Tue, 13 May 2025
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကရူတူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး (၂၀၂၅ ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်တွင် ဖြစ်ပွားခဲ့ သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ (၅) နာရီ၌ ကော် တရီမြို့နယ်၊ ကော့ကရိတ်မြို့အနီးရှိ လှိုင်ဝတပ်စခန်းအမြောက်ကုန်းတွင် အခြေစိုက်သော စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂) လက်အောက်ခံဖြစ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ကရူတူးမြို့ နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စုရှိ အအ--- ကျေးရွာသို့ လက်နက်ကြီး (၁၂၀) မမငါးလုံးပစ်ခတ်ခဲ့သည်။ လက်နက် ကြီးတစ်လုံးသည် ရွာသူတစ်ဦး၏အိမ်အနီးတွင် ကျရောက်ပေါက်ကွဲပြီး ထိုရွာသူကို ထိမှန်၍သေဆုံးသွားခဲ့သည်။ သူမ၏ခွေး တစ်ကောင်လည်း ထိမှန်၍သေဆုံးသွားပြီး သူမ၏နေအိမ်ခေါင်မိုးလည်း ပျက်စီးသွားခဲ့သည်။ သေဆုံးသွား သည့်ရွာသူတစ်ဦး၏မိသားစုသည် မည်သည့်အဖွဲ့အစည်းထံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်ခံရရှိခြင်း မရှိခဲ့ပါ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လက်နက်ကြီးပစ်ခတ်မှု) ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ် ပြီး အမျိုးသမီးတစ်ဦးထိမှန်သေဆုံးခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေး ရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

အသက်

၅၇ နှစ်

ကျား/မ

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ခြံ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂)

ကော်တရီမြို့နယ်၊ ကော့ကရိတ်မြို့အနီး လှိုင်ဝ ဒေသရှိ လှိုင်ဝတပ်စခန်းအမြောက်ကုန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်လူမှုကွန်ယက်စာမျက် နှာတွင် ဤသတင်းဖြစ်စဉ်ကို ဖတ်သိရှိရပြီးနောက် KNU ကရူတူးမြို့နယ်သတင်းအဖွဲ့နှင့်ဆက်သွယ်ချိတ်ဆက်ခဲ့သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် သေဆုံးသွားသူ၏မိသားစုဝင်တစ်ဦးဖြစ်သူ နော်ဘ---အား အင်တာဗျူးခဲ့ ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

နော်ဘ---သည် ဤသတင်းဖြစ်စဉ်ကို မျှဝေပြောပြခဲ့သည်။ သူမသည် သေဆုံးသူနော်အ---၏ချွေးမတစ်ဦးဖြစ်သည်။ သူမသည် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲပြီး သူမ၏ယောက္ခမကို ကျည်စထိမှန်၍ သေဆုံး သွားသည့်အချိန် အတွင်း အခင်းဖြစ်စဉ်တွင်ရှိနေခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

(၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်) ငလျင်လှုပ်ပြီးနောက်၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ (၅) နာရီအချိန်၌ ကော်တရီမြို့နယ်ရှိ လှိုင်ဝတပ်စခန်းအမြောက်ကုန်းတွင် အခြေစိုက်သော စကခ (၁၂) လက်အောက်ခံ SAC စစ်သား များသည် လက်နက်ကြီး (၁၂၀) မမငါးလုံးပစ်ခတ်ခဲ့သည်။ ထိုနေ့တွင် အဆိုပါတပ်စခန်းအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ SAC သည် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးငါးလုံးသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့ နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာဒေသတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ပထမလက်နက်ကြီး တစ်လုံးနှင့်ဒုတိယလက်နက်ကြီးတစ်လုံးသည် ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ တတိယလက်နက် ကြီးတစ်လုံးသည် ကျေးရွာထဲရှိ နော်အ---၏နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲပြီး နော်အ---အား ထိမှန်၍သေဆုံး သွားခဲ့သည်။ သူမ၏ခွေးတစ်ကောင်လည်း ထိမှန်သေဆုံးသွားပါသည်။ ထို့အပြင် သူမ၏နေအိမ်ခေါင်မိုးလည်း ပျက်စီး သွားခဲ့သည်။ ကျန်သောလက်နက်ကြီးနှစ်လုံးသည် အခြားရွာသားတစ်ဦး၏အုန်းသီးခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အုန်းပင်တစ်ချို့ပျက်စီးခဲ့ရသည်။      

 

နော်အ---သည် အိမ်ရှေ့တွင် သူမ၏သမီးနှင့်ဖုန်းပြောနေခဲ့သည်။ ရုတ်တရက် လက်နက်ကြီးတစ်လုံးသည် သူမအနီး တွင် ကျရောက်ပေါက်ကွဲပြီး သူမ၏နောက်စိအား ကျည်စထိမှန်ခဲ့သည်။ သူမသည် မြေပြင်သို့လှဲကျသွားပြီး သတိမေ့ သွားခဲ့သည်။ ထို့နောက် သူမ၏သားသည် သူမဆီပြေးလာပြီး သတိပြန်လည်ရရှိရန် ကြိုးစားခဲ့သည်။ နော်ဘ--- သည် (သေဆုံးသူ၏ချွေးမ) KHRG အား ဤသို့ရှင်းပြခဲ့သည်။ “သူမရဲ့သားက သူမကို ဆက်တိုက်အော်ခေါ်နေတယ်။ သူမက ခဏပဲသတိပြန်လည်ရတယ်။ သူမကိုအိမ်သို့သယ်သွားပေးဖို့ ကျွန်မက သူမသားကိုပြောတယ်။ သူမက နားစည်ကိုထိ သွားတယ်လို့ ကျွန်မတို့ကိုပြောပြတယ်။ ပြီးတော့ သူမက သူ့သားကို ဒီလိုပြောတယ်။ ‘အမေအတွက် စိတ်မပူပါနဲ့’ တဲ့။ သူမစကားတစ်လုံး၊နှစ်လုံးပဲပြောနိုင်တော့တယ်။ သူမရဲ့နားစည်ကိုထိသွားတယ်လို့ ပြောပြတယ်။ အမှန်တကယ်တော့ ကျည်စက သူမရဲ့နောက်စိကိုထိသွားတာ။ နားစည်ကိုထိသွားတယ်ဆိုပြီး သူမထင်ခဲ့တာ။” နော်အ---သည် လက်နက် ကြီးကျည်စထိမှန်ပြီး ခဏသတိမေ့သွားခဲ့သည်။ သူမ၏သားသည် (နော်ဘ---၏အမျိုးသား) သူမကိုအိမ်ပေါ်သို့ခေါ်သွား ခဲ့သည်။ အိမ်ပေါ်သို့ခေါ်ဆောင်သွားပြီးနောက် သူမသည် ခဏသတိပြန်ရလာပြီး ခဏအတွင်းမှာ သေဆုံးသွားခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် (မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာမှ) သေဆုံးသူမိသားစုဝင်များ၊ ရွာသားများနှင့်ဘာသာရေးခေါင်းဆောင်များသည် နော်အ---၏အလောင်းကို ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့သည်။ သေ ဆုံးသူဆွေမျိုးသားချင်းများနှင့်ရွာသားများသည် နော်အ---၏အသုဘအခမ်းအနားအတွက် ငွေကြေးအချို့ထောက်ပံ့ပေး ခဲ့သည်။ သို့သော်လည်း သေဆုံးသူမိသားစုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသောအဖွဲ့အစည်း များထံမှ ကူညီထောက်ပံ့မှုများမရရှိခဲ့ပေ။

 

ဤအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ နော်ဘ---က ယခုလိုပြောပြသည်။ “ကျွန်မပြောချင်တာက (စစ်ကောင်စီအနေနဲ့) သူတို့ ကိုပစ်ခတ်တိုက်ခိုက်တဲ့သူတွေကိုပဲ လက်နက်ကြီးနဲ့ပြန်ပစ်ခဲ့သင့်တယ်။ အခုတော့ သူတို့က (SAC) ရွာထဲကိုပဲ လက် နက်ကြီးပစ်တယ်။ ဒါပေမဲ့ ရွာထဲမှာရန်သူတွေ (လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့) မရှိဘူးလေ။ ရွာထဲမှာ ကျသွားတဲ့လက်နက်ကြီးကျည်စက ကျွန်မရဲ့ယောက္ခမကို ထိမှန်သွားတယ်။”

 

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ မြောက်ကြာအင်းကျေး ရွာအုပ်စုရှိ ရွာသားများသည် တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ၎င်းတို့ရပ်ရွာဒေ သမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော် မကြာသေးမီက (၂၀၂၅ ခုနှစ်၊ မတ်လ) ရွာသားများသည် ၎င်းတို့ရပ်ရွာသို့ ပြန်လာနေထိုင်ခဲ့ကြသည်။ အကြောင်းမှာ SAC စစ်သားများသည် တောင်ကြာအင်းကျေးရွာအုပ်စုနှင့်မြောက်ကြာအင်း ကျေးရွာအုပ်စုကြားတွင် တည်ရှိသော တံတားတစ်ခုတွင် တပ်စွဲထားခြင်း မရှိတော့သောကြောင့်ဖြစ်သည်။ (၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်) ငလျှင်လှုပ်ခတ်ပြီးနောက် SAC စစ်သားများသည် လက်နက်ကြီးပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ရွာသားများသည် မလုံခြုံမှုများကို တဖန်ပြန်လည်ကြုံတွေ့ခံစားခဲ့ရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများ၊ ဓာတ်ပုံများနှင့်အင်တာဗျူးကို ရေးသားဖြန့်ဝေရန်အတွက် သေဆုံးသူမိသားစုဝင်တစ် ဦးက KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Tue, 13 May 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ သည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၂) နှစ်ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-127-I1 နှင့် 25-121-A1-I1 တို့ ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်