Thu, 27 Mar 2025
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးသေဆုံးပြီး ကလေးသုံးဦးဒဏ် ရာရရှိ (၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၀) နှင့် (၅၉၉) တို့သည် မူးမြို့နယ်၊ မုန်း ကျေးရွာအုပ်စုရှိ အ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သောလက်နက်ကြီးတစ် လုံးသည် ရွာသားတစ်ဦး၏နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး အိမ်ထဲတွင် ရှိနေသည့်လင်မယားနှစ်ဦး ထိမှန်သေဆုံး ခဲ့သည်။ ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အိမ်ထဲတွင်ရှိသောကလေးသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ကလေးသုံးဦးသည် အသက် (၁၆)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး၊ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် (၂) နှစ်အရွယ် ယောင်္ကျားလေးငယ်တစ်ဦးတို့ဖြစ်သည်။ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိ သည့်ကလေးများကို ဆေးကုသမှုရရှိစေရန်အတွက် တောအူး (တောင်ငူ)ခရိုင်သို့ ပို့ဆောင်ခဲ့သည်။ လက်နက်ကြီးပစ် ခတ်မှုကြောင့် ဒေသခံရွာသားများသည် ရွာအပြင်ဘက်တွင်တဲအိမ်များထိုး၍ သွားရောက်နေထိုင်ကြရသည်။ ရွာသူ၊ ရွာသားများအားလုံးသည် စိုးရိမ်ကြောင့်ကြမှုများစွာနှင့်အသက်ရှင်နေထိုင်ရသည်။  [1]

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရရှိမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ၁ရက်နေ့

အခင်းဖြစ်ပွားမှုအမျိုးအစား

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဦးဆ---

ဒေါ်ဒ---

မဃ---

မဂ---

မောင်ဧ---

အသက်

၄၀ နှစ်

၃၅ နှစ်

၁၆ နှစ်

၈ နှစ်

၂ နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

-

အလုပ်အကိုင်

နေ့စား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

မသိရှိရ

နေရပ် ရွာအမည်

မုန်းကျေးရွာ အုပ်စု၊ အ---ကျေးရွာ

မုန်းကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

နိုင်ငံတောစီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများ

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၀) နှင့် (၅၉၉)

မူး(ကျောက်ကြီး)မြို့နယ်၊ တောင်လှိုင်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

အခင်းဖြစ်ပွားပြီးနောက် ခလယ်လွီထူခရိုင်၊ ကွီးဒူခေါကျေးရွာအုပ်စု၊ လ--- ကျေးရွာမှ  ဒေသခံအာဏာပိုင်တစ်ဦးဖြစ်သူ ပဒိုက---သည် KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများအား ထိမှန်သည့်အ ကြောင်းအရာကို ပြောပြခဲ့သည်။ ပဒိုက---သည် ဒေသခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သား များအား KHRG ကွင်းဆင်းလုပ်သားနှင့်အတူ အခင်းဖြစ်ပွားသည့်နေရာသို့သွား၍ လုံခြုံရေးအတွက် တာဝန်ယူ ပေးရမည်ဟု ခိုင်းစေခဲ့သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ဓာတ်ပုံသက်သေအထောက်အထားများကို ရိုက်ယူ ပြီးနောက် အခင်းဖြစ်စဉ်ကို မှတ်တမ်းပြုစုရန်အတွက် မျက်မြင်သက်သေဖြစ်သည့် ဦးမ---နှင့် လက်နက်ကြီး ထိမှန်သည့် ရွာသားတစ်ဦး၏မိသားစုဝင်တစ်ဦးဖြစ်သူ မဟ--- တို့အား အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ ဦးမ---သည် KHRG ကွင်းဆင်းလုပ်သားအား ဤသတင်းအ ကြောင်းအရာကို ပြောပြခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ဦးမ---သည် အခင်းဖြစ်ပွားသည့်နေရာအနီး ၎င်း အိမ်တွင်ရှိနေခဲ့ပြီး အခင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးဖြစ်သည်။ ဦးမ---သည် ဒဏ်ရာရရှိသည့်ရွာသားများ ကို ကူညီ၍ ဆေးရုံသို့ကိုယ်တိုင်ပို့ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ (လက်နက်ကြီးထိမှန်သည့်ဦးဆ---၏ညီမဖြစ်သူ မဟ---သည် အခြား KHRG ကွင်းဆင်းလုပ်သားတစ်ဦးကိုလည်း ဤသတင်းအကြောင်းအရာကို ပြောပြခဲ့သည်။)

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ၁ ရက်နေ့ မွန်းလွဲ (၂း၃၀) မိနစ်ဝန်းကျင်တွင် (မူးမြို့နယ်၊ တောင်လှိုင်ကျေးရွာအုပ်စု၊ သာစည် ကျေးရွာတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၀) နှင့် (၅၉၉) တို့မှ စစ်သားများက ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ အ--- ကျေးရွာမှ ရွာသားများသည် ကျေးရွာဘုန်းကြီးကျောင်းတွင် အလှူပွဲကျင်းပနေကြောင်း ကြားသိရှိခဲ့သည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် (SAC စစ်သားများ) အ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ (SAC စစ်သားများသည် လူအများစုဝေး နေသောဘုန်းကြီးကျောင်းကိုပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ဒေသခံရွာသားများက ယုံကြည်ကြသည်။) ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည်  ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း မည် သူမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။

အခြားလက်နက်ကြီးတစ်လုံးသည် အ--- ရွာသားတစ်ဦးဖြစ်သူ ဦးဆ---၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် ဦးဆ---နှင့်၎င်းမိသားစုသည် အိမ်ထဲတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ဦးဆ---အပါအဝင် အိမ်ထဲတွင်ရှိသော ၎င်းမိသားစုဝင်အားလုံးသည် လက်နက်ကြီးထိမှန်ခဲ့သည်။ ဦးဆ---သည် လက် နက်ကြီးထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ဒေါ်ဒ---သည် လက်နက်ကြီးထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့သည်။ ဦးဆ---နှင့်ဒေါ်ဒ---တို့၏သားသမီးများဖြစ်ကြသော မဃ--- (၁၆ နှစ်)၊ မဂ (၈နှစ်) နှင့် မောင်ဧ--- (၂နှစ်) တို့သည်လည်း လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဆ---၏ညီမဖြစ်သူ မဟ---က ယခုလိုရှင်းပြသည်။ “လက်နက်ကြီးပေါက်ကွဲတဲ့အချိန်မှာ ကျွန်မက အခင်းဖြစ်ပွားတဲ့နေရာ အနီးမှာ ရှိနေခဲ့တယ်။ (…) လက်နက်ကြီးအသံကိုကြားပြီး ကျွန်မသူတို့ဆီကို ပြေးသွားတယ်။ ကျွန်မရဲ့အကိုက သေဆုံး နေပြီး။ ကျွန်မရဲ့ခယ်မက ကြမ်းပြင်ပေါ်မှာ လှဲနေတယ်။ (…) ကျွန်မလည်း ပတ်ဝန်းကျင်ကို အကူအညီလှမ်းအော် တောင်းတော့ လူတွေကလည်း စိုးရိမ်စိတ်တွေနဲ့ပြေးလွှားနေကြတယ်။ အရမ်းနောက်ကျသွားတယ်။ ကျွန်မရဲ့ခယ်မက ဒဏ်ရာနဲ့သေဆုံးသွားပြီးလေ။ အမှန်ဆိုရင် သူမသေသင့်ဘူး။”

သမီးဖြစ်သူ မဃ--- (၁၆ နှစ်) သည် တောအူး (တောင်ငူ) ခရိုင်တွင်တည်ရှိသည့် န---ဆေးခန်းတွင် ဆေးကုသမှုသွား ရောက်ခံယူခဲ့သည်။ န---ဆေးခန်းသည် ကိုယ်ထူကိုယ်ထဆေးခန်းတစ်လုံးဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့်ဆရာဝန်တစ်ဦးက ၎င်းဆေးခန်းကိုဦးစီး၍ တာဝန်ယူဆောင်ရွက်သည်။ သမီး ဖြစ်သူ မဂ--- (၈ နှစ်)နှင့် သားဖြစ်သူ မောင်ဧ--- (၂ နှစ်) သည် SAC စီမံခန့်ခွဲသော တောအူး (တောင်ငူ) ဆေးရုံသို့သွား၍ ဆေးကုသမှုခံယူခဲ့သည်။ မဂ--- သည် (၂၀၂၄ ခုနှစ်၊ ဇူလှိုင်လကုန်အထိ) ဆေးရုံမှ ဆင်းလာနိုင်ခြင်းမရှိသေးပေ။ မောင်ဧ---သည် ပြန်လည်သက်လာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့တွင် ဆေးရုံမှဆင်းလာနိုင်ပြီးဖြစ်သည်။ မောင်ဧ---အနေဖြင့် ကျန်းမာရေးစစ်ဆေးရန်အတွက် ဆေးရုံသို့ ရက်ချိန်းပြန်လာရမည်ဟု သူနာပြုများနှင့် ကျန်းမာရေးတာဝန် ရှိသူများက ၎င်းအား မှာကြားခဲ့သည်။ သို့သော်လည်း တောအူးခရိုင်သို့သွားသည့်ခရီးလမ်းတွင် အလွန်ဝေး၍ အခက်အခဲ၊ အတားအဆီးများရှိသည့်အတွက်ကြောင့် မောင်ဧ---ကို ၎င်းဆေးရုံသို့ ပို့ဆောင်နိုင်ရန် အတွက် အင်မတန်ခက်ခဲ ပါသည်။

ဒဏ်ရာရရှိသည့်ကလေးသုံးဦးသည် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများမှ မည်သည့်အကူအညီများ လက် ခံရရှိခြင်းမရှိပေ။ သို့သော်လည်း ၎င်းတို့၏ဆွေမျိုးသားချင်းများနှင့် ဒေသခံရွာသားများသည် ဆေးကုသမှုကုန်ကျစရိတ် ကိုပေး၍ စုပေါင်းကူညီခဲ့သည်။ ဦးဆ---၏ညီမဖြစ်သူ သို့မဟုတ် ဒဏ်ရာရသည့်ကလေးများ၏အဒေါ်ဖြစ်သူ မဟ---သည် ယခုလိုရှင်းပြသည်။ “သူတို့တွေအားလုံးဒဏ်ရာတွေရနေတဲ့အချိန်မှာ ကျွန်မက တစ်ယောက်ထဲပဲဆိုတော့ အကူအညီ လှမ်းတောင်းရတယ်။ ဒါပေမဲ့ လူတွေကလည်း (အန္တရာယ်ရှိသည့်အတွက်) ထွက်ပြေးနေကြတယ်။ အဲဒါကြောင့် ကျွန်မလည်း ဒဏ်ရာရတဲ့ကလေးတွေကို (တောအူး) ဆေးရုံသို့ပို့ဆောင်တဲ့ချိန်မှာ အတူတူသွားခဲ့ရတယ်။ ကျန်ရှိတဲ့ တစ်ခြားမိသားစုဝင်တွေကတော့ ရွာမှာပဲ နေခိုင်းလိုက်တယ်။ ပြီးတော့မှ သူတို့ကို ပိုက်ဆံလွှဲခိုင်းပြီး ဒဏ်ရာရတဲ့ ကလေးတွေရဲ့ဆေးကုသမှုကုန်ကျစရိတ်ကို ကျွန်မတို့ပိုက်ဆံနဲ့ပဲ ပေးဆောင်ခဲ့တယ်။”

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတွေလည်း သတိနှင့်နေထိုင်ရပြီး ယခင်လိုမျိုး ခရီးသွားလာခြင်းလည်း မပြု လုပ်တော့ပေ။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွာသားများသည် ကျေးရွာအနီးရှိ ၎င်းတို့လယ်ယာစိုက်ပျိုးခြံထဲတွင် တဲအိမ် များဆောက်လုပ်ပြီး အကယ်၍ SAC မှ ၎င်းတို့ရွာကို လက်နက်ကြီးထပ်မံပစ်ခတ်ပါက စိုက်ပျိုးခြံထဲသို့သွားရောက် ပုန်းရှောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နေကြသည်။ တစ်ချို့ရွာသားများလည်း ကျေးရွာအတွင်း ဗုံးခိုကျင်းများတူး၍ ပြင်ဆင်ကြသည်။ သို့သော်လည်း (၂၀၂၄ ခုနှစ်၊ ဇူလှိုင်လအတွင်း) မိုးရာသီဖြစ်သည့်အတွက် မိုးရေကြီး၍ ကျေးရွာတွင် ရေလွှမ်းမိုးမှုများရှိခဲ့သည်။ ထို့ကြောင့် ရွာသားများသည် သဲအိတ်များကိုပြင်ဆင်၍ အကာအကွယ်အဖြစ်အသုံးပြုပြီး သတိဝိရိယရှိရှိ သွားလာနေထိုင်ကြရသည်။

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

လက်နက်ကြီးထိမှန်သည့်ရွာသားများ၏မိသားစုအပါအဝင် အခင်းဖြစ်စဉ်ကို ပြောပြသောရွာသားများသည် လူအများ သိရှိစေရန်နှင့် SAC အား ဖိအားပေး၍ ရွာသားများအား တိုက်ခိုက်ခြင်းမှရပ်တန့်စေရန်အတွက် ဤသတင်းအကြောင်း အရာများကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးနှင့် တောအူးခရိုင်ရှိ ဒေသခံတစ်ဦးတို့မှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါ သည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်