ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို(သံ တောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၌ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့တွင်အခြေစိုက်သော အမြောက်တပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူလာကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်းသို့ လက်နက် ကြီးသုံးလုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲပြီး လူနေအိမ် (၇) လုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ ဆိုင်ကယ်တစ်စီးနှင့်သစ်ပင်အချို့ ထိမှန်ပျက်စီးသွားခဲ့သည်။ လက်နက်ကြီး အစသည် ရွာသားတစ်ဦး၏ခွေးတစ်ကောင်ကိုလည်း ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာ သားများသည် ကျေးရွာအနီးရှိ ၎င်းတို့စိုက်ပျိုးခြံများနှင့်အခြားနေရာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာ သားများသည် လက်နက်ကြီးများ ထပ်မံပစ်ခတ်မည်ကိုကြောက်ရွံ့သောကြောင့် ၎င်းတို့နေအိမ်တွင် မအိပ်ရဲတော့ပဲ ဗုံးခိုကျင်းထဲသို့ သွားနေခဲ့ရသည်။ ဒေသခံကျောင်းသူ၊ကျောင်းသားများသည်လည်း လက်နက်ကြီးပစ်ခတ်မှုကို ကြောက် ရွံ့၍ ကျောင်းမတက်ရဲတော့ပေ။ ဒေသခံရွာ သားများအနေဖြင့် SAC သည် ၎င်းတို့ကျေးရွာကို မည်သည့်အတွက်ကြောင့် လက်နက်ကြီးပစ်ခတ်ခဲ့သည်ကို မသိရှိကြပေ။ သို့သော်လည်း ဒေးလိုမူနူလာကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားမှုမရှိကြပေ။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
အခင်းဖြစ်ပွားမှုအမျိုးအစား |
SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု |

အခင်းဖြစ်ပွားသည့်နေ့ရက် |

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ |
အခင်းဖြစ်ပွားမှုအမျိုးအစား |
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူလာကျေးရွာအုပ်စု၊ အ--- ကျေးရွာ |

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |

အမည် |
နော်ဘ--- | |
စောဆ--- | |
စောဒ--- | |
နော်ဃ--- | |
စောဗ--- | |
နော်ဂ--- | |
စောဟ--- | |
စောက--- |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
အသက် |
၃၂ နှစ် | |
၃၆ နှစ် | |
မသိရှိရ | |
၄၀ နှစ် | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
ကျား/မ |
မ | |
ကျား | |
ကျား | |
မ | |
ကျား | |
မ | |
ကျား | |
ကျား |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
လူမျိုး |
ကရင် | |
ကရင် | |
ကရင် | |
ကရင် | |
ကရင် | |
ကရင် | |
ကရင် | |
ကရင် |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
အိမ်ထောင် ရှိ/မရှိ |
ရှိ | |
ရှိ | |
ရှိ | |
- | |

အလုပ်အကိုင် |
ခြံလုပ်ငန်း | |

ကိုးကွယ် သည့်ဘာသာ |
ခရစ်ယာန် | |

ရာထူးအဆင့် |
ရွာသား | |
ရွာသား | |
ရွာသား | |
ရွာသား | |
ရွာသား | |
ရွာသား | |
ရွာသား | |
ရွာသား |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
နေရပ် ရွာအမည် |
အ---ကျေးရွာ | |
အ---ကျေးရွာ | |
အ---ကျေးရွာ | |
အ--- ကျေးရွာ | |
အ--- ကျေးရွာ | |
အ--- ကျေးရွာ | |
အ--- ကျေးရွာ | |
အ--- ကျေးရွာ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||||||
အမည် |
နော်ဘ--- |
စောဆ--- |
စောဒ--- |
နော်ဃ--- |
စောဗ--- |
နော်ဂ--- |
စောဟ--- |
စောက--- |
အသက် |
၃၂ နှစ် |
၃၆ နှစ် |
မသိရှိရ |
၄၀ နှစ် |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
ကျား/မ |
မ |
ကျား |
ကျား |
မ |
ကျား |
မ |
ကျား |
ကျား |
လူမျိုး |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
ရှိ |
- |
- |
ရှိ |
ရှိ |
မသိရှိရ |
အလုပ်အကိုင် |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
ခြံလုပ်ငန်း |
မသိရှိရ |
ကိုးကွယ် သည့်ဘာသာ |
ခရစ်ယာန် |
ခရစ်ယာန် |
ခရစ်ယာန် |
ခရစ်ယာန် |
ခရစ်ယာန် |
ခရစ်ယာန် |
ခရစ်ယာန် |
မသိရှိရ |
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
နေရပ် ရွာအမည် |
အ---ကျေးရွာ |
အ---ကျေးရွာ |
အ---ကျေးရွာ |
အ--- ကျေးရွာ |
အ--- ကျေးရွာ |
အ--- ကျေးရွာ |
အ--- ကျေးရွာ |
အ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |

ရာထူး | |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ | |
အခြေစိုက်သည့်နေရာ ဒေသ | |
အထက်အရာရှိ အမည် |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
မသိရှိရ |
မသိရှိရ | |
SAC အမြောက်တပ် (နံပါတ်မသိရှိ) | |
သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် တပ်မြို့ | |
တပ်နယ်မှူး (အမည်မသိရှိရ) |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
မသိရှိရ |
မသိရှိရ |
SAC အမြောက်တပ် (နံပါတ်မသိရှိ) |
သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် တပ်မြို့ |
တပ်နယ်မှူး (အမည်မသိရှိရ) |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဒေးလိုမူနူလာကျေးရွာအုပ်စုမှ ဒေသခံခေါင်းဆောင်နှစ်ဦးဖြစ်သူ စောဧ---နှင့်စောသ---တို့ သည် (လုံခြုံရေးကြောင့် ၎င်းတို့၏ရာထူးအသေးစိတ်ကို မဖော်ပြပါ) KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား အကြောင်း ကြား၍ ပြောပြခဲ့သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် အ--- ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက် သွယ်ပြီး ၎င်းအား သွားရောက်တွေ့ဆုံခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ပျက်စီးသွားသောနေအိမ်နှင့်ပစ္စည်းဥစ္စာ များ၏ပိုင်ရှင်ဖြစ်သူ ရွာသားအချို့ကို ခေါ်ယူပေးခဲ့သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ၎င်းတို့အား အင် တာဗျူးခဲ့သည်။ အင်တာဗျူးခံရသောရွာသားအချို့မှာ နော်ဘ---၊ စောက---၊ စောဆ---နှင့် နော်ဃ---တို့ဖြစ်သည်။ |

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |

KHRG ကွင်းဆင်းလုပ်သားမှ အင်တာဗျူးခဲ့သောရွာသားများသည် ဤသတင်းအကြောင်းအရာကို ပြောပြ၍ အတည်ပြု ခဲ့သည်။ ၎င်းတို့မှာ နော်ဘ---၊ စောက--- နှင့် အခြားရွာသားနှစ်ဖြစ်သူ စောဆ---နှင့်နော်ဃ---တို့ဖြစ်ပြီး လက်နက်ကြီး ကြောင့် ၎င်းတို့နေအိမ်များနှင့်ပစ္စည်းဥစ္စာများ ပျက်စီးခဲ့ရသည်။ နော်ဘ---သည် စောဒ---၏သမီးဖြစ်ပြီး စောက---သည် စောဒ---၏သားဖြစ်သည်။ |

အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့တွင်အခြေစိုက်သော အမြောက်တပ်မှ SAC စစ်သားများသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူလာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးသုံးလုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ထိုနေ့တွင် ဒေသအတွင်း တိုက် ပွဲဖြစ်ပွားခြင်းမရှိခဲ့ပေ။ သို့သော်လည်း SAC သည် ဒေသအတွင်းသို့ (ဒေးလိုမူနူလာကျေးရွာအုပ်စု) လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ SAC ပစ်ခဲ့သည့်လက်နက်ကြီးများသည် မည်သည့်အမျိုးအစားများဖြစ်ကြောင်း ဒေသခံရွာသားများက မသိရှိကြပါ။ လက်နက်ကြီးတစ်လုံးသည် ဒေးလိုမူနူလာကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားနှစ်လုံးမှာ ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုများမရှိခဲ့ပါ။
ကျေးရွာထဲတွင်ကျသည့်လက်နက်ကြီးတစ်လုံးသည် စောဒ---၏နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက် စီးသွားခဲ့သည်။ နေအိမ်ရှိ ဆန်ပုံးတစ်ပုံး၊ အိုးခွက်များအစရှိသောအိမ်တွင်းပစ္စည်းများ၊ သွပ်မိုး၊ သစ်သားကြမ်းပြင်၊ လှေ ကားနှင့်ဝါးထရံများ ပျက်စီးသွားခဲ့သည်။ ထို့အပြင် စောဒ---ပိုင်ဆိုင်သော ကွမ်းပင်တစ်ပင်၊ သရက်ပင်တစ်ပင်နှင့် သင်္ဘောပင်တစ်ပင်ပျက်စီးသွားခဲ့သည်။ စောဒ---၏သားဖြစ်သူ စောက---ပိုင်ဆိုင်သောဆိုင်ကယ်တစ်စီးလည်း ထိမှန် ပျက်စီးခဲ့သည်။ လက်နက်ကြီးအစအနသည် စောဒ---၏ခွေးတစ်ကောင်ကိုလည်း ထိမှန်၍ ၎င်းခြေထောက်တွင် ဒဏ်ရာ ရခဲ့သည်။
ထို့အပြင် အခြားရွာသား (၆)ဦး၏နေအိမ်များလည်း ထိမှန်၍အနည်းငယ်ပျက်စီးခဲ့သည်။ ထိုရွာသားများသည် နော်ဘ---၊ စောဆ---၊ နော်ဃ---၊ စောဗ---၊ နော်ဂ---နှင့် စောဟ---တို့ဖြစ်သည်။ ကျေးရွာထဲရှိ ခရစ်ယာန်ဘုရားကျောင်း၏ ခေါင်မိုး နှင့်ပြတင်းပေါက်နှစ်ချပ်လည်း ပျက်စီးသွားခဲ့သည်။
ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲသည့်လက်နက်ကြီးကြောင့် မည်သည့်ရွာသားမှ သေကြေ၊ ဒဏ်ရာရခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဤဖြစ်စဉ်ကြောင့် ရွာသားများကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများဖြစ်ပေါ်စေခဲ့သည်။ SAC လက်နက်ကြီး များပစ်ခတ်သည့်အချိန်တွင် ရွာထဲရှိကလေးများသည် ကျောင်းတက်နေကြပါသည်။ ကျောင်းသူ၊ ကျောင်းသားများသည် အလွန်ကြောက်ရွံ့၍ အော်ငိုယိုနေကြသည်။ ၎င်းတို့မိဘများက စိုးရိမ်သည့်အတွက်ကြောင့် ၎င်းတို့သားသမီးများကို ကျောင်းသို့သွား၍ခေါ်ဆောင်လာပြီး ကျေးရွာအနီးရှိ စိုက်ပျိုးခြံများထဲတွင် သွားရောက်ပုန်းရှောင်ခဲ့သည်။ အခြားရွာ သားများသည် ဗုံးခိုကျင်းထဲသို့ဝင်၍ပုန်းရှောင်ကြသည်။ တစ်ချို့ရွာသားများလည်း ထမင်းချက်နေသည့်အချိန်မှာ လက် နက်ကြီးသံကြား၍ ထမင်းမချက်တော့ပဲ ဗုံးခိုကျင်းထဲသို့ ဝင်ရောက်ပုန်းရှောင်ရသည့်အဖြစ်လည်းရှိနေပါသည်။
SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ချို့ရွာသားများသည် ၎င်းတို့နေအိမ်တွင် မအိပ်ရဲတော့ပဲ ဗုံးခိုကျင်းထဲတွင် အိပ် စက်ခဲ့ရသည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးခံရသော အိပ်ပိုင်ရှင်ဖြစ်သူ စောဆ---မှ ဤသို့ရှင်း ပြသည်။ “လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျွန်တော်တို့အနေနဲ့ ရွာထဲမှာနေရတာလုံခြုံတယ်လို့မခံစားရတော့ဘူး။ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရတာပေါ့။ ကိုယ့်အိမ်မှာလည်း မအိပ်ရဲတော့ဘူး။ အဲဒါကြောင့် ကတုတ်ကျင်းထဲမှာ သွား အိပ်ရတယ်။” နော်ဘ---လည်း ယခုလိုထပ်ရှင်းပြသည်။ “ကျွန်မအဖေရဲ့ (စောဒ---) အိမ်ရှေ့မှာ လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲတဲ့အချိန်မှာ ကျွန်မက အနီးနားပဲမတ်တပ်ရပ်နေတယ်။ ကျွန်မအမေနဲ့အမလည်း အနီးနားမှာပဲ ရှိနေတယ်။ ဒါပေမဲ့ ကံကောင်းတယ်။ ကျွန်မတို့တွေ လက်နက်ကြီးမထိမှန်ခဲ့ဘူး။ ကျွန်မတို့အရမ်းကြောက်တာပေါ့။ ကျွန်မရဲ့အမ ဆိုရင် (ကျယ်လောင်သည့်လက်နက်ကြီးပေါက်ကွဲသံကြောင့်) မူးဝေသွားတယ်။ သူမအရမ်းပဲ ထိတ်လန့်သွားတယ်။”
ဒေသခံရွာသားများအနေဖြင့် SAC စစ်သားများသည် ဒေးလိုမူနူလာကျေးရွာအုပ်စုအတွင်းသို့ မည်သည့်အတွက်ကြောင့် လက်နက်ကြီးပစ်ခတ်ခဲ့ရသည်ကို မသိရှိကြပါ။ စောဆ---သည် ဤသို့ရှင်းပြသည်။ “သူတို့တွေ (SAC) ကျွန်တော်တို့ရွာ ထဲကို ဘာဖြစ်လို့လက်နက်ကြီးပစ်တာလဲဆိုတာ ကျွန်တော်မသိဘူး။ (…) ကျွန်တော်တို့ဒေသမှာ တိုက်ပွဲမဖြစ်ပွားဘူး။ သူတို့က (SAC) တမင်သက်သက် လက်နက်ကြီးပစ်တာပဲ ထင်တယ်။ ပြီးတော့ ကျွန်တော်တို့ဒေသမှာ ကရင်စစ်သား လည်း (KNLA) မရှိဘူး။” စောဆ---က ဆက်လက်၍ပြောပြသည်။ “သူတို့ က (SAC) သူတို့လုပ်ခဲ့တာအတွက် ရွာသား တွေကို တောင်းပန်တာတွေမရှိဘူး။ ပြီးတော့ (ပျက်စီးသွားတဲ့အရာတွေအတွက်) သူတို့က လျော်ကြေးလဲမပေးဘူး။” |

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |

KHRG ကွင်းဆင်းလုပ်သားမှ အင်တာဗျူးခဲ့သောရွာသားများနှင့်အ---ကျေးရွာရှိ ဒေသခံအာဏာပိုင်များသည် ဤသ တင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ |

Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။