Fri, 08 Jan 2021
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: DKBA စစ်သားတစ်ဦးမှ ကရူတူးမြို့နယ်ရှိ ရွာသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ ဘ--- အုပ်စု၊ အ--- ရွာတွင် ဒီ်မိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) စစ်သားတစ်ဦးမှ ရွာသားတစ်ဦးအား မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွားခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူကို DKBA မှ ဖမ်းဆီးခဲ့ပြီး အခြားသော DKBA စစ်သားများမှ ၎င်းကိုရိုက်နှက်ခဲ့ကြကာ ထိုမှုခင်းဖြစ်ပွားခဲ့သည့်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့  တာဝန်လွှဲပြောင်းပေးခဲ့သည်။ ထိုပြစ်မှုကျူးလွန်ခဲ့သူမှာ ယခုအချိန်တွင် ဆေးရုံတွင် ထိခိုက်ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးဖြစ်သည်။ DKBA ခေါင်းဆောင်များမှ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ မိသားစုများနှင့် တစ်ကြိမ်တွေ့ဆုံခဲ့သော်လည်း ၎င်းတို့၏မိသားစုကိုထောက်ပံ့ရန် တိုင်ပင်ဆွေးနွေးခြင်းမရှိခဲ့ပေ။ ဤအမှုအား တာဝန်ယူဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မည်သည့်သတင်းအချက်အလက်တစ်စုံတစ်ရာမျှ မရရှိသေးပေ။ ဤမှုခင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် ၉(ခ) နှင့် အပိုဒ် ၇(ခ)ပါ ကတိကဝတ်ဖြစ်သည့် အပစ်အခတ်ရပ်စဲနေရာဒေသများတွင် အရပ်သားများအား သတ်ဖြတ်ခြင်းကို တားမြစ်ထားသော သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းထင်ရှားနေပါသည်။ [1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

သတ်ဖြတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဘ--- အုပ်စု၊ အ--- ရွာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စ--- 

အသက်

၂၄

ကျား/မ

ကျား

လူမျိုး

မွန်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

နေ့စား (ကျပန်း)

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဘ--- အုပ်စု၊ အ--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

ဝင်းသူ

စစ်သား

DKBA စစ်ဦးစီးဌာနချုပ်

တိုဖွေးလဲကလိုးနေရာ

ဗိုလ်ချုပ် စောမိုရှေး

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဘ--- ကျေးရွာအုပ်စုမှူးမှ ဤမှုခင်းအကြောင်းအရာအား ကျွန်တော် (KHRG) [ကွင်းဆင်းမှတ်တမ်းပြုစုသူများ]ထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး မျက်မြင်သက်သေတစ်ဦးနှင့်ဆက်သွယ်ပေးခဲ့သည်။ ထိုနောက် ၎င်းနှစ်ဦး လုံးကို ကျွန်တော် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဘ--- အုပ်စုမှူးသည် မှုခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ဓာတ်ပုံများကို ရိုက်ယူခဲ့သည်။ ထိုမျက်မြင်သက်သေ သည် ထိုမှုခင်းအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောသူဖြစ်သည်။ [ထိုပစ်သတ်မှုဖြစ်ပွားချိန်တွင် ၎င်းသည် ထို နေရာတွင် ရှိနေခဲ့သည်။] 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ပြစ်သတ်ခံခဲ့ရသူမှာ စ--- ဖြစ်သည်။ ၎င်းသည် အသက် ၂၄ နှစ်အရွယ်ရှိ မွန်လူမျိုးတစ်ဦးဖြစ်ပြီး ဒူးပလာ ယာခရိုင်၊ ကရူတူးမြို့နယ်၊ ဘ--- အုပ်စု၊ အ--- ရွာတွင်နေထိုင်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် နေ့ မနက် ၁၀ နာရီအချိန်တွင် ၎င်း၏သူငယ်ချင်းဖြစ်သူစောဒ---နှင့်အတူ အ--- ရွာရှိ DKBA ဂိတ်စောင့် တစ်ဦးဖြစ်သည့် မွန်လူမျိုး DKBA စစ်သားတစ်ဦးဖြစ်သည့်ဝင်းသူထံတွင် သစ်တစ်ပင် ခုတ်ရန်အတွက် ခွင့်ပြုချက်သွားတောင်းခဲ့ကြသည်။ ထိုရွာသားနှစ်ဦးမှ ဂိတ်သို့ရောက်ရှိချိန်တွင် ဂိတ်ဘေးတွင်ရှိသည့် တဲထဲ သို့ ဝင်ရောက်ထိုင်ခဲ့ကြသည်။ စ--- မှ ဝင်းသူအား ၎င်းတို့မှ သစ်တစ်ပင်ခုတ်လိုကြောင်း ပြောခဲ့သည်။ 

 

(အကြောင်းပြချက်ကို မသိရှိပေ)၊ ဝင်းသူမှ ၎င်းတို့ကို ဒေါသထွက်ခဲ့ပြီး တီးတိုးပြောခဲ့သည်။ “မင်းတို့က တော်တော်လည်တဲ့သူတွေပဲ၊ [မည်သည့်ဆီလျှော်သည့်အကြောင်းပြချက်မရှိပဲ ၎င်းကိုလှည့်စားရန် တောင်း ဆိုမှုပြုကြောင်း ယုံကြည်ပုံရသည်။] ထို့နောက် ၎င်း၏အခန်းထဲသို့ဝင်ပြီး သေနတ်တို (၉ မမ) တစ်လက်ကို ယူလာခဲ့သည်။ ၎င်းမှ ထိုသေနတ်ကို စ--- ၏နဖူးတွင် ချိန်ပြီးတစ်ကြိမ်တည်း ပစ်ခဲ့သည်။ သေနတ်ကျည်ဆံမှာ စ--- ၏ဦးခေါင်းကိုထိုးဖောက်ခဲ့သည်။ ၎င်းသည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထိုမှု ခင်းအား မျက်မြင်ကိုယ်တွေ့ခဲ့ရသည့်စောဒ---မှ KHRG ကို ပြောခဲ့သည်မှာ “ကျွန်တော်တို့ထိုင်ပြီး သစ်အ ကြောင်းတောင်ကောင်းကောင်း မပြောရသေးဘူး။ သူသာသေနတ်နဲ့နှစ်ချက်လောက်ပစ်ခဲ့မယ်ဆိုရင် ကျွန် တော်လည်းသေနေလောက်ပြီး။ အဲ့ဒါကိုတွေ့တော့ ကျွန်တော့ရဲ့နှလုံးခုန်တာရပ်ခါနီးပဲ။” 

 

ထိုပြစ်မှုကျူးလွန်ခဲ့သူမှာ အသက် ၄၅ နှစ်အရွယ်ရှိပြီး စိတ်ဆတ် (ဒေါသကြီး)သူ တစ်ဦးဖြစ်သည်။ ဒေသခံများမှ ၎င်းကို ကရူတူးမြို့နယ်၊ ထီးဟူးသံအုပ်စု၊ တိုဖွေးလဲကလိုးနေရာရှိ DKBA စစ်ဦးစီးဌာနချုပ်ရှိ စစ် သားတစ်ဦးအဖြစ်သိရှိထားကြသည်။ ထိုပြစ်မှုကျူးလွန်ခဲ့ပြီးနောက် ၎င်း၏DKBA အဖွဲ့မှသူအား ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ခဲ့ကြသည်။ ထို့နောက်တွင် DKBA မှ ကော့ကရိတ်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ ဆက်သွယ် ကြောင်းကြားခဲ့သည်။ ထိုနေ့တွင် ရဲတပ်ဖွဲ့သည် မှုခင်းဖြစ်ပွားခဲ့သည့်နေရာသို့ရောက်လာပြီး ပြစ်မှုကျူး လွန်ခဲ့သူကို ဖမ်းဆီးကာ အလောင်းကို ၎င်းတို့နှင့်အတူသယ်ဆောင်သွားခဲ့သည်။ ၎င်းတို့သည် ထိုအ လောင်းကို ဒီဇင်ဘာလ ၁၆ရက်နေ့တွင် မိသားစုများထံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။ 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရိုက်နှက်ခံရမှုကြောင့်ရရှိသော ထိခိုက်ဒဏ်ရာအားကုသရန်အတွက် ပြစ်မှုကျူးလွန်ခဲ့ သူကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ အမှုအား တင်ပြချိန်တွင်၊ မည်သို့သော တရားစီရင်အပြစ်ပေးမှုမျိုးကို လုပ်ဆောင်နေသည်ကို ရှင်းလင်းစွာမသိရှိရသေးပေ။ သို့သော် အဆိုပါအမှုသည် လက်ရှိမြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ လက်ထဲတွင်ရှိနေပါသည်။ 

 

စ--- ၏ ဇနီး နော်အ---နှင့် ကလေးနှစ်ယောက်သည် အသက်ရှင်ကျန်ရစ်ခဲ့သည်။ ၎င်း၏ကျန်ရစ်ခဲ့သည့် မိ သားစုဝင်များသည် DKBA ၏ခေါင်းဆောင်များနှင့်တစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း မည်သည့် ထောက် ပ့ံမှုကိုမှမရရှိပေ။ DKBA ခေါင်းဆောင်များမှ ယခုအချိန်တွင် မအားသေးကြောင်း၎င်းတို့ကို ပြောခဲ့သည်။ ထို မှုခင်းကို ဆောင်ရွက်ဖြေရှင်းခြင်းမရှိသေးပေ။ ကျေးရွာအုပ်စုမှူးမှ DKBA ခေါင်းဆောင်များနှင့် တစ်ကြိမ် တွေ့ဆုံပြီးဖြစ်ကြောင်းနှင့် DKBA ဘက်မှ ထောက်ပံ့မှုနှင့်ပတ်သက်၍ ပြန်လည်ပြောဆိုခြင်းမရှိကြောင်း KHRG ထံသို့ပြောပြခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဤကိစ္စနှင့်ပတ်သက်၍ DKBA ခေါင်းဆောင်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောပြခဲ့သည်။ ထိုအမှုအား တာဝန်ယူဆောင်ရွက်ပေးနေသော မြန် မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မည်သည့်သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ပေ။  

 

ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏မိသားစုမှ ထိုအမှုကို ဆောင်ရွက်ဖြေရှင်းပေးရန် စောင့်ဆိုင်းနေကြသည်။ ၎င်းတို့မှ DKBA ထံမှအထောက်အပံ့များကိုရရှိပြီး အမှုပြီးဆုံးသည်နှင့် ဇနီးဖြစ်သူ၏ မိသားစုနေထိုင်ရာရွာသို့ ပြန်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇနီး၏မိသားစုများမှ အ--- ရွာတွင် ဆက်လက်နေထိုင်ရန် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များကို ပေးခဲ့သော သူနှစ်ဦးမှ အသုံးပြုရန် ခွင့်ပြုထားသည်။

Fri, 08 Jan 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်