ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်း တပင်) မြို့နယ်နှင့် ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြ ထားသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲ အခြေစိုက် (စကခ) အမှတ် (၂၀) လက်အောက်ခံဖြစ်သော တပ်စခန်းသုံးခုမှ SAC တပ်သားများသည် (ထောတထူမြို့ နယ်ရှိ) ကော်သေးဒဲကျေးရွာအုပ်စုနှင့် (ဒေါ်ဖားခိုမြို့နယ်ရှိ) ကလေလိုမူနူကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး (၁၀) လုံးခန့်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ကော်သေးဒဲကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးရှိ ကွမ်းသီးခြံထဲတွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။ ထိုအချိန်တွင် ရွာသားများသည် ကွမ်းသီးခြံထဲတွင် အလုပ်လုပ်နေပါသည်။ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးအား ထိမှန်၍သေဆုံးသွားပြီး အခြားရွာသား တစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ကွမ်းပင်များလည်း ပျက်စီးသွားခဲ့သည်။ ယခုအချိန်တွင် သေဆုံးသူရွာသား၏ မိသားစုသည် အိမ်ထောင်ဦးစီးဖြစ်သူကို ဆုံးရှုံးရသဖြင့် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု (ရွာသားများသေဆုံး၊ ဒဏ်ရာရှိ) |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ကော်သေးဒဲ (ရေသိုးကြီး) ကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးရှိ ကွမ်းစိုက်ပျိုးခြံ (အ--- ကျေးရွာကို ဘ--- ကျေးရွာဟုလည်း ခေါ် ဝေါ်ကြသည်။) |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
|
အမည် |
စောဆ--- |
ဒေါ်ဒ--- |
|
အသက် |
၃၀ ကျော် |
၅၅ နှစ် |
|
ကျား/မ |
ကျား |
မ |
|
လူမျိုး |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
|
အလုပ်အကိုင် |
ခြံအလုပ်သမား |
ခြံလုပ်ငန်း |
|
ကိုးကွယ်သည့် ဘာသာ |
ခရစ်ယာန် |
ခရစ်ယာန် |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ ဃ--- ကျေးရွာ |
တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ကော်သေးဒဲကျေးရွာအုပ်စု၊ အ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်ကွပ်ကဲ အခြေစိုက် (စကခ) အမှတ် (၂၀) လက်အောက်ခံ SAC တပ်ဖွဲ့များ |
|
ခြေမြန်တပ်မ - တပ်မ မှူးဇေယျာလင်း (ဘော ဂလိမြို့တွင် အခြေစိုက် သည်။ သို့သော် တပ်မ အမှတ်မသိရှိရ) |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
အခင်းဖြစ်ပွားသည့်နေ့တွင် ဒေသခံ (ကရင်အမျိုးသားအစည်းအရုံး - KNU) အာဏာပိုင်များသည် ကျွန်တော့်ကို (KHRG မှတ်တမ်းပြုစုသူ) အကြောင်းကြား၍ ဤဖြစ်စဉ်ကို ပြောပြခဲ့သည်။ ထို့နောက် ကျွန်တော်သည် အ---ကျေးရွာအုပ်ချုပ် ရေးမှူးဖြစ်သူ စောဖ---ကို ဆက်သွယ်၍ ၎င်းအား အင်တာဗျူးခဲ့သည်။ ထို့အပြင် ဤဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်ရွာသား တစ်ဦးဖြစ်သူ စောဂ---ကိုလည်း အင်တာဗျူးခဲ့သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ဤသတင်းအကြောင်းအရာကို မျှဝေပြောပြသောသူမှာ အ---ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စောဖ---နှင့်မျက်မြင်သက် သေတစ်ဦးဖြစ်သူ စောဂ---တို့ဖြစ်သည်။ (စောဖ---သည် လက်နက်ကြီးထိမှန်သည့်ရွာသားများကို တောင်ငူမြို့ရှိ ဆေးရုံ သို့ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ စောဂ---သည် အခင်းဖြစ်ပွားသည့်အချိန်တွင် ကွမ်းခြံထဲတွင်အလုပ် လုပ်နေသည့်အတွက် အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူဖြစ်သည်။) |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်တွင် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၂၀) လက် အောက်ခံဖြစ်သော သစ်စေးတောင်တပ်စခန်း၊ ပြောင်သိုတပ်စခန်းနှင့်ဘောဂလိတပ်စခန်းတို့မှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) စစ်သားများသည် တောအူးခရိုင်၊ ထောတထူမြို့နယ်ရှိ ကော်သေးဒဲကျေးရွာအုပ်စုနှင့် ဒေါ်ဖားခို မြို့နယ်ရှိ ကလေလိုမူနူကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၁၂၀ မမနှင့် ၆၀ မမ (၁၀) လုံးခန့် ပစ်ခတ်ခဲ့သည်။ (KHRG သည် အ--- ကျေးရွာအနီးရှိ ကွမ်းခြံထဲတွင် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲသည့်အခြေအနေကိုသာ မှတ်တမ်းပြုစုနိုင်ခဲ့သည်။ အခြားလက်နက်ကြီး (၉)လုံးကျရောက် ပေါက်ကွဲသည့်တည်နေရာနှင့်အခြေအနေကို မှတ် တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပါ။)
ဘောဂလိတပ်စခန်းသည် ထောတထူမြို့နယ်၊ ဘောဂလိမြို့တွင်တည်ရှိသည်။ သစ်စေးတောင်တပ်စခန်းသည် ကော်သေးဒဲကျေးရွာအုပ်စု၊ သစ်စေးတောင်ကျေးရွာတွင်တည်ရှိသည်။ ပြောင်သိုတပ်စခန်းသည် ကလေလိုမူနူကျေးရွာ အုပ်စု၊ ပြောင်သိုကျေးရွာတွင်တည်ရှိသည်။ SAC သည် ထိုဒေသအတွင်း လက်နက်ကြီးပစ်ခတ်ရသည့်အကြောင်း ရင်းကို ဒေသခံရွာသားများက မသိရှိကြပါ။ (ဒေသခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်သားများ သည် ရေသိုးကြီးကျေးရွာအုပ်စုတွင် လှုပ်ရှားနေလျက်ရှိသည်။ SAC လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် KNLA စစ်သားများသည် ထိုဒေသအတွင်းရှိနေခဲ့သည်။)
ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ကော်သေးဒဲကျေးရွာအုပ်စု၊ အ---ကျေးရွာနှင့်ကလေလိုမူနူ ကျေးရွာ အုပ်စု၊ ဟ--- ကျေးရွာကြားရှိ ကွမ်းသီးခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ကွမ်းခြံပိုင်ရှင်သည် ရွာသားတစ်ဦးဖြစ်သူ နော်ဒ--- (၅၅နှစ်) ဖြစ်သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ကွမ်းခြံထဲတွင် ရွာသား (၆)ဦး အလုပ်လုပ်နေသည်။ ထိုရွာ သား (၆)ဦးမှာ နော်ဒ---၊ စောဧ--- (၅၈နှစ်)၊ နော်သ--- (၂၃နှစ်)၊ စောဆ--- (၃၀ ကျော်)၊ စောဂ--- (၄၄နှစ်) နှင့် စောက--- (၅၀နှစ်)တို့ဖြစ်ကြသည်။ နော်ဒ--- နှင့်စောဧ---သည် လိင်မယားဖြစ်ကြသည်။ နော်သ---သည် ၎င်းတို့၏သမီး ဖြစ်သည်။ စောဆ---၊ စောဂ---နှင့်စောက---တို့သည် စောဧ---နှင့် နော်ဒ---တို့မှဌားထားသော အလုပ်သမားများဖြစ်ကြ သည်။ လက်နက်ကြီးအစအနများသည် စောဆ---၏ခြေထောက်၊ လက်နှင့်လည်ပင်းကို ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွား ခဲ့သည်။ နော်ဒ---ကိုလည်းထိမှန်၍ သူမ၏ပါးနှင့်ချက်နားမှာ ဒဏ်ရာရရှိခဲ့သည်။ အခြားရွာသား (၄) ဦးမှာ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိခဲ့ပါ။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကွမ်းပင်အများအပြား ပျက်စီးသွားခဲ့ရသည်။
ဤအခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သော စောဂ---သည် (ကွမ်းခြံအလုပ်သမားတစ်ဦး) ၎င်း၏ခံစားချက်နှင့်အတွေ့အကြုံကို ယခုလိုပြောပြသည်။ “အစပိုင်းမှာ လက်နက်ကြီးအသံကိုကြားရတယ်။ ဒါပေမဲ့ လက်နက်ကြီးတစ်လုံးက (ပထမကြား ရသည့်လက်နက်ကြီးတစ်လုံး) ကွမ်းခြံကနေအနည်းငယ်ဝေးတဲ့ကားလမ်းမဘေးမှာ ကျပြီးပေါက်ကွဲသွားတယ်။ ကျွန် တော်တို့အရမ်းကြောက်သွားတယ်။ ကျွန်တော်တို့က မြေပေါ်မှာဝပ်နေတယ်။ ဒါပေမဲ့ သူက (နော်ဒ---) စုပုံထားတဲ့ ကွမ်းသီးပုံဘေးမှာ ထိုင်နေတယ်။ (…) ပြီးတော့ (ခဏအကြာမှာ) လက်နက်ကြီးတစ်လုံးက ကျွန်တော်တို့အလုပ် လုပ်နေတဲ့ကွမ်းပင်ခြံထဲမှာ ကျပြီးပေါက်ကွဲသွားတယ်။ (…) လက်နက်ကြီးအစအနက သူရဲ့ (နော်ဒ---) ပါးနဲ့ချက်နားကို ထိတော့ ဒဏ်ရာရသွားတယ်။ စောဆ---ရဲ့လည်ပင်း၊ လက်နဲ့ခြေထောက်ကိုလည်း လက်နက်ကြီးအစအနထိသွားတော့ အဲနေရာပဲ ပွဲချင်းပြီးသေသွားတယ်။ (…) အခင်းဖြစ်ပွားတဲ့အချိန်မှာ ကွမ်းခြံထဲမှာ ပြေးပုန်းစရာနေရာမရှိဘူး။ (…) ကျွန်တော်အရမ်းကြောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘဝမှာ ဒီလိုဖြစ်စဉ်မျိုးကို တစ်ခါမှမကြုံဖူးဘူး။”
အခင်းဖြစ်ပွားပြီးနောက် စောဧ---သည် အ--- ကျေးရွာမှ အခြားရွာသားများကိုခေါ်၍ အကူအညီတောင်းခဲ့သည်။ ထို့ နောက် အခြားရွာသားများသည် (ဒေါ်ဖားခိုမြို့နယ်ရှိ) တောင်ငူမြို့မှ ပရဟိတကားကိုခေါ်၍ သေဆုံးသူနှင့်ဒဏ်ရာ ရသူကို တောင်ငူဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဒဏ်ရာရရှိသည့်နော်ဒ---ကို တောင်ငူဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့သည်။ (နော်ဒ---သည် ဆေးကုသမှုစရိတ်ကို ၎င်းဘာသာပေးဆောင်ရသည်။ ထိုဆေးရုံသည် SAC စီမံခန့်ခွဲ သောဆေးရုံဖြစ်သည်။)
စောဆ---၏ရုပ်အလောင်းကို တောင်ငူမြို့ရှိ သူ၏မိသားစုထံသို့ ပို့ဆောင်ပေးခဲ့သည်။ (အခင်းမဖြစ်ပွားမီတွင်) ၎င်းတို့ သည် (စောဆ---နှင့်သူမိသားစု) တောင်ငူမြို့၊ ည---ရပ်ကွက်ရှိ ယ---ဟုခေါ်သော သာသနာ့နယ်မြေတွင် လာရောက် ပုန်းရှောင်ခဲ့ရသည်။ အကြောင်းမှာ စစ်ပဋိပက္ခကြောင့် ၎င်းတို့သည် ၎င်းတို့ရွာတွင် (ဃ---ကျေးရွာ) ဆက်လက်နေ ထိုင်ရန်ကြောက်ရွံ့နေရခြင်းဖြစ်သည်။ စောဆ---၏မိသားစုသည် သူ့ကို တောင်ငူမြို့ရှိသုသာန်တွင် မြေမြှုပ်ပေးခဲ့ သည်။ စောဆ---၏အလုပ်ရှင်ဖြစ်သူ စောဧ---သည် ၎င်း၏အသုဘအခမ်းအနားကို ဦးစီး၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ စောဆ---မှာ သူ၏ဇနီးနှင့်သားသမီးသုံးဦးကျန်ရစ်ခဲ့သည်။ သူ၏ဇနီးသည် နော်လ---ဖြစ်ပြီး အသက် (၃၅)နှစ်ရှိပြီးဖြစ် သည်။
စောဆ---သည် SAC လက်နက်ကြီးထိမှန်၍ သေဆုံးသွားပြီးနောက် ကျစ်ရစ်သူ ၎င်း၏မိသားစုသည် စားဝတ် နေရေး အခက်အခဲများကို ကြုံတွေ့နေရသည်။ စောဆ---၏သားသမီးသုံးဦးမှာ အသက် (၁၁)နှစ် အရွယ်သမီးတစ်ဦး၊ အသက် (၁၀)နှစ်အရွယ်သမီးတစ်ဦးနှင့် အသက် (၆)နှစ်အရွယ်သားတစ်ဦးဖြစ်ကြသည်။ အသက် (၁၁) နှစ်အရွယ်သမီးဖြစ်သူ သည် မကြာမီက ဆေးကုသမှုခံယူခဲ့ရသည်။ အကြောင်းမှာ ကစားနေသည့်အချိန်မှာ မတော်တဆကြောင့် သူမ၏ လက်ကျိုးသွားရခြင်းဖြစ်သည်။ အသက် (၆)နှစ်အရွယ်သားဖြစ်သူသည် သူ၏ကျန်းမာရေးအခြေအနေကြောင့် လစဉ် တိုင်း ဆေးကုသမှုကိုခံယူနေရသည်။ သူ့ကို တစ်လလျှင်တစ်ကြိမ် သွေးသွင်းပေးရသည်။ သူ၏ရောဂါသည် မည်သည့် ရောဂါဖြစ်ကြောင်း အသေးစိတ်မသိရပါ။ (စောဆ---သေဆုံးသွား ပြီးနောက်) စောဆ---၏မိသားစုသည် ငွေကြေး ဆိုင်ရာ အကူအညီများ ဘာတစ်ခုမှ မရရှိခဲ့ပါ။ ဒေသခံအာဏာပိုင်များနှင့် ရွာသားများသည် စောဆ---၏မိသားစုအား ကူညီထောက်ပံ့ပေးမည့်အလှူရှင်များ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများကို ရှာဖွေပေးရန် အတွက် KHRG အား မေတ္တာရပ်ခံခဲ့သည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စောဖ---နှင့် အခင်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်ရွာသားတစ်ဦးဖြစ်သူ စောဂ---တို့သည် ဤသတင်းအကြောင်းအရာကို အသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ ၎င်းတို့အနေဖြင့် KHRG မှ ဤသ တင်းအကြောင်းအရာနှင့် သေဆုံးသူ၏မိသားစုကြုံတွေ့ရသောအခက်အခဲစိန်ခေါ်မှုများကို ရေးသားဖြန့်ဝေရန် လိုလား ကြသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
