ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏လေယာဉ်များသည် ကရူတူးမြို့နယ်၊ ပိုင်ရပ်ကျေးရွာအုပ်စု၊ ကက--- ကျေးရွာတွင်းသို့ ဗုံးကြဲတိုက်ခိုက်ပြုလုပ်ခဲ့သဖြင့် ကလေးသူငယ်များအပါအဝင် စုစုပေါင်းအရပ်သား (၅) ဦးသေဆုံးပြီး (၂၉) ဦးဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ကျေးရွာဘုန်းကြီးကျောင်းနှင့်လူနေအိမ် (၁၂) လုံး ထိမှန်ပျက်စီးခဲ့ပါသည်။ အဆို ပါကျေးရွာဒေသအတွင်းတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ SAC သည် ကျေးရွာထဲသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ် ခဲ့ပါသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
SAC လေယာဉ်ပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦးသေဆုံးပြီး (၂၉) ဦးဒဏ်ရာရရှိ ခြင်း |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ပိုင်ရပ်ကျေးရွာအုပ်စု၊ ကက---ကျေးရွာ |
|
ရာဇဝတ်မှုကျူးလွန်ခံရသူဦးရေ |
||||
|
သေဆုံးသည့်ကလေးဦးရေ |
၃ ဦး |
ကျား - ၁ ဦး |
မ - ၂ ဦး |
ကျောင်းသား |
|
ဒဏ်ရာရသည့်ကလေးဦးရေ |
၂၅ ဦး |
ကျား - ၆ ဦး |
မ - ၁၉ ဦး |
ကျောင်းသား |
|
သေဆုံးသည့်လူကြီးဦးရေ |
၂ ဦး |
ကျား - ၁ ဦး |
မ - ၁ ဦး |
|
|
ဒဏ်ရာရသည့်လူကြီးဦးရေ |
၄ ဦး |
- |
မ - ၄ ဦး |
|
|
စုစုပေါင်း သေဆုံးသူဦးရေ |
၅ ဦး |
ကျား - ၂ ဦး |
မ - ၃ ဦး |
|
|
စုစုပေါင်းဒဏ်ရာရသူဦးရေ |
၂၉ ဦး |
ကျား - ၆ ဦး |
မ - ၂၃ ဦး |
|
|
နေရပ်ရွာအမည် |
ကက---ကျေးရွာ |
|||
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
လေယာဥ်အမျိုးအစား |
ပင်မတပ် |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိအမည် |
|
တိုက်လေယာဉ်နှင့်ရဟတ်ယာဥ် |
SAC လေတပ် |
မသိရှိရ |
(ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန် မာ့တပ်မတော်လေတပ်ဦးစီးချုပ်အ ဖြစ် တာဝန်ထမ်းဆောင်နေသည်) |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဤဖြစ်စဥ်ကိုသတင်းတစ်ခုတွင်မြင်တွေ့သိရှိရပြီးနောက် KNU ကရူတူးမြို့နယ် အတွင်းရေးမှူးနှင့်ဆက်သွယ်၍ မြို့နယ်အတွင်းအရေးမှူးမှတစ်ဆင့် KNU မြို့နယ်ဒုသတင်းဌာနမှူးနှင့်ချိတ်ဆက်ပြီး ကက---ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသားတစ်ဦးကို သွားရောက်တွေ့ဆုံကာ လူတွေ့မေးမြန်းမှုပြုလုပ်ခဲ့ပါ သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ဤဖြစ်စဥ်အသေးစိတ်ကိုပြောပြသောသူများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သောကလေးတစ်ဦး၏ မိခင်နှင့်ကက---ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အခင်းဖြစ်ပွားသည့်အချိန်တွင် ရွာထဲတွင် ရှိနေခဲ့သောကြောင့် မျက်မြင်ကိုယ်တွေ့ခဲ့သူများဖြစ်ကြ၍ ဤသတင်းမှန်ကန်ကြောင်းဆိုနိုင်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၁း၄၅) မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏တိုက်လေယာဉ် တစ်စီးနှင့်ရဟတ်ယာဥ်တစ်စီးသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ပိုင်ရပ်ကျေးရွာအုပ်စု၊ ကက--- ကျေးရွာ အတွင်းသို့ ပေါင် (၅၀၀) ဗုံးသီးများနှင့် တစ်ခြားသောလေယာဉ်သုံးဗုံးသီးငယ်များ၊ စက်သေနတ်ငယ်များဖြစ်သော လက် နက်အမျိုးမျိုးအသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ ကြဲချပစ်ခတ်ခဲ့ပါသည်။
ထိုလေကြောင်းတိုက်ခိုက်မှုတွင် ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်းအရပ်သား (၅) ဦးသေဆုံး၍ (၂၉) ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူထဲတွင် ကလေး (၃) ဦးရှိပြီး ဒဏ်ရာရသူထဲတွင် ကလေး (၂၅) ဦးရှိသည်။ လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်သည် လူနေအိမ်ထဲတွင် ကလေးများစာသင်ကြားနေသည့်အချိန်ဖြစ်သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ကိုယ်ရေးအကျဥ်းနှင့်ထိခိုက်မှုပုံစံများကို အောက်ပါအတိုင်းဖော်ပြထားသည်။
သေဆုံးသူ (၅) ဦး၏ကိုယ်ရေးအကျဥ်း-
ဒဏ်ရာရသူ (၂၉) ဦး၏ကိုယ်ရေးအကျဥ်း-
ထို့အပြင် ကက---ကျေးရွာအတွင်း ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် (၁၂) လုံး ထိခိုက်ပျက်စီးခဲ့ပါ သည်။ အဆိုပါထိခိုက်ပျက်စီးသော နေအိမ်များ၏ပိုင်ရှင်များမှာ မခခ---၊ ဒေါ်ဂဂ---၊ ဒေါ်ဃဃ---၊ ဦးငင---၊ ဦးစစ---၊ ဦးဆဆ---၊ ဒေါ်ဇဇ---၊ ဦးဓဓ---၊ ဘုန်းညည---၊ ဦးတတ---၊ ဒေါ်ထထ---၊ ဦးဒ---တို့ဖြစ်သည်။ ထို့အတူ SAC ၏လေယာဉ်ကြဲ ချခဲ့သော ပေါင် (၅၀၀) ဗုံးသီးတစ်လုံးသည် မပေါက်ကွဲသေးပဲ ဦးပပ--- ၏လယ်ထဲတွင် ရှိနေသေးကြောင်းသိရပါသည်။
တစ်ချို့ဒဏ်ရာရသူများသည် နီးစပ်ရာဆေးပေးခန်းတွင် သွားရောက်ကုသ၍ တစ်ချို့လည်း ဘားအံမြို့အစရှိသည့်မြို့ ထဲရှိဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူခဲ့သည်။ အဆိုပါထိခိုက်ဒဏ်ရာရသူ (၂၉) ဦးထဲမှ ကလေးငယ်တစ်ဦးဖြစ် သူ ပထမတန်းကျောင်းသူ မထ---သည် ယခုအချိန်တွင် (၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း) မသက်သာသေးပါ။ အကြောင်းမှာ ဝမ်းဗိုက်ထိကာ အစာအိမ်ပေါက်သောကြောင့် စိုးရိမ်စရာရှိသည်ဟု ကက---ကျေးရွာအုပ်ချုပ်ရေး မှူး၏ပြောကြားချက်အရ သိရှိရသည်။ ဘာသာရေးဘုန်းကြီးများနှင့် ဒေသခံလူသားချင်းစာနာထောက်ထားမှုအဖွဲ့အ စည်းတစ်ချို့လည်း ကလေးများကို ဆေးကုသမှုစရိတ်အပါအဝင် ထောက်ပံ့ကြေးများ ကူညီလှူဒါန်းပေးကြောင်းသိရှိ ရသည်။
ထိခိုက်ဒဏ်ရာရရှိသည့်ကလေးတစ်ဦး မောင်စျ--- ၏မိခင်ဖြစ်သူ ဒေါ်ဖဖ---က ယခုလိုပြောပြ သည်။ “ကလေးတွေ နေ့လယ်ပိုင်းကျောင်းပြန်တတ်တဲ့အချိန်မှာ (လေကြောင်းတိုက်ခိုက်မှု) ဖြစ်သွားတယ်။ ကျွန်မကလေးက ဒီလိုပြောပြ တယ်။ ‘အမေတဲ့… မင်းအောင်လှိုင်ပစ်ချလိုက်တာ မသိရင်မိုးကြိုးလိုမျိုးပဲ။ မှောင်မဲသွားတာပဲ။ သားတို့ ဘာမှမမြင်ရ တော့ဘူး။ သားစာရေးနေတဲ့အချိန်မှာ ဖြစ်သွားတာ။ သားစာရေးပြီးလို့သားဝပ်ချနေရင်လွတ်မှာပဲ။’ သူ့ဘေးနားက ကလေးတွေလည်းထိတယ်။ လဲသွားတဲ့ကလေးတွေလည်း လဲသွားတယ်။ မိဘတွေလည်း တစ်ရွာလုံး ပြေးကုန်ကြ တယ်။ (…) ကလေးတစ်ယောက်ထိလို့ လဲကျသွားတယ်။ သူက သူများတွေကို လက်ယက်ခေါ်တယ်။ ဘယ်သူမှလည်း သွားကူလို့မရဲဘူး။ ကလေးတွေအချင်းချင်းလည်း ကြောက်နေကြလို့ သွားကူမရဲဘူးလေ။ ဆရာမတစ်ဦးထိပြီး ပွဲချင်းပြီးသေသွားတယ်။ (…) ပွဲချင်းပြီးသေသွားတဲ့လူက ငါးယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ဘယ်နှစ်ယောက်ရှိ လဲဆိုတာမမှတ်မိတော့ဘူး။ (…) အာဏာသိမ်းပြီးကတည်းက ဘာတစ်ခုမှလုပ်စားလို့ အဆင်မပြေ တော့ဘူး။ ဟိုဖက်သွားလဲကြောက်ရ၊ ဒီဖက်သွားလည်း ကြောက်နေရတယ်။ လေယာဉ်ပျံလာတာတစ်ချိန်လုံးပဲ။ ရွာကလူတွေက မိုးလင်းရင်ဘာဖြစ်လာမလဲ။ ဒါကိုပဲစိုးရိမ်ကြောက်ရွံ့နေရတယ်။ အခုတောင်မှ ရွာသားတွေ သူတို့ရဲ့ရာဘာခြံထဲမှာ အလုပ်မသွားလုပ်ရဲကြတော့ဘူး။ အကုန်လုံးကြောက်နေကြတယ်။ အဲဒါကြောင့် ဘာလုပ်လုပ်အဆင်မပြေဘူး။ နေရထိုင်ရတာ လုံခြုံမှုမရှိတော့ဘူး။ ကိုယ့်သားသမီးတွေကို ကျောင်းထားပြန်တော့လည်း စိတ်ပူနေရတယ်။”
ကက---ကျေးရွာတွင် အထက်တန်းကျောင်းအထိရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ (၉၀) ခန့်ရှိသည်။ ကလေးများ သည် ကျေးရွာအတွင်းရှိကျောင်းတွင် ကျောင်းတက်ကြသော်လည်း အခြေအနေမကောင်းဟုကြားသိလာလျှင် လုံခြုံရေး အရ ရွာအတွင်းရှိနေအိမ်များတွင် တိုးတိုးတိတ်တိတ်ကျောင်းတက်ခဲ့ရသည်။ ကက--- ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ဗဗ--- မှ ယခုလိုပြောပြသည်။ “၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၁း၄၅) မိနစ် လောက်မှာ စစ်ကောင်စီရဲ့ ဖိုက်တာတစ်စီးက ရွာထဲမှာကလေးတွေစာသင်နေတဲ့အိမ်ကို ဗုံးနဲ့လာကြဲသွားတယ်။ သေဆုံးသွားတဲလူတွေက လူကြီး နှစ်ယောက်၊ ကလေးသုံးယောက်ရှိတယ်။ ဒဏ်ရာရသွားတဲ့သူတွေက လူကြီးရော၊ ကလေးရော စုစုပေါင်း (၂၉) ယောက်ရှိတယ်။ (…) အခုကာလက တိုက်ပွဲကာလဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီက ဘုန်းကြီးကျောင်းနဲ့စာသင် ကျောင်းကိုပဲ အဓိကဗုံးကြဲလေ့ရှိတယ်။ အဲဒါကြောင့် စိတ်မချတဲ့အတွက် ကလေးတွေကို ကျောင်းမှာမပေးသင်တော့ဘဲ အတန်းတွေကိုခွဲပြီး အိမ်ထဲမှာပဲ စာသင်ခိုင်းလိုက်တယ်။”
ကက---ကျေးရွာနှင့်အနီးကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ SAC သည် ကျေးရွာကိုလေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကက---ကျေးရွာတွင်လည်း မည်သည့်တပ်စခန်းမှမရှိသလို မည်သည့်စစ်သားမှလည်း မရှိပါ။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဒဏ်ရာရခဲ့သောကလေးတစ်ဦး၏မိခင်နှင့် ကက---ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် SAC ဖက်မှ ကျေးရွာအတွင်းနောက် ထပ်ဗုံးမကြဲရန်တောင်းဆို၍ ဤသတင်းအချက်အလက်အား အသုံးပြုရန်ခွင့်ပြုချက်ပေးထားပါသည်။ |
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ပိုင်ရပ်ကျေးရွာအုပ်စု၊ ကက---ကျေးရွာတွင် ရိုက်ယူခဲ့ သည်။ ဇွန်လ ၉ ရက်နေ့တွင် SAC သည် ကက--- ကျေးရွာတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ အထက်က ပုံနှစ်ပုံတွင် SAC ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီး သွားသောလူနေအိမ် များကို ဖော်ပြထားပါသည်။ အောက်မှလက်ဝဲပုံတွင် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာတွင် ကျန်ရှိခဲ့သောကျောင်းသား တစ်ဦး၏ရေဗူးကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ- KHRG)
အထက်ပါဓာတ်ပုံများကို KNU အာဏာပိုင်တစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ဓာတ်ပုံများကို ကက---ကျေးရွာတွင် ရိုက်ယူခဲ့ခြင်းဖြစ်သည်။ လက်ဝဲပုံတွင် SAC ၏လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးစထိမှန်၍သေဆုံးသွားသောကျောင်းသားများကိုဖော်ပြထားပါသည်။ လက်ယာပုံတွင် သေဆုံးသွားသည့်ကျောင်းသားများ၏အလောင်းကို ဖျာဖြင့်လိပ်၍ မြေပြင်တွင်ချထားသောအခြေအနေကိုဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် SAC သည် ကက---ကျေးရွာတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ (ဓာတ်ပုံ- KNU အာဏာပိုင်တစ်ဦး)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာအပေါ် အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် လက် ခံရရှိသော မြေပြင်အစီရင်ခံစာ (၅) ခုအပေါ်အခြေခံ၍ ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာများ၏အမှတ်မှာ - #25-260-I1၊ #25-251-A1-I1၊ #25-251-A2-I1၊ #25-251-P1 နှင့် #25-260-P1 တို့ဖြစ်ပါသည်။





