ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်တွင် ဖြစ် ပွားခဲ့သော UXO ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရွာ သားနှစ်ဦးဖြစ်သော စောရ--- (၁၇နှစ်) နှင့်စောဝ--- (၁၆နှစ်) တို့သည် သံလွင်မြစ်သို့ ငါးသွားရှာထွက်ခဲ့သည်။ သူတို့သွား နေစဉ် လမ်းဘေးနားတစ်နေရာတွင် အရာဝတ္တုတစ်ခုကို တွေ့ရှိခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် ထိုအရာဝတ္တုမှာ မပေါက်ကွဲသေးသော လက်နက်ကြီးတစ်လုံး (UXO) ဖြစ်ကြောင်း မသိရှိဘဲ ၎င်းကိုကောက်ယူ၍ရိုက်ခွဲကာ ပေါက်ကွဲ သွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် အသက် (၁၆)နှစ်အရွယ်ရှိသော စောဝ---သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး အသက် (၁၇) နှစ်အရွယ်ရှိသော စောရ---မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စောရ--- ၏ဘယ်လက်တစ်ဖက်ပြတ်ထွက်သွားပြီး ညာဖက်လက်မှ လက်မ၊ လက်ညှိုးနှင့်လက်ခလယ်တစ်ဝက်ဆုံးရှုံးခဲ့ရသည်။ အခင်းဖြစ်ပွားသည့်နေရာသည် လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်းနှင့် ၁.၆ ကီလိုမီတာ ကွာဝေးသည်။ ဤဖြစ်စဉ်ကြောင့် စောရ---နှင့်စောဝ---တို့၏မိသားစုဝင်များသည် ဝမ်းနည်းကြေကွဲစွာခံစားနေရပြီး မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
(UXO ပေါက်ကွဲမှု) UXO ပေါက်ကွဲခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ (သူတို့နှစ်ဦးသည် ဆယ်ကျော်သက်အရွယ်ကလေးများဖြစ်သည်။) |
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ |
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်း အနီး (ထိုရွာဟောင်းတွင်နေထိုင်ကြသောသောရွာသားများသည် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။) |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
အမည် |
စောရ--- |
စောဝ--- |
အသက် |
၁၇ နှစ် |
၁၆ နှစ် |
ကျား/မ |
ကျား |
ကျား |
လူမျိုး |
ကရင် |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
မရှိ |
မရှိ |
အလုပ်အကိုင် |
လယ်ယာ |
လယ်ယာ |
ကိုးကွယ်သည့် ဘာသာ |
ခရစ်ယာန် |
ခရစ်ယာန် |
ရာထူးအဆင့် |
ရွာသား |
ရွာသား |
နေရပ် ရွာအမည် |
လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ် စု၊ ဃ--- ကျေးရွာ |
လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စု၊ အ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
အခင်းဖြစ်ပွားပြီးနောက် လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ပ--- ကျေးရွာတွင် စားစရာများနှင့်အခြားလိုအပ် သည့်အရာများ သွားဝယ်ယူနေသော ပေကေးကျေးရွာအုပ်စု၊ ဟ--- ကျေးရွာမှ ရွာသားတစ်ဦးသည် ပေါက်ကွဲမှုကြောင့် ထိမှန်ခံရသောကလေးနှစ်ဦးကို တွေ့ရှိခဲ့ပြီး ဤဖြစ်စဉ်နှင့်ပတ်သက်၍ (KHRG သတင်းစုဆောင်းသူတစ်ဦးအား) အကြောင်းကြားခဲ့သည်။ ထို့နောက် KHRG သတင်းစုဆောင်းသူသည် (ဒဏ်ရာရရှိခဲ့သော) စောရ--- မိခင်၏အဒေါ်ဖြစ် သူကို သွားရောက်မေးမြန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် KHRG ရုံးဝန်ထမ်းတစ်ဦးသည် လည်း သတင်းအကြောင်းအရာများပိုမိုသိရှိရန်အတွက် စောရ---၏မိခင်ဖြစ်သူ နော်က---ကို အင်တာဗျူးခဲ့ပါသည်။ |
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
ဤသတင်းအကြောင်းအရာကို ပြောပြသောသူသည် စောရ---မိခင်၏အဒေါ်ဖြစ်သူ နော်စ---ဖြစ်သည်။ နော်စ---သည် ပ--- ကျေးရွာတွင် တာဝန်ယူထမ်းဆောင်ရသော ဒေသခံ KWO (ကရင်အမျိုးသမီးအဖွဲ့အစည်း) ၏ဥက္ကဌတစ်ဦးဖြစ်သည်။ နော်စ---သည် သေဆုံးသွားသော စောရ--- ၏အသုဘအတွက် ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော (သူ၏တူလေးဖြစ်သူ) စောဝ---အား ဆေးရုံသို့ပို့ဆောင်ရန် သယ်ယူပို့ဆောင်ရေးအတွက် လှေတစ်စီးစီစဉ်ပေးခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက် ၍ စောရ--- ၏မိခင် (နော်က---) သည်လည်း မျှဝေပြောပြခဲ့သည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စုမှ ရွာသား နှစ်ဦးဖြစ်သော စောရ--- (၁၇နှစ်) နှင့်စောဝ--- (၁၆နှစ်) တို့သည် သံလွင်မြစ်သို့ ငါးထွက်ရှာခဲ့သည်။ အဆိုပါရွာသား နှစ်ဦးသည် (ကော်လူဒမ်းကျေးရွာအုပ်စု၊ ပ--- ကျေးရွာမှထွက်ခွာလာခဲ့ပြီး) လမ်းဘေးနားတစ်နေရာတွင် မပေါက်ကွဲ သေးသောလက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည့်နေရာ သည် ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်းနှင့် ၁.၆ ကီလိုမီတာ ကွာဝေးသည်။ ထိုရွာသားနှစ်ဦးသည် (၎င်းတို့မြင်တွေ့သည့်အရာသည် မည်သည့်အရာမှန်းမသိရှိဘဲ) မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကို ကောက် ယူ၍ ထုခွဲခဲ့သည်။ ထိုလက်နက်ကြီးသည်ပေါက်ကွဲသွားပြီး လက်နက်ကြီးအစအနများသည် ၎င်းတို့အား ထိမှန်ခဲ့သည်။ လက်နက်ကြီးထိမှန်၍ အသက် (၁၆) နှစ်အရွယ်ရှိသော စောဝ---သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက် (၁၇) နှစ်အရွယ်ရှိသော စောရ--- မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ (စောရ--- ၏မိသားစုဝင်တစ်ဦးဖြစ်သော နော်စ---၏ ပြောပြချက်အရ) ၎င်းတို့နှစ်ဦးသည် ကလေးများဖြစ်ပြီး လက်နက်ကြီးကျည်ဆံကို တစ်ခါမှမမြင်ဖူးသည့်အတွက် ၎င်းတို့ တွေ့ရှိသည့်အရာသည် UXO တစ်လုံးဖြစ်ပြီးမည်မျှအန္တရာယ်ရှိကြောင်း မသိရှိခဲ့သည့်အတွက်ကြောင့် ဤသို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရွာသားနှစ်ဦးသည် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ပ--- ကျေးရွာတွင် လာရောက်နေထိုင်ပြီး အလုပ် ရှာဖွေခဲ့သည်။ ထ--- ကျေးရွာဟောင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းဟောင်းအနီးတွင် တည်ရှိပြီး ပ--- ကျေးရွာနှင့်လည်း သိပ်မဝေးပေ။ ပ--- ကျေးရွာမှ ရွာသားများသည် ပေါက်ကွဲမှုအသံကို ကြားခဲ့ပြီး နောက် အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်သောအခါ စောဝ--- သေဆုံးနေသည်ကို နော်စ---နှင့်အခြားရွာသားများက တွေ့ရှိခဲ့သည်။ စောရ---မှာ သူ၏ဘယ်လက်တစ်ဖက် ပြတ်ထွက်ခဲ့ပြီး ညာဖက်လက်တစ်ဖက်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ (ညာဖက်လက်မှ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်တစ်ဝက်ဆုံးရှုံးခဲ့ရသည်။) ထို့အပြင် သူ၏ရင်ဘတ်၊ ခြေထောက်၊ နဖူး၊ ပါး၊ နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်တွင် လည်း ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာပြင်းထန်စွာရရှိနေသော စောရ---၏အခြေအနေကိုမြင်တွေ့ခဲ့သည့် စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---သည် ယခုလိုရှင်းပြသည်။ “(စောရ---) သူသေမယ်လို့ကျွန်မတို့ထင်ခဲ့တယ်။ သူ့ကို ဆေးရုံအချိန်မီပို့နိုင်မယ်လို့ ကျွန်မတို့ မထင်ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေချည်းပဲ။ သူ့လက်တစ်ဖက်လည်း ပြတ်သွားတယ်။ အခြားလက် တစ်ဖက်လည်း စုတ်ပြတ်သတ်သွားတယ်။ သူ့ရဲ့ရင်ဘတ်၊ ပေါင်၊ ခြေထောက်နဲ့နဖူးမှာလည်း (လက်နက်ကြီးအစအန) ထိမှန်ခဲ့တယ်။” နော်စ---သည် ဆက်လက်၍ “သူ့ဒဏ်ရာအခြေအနေကိုကြည့်မယ်ဆိုရင် ဒဏ်ရာက တော်တော်ပြင်း ထန်တယ်။ သူအလုပ်ပြန်လုပ်နိုင်မလား၊ မနိုင်ဘူးလားဆိုတာ ကျွန်မတို့မသိနိုင်ဘူး။ သူ့ရဲ့အခြားလက်တစ်ဖက်သာ အဖြတ်မခံရဘူးဆိုရင် သူ့ကိုယ်သူဂရုစိုက်နိုင်မယ်ထင်တယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးသာ ဆုံးရှုံးရမယ်ဆိုရင် သူအနေနဲ့ တော်တော်လေးဒုက္ခရောက်မှာ။ သူ့ကိုယ်သူလည်း ဂရုစိုက်ရတယ်။ သူ့မိသားစုကိုလည်း စောင့်ရှောက်ရတယ်။ ဒါက တကယ့်ပြဿနာပဲ။” ဟုပြောပြသည်။ နော်စ---သည် ပ--- ကျေးရွာတွင်တာဝန်ယူရသော ဒေသခံ KWO ၏ဥက္ကဌ တစ်ဦးဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် ရွာသားများသည် အလွန်တရာစိုးရိမ်ပူပန်မိသည်။ အကြောင်းမှာ ဒဏ်ရာရရှိနေသည့် စောရ---အား အချိန်မီဆေးကုသပေးမည့်သူ တစ်ဦးမှမရှိသောကြောင့်ဖြစ်သည်။ စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---သည် စောရ---ကို အားပေးစကားပြောခဲ့သည်မှာ “မင်းမသေစေရဘူး။ အားတင်းထားပါ။ မင်းအတွက် ဆေးကုသမှုရအောင် လုပ်ပေးမယ်။ သဘောကောင်းတဲ့ကျန်းမာရေးလုပ်သားတွေနဲ့မင်းသူငယ်ချင်းတွေကို ပေးတွေ့မယ်နော်။ အခုတော့ မင်း တစ်ယောက်ဘဲသွားရမယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် မင်းရဲ့မိဘတွေက မင်းဆီကို သွားလည်မယ်။ သူတို့က မင်းဘေး နားမှာရှိနေပြီး အားပေးစကားတွေပြောမယ်။” နော်စ---၏အားပေးစကားကြောင့် စောရ---သည် အားတက်သွားပြီး သူ့ကိုအမြန်ဆေးရုံပို့ပေးရန် လူတွေကိုအကူအညီတောင်းဆိုခဲ့သည်။ သူ့ကိုယ်သူလည်း အသက်ရှင်ရမည်ဟု အားတင်း ထားခဲ့သည်။
ထိုနေရာဒေသအနီးနားတွင် ဆေးရုံလည်းမရှိသလို ကျန်းမာရေးလုပ်သားများလည်း မရှိသည့်အတွက်ကြောင့် ရွာသား များသည် စောရ--- ကို အတတ်နိုင်ဆုံး ခ--- ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။ ခ---ဆေးရုံသည် ကရင်ပြည်နယ်မြောက် ပိုင်း၊ မူတြော်ခရိုင်ရှိ သံလွင်မြစ်ကမ်းနားတွင်တည်ရှိသည်။) စောရ--- ၏အဒေါ်နှင့်အခြားရွာသားများသည် ညနေငါး နာရီဝန်းကျင်တွင် စောရ--- အား ဆေးရုံသို့ပို့ဆောင်ရန် လှေတစ်စီးစီစဉ်ပေးခဲ့သည်။ ရွာသားတစ်ဦးဖြစ်သည့်စောသ---နှင့်လှေသမားတစ်ဦးတို့သည် စောရ--- ကို လှေဖြင့် ခ--- ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဆေးရုံသို့ရောက်ရန် သုံးနာရီကျော် ကြာသည်။ စောရ--- သည် ခ--- ဆေးရုံတွင် တစ်ညဆေးကုသမှုခံယူခဲ့သည်။ လမ်းခရီးစရိတ်အတွက် လှေသမားက ဆီသုံးပုလင်းဖိုး ထိုင်းဘတ်ငွေ (၂၇၀)နှင့် ပို့ဆောင်ခအတွက် ထိုင်းဘတ်ငွေ (၃၅၀၀) တောင်းခဲ့သည်။
စောရ---ကို ဆေးကုသပေးရန်အတွက်လိုအပ်သည့်ဆေးဝါးပစ္စည်းများ လုံလောက်စွာမရှိသည့်အတွက်ကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ခ---ဆေးရုံမှ ကျန်းမာရေးလုပ်သားများသည် စောရ--- အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် ပြည်နယ်ရှိ လ--- ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် စောရ--- ကို ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ပြည်နယ် ရှိ န--- ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြန်သည်။ စောရ--- အနေဖြင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေစဉ် အစပိုင်း တွင် သူ့အား ကြည့်ရှုစောင့်ရှောက်ပေးရန် မည်သူမှမရှိခဲ့ပေ။ ထို့ကြောင့် လ--- ဆေးရုံမှ ကျန်းမာရေးလုပ်သားများသည် သူ့အ တွက် လူနာစောင့်တစ်ဦး ငှားရမ်းပေးခဲ့ပြီး တစ်နေ့လျှင် ဘတ် (၂၀၀) ပေးရသည်။ စောရ--- ၏မိခင်သည် ခ---ဆေးရုံသို့ ရောက်ရှိရန် နှစ်ရက်ကြာမြင့်ခဲ့သည်။ သို့သော် သူ၏သားကို န--- ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီးဟု သိရှိခဲ့ရ သည်။ နောက်ဆုံးမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စောရ--- ၏မိခင်သည် န--- ဆေးရုံသို့ ရောက်ရှိခဲ့သည်။ န--- ဆေးရုံတွင် သူ၏သားကို သူကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့ပြီး သူ့သားကိုကြည့်ရှုခဲ့သောလူနာစောင့်ကို ဘတ် (၃၀၀၀) ပေးခဲ့သည်။
(စောရ--- ၏မိခင်ဖြစ်သူ) နော်က--- ၏ပြောပြချက်အရ သူ၏သားသည် န--- ဆေးရုံတွင် ကိုးရက်ကြာ ဆေးကုသမှု ခံယူခဲ့သည်။ ကျန်းမာရေးလုပ်သားများသည် စောရ--- အား ဆေးကုသပေးနေစဉ် စောရ--- မှာ မျက်လုံးနီရဲပြီး နာနေ သည်ကို သတိပြုမိခဲ့သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် ကြားသိရှိရသည့်သတင်းအရ) စောရ--- မျက်လုံး နာသည့် အခြေအနေသည် ပြန်လည်သက်သာလာပြီးဖြစ်သည်။ သူ၏လက်တွင်ရရှိသော ဒဏ်ရာများလည်း ပြန်လည် ပျောက်ကင်းလာပြီးဖြစ်သည်။ သို့သော်လည်း လာမည့်နှစ်ပတ်အတွင်း ဆေးစစ်ရန်အတွက် န--- ဆေးရုံသို့သွားပြရန် လိုသည်။ နော်က--- မှ သူ၏သားကျန်းမာရေးအခြေအနေတိုးတက်လာသည်ကို မြင်တွေ့ခဲ့ပြီး သူ၏ခံစားချက်ကို ယခုလိုပြောပြခဲ့သည်။ “အခုကျွန်မရဲ့သားအခြေအနေက တစ်ဖြေးဖြေးနဲ့ပြန်ကောင်းလာတာတွေ့ရတော့ အရမ်းပျော် တယ်။”
စောရ--- တွင် မိသားစုဝင်သုံးဦးရှိသည်။ ထိုသုံးဦးမှာ သူ၏ဖခင်၊ မိခင်နှင့်ညီလေးတို့ဖြစ်ကြသည်။ ညီလေးဖြစ်သူမှာ အသက် (၁၄)နှစ်ရှိပြီး ခြောက်တန်းကျောင်းသားတစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူမှာ မောပန်းလွယ်သော ဝေဒနာကို ခံစား နေရပြီး အချိန်ပြည့်အလုပ်မလုပ်နိုင်ပေ။ မိခင်ဖြစ်သူမှာ လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် သာသနာပြုဆရာမတစ်ဦးအနေဖြင့် လုပ်ကိုင်နေလျက်ရှိသည်။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် စောရ--- ၏မိသားစုမှာ စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသည်။ အကြောင်းမှာ စောရ--- သည် သူ၏မိသားစုပိုင်ဆိုင်သည့် လယ်ယာတွင် တစ်ယောက်တည်းလုပ်ကိုင်နေရသောသူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ စောရ--- သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်အချိန်တွင် အသက် (၁၄) နှစ်အရွယ်ရှိသော သူ၏ညီလေးသည် မိသားစုစားဝတ်နေရေးအ တွက် နှစ်ပတ်ကြာအောင် လယ်ယာတွင် အလုပ်လုပ်ခဲ့ရသည်။
အခင်းဖြစ်ပွားသည့်နေ့တွင်ပင် ပ--- ကျေးရွာသားများ စုပေါင်း၍ စောဝ--- ၏ရုပ်အလောင်းကို မြှုပ်နှံပေးခဲ့သည်။ (ရွာသား များသည် စောဝ--- ၏မိခင်ကိုအကြောင်းကြားပြီး သူ့သားအသုဘအတွက် လာကြည့်ခဲ့သည်။) စောဝ--- သေ ဆုံးပြီးနောက် သူ၏မိခင်မှာ သမီးခြောက်ဦး၊သားနှစ်ဦးနှင့်အတူကျန်ရစ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် အခက်အခဲ များကြုံတွေ့နေရသည်။ စောဝ--- ၏ဖခင်သည် လွန်ခဲ့သည့်နှစ် (၂၀၂၃ ခုနှစ်) က ရောဂါဖြင့် ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စောဝ---သည် ဖခင်တာဝန်ကိုယူ၍ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့သည်။ သားဖြစ်သူ တစ်ဦးသေဆုံးသွားသည့်အတွက် စောဝ--- ၏မိခင်သည် ကျန်ရစ်သော သားသမီးများကို စောင့်ရှောက်ရာတွင် အခက် အခဲများရှိနေပါသည်။
အဆိုပါကလေးနှစ်ဦးမှ မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကိုတွေ့ရှိခဲ့သည့်နေရာသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသည့်နေရာဒေသဖြစ်သည်။ ဤလက်နက်ကြီးတစ်လုံးကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း မသိ ရှိရပေ။ အကြောင်းမှာ ပဋိပက္ခအတွင်း ထိုနေရာဒေသတွင်လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့အများအပြား ရှိနေ သောကြောင့်ဖြစ်သည်။ UXO ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာဒေသသည် ယခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားခဲ့သောနေရာဒေသလည်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အများစုမှာ သစ်ပင်လှဲကျပြီး မြေမြှုပ်မိုင်းကိုထိမှန်ခြင်းကြောင့်ဖြစ်သည်။ တခါတရံတွင်လည်း တိရစ္ဆာန်များက မြေမြှုပ်မိုင်းတက်နင်းမိပြီး ပေါက်ကွဲ သည့်ဖြစ်စဉ်လည်းရှိသည်။ UXO တည်ရှိနေမှုကြောင့် ရွာသားများသည် ရွာအပြင်သို့ထွက်ပြီး ၎င်းတို့၏လယ်ယာခြံ ထဲတွင် သွားရောက်လုပ်ကိုင်ရန်ကြောက်ရွံ့နေသည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ပ--- ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ UXO များကို ရှင်းလင်းပေးရန်အတွက် မည်သည့်အဖွဲ့အစည်းများ သို့မဟုတ် လူသားချင်းစာနာထောက် ထားမှုအဖွဲ့များမရှိပါ။ ထို့အပြင် ဒေသခံရွာသားများလည်း UXO အန္တရာယ်အသိပညာပေးသင်တန်းများကို တစ်ခါမှ မတက်ရောက်ဖူးကြပါ။
UXO တည်ရှိနေမှုကြောင့် စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---မှ ယခုလိုရှင်းပြသည်။ “UXO တည်ရှိနေတဲ့အခြေအ နေနဲ့ပတ်သက်ပြီး ရွာသားတွေအနေနဲ့ ဘာမှလုပ်မရဘူး။ တစ်ခုပဲလုပ်နိုင်တာကတော့ ပိုပြီးသတိထားရမယ်။ အန္တရာယ် ရှိတဲ့နေရာတွေကို မသွားမိအောင်ရှောင်တယ်။ အဲလိုနေရာကိုသွားလို့မရဘူးလေ။ ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ရတယ်။ တစ်ခြားနည်းလမ်းတော့ မရှိဘူး။”
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် KHRG လက်ခံရရှိသည့်သတင်းအရ စောရ--- နှင့်စောဝ--- တို့၏မိသားစုဝင် များသည် ထိုင်းနိုင်ငံရှိ အစိုးရအဖွဲ့မဟုတ်သော နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတစ်ခုမှ ပေး သောကူညီထောက်ပံ့မှုကို လက်ခံရရှိခဲ့သည်။ ထိုကူညီထောက်ပံ့မှုသည် ဆေးဝါးကုသမှုစရိတ်နှင့် ကျန်ရစ်သူမိသားစု အတွက် ထောက်ပံ့ကြေးများဖြစ်သည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
စောရ--- ၏မိသားစုဝင်နှင့်ဆွေမျိုးသားချင်းများသည် အနာဂတ်တွင် UXO အန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ် ချက်ဖြင့် ဤသတင်းအချက်အလက်များကို KHRG အား ရေးသားဖြန့်ဝေခွင့်ပေးခဲ့သည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။