Wed, 13 Jan 2021
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: နို့တကောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု (၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် သို့မဟုတ် ၂၅ရက်နေ့၌ ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ မ---ကျေးရွာအုပ်စု၊ က---ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုအား ဖော်ပြထားပါသည်။ အမျိုးသားတစ်ဦးသည် ရှစ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား သူမ၏ မိဘနှစ်ပါးအိမ်၌မရှိသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျုးလွန်ခဲ့သည်။ ပြစ်မှုကျူးလွန်သူနှင့် အကြမ်း ဖက်ခံရသူနှစ်ဦးသည် တစ်အိမ်ထဲတွင် နေထိုင်ကြသူများဖြစ်သည်။ အကြမ်းဖက်ခံရသူ၏ဖခင်ဖြစ်သူသည် ကျေးရွာ ခေါင်းဆောင်များထံသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃ဝရက်နေ့တွင် ဒေသခံအာဏာပိုင်များက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့သည်။ သို့သော် ပြစ်မှုကျူးလွန်သူသည် ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃၁ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဒေသခံအာဏာပိုင်များသည် ယခုအချိန််ထိ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သောကြောင့် ဤအမှုနှင့်ပတ်သက်၍ တရားစီရင်ချမှတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ပေ။ အကြမ်းဖက်ခံရသူ သည် ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ဆက်လက်ခံစားနေရပါသည်။ သူမကြုံတွေ့ခဲ့သည့် ဆိုးရွားသည့်အဖြစ်အ ပျက်ကို ပြန်လည်ကုစားရန်အတွက် သူမသည် စိတ်ကျန်းမာရေးဝန်ဆောင်မှုများ သို့မဟုတ် မည်သည့်ကူညီထောက်ပံ့မှု မျိုးမှ လက်ခံရရှိခြင်းမရှိခဲ့ပေ။[1] 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် သို့မဟုတ် ၂၅ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ မ---ကျေးရွာအုပ်စု၊ က---ကျေးရွာ  

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဘ---

အသက်

(၈)နှစ် 

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

အိမ်ထောင်မရှိ

အလုပ်အကိုင်

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

နေရပ် ရွာအမည်

က--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

နေထိုင်သည့်ရပ်ရွာ

စောဟ

လယ်သမား

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ မ---ကျေးရွာအုပ်စု၊ က---ကျေးရွာ 

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ရွာသားတစ်ဦးမှ (KHRG သတင်းမှတ်တမ်းပြုစုတစ်ဦး) ကို ဖုန်းဖြင့်ခေါ်ဆိုပြီး ဤအမှုနှင့်ပတ်သက်၍ အကြောင်းကြားခဲ့သည်။ ထို KHRG သတင်းမှတ်တမ်းပြုစုတစ်ဦးသည် ကျွန်တော့်ဆီသို့ (အခြားသော KHRG သတင်းမှတ်တမ်းပြုစုတစ်ဦး) ဆက်သွယ်၍ ထိုကိစ္စအား တင်ပြခဲ့သည်။ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင်  က---ကျေးရွာသို့ ကျွန်တော်သွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက်ခံရသူ၏ မိသားစုဝင်များအား တွေ့ဆုံမေးမြန်းခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအမှုအား ကိုင်တွယ်ဖြေရှင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ခဲ့သည်။  အကြမ်းဖက်ခံရ သူ၏ဆွေမျိုးသားချင်းများထံမှ အခြားသောသတင်းအကြောင်းအရာများကို ရရှိခဲ့ခြင်းဖြစ်သည်။  

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဤသက်ငယ်မုဒိမ်းမှုသည်၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ၂၄ရက် သို့မဟုတ် ၂၄ရက်နေ့၌ နို့တကောမြို့နယ်၊ မ--- ကျေးရွာအုပ်စု၊ က---ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ က---ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏အုပ်ချုပ်မှုအောက်တွင်တည်ရှိသည်။ အကြမ်းဖက်ခံရသူသည် ရှစ်နှစ်အရွယ် မိန်းကလေး ငယ်တစ်ဖြစ်သူ နော်ဘ---ဖြစ်သည်။ ပြစ်မှုကျူးလွန်သူမှာ စောဟ---ဖြစ်သည်။ သူသည် ၂၀၂ဝခုနှစ်၊ မိုးရာသီကာလ (ဇွန််လမှ အောက်တိုဘာလ)တွင် အဆိုပါကျေးရွာသို့ လာရောက်နေထိုင်ခဲ့သည်။ ဤအခင်း ဖြစ်ပွားချိန်တွင် သူသည် နော်ဘ---၏မိသားစုဝင်များနှင့်အတူ အိမ်တစ်အိမ်ထဲတွင်နေထိုင်ကာ လက်ယာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ 

 

၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်နေ့တွင် နော်ဘ---၏မိဘများသည် ဝ---ကျေးရွာတွင် အသုဘအခမ်း အနားတက်ရောက်ရန်အတွက် သွားခဲ့ကြသည်။ သူမ၏မိဘနှစ်ပါးသည် ၎င်းတို့၏သားသမီးလေးဦးကို အိမ်တွင် ထားရစ်ခဲ့သည်။ သူမ၏ဖခင်မှ KHRG အား ဤကဲ့သို့ပြောပြခဲ့သည်။ “စောဟ---က ကျွန်တော့်တို့ နောက်ကို လိုက်သွားသေးတယ်။ ဒါပေမဲ့သူက ကျွန်တော်တို့နဲ့မနေဘူး။ ဝ---ရွာမှာ ခဏလေးပဲသူနေပြီး က---ရွာကို ပြန်လာခဲ့တယ်။ ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးက ညမိုးချုပ်မှ ပြန်လာခဲ့တာ။ အိမ်ကို မနက်ပိုင်း ၂နာရီထိုးမှာပြန်ရောက်လာတယ်။ (၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်နေ့)” 

 

သူမ၏မိဘနှစ်ပါးသည် အိမ်သို့ပြန်ရောက်ရှိချိန်တွင် ၎င်းတို့က နော်ဘ---ငိုနေသည်ကို တွေ့ရှိခဲ့သည်။ စောဟ---သည် အိမ်တွင်အိပ်ပျော်နေသည်။ ဤကဲ့သို့ ထူးဆန်းသောဖြစ်ရပ်ကြောင့် သူမ၏ဖခင်မှ စောဟ---အားမေးမြန်းခဲ့သည်။ “ကလေးက ဘာကြောင့်ငိုနေတာလဲ။ မင်းသူ့ကို တစ်ခုခုလုပ်လိုက်တာလား။”  စောဟ---မှ သူဘာမှမလုပ်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ သူမ၏ဖခင်သည် သူမအား ဘာဖြစ်ပျက်ခဲ့ ကြောင်းမေးမြန်းခဲ့သည်။ သူမက ဤကဲ့သို့ဖြေကြားခဲ့သည်။ “သမီးသူ့ကို (စောဟ---) ကြောက်တယ်။” ဖခင်ဖြစ်သူသည် သမီးဖြစ်သူနော်ဘ---အား ထိုအမျိုးသားမှ မည်သို့ပြုခဲ့ကြောင်း မေးမြန်းခဲ့ပြန်သည်။ သူမက ဤသို့ဖြေဆိုခဲ့သည်။ “သူက သမီးနဲ့လိင်ဆက်ဆံခဲ့တယ်။” (သူမကြုံတွေ့ခဲ့ရသည့်ချောက်ချားဖွယ်ရာ ဖြစ်ရပ် ကိုရှင်းပြရာ၌ သူမသည် မည်သည့်စကားကိုပြောဆိုခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရှိခဲ့ရပေ။) သူမ၏ ဖခင်မှ KHRG အားဖြည့်စွက်ပြောပြခဲ့သည်။ “သူ့ကိုတွေ့တဲ့အချိန်တိုင်း သူမကကြောက်ပြီးငိုနေတော့တာ ဘဲ။”      

 

ထို့နောက် သူ၏အမျိုးသမီးသည် သမီးဖြစ်သူ၏လိင်အင်္ဂါကို ချက်ချင်းစစ်ကြည့်လို်က်ပြီး အင်္ဂါတွင်း၌ သုတ်ပိုး များတွေ့ရှိခဲ့သည်။ အကြမ်းဖက်ခံရသူ၏တင်ပါးသည်လည်း စိုစွတ်နေပြီး သူမ၏လိင်အင်္ဂါတွင် ဒဏ်ရာရရှိခဲ့ သည်ကို တွေ့ရှိခဲ့သည်။ ထိုနေ့မနက်ပိုင်းတွင် နော်ဘ---သည် သူမ၏ဝမ်းဗိုက်နှင့်ခါးအောက်ပိုင်း နာကျင်နေသည်ကို သူမ၏မိဘအား ပြောပြခဲ့သည်။ ထို့ကြောင့် သူမအပေါ့သွားသောအချိန်တိုင်းတွင် နာကျင်စွာခံစား နေရပါသည်။ 

 

၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၂၅နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်ခံရသူ၏ဖခင်သည် ကျေးရွာခေါင်းဆောင်များ ထံသို့အမှုဖွင့်တိုင်ကြားခဲ့သည်။ စောဟ---သည် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ သို့သော် နောက်ဆုံး၌ ၎င်းအား ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃ဝရက်နေ့ ညနေပိုင်းတွင် ကျေးရွာအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြသည်။ ၎င်းတို့သည် ပြစ်မှုကျူးလွန်သူအား ကျေးရွာအုပ်စုခေါင်းဆောင်များထံသို့ခေါ်ဆောင်ခဲ့သည်။ သို့သော် ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ ၃၁ရက်နေ့ ည ၁၁နာရီဝန်းကျင်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုပြစ်မှု ကျူးလွန်သူသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့တိုင်အောင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ က--- ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြစ်မှုကျူးလွန်သူသည် မည်သည့်နေရာတွင်ရှိနေသည်ကို သတင်းအစ အနများမရရှိသည့်အပြင် ၎င်းအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

 

ကျေးရွာအုပ်ချုပ်ရေးမှူးမှ သူသည် စောဟ---အား ကြောက်ရွံ့နေရှာသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စောဟ---မထွက်ပြေးမီတွင် ၎င်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဤသို့ပြောခဲ့သည်။ “ခင်ဗျားက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တယ်။ ခင်ဗျားတစ်ခုခုလုပ်တာမှားရင် အဲဒီအမှားက ခင်ဗျားအပေါ်မှာ သက်ရောက်မှုရှိလိမ့်မယ်။ (ကရင်ဘာသာတွင် ဤစကားလုံးသည် ခြိမ်းခြောက်သည့်စ ကားများဖြစ်ကြောင်း သိသာထင်ရှားနေသည်။)”  စောဟ---အား ရှာဖွေမတွေ့ရှိသေးသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြစ်မှုကျူးလွန်သူသည် အကြမ်းဖက်ခံရသူ၊ သူမ၏မိသားစုဝင်များ၊ အခြားသောရွာသား များနှင့် သူ့အားပြန်လည်ကလဲ့စားချေမည်ကို စိုးရိမ်နေပါသည်။ အကြမ်းဖက်ခံရသူ၏မိသားစုဝင်များသည် ထိုကဲ့သို့ ကြောက်ရွံ့မှုများ ခံစားနေရပါသည်။

 

အခင်းဖြစ်ပွားသည့်နောက် တစ်ပတ်အကြာတွင် သူမ၏ဖခင်သည် နော်ဘ---အား ကျိုင်းဒုံမြို့ရှိ မြန်မာ အစိုးရဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံမှ ဆရာဝန်သည် သူမ၏လိင်အင်္ဂါတွင်ရရှိခဲ့သည့်ဒဏ်ရာများကို စစ်ဆေးခဲ့ပြီး သူမအတွက် ငါးရက်စာသောက်ရမည့် ဆေးဝါးများနှင့်ဆေးညွှန်းများ ပေးခဲ့သည်။ ထို့နောက် နောက်တစ်ခေါက်ပြန်လည်စစ်ဆေးမှုပြုလုပ်ရန်အတွက် ရက်ချိန်းသတ်မှတ်ခဲ့သည်။ သို့သော်လည်း ဆရာ ဝန်သည် သူမ၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်သော အချက်အလက်များကို သူမ၏မိဘများအား ရှင်းပြခြင်းမရှိခဲ့ပေ။ သူမကြုံတွေ့ခဲ့ရသည့် ဆိုးရွားသည့်အဖြစ်အပျက်ကို ပြန်လည်ကုစားရန်အတွက် သူမ သည် စိတ်ကျန်းမာရေးဝန်ဆောင်မှုများ လက်ခံရရှိခြင်းမရှိခဲ့ပေ။ 

 

၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် KHRG သတင်းမှတ်တမ်းပြုသူတစ်ဦးနှင့် အကြမ်းဖက်ခံရသူ၏မိသားစုဝင်တို့၏ဆွေးနွေးတိုင်ပင်မှုများအရ နော်ဘ---သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအား ဆက်လက်ခံစားနေရဆဲဖြစ်သည်။ သူမ၏အပြုအမူသည်လည်း ပြောင်းလဲ လာခဲ့ပြီး သူမ၏ဝမ်းဗိုက်တွင် နာကျင်မှုများ ခံစားနေရသည်ကို ညည်းတွားနေတတ်ပါသည်။ အခင်းဖြစ်ပွား ပြီးနောက်ပိုင်းတွင် သူမ၏အသားအရေသည်လည်း ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူမ၏မိဘများမှ သူမအားမေးမြန်းရာတွင် ပြန်လည်ဖြေကြားလိုစိတ်မရှိတော့အပြင်  သူမ၏မိဘများနှင့်လည်း စကားပြောချင်စိတ်လည်း မရှိတော့ပေ။ သူမဖြေဆိုသည့်အချိန်တွင်လည်း သူမ၏ဖြေဆိုမှုများသည် ရှေ့နောက်ညီ ညွှတ်မှုမရှိပေ။ သူမသည် ကြောက်ရွံ့မှုများနှင့် အသက်ရှင်နေရပြီး ကျေးရွာထဲတွင် လမ်းထွက်လျှောက်ရန် ကြောက်ရွံ့နေပါသည်။ 

 

ဒေသခံကျေးရွာအုပ်စုလုံခြုံရေးတပ်ဖွဲ့များသည်လည်း စောဟ---အား လိုက်လံရှာဖွေနေဆဲဖြစ်သည်။ သို့ သော် ယခုအချိန်ထိ ၎င်းတို့သည် သူ့အားရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ နော်ဘ---၏ဖခင်သည် ဒေသခံအာ ဏာပိုင်များမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပေးပြီး ဤသက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် လိုလားကြာင်းပြောခဲ့သည်။ သူမ၏ဖခင်သည်် ဒေသခံခေါင်းဆောင်များမှ သူ၏သမီးအတွက် သင့်လျော်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများအတွက် နည်းလမ်းများ ရှာဖွေပေး၍ ကူညီပေးရန်လည်း လိုလားကြောင်းပြောဆိုခဲ့သည်။ 

 

(ဤအမှုအား ကရင်အမျိုးသားရဲတပ်ဖွဲ့ ထံသို့ တင်ပြခဲ့ခြင်းမရှိခဲ့ပေ။ ကရင်အမျိုးသားအစည်းအရုံး ခရိုင်အာဏာပိုင်များထံသို့ ၎င်းအမှုအား တင်ပြပေးနိုင်ရန်အတွက် ယခုအချိန်တွင် KHRG သတင်းမှတ်််တမ်းပြုစုမှ အကြမ်းဖက်ခံရသူ၏မိသားစုဝင်များနှင့် ဒေသခံအာဏာပိုင်းများအား ကူညီပေးနေပါသည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အကြမ်းဖက်ခံရသူ၏မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကရင်လူ့အခွင့်အရေးအဖွဲ့အား ဤသ တင်းအကြောင်းအရာများကို အသုံးပြုဖြန့်ချီရန် ခွင့်ပြုချက်ပေးထားပါသည်။

Wed, 13 Jan 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင်ရရှိသောအကြောင်းအရာ၌ အခြေပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်