖူးကြောင်းပြောပြခဲ့ သည်။ ထိုလက်နက်ခဲယမ်းသည် ထီးတစ်လက်၏လက်ကိုင်နှင့်တူနေသည်ကိုလည်းပြောပြခဲ့သည်။ မပေါက်ကွဲသေး သောလက်နက်ခဲယမ်းသည် မည်သည့်အမျိုးအစားဖြစ်သည်ကို မည်သူမျှတိတိကျကျမသိရှိကြပေ။ ထိခိုက်ဒဏ်ရာရရှိ သည့်ကလေးများအား မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ၏ ပုံစံသဏ္ဍန်အမျိုးမျိုးကိုပြသပြီး ၎င်းတို့ဖော်ပြထား သည့်အပေါ်အခြေခံ၍ တနေးဆါးမြို့ရှိ KECD ၏ ပညာရေးမှူးမှ ထိုလက်နက်ခဲယမ်းသည် လက်ပစ်ဗုံးဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။

        (၂) မူတြော်ခရိုင်တွင် မပေါက်ကွဲသေးသောလမ်းနက်ကြီးခဲယမ်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးထိ ခိုက်ဒဏ်ရာရရှိ

ဒုတိယဖြစ်စဉ်မှာ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ က---ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။[49] ဝ---ကျေးရွာမှ အသက်၄ဝအရွယ်ရှိသူ ရွာသားတစ်ဦးသည် ၎င်း၏တောင်ယာထဲတွင် အလုပ်လုပ်နေစဉ် မပေါက်ကွဲသေးသောလက်နက်ခဲယမ်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤ လက်နက်ခဲယမ်းသည် တပ်မတော် (စကခ) အမှတ်-၈ လက်အောက်ခံ  (ခမရ) အမှတ်-၄၀၅ မှ ၂၀၂ဝခုနှစ်၊ မေလ ၇ ရက်နေ့တွင် KNLA နှင့် တိုက်ခိုက်မှုများဖြစ်ပွားနေစဉ်အတွင်း တပ်မတော်မှပစ်ခတ်ခဲ့၍ မပေါက်ကွဲပဲကျကျန်ခဲ့သော လက်နက်ခဲယမ်းတစ်လုံးဖြစ်သည်။ တပ်မတော်မှ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့၍ ရွာသားများ ၏လယ်ယာများအား ထိမှန်ခဲ့သောလက်နက်ခဲယမ်းများရှိပြီး တစ်ချို့သောလက်နက်ခဲယမ်းများမှာ မပေါက်ကွဲဘဲရှိနေ ဟု ဒေသခံများကတင်ပြခဲ့သည်။

ဤပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒဏ်ရာရရှိခဲ့သည့်ရွာသားအား ဖာပွန်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ပေါက်ကွဲမှု ကြောင့် ၎င်း၏လက်ချောင်းနှစ်ချောင်းပြတ်သွားခဲ့ပြီး လက်၊ခြေထောက်နှင့်နံရိုးဘေးဖက်တို့တွင် ကျည်ဆံအစအနများ ထိမှန်ခြင်းကြောင့် ဒဏ်ရာများရရှိခဲ့သည်။ ဆေးရုံတက်ရောက်နေစဉ်တွင် မြန်မာအစိုးရလူမှုကယ်ဆယ်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဖွဲ့လျှင်ငွေကြေးထောက်ပံ့မှု ၅၀၀၀၀ ကျပ်စီလှူဒါန်းပေးခြင်းမှလွဲ၍ မည်သည့်အဖွဲ့အစည်းနှင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားကူညီပေးခြင်းမရှိခဲ့ပေ။ ၎င်းသည် ဆေးဝါးကုန်ကျစ ရိတ်အားပေးခဲ့ရသည်။ သို့သော် သူသည် ဝ---ကျေးရွာသားများဆီမှ ထောက်ပံ့ငွေများတစ်ချို့လက်ခံရရှိခဲ့သည်။

၂၀၂ဝခုနှစ်၊ စက်တင်ဘာလ၁၉ရက်နေ့တွင် ထိုရွာသားသည် ဆေးရုံမှဆင်းခဲ့သည်။ သို့သော်လည်း သူသည်ဆေးရုံဆင်း ပြီးနောက်ပိုင်း ရက်ပေါင်းများစွာအလုပ်လုပ်၍ရနိုင်မည်မဟုတ်ပေ။ ၎င်း၏ဒဏ်ရာသည် ကောင်းမွန်စွာမသက်သာသေး သဖြင့် တစ်ပတ်လျှင်တစ်ကြိမ်ဆေးရုံသို့သွားရောက်စစ်ဆေးခဲ့ရသည်။  ၎င်းမှ ဒေသခံကျေးရွာအုပ်စုအာဏာပိုင်များကို ရွာသားများ၏လယ်ယာထဲ၌ မိုင်းရှင်းလင်းပေးရန်(သို့မဟုတ်)မပေါက်ကွဲသေးသော လက်နက်ခဲယမ်းကြီးများအားဖယ် ရှားပေးရန်အတွက် ဤဖြစ်စဉ်အားတင်ပြရန်တောင်းဆိုခဲ့သော်လည်း မြို့နယ်နှင့်ခရိုင်သို့ မတင်ပြရသေးပဲဖြစ်နေပါ သည်။ သူသည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းအား တစ်ခါမျှမတက်ရောက်ဖူးခဲ့ချေ။ ၎င်းမှ ၂၀၂ဝခုနှစ်တွင် မြေပဲ မစိုက်ရသေးသည့်မြေပဲစိုက်ခင်းအချို့ရှိနေသေးကြောင်း KHRGအားတင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မပေါက်ကွဲ သေးသောလက်နက်ကြီးကျည်ဆံပေါက်မှုကြောင့် ရွာသားများသည် ၎င်းတို့၏တောင်ယာသို့ သွားရောက်အလုပ်လုပ်ကြ ရန်အတွက် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။

        (၃) မူတြော်ခရိုင်တွင် တပ်မတော်မှ လက်နက်ခဲယမ်းဟောင်းများအားဖျက်ဆီးခြင်းကြောင့် UXO အသစ်များ အဖြစ်ကျန်ရှိနေခြင်း

၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ၁၉ရက်နေ့ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဝ---ကျေးရွာရှိ ရွာသား တစ်ဦး၏လယ်ယာအနီးတွင် ဖာပွန်ဗျူဟာမှူးလက်အောက်ခံ တပ်မတော်ထောက်ပံ့ရေးတပ်အမှတ်(၆၄၂)သည် အို ဟောင်းသောလက်နက်ခဲယမ်းများကို ဖောက်ခွဲ၍ဖျက်ဆီးခဲ့သည်။[50]

ရွာသားတစ်ဦး၏လယ်ယာအနီးတွင် လက်နက်ခဲယမ်းများ ဖောက်ခွဲ၍ဖျက်ဆီးရန်အတွက် တပ်မတော်သည်လယ်ယာ ပိုင်ရှင်အား ခွင့်ပြုချက်တောင်းခံခြင်းမရှိသည့်အပြင် ကြိုတင်အကြောင်းကြားခြင််းလည်းမရှိခဲ့ပေ။ လက်နက်ခဲယမ်းများ ဖျက်ဆီးသည့်နေ့တွင် လယ်ယာပိုင်ရှင်မှ ၎င်း၏လယ်ယာထဲတွင်မပြုလုပ်ရန် တပ်မတော်စစ်သားများအား တောင်းပန်ခဲ့သည်။ သို့သော် လယ်ယာအပြင်ဘက်တွင် ဖျက်ဆီးခြင်းများပြုလုပ်နိုင်သည်ဟု ပြောခဲ့သည်။ တပ်မတော်မှ လယ်ယာအ ပြင်ဘက်တွင် ချုံပုတ်များထူထပ်သောကြောင့် လယ်ယာအနီးတွင်သာပြုလုပ်ဖျက်ဆီးရန် ထိုရွာသားအား ပြန်လည်ပြော ဆိုခဲ့သည်။ သို့သော် တပ်မတော်သည် လယ်ယာတွင်ရှိသည့် ကစဉ်းရိုးတန်းအနားနှင့်တစ်ပေအကွာခန့်တွင်သာ လက် နက်ခဲယမ်းများကို ဖောက်ခွဲ၍ဖျက်ဆီးခဲ့သည်။

ထို့နောက် လယ်ယာပိုင်ရှင်သည် မပေါက်ကွဲဘဲကျန်ရှိနေသော လက်နက်ခဲယမ်းအပိုင်းအစများကိုဖျက်ဆီးရန် (သို့မဟုတ်) အဝေးသို့သွားထားရန်အတွက် တပ်မတော်စစ်သားများအားပြောခဲ့သည်။ သို့သော် တပ်မတော်သည် ချက်ချင်း လက်ငင်းထ၍ လုပ်ဆောင်ပေးခြင်းမရှိခဲ့ပေ။ တပ်မတော်သည် မပေါက်ကွဲသေးသောလက်နက်ကြီးများ၊ ဒုံးကျည် (၄၀ မမ)နှင့် အခြားသောလက်နက်ခဲယမ်းများကို မဖျက်ဆီးတော့ဘဲ ချန်ထားခဲ့သည်။ ထို့ကြောင့် လယ်ယာပိုင်ရှင်သည် ၎င်း၏ မြေယာတွင် မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများကျန်ရှိနေခြင်းကြောင့် ၎င်း၏အသက်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်နေရသည်။ ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်နေ့၌ KHRG သတင်းစုဆောင်းသူတစ်ဦး၏ပြောပြချက်အရ တပ်မတော် သည် ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလကုန်ခါနီးတွင် ထိုနေရာရှိမပေါက်ကွဲသေးသောလက်နက်ခဲယမ်းများကို လာရောက်ရှင်း လင်းခဲ့သည်။

        ဃ) နိုင်ငံသားစာရွက်စာတမ်များရရှိရန် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ

မကွေး-ထားဝယ်ခရိုင်ရှိကျေးရွာသားများသည် နိုင်ငံသားမှတ်ပုံတင်စာရွက်စာတမ်းများအား ကြိုးပမ်းရယူရာတွင်စိန် ခေါ်မှုများနှင့်ကြုံတွေ့ရသည့်အကြောင်းအရာများကို KHRGမှ မှတ်တမ်းပြုစုခဲ့သည်။ လေညာဘုတ်ပြင်း အထူးဒေသ တွင် မြို့နယ်အာဏာပိုင်များမှ KNLA လှုပ်ရှားသည့်နယ်မြေဒေသအချို့တွင်နေထိုင်သော ဒေသခံရွာသားများအား မှတ်ပုံ တင်ပြုလုပ်ပေးရန် ငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အာဏာပိုင်များက ဒေသခံများအား သူပုန်ဟုထင်မြင်ယူဆ ကြသောကြောင့်ဖြစ်သည်။ ထို့အပြင် တစ်ချို့သော ရွာသားများမှာ မှတ်ပုံတင်လျှောက်ထားနိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကိုရရှိရန် အခက်အခဲများရှိသည်။ အကျိုးရလဒ်အနေဖြင့် ဒေသခံကလေးများသည် မြန်မာအစိုးရအ ထက်တန်းကျောင်းတွင် ပညာသင်ယူခွင့်မရရှိခဲ့ပေ။ အခြားသောဒေသများတွင် နိုင်ငံသားစာရွက်စာတမ်းများအတွက် ငွေကြေးပေးဆောင်ရခြင်းသည် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသော တစ်ချို့သောရွာသားများအတွက် မှတ်ပုံတင်ရရှိရန်ခက်ခဲစေပြီး အကြွေးများနှင့်ရင်ဆိုင်နေရသည်။

အခြားဝေးလံခေါင်လှသည့်နေရာဒေသတွင် နေထိုင်ပြီး နှစ်လရှည်ကြာသည့်ပြည်တွင်းစစ်နှင့် နေရပ်ထွက်ပြေးပုန်း ရှောင်နေရသည့် တိုင်းရင်းသားကျေးရွာသားများသည်လည်း ဤကဲ့သို့သောစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရပါသည်။ ထိုသို့သော တိုင်းရင်းသားများသည် မှတ်တမ်းတင်လျှောက်ရန်အတွက် လိုအပ်သည့်သက်သေအထောက်အထား၊ စာ ရွက်စာတမ်းများကိုရရှိရန် အခက်ခဲများနှင့်ရင်ဆိုင်ရပါသည်။ အခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲကာလအတွင်း အ ချို့သော ကျေးရွာများရှိ ရွာသားများသည် အိမ်ထောင်စုစာရင်းစာရွက်စာတမ်းများမရှိသော်လည်း မှတ်ပုံတင်များကို ငွေ ကြေးပေးစရာမလိုဘဲ ရယူနိုင်သည့်အခြေအနေများလည်းရှိသည်။ ထိုသို့သောအခြေအနေသည် မြန်မာအစိုးရမှမဲခိုးယူ ရန် (သို့မဟုတ်) မဲဝယ်ရန်အတွက်လုပ်ဆောင်နေသည့် ပုံစံမျိုးဖြစ်နေသည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင် က ၂၀၂ဝခုနှစ်တွင် KHRGထုတ်ဝေရေးသားသည့် ထုတ်နှုတ်တင်ပြချက်အစီရင်ခံစာတွင်လည်း ဖော်ပြထားပါသည်။[51] KHRG သတင်းစုဆောင်းသူတစ်ဦးမှ ပေးပို့ထားသောသတင်းအချက်အလက်များအရ ၂၀၂ဝခုနှစ်အထွေထွေရွေးကောက် ပွဲမတိုင်ခင်တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင်လည်း ဤကဲ့သို့သောအခြေအနေမျိုးလည်းရှိပါသည်။[52]

        (၁) လေညာဘုတ်ပြင်း အထူးဒေသရှိ ကရင်ရွာသားများမှ မှတ်ပုံတင်ပြုလုပ်ပေးရန် ငြင်းဆိုခံရခြင်း

၂၀၂ဝခုနှစ်၊ စက်တင်ဘာလအတွင်း မကွေး-ထားဝယ်ခရိုင်၊ လေညာဘုတ်ပြင်းအထူးဒေသ၊ နန်းကပလောင်ကျေးရွာ အုပ်စု၊ အဒ---ကျေးရွာနှင့် အန---ကျေးရွာတွင်နေထိုင်သည့် ရွာသားများသည် မှတ်ပုံတင်ပြုလုပ်ရန်အတွက် အဗ---ရွာ သို့သွားခဲ့သည်။ သို့သော်လည်း ပြည်ကြီးမနိုင်မြို့နယ်ရှိ မြန်မာအစိုးရဝန်ထမ်းများသည် ၎င်းရွာသားများအတွက် မှတ်ပုံ တင်မပြုလုပ်ပေးနိုင်ပါဟု ပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုရွာသားများသည် ပြည်ကြီးမနိုင်ဒေသခံများမ ဟုတ်ဟုဆိုခဲ့သည်။ ဆက်လက်၍ မြန်မာအစိုးရဝန်ထမ်းများမှ လေညာဘုတ်ပြင်းအထူးဒေသ၊ အဃ---ဒေသတွင် နေ ထိုင်သော ရွာသားများသည် သူပုန်ဟုလည်းပြောဆိုခဲ့သည်။ ၎င်းတို့မှ ထိုဒေသကိုအမဲရောင်နယ်မြေဟု သတ်မှတ်ထား ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသသည် KNLA လှုပ်ရှားနေထိုင်သည့်နေရာဒေသဖြစ်သောကြောင့်ဖြစ်သည်။ အ ကျိုးရလဒ်အနေဖြင့် အဒ---ကျေးရွာနှင့် အန---ကျေးရွာတွင် နေထိုင်သည့်ရွာသားများသည် ၎င်းတို့၏မှတ်ပုံတင်ရရှိရန် အတွက် ဆက်လက်ကြိုးစားနေရဆဲဖြစ်သည်။

အန---ကျေးရွာသူတစ်ဦးမှ KHRG ဤကဲ့သို့ပြောခဲ့သည်။ “ဒီမှာကျွန်မလာနေတာ ဆယ်နှစ်ကျော်ပြီး။ ကျွန်မမှာ ကလေး ငါးယောက်တောင်ရှိနေပြီး။ ဒါပေမဲ့သူတို့က ကျွန်မတို့အတွက် မှတ်ပုံတင်မလုပ်ပေးနိုင်ဘူး။ ကျွန်မကလေးတွေမှာလည်း မွေးစာရင်းမရှိဘူး။” ဒေသခံရွာသားအများစုသည် အိမ်ထောင်စုစာရင်းများလည်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မှတ်ပုံ တင်လျှောက်ထားနိုင်ခြင်းမရှိပေ။ ၎င်းတို့၏သားသမီးများလည်း မွေးစာရင်းမရရှိနိုင်ပေ။ အိမ်ထောင်စု တစ်စု (သို့မ ဟုတ်) နှစ်စုလောက်သာ ၎င်းတို့သားသမီးများအတွက် မွေးစာရင်းပြုလုပ်ပေးနိုင်ခဲ့သည်။ ပုံမှန်အားဖြင့်ကာကွယ်ဆေး များလက်ခံရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များအတွက်သာ ကလေးမွေးစာရင်းအားပြုလုပ်ပေးပါသည်။ သို့သော် ဝေးလံ ခေါင်လှသည့်နေရာဒေသတွင်နေထိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အနီးစပ်ဆုံးဆေးရုံသို့ သွား၍ ကာ ကွယ်ဆေးများရယူနိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုဆေးရုံသို့ရောက်ရှိရန် တစ်ရက်ခန့်ခရီးသွားလာရသည်။

မြန်မာအစိုးရဝန်ထမ်းများမှ ဒေသခံရွာသားများအား ၎င်းတို့၏မူလဇာတိရပ်ကို မေးမြန်းခဲ့သည်။ သို့သော် အဒ---ကျေး ရွာနှင့်အန---ကျေးရွာတွင် နေထိုင်သည့်ရွာသားများသည် ၎င်းတို့၏မူလဇာတိရပ်ရွာမှ ကျေးရွာအာဏာပိုင်များ၏ ထောက်ခံစာကိုရယူပြီးမှသာ မှတ်ပုံတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ သို့သော်လည်း အန---ကျေးရွာသားမှ KHRG ဤသို့ပြောခဲ့သည်။ “ကျွန်မရဲ့မူလဇာတိရပ်ရွာက ဒီနေရာနဲ့အဝေးကြီးပဲ။ ဒါကြောင့် ထောက်ခံစာရဖို့အတွက် ကျွန်မ မပြန်သွားနိုင်ဘူး။”  ဒေသခံများသည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစရင်းစာရွက်စာတမ်းများမရှိသောကြောင့် ၎င်းတို့က လေးများသည် မြန်မာအစိုးရအထက်တန်းကျောင်းပညာသင်ယူခွင့်မရခဲ့ပေ။ ထိုကလေးများသည် KECD ကျောင်းများ တွင်သာ ပညာသင်ယူခွင့်ရသည်။ ကလေးများသည် ဆက်လက်ပညာသင်ယူခွင့်မရရှိသောကြောင့် ၎င်းတို့မိဘများက သူ တို့ကလေးများ၏အနာဂတ်အတွက် စိုးရိမ်ပူပန်ကြရသည်။[53]

        (၂) ကရင်ရွာသားများသည် နိုင်ငံသားစာရွက်စာတမ်းအတွက် ငွေကြေးပေးဆောင်နိုင်ခြင်းမရှိ

၂၀၂ဝခုနှစ်၊ သြဂုတ်လမှစက်တင်ဘာလအတွင်း လက်ခံရရှိသည့်သတင်းအစီရင်ခံစာအရ မကွေး-ထားဝယ်ခရိုင်၊ လေ ညာဘုတ်ပြင်း အထူးဒေသ၊ ကောဘောကျေးရွာအုပ်စု၊ အဃ---ကျေးရွာရှိကရင်လူမျိုးများသည် မှတ်ပုံတင်ရရှိရန်အ တွက် တစ်ဦးလျှင်ငွေတစ်သောင်းကျပ်ပေးဆောင်ရမည်ဟု KHRG သတင်းစုဆောင်းသူတစ်ဦးမှ တင်ပြခဲ့သည်။ သို့ရာ တွင် မြန်မာအစိုးရမြို့နယ်အာဏာပိုင်များမှ မှတ်ပုံတင်အတွက်အခဲမဲ့ပြုလုပ်ပေးမည်ဟု ကနဦးတွင်ပြောဆိုခဲ့သည်။ တစ်ချို့သော ရွာသားများသည် ထိုငွေပမာဏကိုပေးဆောင်ရန် ငွေကြေးမတတ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် မှတ် ပုံတင်ရရှိရန်အတွက် အခြားသူဆီမှငွေချေးယူခဲ့ရသည်။[54]

အလားတူ ၂၀၂ဝခုနှစ်၊ သြဂုတ်လမှအောက်တိုဘာလအထိ လက်ခံရရှိသည့်သတင်းအစီရင်ခံစာအရ မကွေး-ထားဝယ်ခ ရိုင်၊ ကဆန်ဒိုမြို့နယ်၊ အင---ဒေသတွင်နေထိုင်သည့်ဒေသခံများသည် မှတ်ပုံတင်လျှောက်ထားနိုင်ရန်အတွက် အိမ် ထောင်စုစရင်းစာရွက်စာတမ်းများရရှိရန် တစ်ဦးလျှင်ငွေငါးသောင်းကျပ်ပေးဆောင်ရမည်ဟု KHRG သတင်းစုဆောင်း သူတစ်ဦးမှတင်ပြခဲ့သည်။ ထို့ကြောင့် ကျေးရွာအတော်များများမှဒေသခံများသည် ၎င်းတို့၏နိုင်ငံသားမှတ်ပုံတင်ကို အ ပြည့်အဝရရှိနိုင်ရန်အတွက် ထိုငွေပမာဏကိုပေးဆောင်ရသည်။ ပုံမှန်အားဖြင့် အိမ်ထောင်စုစာရင်းစာရွက်စာတမ်းကို အ ခမဲ့ပြုလုပ်ပေးသည်ဆိုသော်လည်း ငွေကြေးပေးဆောင်ရသည့်အခြေအနေမျိုးသည် တစ်ချို့ရွာသားများအတွက် ၎င်း အားရရှိရန် အခက်အခဲဖြစ်စေသည်။[55]

     င) သဘာဝဘေးအန္တရာယ်များ

        (၁) ရေကြီးခြင်း

၂၀၂ဝခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နှင့်၂ဝရက်နေ့တွင် မကွေး-ထားဝယ်ခရိုင်၊ လေညာဘုတ်ပြင်း အထူးဒေသ၊ တောင် ငွေ၊ ချောင်းမွန်နှင့်စတေးဒေသများရှိရွာများနှင့် မြစ်နှင့်နီးစပ်သော အခြားသောမြေပြန့်ဒေသများတွင် ရေလွှမ်းမိုးခြင်း များဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဒေသခံများသည် တောင်ပေါ်ဒေသ(သို့မဟုတ်)မြင့်မားသောနေရာဒေသတွင် ပြောင်း ရွှေ့နေထိုင်ခဲ့ရသည်။ ၎င်းတို့သည် မည်သည့်ထောက်ပံ့မှုမျိုးမှ လက်ခံရရှိခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့သည် လိုအပ်သည့်အရာများအားလုံးကို ၎င်းတို့ကိုယ်တိုင်စီစဉ်လုပ်ကြရသည်။ KHRG မှ သတင်းစုဆောင်းသူတစ်ဦး၏ တင်ပြ ချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံခေါင်းဆောင်များသည် ရွာသားများအတွက် မည်သည့်အကူအညီမျှ မ လုပ်ဆောင်ခဲ့ပေ။ ဒေသခံအိမ်ထောင်စု(၃၀၀)ခန့်သည် ရေလွှမ်းမိုးခြင်းဒဏ်ကိုခံခဲ့ရသည်။

        (၂) မိုးခေါင်ခြင်း

ဤခြောက်လတာကာလအတွင်း ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ စူကလိကျေးရွာအုပ်စုရှိဒေသခံရွာသားများ သည် မိုးခေါင်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ၂၀၂ဝခုနှစ်၊ စက် တင်ဘာလ၂၅ရက်နေ့မှစ၍ ဒေသခံများသည် မိုးခေါင်ခြင်းပြဿနာကို စတင်၍တင်ပြခဲ့သည်။ ဤပြဿနာကို တင်ပြခဲ့ သည့်ကျေးရွာများမှာခီးတာအုး၊ မောကနိုခီး၊ စူကလိ၊ ဖောဘောထ၊ ကနဲသေဖိုးလေး၊ မဲ့ကလာ့ခီး၊ ဆားဖိုးခီး၊ ဖိုးကလာ့ ခီးနှင့်ဂရုပလောကျေးရွာများဖြစ်ကြသည်။[56]

ဒေသခံများ၏စပါးခင်းများသည် မိုးခေါင်ခြင်းကြောင့်ပျက်စီးခဲ့ရသည့်အတွက်ကြောင့် ၎င်းတို့သည် လာမည့်နှစ်တွင် စား နပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင့်ကြနေရသည်။ ၂၀၂ဝခုနှစ်တွင် ဒေသခံများသည် အချို့စပါး ခင်းများကို ရိတ်သိမ်းနိုင်သော်လည်း ၂၀၂၁ခုနှစ်အတွက် ၎င်းတို့လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင််ရန် လုံလောက်မည် မဟုတ်ပေ။[57]

မူတြော်ခရိုင်၊ ဘူးသိုနှင့်ဒွယ်လိုးမြို့နယ်များ ထီးသဒေါထ၊ မဲ့ပရီး၊ ကျော်ဖ၊ ဒေးဝါး၊ လေးမို့ထ၊ ကတိုင်တိ၊ ထီးသဘလုထ၊ မာထော၊ နဲကိုခီး၊ ခူးသူးထ၊ ဝေါမူနှင့်် မဲ့သူးထကျေးရွာများရှိ အချို့သောနေရာဒေသများတွင်လည်း မိုးခေါင်ရေရှားပါး ခြင်း ဒဏ်ကိုခံခဲ့ရသည်။ ရေရှားပါးမှုကြောင့် လယ်ယာစပါးများသည်ကြီးထွားသင့်သလောက် မကြီးထွားလာပေ။ ရေရရှိ နိုင်သည့်မြစ်ချောင်းများရှိသော်လည်း ရေအနက်သည်အလွန်နိမ့်လွန်းသဖြင့် လယ်ယာစပါးခင်းသို့မရောက်ရှိနိုင်ပေ။ ၂၀၂ဝခုနှစ်၊ စက်တင်ဘာလအတွင်း စပါးပင်များသည် အဝါရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ယခုအချိန်တွင် ဒေသခံ များသည်လာမည့်နှစ်တွင် ဆန်စပါးပြတ်လပ်မှုနှင့်ကြုံတွေ့ရမည်ကို စိုရိမ်ကြောင့်ကြနေပါသည်။[58]

     စ) ရွှေတူးဖော်သည့် လုပ်ငန်းများ‌‌ကြောင့် သဘာဝပတ်ဝန်းကျင်များပျက်စီးခြင်း

၂၀၁၅ခုနှစ်မှစ၍ ခလယ်လွီထူခရိုင်၊ မုန်းမြို့နယ်၊ သောတကူကျေးရွာအုပ်စုရှိ ပေါ်လိုကလိုးမြစ်နှင့်ကလောမြော်မြစ်တို့တွင် စီးပွားရေးသမားများမှ ရွှေတူးဖော်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။[59] ဒေသအတွင်း ရွှေတူးဖော်ရန်အတွက် ၎င်းတို့သည် KNU မုန်းမြို့နယ်အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်။ ရွှေတူးဖော် သည့်လုပ်ငန်းများသည် မြစ်ချောင်းများအားညစ်ညမ်းစေသည့်အပြင်  စပါးခင်းများပျက်စီးခဲ့ရသည့်အတွက်ကြောင့် ဒေသခံများသည် ယခုအချိန်တွင် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ထို့အပြင် ရေညစ်ညမ်းမှုများကြောင့် မြစ်ထဲရှိသ တ္တဝါများသေကြေပျက်စီးခဲ့ရသည်။ ကိုဗစ်ရောဂါအခြေအနေကြောင့် KNU မြို့နယ်အာဏာပိုင်များသည် ရွှေတူးဖော် သည့်လုပ်ငန်းများကို ဇူလှိုင်လ ၁ရက်နေ့မှ သြဂုတ်လ ၁ရက်နေ့အထိ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် နောက်ဆုံး တွင် စီးပွားရေးသမားများသည် ၎င်းတို့ရွှေလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်၍ ဤအစီရင်ခံစာရေးသားနေစဉ်အ တွင်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

ရွှေတူးဖော်သည့်လုပ်ငန်းများကြောင့် ဒေသခံရွာသားများမှ ရေညစ်ညမ်းမှုများပြားလာသည့်ဒဏ်ကို ခံစားနေရသည့်အ တွက်ကြောင့် အန---၊ အဆ---၊ အလ---နှင့် အဗ---ကျေးရွာအုပ်စုမှူးများသည် ၎င်းပြဿနာကိုဖြေရှင်းရန်အတွက် အထူးကော်မတီတစ်ရပ်ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့တွင် အဇ---ကျေးရွာအုပ် စုတွင် ၎င်းကော်မတီတစ်ရပ်မှ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒေသခံခေါင်းဆောင်များက KNU မုန်းမြို့နယ်အာဏာပိုင်များထံသို့ တိုင်ကြားစာတစ်စောင်ပေးပို့ရန်သဘောတူခဲ့သည်။ ၂၀၂ဝခုနှစ်၊ အောက်တိုဘာ လ ၂၅ရက်နေ့တွင် တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့သည်။  အောက်တိုဘာလ ၂၈ရက်နေ့တွင် KNU မုန်းမြို့နယ်ရုံးမှ ဒေသခံကျေးရွာအုပ်စုအာဏာပိုင်များထံသို့ ပြန်ကြားစာတစ်စောင်ပြန်ပို့ခဲ့သည်။ ထိုပြန်ကြားစာတွင် KNU မှ အောက်တို ဘာလ ၅ရက်နေ့ကမူ ရွှေတူးဖော်ရေးလုပ်ငန်းများကိုရပ်တန့်ရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ သို့သော်  ၂၀၂ဝခုနှစ်၊  အောက်တိုဘာလ ၅ရက်နေ့နောက်ပိုင်းတွင်လည်း ရွှေတူးဖော်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေလျှက်ရှိ သည်။ KHRG မှ သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ နောက်ပိုင်းတွင် စီးပွားရေးသမားများသည် ၂၀၂၁ခုနှစ်၊ မေလအထိ ၎င်းတို့၏ရွှေတူးဖော်သည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ် သည်။

၂၀၂ဝခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ့၌ မုန်းမြို့နယ်၊ ကွီးဒိုခိုကျေးရွာအုပ်စုရှိ ကောကလို့ကလိုးမြစ်(ခါခါဒိုချောင်း)တစ် လျှောက်တွင်လည်း ရွှေတူးဖော်သည့်လုပ်ငန်းသစ်တစ်ခု စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းလုပ်ငန်းသည် ယခုအချိန်ထိ လုပ်ဆောင်နေလျှက်ရှိပြီး ရေညစ်ညမ်းမှုများကိုလည်း ဖြစ်ပေါ်လျှက်ရှိသည်။  တလော်လို့ကလိုးမြစ် (ကောကလို့ကလိုး မြစ်နှင့်ဆက်စပ်) တစ်လျှောက်တွင်နေထိုင်သည်ဒေသခံများသည် ၎င်းတို့၏ကျွဲနွားတိရစ္ဆာန်များကို မွေးမြူရန်အတွက် ထိုမြစ်ချောင်းထဲရှိရေကိုသာ မှီခိုနေရသည်။ ထို့ကြောင့် ယခုလိုမျိုးအခြေအနေသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်း အတွက် ခြိမ်းခြောက်စေသည့်အရာဖြစ်သည်။

ထိုဒေသခံများသည် ၎င်းတို့၏ကျန်းမာရေးကိုလည်း စိုးရိမ်ပူပန်ရသည်။ ၎င်းတို့မှ မြစ်ထဲရှိငါးများသည် ပျောက်ဆုံးနေ လျှက်ရှိကြောင်း KHRG အားတင်ပြခဲ့သည်။ အကယ်၍ ရွှေတူးဖော်သည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဆိုပါ က မြစ်အနီးနားရှိ ဧကထောင်ကျော်ရှိသော ကွမ်းသီးခြံများနှင့်အခြားသောစိုက်ပျိုးခြံများသည် ပျက်စီးလိမ့်မည်ဟု လည်း ၎င်းတို့မှတင်ပြခဲ့သည်။ ဒေသခံရွာသားများနှင့် ကျေးရွာခေါင်းဆောင်များသည် ၎င်းတို့ကြုံတွေ့နေရသည့်အခြေ အနေများကိုတင်ပြရန်အတွက် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလ၁ရရက်နေ့တွင် မြန်မာအစိုးရ ကျောက်ကြီးမြို့နယ်အာဏာ ပိုင်များထံသို့ တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့သည်။ ရွာသား (၆၇၉) ဦးမှ ၎င်းတိုင်ကြားစာကို လက်မှတ်ရေးထိုးသဘော တူခဲ့သည်။

KHRG မှ သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ ယခုအချိန်တွင် ဒေသအတွင်း ရွှေတူးဖော်သည့်လုပ်ငန်းများလုပ် ဆောင်နေသည့်နေရာများသည် ဧကတစ်ထောင်ကျော်ရှိနေပြီးဖြစ်သည်။

 

Sun, 28 Feb 2021

Footnotes: 

[1] ကိုဗစ်-၁၉ (COVID-19) ရောဂါသည် ကူးစက်တက်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်စူးရှသော အသက်ရှုလမ်းကြောင်း‌ ‌‌‌ဆိုင်ရာရောဂါ coronavirus 2 (SARS-CoV-2) ကြောင့် ဖြစ်သောရောဂါ ဖြစ်ပါသည်။ ဤရောဂါကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌စတင်တွေ့ရှိခဲ့ပြီး ဆက်လက်၍ဖြစ်ပွားနေသော ကပ်ရောဂါကြီးဖြစ်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် WHO, “Coronavirus disease (COVID-19) pandemic” တွင်ကြည့်ပါ။

[2] KNU သည် ကရင်လူမျိုး၏ အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် အစပြုပြီး မြန်မာအစိုးရနှင့် ၁၉၄၉ ခုနှစ်တွင်စ၍ သဘောထားကွဲလွဲခဲ့ကြ၍ ပဋိပက္ခဖြစ်ခဲ့ပါသည်။ KNU၏အာဏာသည် မြန်မာပြည် အရှေ့တောင်ပိုင်း ဒေသတစ်ဝိုက်တွင် ကျယ်ပြန့်စွာအုပ်ချုပ် နိုင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်အားတည်ထောင်ရန် ၁၉၇၆ ခုနှစ်တွင် စတင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား ရေးထိုး ခဲ့သော်လည်း အစိုးရနှင့်ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။

[3] တပ်မတော်ဆိုသည်မှာ မြန်မာအစိုးရ စစ်တပ်ကို ရည်ညွန်းဆိုလိုပါသည်။

[4] မြန်မာဝေါဟာရဖြင့် အသုံးပြုသောခရိုင်အမည်များအား ကွင်းထဲ၌ရေးသားဖော်ပြထားသော်လည်း မြန်မာအစိုးရ၏အုပ်ချုပ်ရေးပိုင်းတွင်အသုံး ပြုသည့်အမည်နာမများနှင့် ကိုက်ညီမှုမရှိပေ။

[5] ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

[6] ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) သည် ၁၉၉၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

[7] KHRG မှ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလာတွင် ထုတ်ဝေသော “Delayed and Uneven: COVID-19 Response in Rural Southeast Myanmar, March to June 2020” အစီရင်ခံစာနှင့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “မြန်မာပြည် အရှေ့တောင်ပိုင်းဒေသအတွင်း အစီရင်ခံစာ ကိုဗစ်-၁၉၊ လက်နက်ကိုင်ပဋိပက္ခ၊ မြေမြှုပ်မိုင်းများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ” အစီရင်ခံစာတွင် ကြည့်ပါ။

[8] သတင်းအရင်းအမြစ်ကို ထုတ်ဝေခဲ့ပြီးသောအစီခံစာများတွင်သာ ရရှိနိုင်မည် ဖြစ်ပါသည်။

[9] မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ပိုမိုများပြားလာသည့်အကြောင်းအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်မှတ်တမ်းတင်ကြေငြာခဲ့ပါသည်။ ကွင်းဆင်းလုပ်သားများမှ ကူးစက်ခံရမှုနှင့်ပတ်သက်ပြီး KHRG ထံသို့ တင်ပြခဲ့သည့်အကြောင်းအရာများ ဤအစီရင်ခံစာထဲတွင်ပါဝင်ပါသည်။ ကူးစက်ခံရမှုနှင့်ပတ်သက်သည့် အရေအတွက်အသေးစိတ်ကိုမူ မြန်မာ အစိုးရ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ ဝက်ဆိုဒ်စာမျက်နှာ (https://www.mohs.gov.mm/Main/content/publication/2019-ncov , https://mohs.gov.mm/page/9575) နှင့် ကော်သူးလေ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန၏ ဖေ့ဘွတ်စာမျာက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

[10] ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကျန်းမာရေး ဝန်ကြီးဌာနဖြစ်ပါသည်။ ၎င်းသည် ၁၉၅၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများဆီသို့ ကျန်းမာရေးဝန်ဆောင်မှု ရရှိမှုနည်းပါးခြင်းအား ကိုင်တွယ်ဖြေရှင်းရန် တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် လူထုအခြေပြုကျန်းမာရေး ဆေးပေးခန်းများ ထားရှိခြင်းဖြင့်လည် ပတ်နေပါသည်။ သို့သော် လုပ်ဆောင်နိုင်စွမ်းနှင့် ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှုများသည် အကန့်အသတ်ရှိနေဆဲဖြစ်ပါသည်။

[11] ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနသည်(KECD)သည် ကရင်အမျိုးသားအစည်းအရုံး၏ ပညာရေးဝန်ကြီးဌာနဖြစ်ပါသည်။ ၎င်း၏အဓိက ပန်းတိုင်သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင်နေထိုင်သော ကရင်လူမျိုးများအတွက် ပညာရေးစနစ်အား မိခင်ဘာ သာဖြင့်ဝန်ဆောင်မှုပေးရန်ဖြစ်သည်။ ထို့အပြင် ကရင်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒေသအတွင်းပညာရေးဝန်ဆောင်မှုပေးရာတွင် အရေးကြီးသည့်ဌာနတစ်ခုဖြစ်သော်လည်း မြန်မာအစိုးရ၏အသိအမှတ်ပြုမှုခံရခြင်းမရှိပေ။

[12] KHRG မှ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလာတွင် ထုတ်ဝေသော Delayed and Uneven: COVID-19 Response in Rural Southeast Myanmar, March to June 2020တွင် ကြည့်ပါ။

[13] KHRG ၏ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော Mergui-Tavoy District Situation Update: Access to civil documents, COVID-19, education and the 2020 general election, August to October 2020အစီရင်ခံစာတွင် ကြည့်ပါ။

[14] KHRG၏ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ဝေသော Mu Traw District Situation Update: 2020 general election, livelihood difficulties, Tatmadaw activities, education and COVID-19 situation (August to October 2020)အစီရင်ခံစာတွင် ကြည့်ပါ။

[15] KHRG ၏ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင်ထုတ်ဝေသော Taw Oo District Situation Update: Education, healthcare, development, livelihood and military activities (January to July 2020)အစီရင်ခံစာတွင် ကြည့်ပါ။

[16] KHRG ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော Mergui-Tavoy District Situation Update: Access to civil documents, COVID-19, education and the 2020 general election, August to October 2020အစီရင်ခံစာတွင် ကြည့်ပါ။

[17] လမ်းဖောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်သောအချက်အလက်များကိုပိုမိုသိရှိလိုပါက KHRG ၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင်ထုတ်ဝေ သော Southeast Myanmar Field Report: COVID-19, armed conflict, landmines and sexual violence, January to June 2020 ကိုကြည့်ပါ။

[18] KHRG မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော, “Taw Oo District Situation Update: Education, healthcare, development, livelihood and military activities (January to July 2020) ကိုကြည့်ပါ။

[19] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိခဲ့သော တောအူးခရိုင်၊ ဒေါဖခိုမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[20] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[21] ဤအချက်အလက်ကို KHRG ၏မူတြော်ခရိုင်မှ ကွင်းဆင်းလုပ်သားတစ်ဦးမှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင်ပေးပို့ခဲ့ပါသည်။

[22] KHRG ၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင်ထုတ်ဝေသော Southeast Myanmar Field Report: COVID-19, armed conflict, landmines and sexual violence, January to June 2020နှင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ထုတ်ဝေသော Southeast Myanmar Field Report: Militarisation, environmental pollution and sexual violence against children, July to December 2019တွင်ကြည့်ပါ။

[23] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားပါသည်။

[24] Eleven Media Group (၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ) “KNLA asks for the army to remove its bases in their controlled areas at the end of this year တွင်ကြည့်ပါ။

[25] ဤအချက်အလက်ကို Committee for Internally Displaced Karen People (CIDKP) မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပေးပို့ခဲ့ပါသည်။

[26] KNU/KNLA-PC သည် ဘားအံခရိုင်၊ ထို့ကော်ကိုးဒေသတွင်အခြေစိုက်သောလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး (KNU) မှခွဲထွက်ပြီးမြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်နယ်ခြားစောင့်တပ်အဖြစ်သို့ ကူးပြောင်းရန် ငြင်းဆိုခဲ့သည်။ ၎င်းတို့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တွင်ရေထိုးခဲ့သည်။

[28] KHRG မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ဝေသော, “Mu Traw District Situation Update: 2020 general election, livelihood difficulties, Tatmadaw activities, education and COVID-19 situation (August to October 2020)” ကိုကြည့်ပါ။

[29] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက်နှုတ် ထားပါသည်။

[30] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[31] ဤအချက်အလက်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ လူသောမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[32] ဤအချက်အလက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိခဲ့သော ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားပါသည်။

[33] ဤအချက်အလက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိခဲ့သော မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှမထုတ်ပြန်ရသေးသော အစီရင်ခံစာမှကောက်နှုတ် ထားပါသည်။

[35] ဤသတင်းအကြောင်းအရာသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ရေးသားဖြန့်ဝေသည့်အစီရင်ခံစာတွင် ထည့်သွင်းထားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအမှုကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ချက်ချသည့်အချိန်သည် အစီရင်ခံစားအားဖြန့်ဝေခဲ့ပြီးနောက်ပိုင်း တွင်သာ ဖြစ်သည်။

[38] သူမ၏မိသားစုသည် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ဇတိဖြစ်ပြီး ရာဘာခြံအလုပ်သမားများအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရန်အတွက်နို့တကော မြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

[41] ယခုတင်ပြထားသည့် သတင်းအချက်အလက်သည် အင်တာနက်စာမျက်နှာတွင် ထုတ်ဝေရေးသားခြင်း မရှိခဲ့ပေ။

[43] ကရင်သတင်းစဉ် (၂၀၂ဝခုနှစ်၊ ဇူလှိုင်လ)၊ “Naw Mu Naw Murder – Protests Grow – 4,500 Villagers Demand Justice and Immediate Withdrawal of Burma Army Camps တွင်ကြည့်ပါ။

[44] ကရင်သတင်းစဉ် (၂၀၂ဝခုနှစ်၊ သြဂုတ်လ)၊ “Karen Alliance Condemns Lack of Transparency and Claims Burma Army Cover-up in Naw Mu Naw’s Murder Trial တွင်ကြည့်ပါ။

[46] KHRG (၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ)၊ “Hpa-an District Incident Report: Witchcraft-related killing in T’Nay Hsah Township, July 2020 တွင်ကြည့်ပါ။

[47] KHRG (၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ)၊ “Mu Traw District Short Update: Villagers subjected to forced labour by the Border Guard Force in Bu Tho Township, October 2020 တွင်ကြည့်ပါ။

[50] KHRG (၂၀၂၁ခုနှစ် ဖေဖော််ဝါရီလ)၊ “Mu Traw District Short Update: The destruction of old ordnance by the Tatmadaw results in UXO contamination in Bu Tho Township, December 2020 တွင်ကြည့်ပါ။

[52] KHRG (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ)၊ “Mergui-Tavoy District Situation Update: Access to civil documents, COVID-19, education and the 2020 general election, August to October 2020 တွင်ကြည့်ပါ။

[53] KHRG (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ)၊ “Mergui-Tavoy District Situation Update: COVID-19, access to civil documents and livelihood difficulties, August and September 2020 တွင်ကြည့်ပါ။

[54] KHRG (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ)၊ “Mergui-Tavoy District Situation Update: COVID-19, access to civil documents and livelihood difficulties, August and September 2020 တွင်ကြည့်ပါ။

[55] KHRG (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ)၊ “Mergui-Tavoy District Situation Update: COVID-19, access to civil documents and livelihood difficulties, August and September 2020 တွင်ကြည့်ပါ။

[58] KHRG (၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ)၊ “Mu Traw District Situation Update: 2020 general election, livelihood difficulties, Tatmadaw activities, education and COVID-19 situation (August to October 2020)တွင်ကြည့်ပါ။

[59] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး ခလယ်လွီထူခရိုင်၊ မုန်းမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံ စာမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။

Related Readings