Mon, 31 Mar 2025
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒွယ်လိုးမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံး (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ဒွယ်လိုးမြို့ နယ်၊ မာထောကျေးရွာအုပ်စု၊ ဝ---ကျေးရွာတွင်နေထိုင်သော အသက် (၄၀) ကျော်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောရ---သည် ဝင်ငွေရရှိရန်အတွက် အပြင်သို့ထွက်၍ကြောင်လျှာသီးများရှာဖွေနေသည့်အချိန်တွင် သဝါးခိုလိုးဒေသအတွင်းရှိ ဟ---တံတား အနီးနားတွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲသွား၍ ထိမှန်သေဆုံးခဲ့သည်။ စောရ---သည် ကြောင်လျှာ သီးများရှာဖွေရာတွင် ၎င်း၏သားနှစ်ဦးလည်းလိုက်ပါလာပြီး လမ်းမပေါ်တွင် စောင့်နေခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် စောရ---၏မျက်နှာနှင့်ရင်အုံကို ထိမှန်၍ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့သည်။ မည်သည့်လက်နက် ကိုင်တပ်ဖွဲ့က ၎င်းမြေမြှုပ်မိုင်းအား ထောင်ထားခဲ့သည်ကို မသိရှိရပါ။ ဒေသအတွင်း မြေမြှုပ်မိုင်းအန္တရာယ်ရှိကြောင်း ဒေသခံ ကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင်များက ရွာသားများအား သတိပေးခြင်းများရှိသော်လည်း စောရ---အနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ရသည့်အတွက်ကြောင့် အပြင်သို့ထွက်၍ ကြောင်လျှာသီးများ ရှာ ဖွေရန်လိုအပ်လာပါသည်။ ဝ---ကျေးရွာသည် SAC တပ်စခန်းအနီးနားတွင် တည်ရှိသည့်အတွက်ကြောင့် လယ်ယာလုပ် ကိုင်သူရွာသားများသည် လမ်းမအနီးရှိ လယ်ယာများသို့သွား၍ လုပ်ကိုင်စိုက်ပျိုးရန်ကြောက်ရွံ့ကြသည်။ ထို့အတွက် ကြောင့် ရွာသားများသည် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့ရပြီး ပို၍ရုန်းကန်ကြရသည်။ [1]

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု (ရွာသားတစ်ဦးသေဆုံးခြင်း)

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့

အခင်းဖြစ်ပွားမှုအမျိုးအစား

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ သဝါးခိုလိုးဒေသတွင်းရှိ ဟ---တံတားအနီး အ---နေရာ 

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောရ---

အသက်

နှစ် (၄၀) ကျော်

ကျား/မ

ကျား

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဝ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ကွင်းဆင်းလုပ်သားတစ်ဦးသည် မြေမြှုပ် မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကိုသိရှိသည့် နော်က---အား အင်တာဗျူးခဲ့သည်။ နော်---ကသည် မြေမြှုပ်မိုင်းထိမှန်သည့်ရွာသား ၏ဇနီးဖြစ်သည့်အတွက်ကြောင့် ဤဖြစ်စဉ်ကိုသိရှိရခြင်းဖြစ်သည်။ ထိုနေ့တွင် KHRG ကွင်းဆင်းလုပ်သားသည် ဝ--- ကျေးရွာ၏ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စောမ---ကိုလည်း အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

စောရ---၏ဇနီးဖြစ်သူ နော်က---နှင့် ဝ---ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စောမ---တို့က ဤသတင်းအကြောင်းအရာများ ကို KHRG ကွင်းဆင်းလုပ်သားအား ပြောပြ၍ အတည်ပြုခဲ့ပါသည်။

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် (၁၀) နာရီ၌ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဝ--- ကျေးရွာတွင် နေ ထိုင်သော အသက် (၄၀) ကျော်အရွယ်ရှိသည့်စောရ---သည် အပြင်သို့ထွက်၍ ကြောင်လျှာသီးများသွားရောက်ခူးယူရန် မာထောကျေးရွာအုပ်စု၊ သဝါးခိုလိုးဒေသရှိ ဟ---တံတားအနီး အ---နေရာတွင် ရောက်သောအခါ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲသွားပြီး ထိမှန်ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားခဲ့သည်။ စောရ---သည် ကြောင်လျှာသီးများကိုခူးပြီး ရောင်းရ သည့်ငွေဖြင့် ဆန်ကိုဝယ်ရန်အတွက်ဖြစ်သည်။

မြေမြှုပ်မိုင်းပေါက်ကွဲသည့်နေ့တွင် စောရ---၏သားနှစ်ဦးသည် စောရ---နှင့်အတူလိုက်ပါလာပြီး စောရ---က ကြောင် လျှာသီးသွားခူးသည့်အချိန်တွင် သူ့သားနှစ်ဦးကို လမ်းပေါ်တွင် စောင့်နေခိုင်းလိုက်သည်။ (သူ့သားနှစ်ဦးသည် အသက် ၅နှစ်နှင့် ၁၁နှစ်ကြားတွင်ရှိပြီး ၎င်းတို့နာမည်များကိုမသိရှိရပါ။) စောရ---ကြောင်လျှာသီးသွားခူးသည့်နေရာသည် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများအခြေစိုက်ခဲ့ဖူးသည့်ယာယီတပ်စခန်းရှိ တဲအိမ်အနီးနားတွင် တည်ရှိ သည်။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများက အဆိုပါ တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် SAC စစ်သားများ ထွက်ခွာသွားခြင်းဖြစ်သည်။)

စောရ---သည် တဲအိမ်အောက်သို့သွား၍ သေတ္တာတစ်လုံးတွေ့ရှိခဲ့သည်။ စောရ---သည် ၎င်းသေတ္တာကို ဖွင့်လိုက်သည့် အချိန်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲသွား၍ ၎င်းအားထိမှန်ခဲ့သည်။ (ထိုမြေမြှုပ်မိုင်းသည် မည်သည့်မြေမြှုပ်မိုင်း အမျိုးအစားဖြစ်ကြောင်းမသိရှိရပါ။) မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ယမ်းမှုန့်သည် စောရ---၏မျက်နှာကိုထိမှန်၍ မီး လောင်သွားပြီး မည်းနက်သွားသည်။ သူ၏ရင်အုံကိုလည်း မြေမြှုပ်မိုင်းအစထိမှန်သွားပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ဤမြေမြှုပ်မိုင်းကို SAC ကထောင်ထားခဲ့သည်လား သို့မဟုတ် KNLA က ထောင်ထားခဲ့သည်လားဆိုတာ ရွာသားများ အနေဖြင့် မသိရှိရပါ။

စောရ---၏သားနှစ်ဦးသည် မြေမြှုပ်မိုင်းပေါက်ကွဲသံကိုကြား၍ ၎င်းတို့ဖခင်မြေမြှုပ်မိုင်းထိမှန်သွားပြီး သိရှိလိုက်ရသည်။ ဖခင်ကိုအော်ခေါ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိတော့ပါ။ ထို့နောက် ၎င်းတို့သည် အကြောက်တရားနှင့်ဝမ်း နည်းစွာ အိမ်သို့ပြန်လာခဲ့သည်။ ၎င်းတို့သည် အိမ်သို့ရောက်အခါ ဖခင်ဖြစ်သူ၏အကြောင်းကို ၎င်းတို့မိခင်အား မပြောပြ ခဲ့ပါ။ (အကြောင်းမှာ ၎င်းတို့သည် အလွန်စိတ်ထိခိုက်၍ခံစားနေရခြင်းဖြစ်သည်။) ၎င်းတို့အိမ်သည် မာထောကျေးရွာ အုပ်စု၊ ဗ---ကျေးရွာရှိ စစ်ပြေးရှောင်နေရာတွင် တည်ရှိသည်။ ညနေသို့ရောက်သောအခါ မိခင်ဖြစ်သူက အဖေဘာ ကြောင့်မပြန်လာသေးတာလဲဟု သားဖြစ်သူအား မေးမြန်းခဲ့သည်။ ထို့နောက် သားဖြစ်သူသည် မိခင်အား ဖြစ်ကြောင်း ကုန်စင်ပြောပြလိုက်သည်။

မိုးချုပ်လုနေပြီးဖြစ်သည့်အတွက် ရွာသားများသည် စောရ---အား သွားရောက်ရှာဖွေရန် ကြောက်ရွံ့ကြသည်။ အ ကြောင်းမှာ ဒေသအတွင်း မြေမြှုပ်မိုင်း၏အန္တရာယ်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် (ဝ---ကျေးရွာမှ) ရွာသားများသည် ဒေသခံခေါင်းဆောင်များကို (KNU) ခေါ်ယူ၍ ၎င်းတို့နှင့်အတူလိုက်သွားပြီး စောရ---၏အလောင်းကို ပြန်လည်ရယူခဲ့သည်။ ထို့နောက် ရွာသားများသည် SAC စစ် သားများအခြေစိုက်ခဲ့သည့်နေရာ တစ်ဝိုက်တွင် ကြွင်းတူး၍ စောရ---၏အလောင်းကို မြှုပ်နှံခဲ့သည်။

စောရ---မှာ စုစုပေါင်းသားသမီး (၈) ဦးရှိသည်။ သား (၄) ဦးနှင့်သမီး (၄) လေးဦးဖြစ်သည်။ ၎င်းသားသမီးများသည် ငယ်ရွယ်သေးပါသည်။ စောရ---သည် တောင်ယာလုပ်ကိုင်ပြီး လုံလောက်သည့်ကောက်ပဲသီးနှံများ ထွက်ရှိအောင် ကြိုးစားရုန်းကန်နေရသောကြောင့် ငွေကြေးအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ရသည်။ ထိုအတွက်ကြောင့် စောရ---သည် မြေမြှုပ်မိုင်းအန္တရာယ်ရှိသည့်နေရာသို့ အကြောက်တရားနှင့်သွား၍ ကြောင်လျှာ သီးများသွားရောက်ရှာဖွေခဲ့ သည်။ ထိုဒေသအတွင်း မြေမြှုပ်မိုင်းအန္တရာယ်ရှိကြောင်း ဒေသခံ KNU အာဏာပိုင်များက ရွာသားများအား နှုတ်ဖြင့် သတိပေးခြင်းများရှိသော်လည်း စောရ---အနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ရသည့်အတွက် အန္တရာယ်ရှိ သည့်ကြားက အပြင်သို့ထွက်၍ ကြောင်လျှာသီးများရှာဖွေရန်လိုအပ်လာပါသည်။ စောရ---တို့မိသားစုသည် တောင်ယာ လုပ်ကိုင်၍ စားဝတ်နေရေးအတွက်အဆင်ပြေရုံလောက်သာရှိသော်လည်း လုံလောက်သည့်ဆန်စပါးအား မရရှိကြပါ။ ထို့ကြောင့် ၎င်းမိသားစုသည် ဆန်စပါးရရှိရန် နှစ်တိုင်းလိုလို အခက်အခဲများနှင့်ကြုံတွေ့ရသည်။ ဝင်ငွေပုံမှန်မရှိသည့် အတွက် စောရ---တို့မိသားစုသည် အခြေခံလိုအပ်သည့်စားနပ်ရိက္ခာများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်အချိုမှုန့်များကို ဝယ်စားနိုင်ရန် ရုန်းကန်နေရသည်။

စောရ---သေဆုံးပြီးနောက်တွင် ၎င်းမိသားစုအတွက် ဆန်တစ်ပုံးသာ ကျန်ရှိခဲ့သည်။ အကယ်၍ဆန်တစ်ပုံးကုန်သွား မည်ဆိုလျှင် မိသားစုသည် ဒုက္ခရောက်ပြီးဖြစ်သည်။ နော်က---က ယခုလိုရှင်းပြသည်။ “အိမ်အတွက် ကျွန်မတို့မှာ စားစရာလည်းသိပ်မရှိတော့ဘူး။ ရှိတဲ့ပိုက်ဆံလည်း ကုန်တော့မယ်။ ကျွန်မရဲ့အမျိုးသားသေဆုံးသွားတော့ ကျွန်မတို့ တွေ ဘာနဲ့သွားစားရမလဲ။ (…) အခုလိုကျွန်မအမျိုးသားသေဆုံးသွားတော့ သားသမီးအတွက် ကျွန်မအလုပ်လုပ်ရ တော့မယ်။ ကျွန်မသားသမီးတွေငယ်သေးတယ်။ ကျွန်မအနေနဲ့အလုပ်ကောင်း ကောင်းမလုပ်နိုင်ဘူးထင်တယ်။ ဘာအ လုပ်လုပ်ရမလဲမသိဘူး။ သားသမီးတွေငယ်သေးတဲ့အတွက် ကျွန်မအနေနဲ့အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ မလွယ်ဘူး လေ။”

စောရ---သေဆုံးသွားပြီးနောက် ၎င်းမိသားစုသည် မာထောကျေးရွာအုပ်စု၊ ဗ---ကျေးရွာဒေသတွင်းရှိ တောထဲတွင် နေထိုင်သော နော်က---၏မိခင်နှင့်အတူ သွားရောက်နေထိုင်ခဲ့သည်။ ယခုအချိန်တွင် စောရ---၏မိသားစုတွင် စားဝတ် နေရေးအတွက် ထောက်ပံ့ပေးနိုင်သည့်အမျိုးသားလူကြီးများမရှိတော့ပေ။ ထို့ကြောင့် နော်က---အတွက် အခက်အခဲများရှိလာသည်။ နော်က---၏အမျိုးသားသေဆုံးသွားသည့်အတွက် သူမအနေဖြင့် အမှန်တကယ်ကူညီ ထောက်ပံ့မှုများလိုအပ်နေသည်။ သို့သော်လည်း သူမ၏မောင်နှမများသည် အရမ်းဆင်းရဲသည့်အတွက် သူမအား ကူညီ ထောက်ပံ့နိုင်ခြင်းမရှိပေ။ နော်က---မှ ဤသို့ရှင်းပြသည်။ “တောင်ယာမှာ အလုပ်မသွားလုပ်ရဲဘူး။ ဘာဖြစ်လို့ဆိုတော့ မြန်မာစစ်တပ်စခန်းနဲ့အရမ်းနီးတယ်လေ။ (…) မည်သူမှလည်း စားစရာလုံလုံလောက်လောက်မရှိဘူး။ သူတို့လည်း (ရွာသားများ) ရုန်းကန်နေရတယ်။ အခုချိန်မှာ ဆန်တစ်အိတ်ဆိုရင် ၁၈၀၀၀၀ ကျပ်ရှိသွားပြီး။ သူတို့တွေ (ရွာသားများ) ဆန်ဝယ်ဖို့ပိုက်ဆံမတတ်နိုင်ရင် ဆန်ချေးယူ ပြီးစားနေရတယ်။ ကျွန်မအနေနဲ့ သူများဆီက ဆန်ချေးယူရမှာကြောက် တယ်။ ဘာဖြစ်လို့ဆိုလဲဆိုတော့ သူတို့လည်းမရှိကြလေ။ အခုချိန်မှာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူတို့မှာ ဆန်မရှိဘူး။” နော်က---၏သားသမီးများသည် အလုပ်လုပ်ရန် အရမ်းငယ်သေးသည်။

စောရ---သေဆုံးပြီးနောက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ) ၎င်းမိသားစုသည် ဒေသခံခေါင်းဆောင်များနှင့်မည်သည့် အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုများမရရှိခဲ့ပေ။ ဤအခြေအနေနှင့်ပတ်သက်၍ နော်က---မှ ယခုလိုရှင်းပြသည်။ “ကျွန်မတို့တွေ အခက်အခဲများနဲ့ကြုံတွေ့နေရတယ်။ ပြီးတော့ ဘာအလုပ်မှလဲ မလုပ်နိုင်ဘူး။ ကျွန်မတို့ကို ကူညီမဲ့လူ တွေရှိရင် အရမ်းပျော်မိမှာ။ ကျွန်မတို့က ဒီမှာပဲနေတယ်။ ဘာအလုပ်မှ ထွေထွေထူးထူးမရှိဘူး။”

ဝ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် အဓိကအားဖြင့် တောင်ယာလုပ်ငန်းနှင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်များကို မွေးမြူ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမဖြစ်ပွားမီတွင် ရွာသားအများစုသည် သစ်၊ ဝါးများခုတ်၍ ရောင်းရသည့်ငွေဖြင့် အသက်မွေးကြသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွား ပြီးနောက်တွင် သစ်၊ ဝါးများခုတ်သည့်လုပ်ငန်းကို လုပ်ကိုင်၍မရနိုင်တော့ပဲ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုရသည်။ ဝ---ကျေးရွာသည် မာထောကျေးရွာအုပ်စုအတွင်းရှိ SAC တပ်စခန်းအနီးနားတွင် တည်ရှိသည်။ ထို့ကြောင့် ရွာသားများသည် လမ်းမအနီးရှိ ၎င်းတို့လယ်ယာထဲတွင် အလုပ်သွားလုပ်ရန် ကြောက်ရွံ့ကြသည်။

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းထိမှန်သည့်ရွာသား၏ဇနီးဖြစ်သူ နော်က---နှင့်ဝ---ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ဤသတင်းအကြောင်း အရာများကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။ 

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်