Fri, 19 Feb 2021
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒေါဖခိုမြို့နယ်တွင်ဖြစ်ပွား ခဲ့သော လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု၊ ၂၀၂၀ ခုနှစ် သြဂုတ်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် တောအူး (တောင်ငူ) ခရိုင်၊ ဒေါဖခို (သံတောင်ကြီး) မြို့နယ်၊ က---ကျေးရွာအုပ် စု၊ တ---ကျေးရွာတွင်ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုတစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၀ ခုနှစ်၊ သြဂုတ် လ ၁၂ ရက်နေ့တွင် တစ်ရွာတဲတွင်အတူနေထိုင်သည့် ရွာသားတစ်ဦးမှ အသက် ၇၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ အိမ်ထဲသို့ ညဖက်အချိန်တွင်ခိုးဝင်ကာ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ပါသည်။ ဤအမှုကို ကျေးရွာလူကြီး များမှစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး [KNU]ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒေသခံအာဏာပိုင်များမှ ပြစ်မှုကျူးလွန်သူကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့သော် လည်း သက်သေအထောက်အထားခိုင်လုံမှုမရှိသဖြင့် အဆိုပါပြစ်မှုကျူးလွန်သူကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် လွတ်ပေးခဲ့သည်။ ပြစ်မှုကျူးလွန်သူအားလွတ်ပေးခြင်းနှင့် သူမ၏အိမ်သို့ပြန်လာမည်ဟူသော လတ်တလောခြိမ်းခြောက်မှု ကြောင့် ပြန်လည်လက်တုန့်ပြန်မှုနှင့် အခြားသောအကြမ်းဖက်မှုများ ပြစ်မှုကျူးလွန်ခံရသူအတွက်စိုးရိမ်ဖွယ်ရာဖြစ်စေခဲ့ ပါသည်။  ပြစ်မှုကျူးလွန်ခံရသူမှ စိတ်ဒဏ်ရာနှင့်ပတ်သက်၍ မည်သည့်တိုင်ပင်ဆွေးနွေးအကြံပေးမှုကိုမှ မရရှိခဲ့ပေ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တောအူးခရိုင်၊ ဒေါဖခိုမြို့နယ်၊ က---ကျေးရွာအုပ်စု၊ တ--- ကျေးရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်လ---

အသက်

၇၅

ကျား/မ

လူမျိုး

ကရင်

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

နေရပ် ရွာအမည်

တ--- ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

နေထိုင်သည့်ရပ်ရွာ

အမည်မသိ

မသိ

တောအူးခရိုင်၊ ဒေါဖခိုမြို့နယ်၊ က---ကျေးရွာအုပ်စု၊ တ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူနှင့်တွေ့ဆုံ မေးမြန်းမှုပြုလုပ်ခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအကြောင်းအရာကို ပြောပြခဲ့သူမှာ ဤမှုခင်းအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တစ်ရွာတဲတွင်အတူနေထိုင်သည့်ရွာသားတစ်ဦးမှ တောအူးခရိုင်၊ ဒေါဖခိုမြို့နယ်၊ က---ကျေးရွာအုပ်စု၊ တ---ကျေးရွာတွင်နေထိုင်သော အသက်၇၅နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး၏အိမ်တွင်းသို့ သန်းခေါင်ယံအချိန် (၁၂နာရီမှ မနက်၁နာရီကြား) တွင်ခိုးဝင်ကာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ပါသည်။ 

 

ပြစ်မှုကျူးလွန်ခံရသူမှ ပြန်လည်ပြောပြခဲ့သည်မှာ “သူက ကြမ်းပြင်ပေါက်တစ်ပေါက်ကနေတက်လာတာ။ […] ကျမ သူမျက်နှာကိုကြိုးစားကြည့်ခဲ့ပေမဲ့ သူကမပြဘူး။ [မိုးချုပ်နေပြီဖြစ်၍ သူမသည် လက်နှိပ်ဓာတ်မီး အားရှာမတွေ့ခဲ့ပေ။] ကျမလက်ကိုကိုင်ပြီး ပါးစပ်ကိုသူ့လက်နဲ့ပိတ်လိုက်တယ်။ ကျမသေလုမတတ်ပဲ။ […] အကူအညီအော်တောင်းခဲ့ပေမဲ့ ကျမပါးစပ်ကိုသူပိတ်ထားတယ်။ သန်းခေါင်းကျော်ခါနီးမို့၊ လူတွေလည်းအိမ်မောကျကုန်ပြီး။ ဒါကြောင့်၊ ကျမအကျယ်ကြီးအော်ပြီးအကူအညီတောင်းခဲ့မယ်ဆိုရင်တောင် အခြားသူတွေကျမအသံကိုကြားလောက်မှာ မဟုတ်ဘူး။” 

 

နောက်နေ့မနက်၌၊ နော်လ---သည် သူမ၏အိမ်တွင် နေ့စဉ်လဖ္ဘက်ရည်နှင့်ကွမ်းလာရောက်စားသောက်နေကြဖြစ်သည့် အမျိုုးသားငယ်တစ်ဦးအား သံသယဝင်ခဲ့သည်။ သူမဤကဲ့သို့ရှင်းပြခဲ့ပါသည်။ “အမှုဖြစ်ပြီးတဲ့နောက် ကျမအိမ်ကို သူမလာတော့ဘူး။ သူပဲဖြစ်မယ်ဆိုတာကိုကျမသိလိုက်တယ်။ ကျမကို‘ဖီးဖီး’လို့အမြဲခေါ်တယ်။  အမှုဖြစ်ပြီးတဲ့နောက်မှာ ကျမကို ဖီးဖီးလို့လုံးဝမခေါ်ရဲတော့ဘူး။ ကျမအထင်တော့ သူပဲဖြစ်မှာပါ။ ဘာဖြစ် လို့လဲဆိုတော့ လူတွေအများကြီးပြောတာက သူဟာတရားဥပဒေနဲ့မညီတဲ့ ခိုးမှုတွေလိုမျိုးလုပ်ရပ်တွေကို ကျူးလွန်တယ်။” 

 

ပထမဦးဆုံး သူမသည် ဤအမှုအားကျေးရွာရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးထံသို့ တင်ပြခဲ့ပြီးနောက်ဆုံးတွင် သူအားအမှုကိုရှာဖွေစုံစမ်းပေးမည်ဟု ကတိပြုထားသည့်ကျေးရွာလူကြီးထံသို့ တင်ပြခဲ့သည်။ ကျေးရွာလူကြီးမှ ပြစ်မှုကျူးလွန်ခံရသူနှင့် ပြစ်မှုကျူးလွန်သူနှစ်ဦးလုံးကို သီးသန့်စစ်ဆေးမေးမြန်းမှု ပြုခဲ့ပြီး၎င်းတို့၏ထွက်ဆိုချက်များကို အသံဖမ်းစက်ဖြင့်ရယူခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူမှ နော်လ---အား လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခြင်းမပြုခဲ့ကြောင်း ငြင်းဆိုခဲ့သော်လည်း သူမသည် ရွာသူကြီးပေးနားထောင်သော အသံဖမ်းစက်ထဲ၌ရှိသော ပြစ်မှုကျူးလွန်သူ၏ထွက်ဆိုချက်များကို နားထောင်ပြီးသည့်နောက် ၎င်း၏အသံကို မှတ်မိသွားခဲ့သည်။ ထို့နောက် ဒေသခံခေါင်းဆောင်များမှ ဤအမှုအား အထက်အာဏာပိုင် များထံသို့တင်ပြမည်နှင့်ပတ်သက်၍ ကျေးရွာအုပ်စုမှူးအားမေးမြန်းခဲ့သည်။ ၎င်းမှ ပြောပြခဲ့သည်မှာ “ဒီအမှုကို ခင်ဗျား အထက်ကိုတင်မယ်ဆိုရင် ကျုပ်ကိုအကြောင်းကြားပေးပါ။” 

 

ဤအမှုအား ကျေးရွာအုပ်စုမှူးထံသို့လွှဲပြောင်းခဲ့သည်ကိုကြားပြီးနောက် ပြစ်မှုကျူးလွန်သူသည် ဓါးတစ်လက်ဖြင့် ရွာလူကြီးအိမ်ရှေ့သို့ရောက်ရှိလာခဲ့သည်။ [KHRG မှ နေ့စွဲအတိအကျကိုမသိရှိပါ။] ထိုအချိန်တွင် ကျေးရွာလူကြီးနှင့်မိသားစုများသည် အိမ်တွင်မရှိကြပါ။ ဒေသခံရွာသားများမှ ပြစ်မှုကျူးလွန်သူအား ဝိုင်းရံထားခဲ့ကြသည်။ နောက်ဆုံး ပြစ်မှုကျူးလွန်သူ၏ဖခင်ရောက်ရှိလာပြီး ၎င်းတို့၏ နေထိုင်ရာအိမ်သို့ပြန် ခေါ်သွားခဲ့သည်။ ဤကဲ့သို့ဖြစ်ပွားပြီးနောက် ကျေးရွာလူကြီးမှ ဇနီးနှင့်ကလေးများကို ၎င်းတို့၏လုံခြုံရေးအတွက် အခြားကျေးရွာသို့ခေါ်ဆောင်သွားခဲ့သည်။ 

 

ကျေးရွာလူကြီးလက်ထောက်သည် ရွာလူကြီးမရှိသောကြောင့် ကျေးရွာခေါင်းဆောင်များနှင့်အစည်းအဝေးကျင်းပခဲ့ပြီး မြန်မာရဲတပ်ဖွဲ့ သို့မဟုတ် KNU အရာရှိတစ်ဦးဖြစ်သူ ပဒိုဂျက်စန်ထွန်းထံသို့ တင်ပြမည် နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ၎င်းတို့မှ ဤအမှုအား KNU အာဏာပိုင်များထံသို့တင်ပြရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ပဒိုဂျက်စန်ထွန်းသည် စက်တင်ဘာလ ၄ရက်နေ့တွင် ကျေးရွာသို့ အမှုစစ်ဆေးမေးမြန်ရန်အတွက် ရောက်ရှိလာခဲ့သည်။ နောက်ဆုံး ဒေသခံ အာဏာပိုင်များမှ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်နေ့တွင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့ပါသည်။ 

 

ယခု ပြစ်မှုကျူးလွန်ခံခဲ့ရသူသည် တရားမျှတမှုကိုရရှိရန်မျှော်လင့်နေပါသည်။ ပြစ်မှုကျူးလွန်သူသည် ဖမ်းဆီးခံထားရပြီးဖြစ်နေသော်လည်း သူမအား ပြန်လည်တုန့်ပြန်မည်ကို အမြဲကြောက်ရွံ့နေရပါသည်။ “အမှု ဖြစ်တုန်းက ကျမဆီကိုနောက်တစ်ခါ ထပ်ပြီးလာမယ်လို့ပြောခဲ့တယ်။ အမှုဖြစ်ပြီးနောက်၊ တစ်ယောက်ထဲ အိမ်မှာအိပ်ရတာ လုံခြုံတယ်လို့မခံစားရတော့ဘူး။” သူမသည် စိတ်ဒဏ်ရာနှင့်ပတ်သက်သည့် မည်သည့် တိုင်ပင်ဆွေးနွေးအကြံပေးမှုကိုမှ မရရှိခဲ့ပေ။ 

 

နော်လ---သည် ဤအမှုမဖြစ်ပွားခင်အချိန်၌ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုအား အတိတ်တွင် ခံစားခဲ့ရဖူးပါသည်။ သူမခင်ပွန်း၏ကျေးရွာတွင်ရှိနေစဉ်အတောအတွင်း တပ်မတော်စစ်ပြေးတစ်ဦးမှ သူမအား လိင်ပိုင်း ဆိုင်ရာအဓမ္မပြုကျင့်မှုတစ်ကြိမ်ကျူးလွန်ခဲ့သည်။ [နေ့စွဲအတိအကျကို သူမ မမှတ်မိတော့ပါ။ ထိုတွင် ၁၉၈၆ နှစ်မှ ၁၉၉ရနှစ်အထိ နေထိုင်ခဲ့ကြောင်း KHRG ထံသို့ပြောပြခဲ့သည်။] ဒေသခံပြည်သူ့စစ်ခေါင်းဆောင်မှ ထိုတပ်မတော်စစ်ပြေးအား ဖမ်းဆီးခဲ့ပြီး သူအားမျက်နှာတွင်သွေးထွက်သည့်အထိ ရိုက်ခဲ့သည်။ သို့သော် ဤအမှုနှင့်ပတ်သက်၍ တရားမျှတမှုကို ရရှိခဲ့ပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်သူအပေါ် နောက်ထပ်ဆက်လက်အရေးယူဆောင်ရွက်မှုများ ရှိမရှိနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခံရသူမှာ မသိရှိခဲ့ရပေ။ 

 

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးတင်ပြချက်အရ ဒီဇင်ဘာလတွင် ခိုင်လုံသောသက်သေအထောက်အထားမရှိသဖြင့် ဒေသခံအာဏာပိုင်များမှ ပြစ်မှုကျူးလွန်သူအား ပြန်လည် လွတ်ပေးခဲ့သည်။ [KHRG မှနေ့စွဲအတိအကျကို မရရှိခဲ့ပေ။] ယခု ပြစ်မှုကျူးလွန်သူသည် ကျေးရွာတွင် ပြန်ရောက်ရှိနေပြီး ကျူးလွန်ခံရသူအား ပြန်လည်တုန့်ပြန်မည်နှင့်နောက်ထပ်အကြမ်းဖက်မှုများကိုကျူးလွန်မည်ကို စိုးရိမ်မှုဖြစ်စေပါသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များကို အသုံးပြုရန် ပြစ်မှုကျူးလွန်ခံရသူမှ KHRG အားခွင့်ပြုထားပါသည်။ 

Fri, 19 Feb 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်