Mon, 30 Sep 2024
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- မူးမြို့နယ်အတွင်း၌မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခြင်း (၂၀၂၄ ခုနှစ်၊ မေလ)

ဤမှုခင်းဖော်ပြသည့် မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ မေလတွင် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ဖော်ပြထားပါသည်။ မေလ ၂၉ ရက်နေ့ နံနက်အချိန်တွင် နတ်သံကွင်းကျေးရွာ အုပ်စု၊ ဟ--- ကျေးရွာတွင် နေထိုင်သော အသက် (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၉)၊ (၃၀၇) နှင့် ခြေမြန်တပ်မ (၇၇) တို့ထောင်ထားခဲ့သော မြေမြှုပ်မိုင်းတစ်လုံးကို သူ၏ကျေးရွာထဲတွင်နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူ၏ညာဘက်ခြေထောက် ပြတ်သွားပြီး ဘယ်ဘက် ခြေထောက်တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့နောက် ကုသမှုခံယူရန်အတွက်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများ၏အကူအညီဖြင့် သူ၏မိသားစုဝင်များက ဖလီးထာ ကျေးရွာအုပ်စုရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသော ဆေးရုံတစ်လုံးသို့ပို့ဆောင်ခဲ့သည်။ ဤအဖြစ် အပျက်ကြောင့် ရွာသားများ ကြောက်ရွံ့ကြပြီး ကြောက်လန့်စွာနေထိုင်ကြရသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(အသက် (၁၄) နှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦး) မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ဟ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မဃ---

အသက်

၁၄ နှစ်

ကျား/မ

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

-

အလုပ်အကိုင်

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ဟ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၉)၊ (၃၀၇) နှင့် ခြေမြန်တပ်မ (၇၇) လက်အောက်ရှိ (အမည်မသိရှိရသောတပ်ရင်းများ) ၏ပူးပေါင်းတပ်ဖွဲ့

ကညွတ်ကွင်းတပ်စခန်း (ခမရ - ၄၃၉)၊ ရွှေဝါတပ်စခန်း (ခမရ - ၃၀၇)၊ နှင့် နတ်သံကွင်းမြို့ (တပ်မ - ၇၇ လက်အောက်ရှိ အမည်မသိရှိရသောတပ်ရင်း)

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

မူးမြို့နယ်ရှိ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) ၏ခေါင်းဆောင်တစ်ဦးဖြစ်သော ပဒို စောဘ--- သည် ဤအဖြစ်အပျက်ကို KHRG သတင်းစုဆောင်းသူတစ်ဦးထံ အကြောင်းကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် KHRG သတင်းစုဆောင်းသူသည် ထိခိုက်ဒဏ်ရာရသူနှင့်တွေ့ဆုံရန် မူးမြို့နယ်၊ ဖလီးထာကျေးရွာအုပ်စုရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသော ဆေးရုံသို့သွား၍ ဓာတ်ပုံမှတ်တမ်းပြုစုခြင်းနှင့် ထိခိုက်ဒဏ်ရာရသူ ၏ ဦးလေးဖြစ်သော ဦးဆ--- နှင့်လည်းတွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်များကိုပေးသောသူ (ဦးဆ---) သည် ထိခိုက်ဒဏ်ရာရသူ၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ကျေးရွာထဲ၌ရှိနေသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာသူကို ဆေးရုံသို့ပို့ဆောင်ခဲ့သူလည်း ဖြစ်သည်

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌) ၏ပူးပေါင်းတပ်ဖွဲ့များဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC ကညွတ်ကွင်းတပ်စခန်းအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၉)၊ ရွှေဝါတပ်စခန်းအခြေစိုက် (ခမရ) အမှတ် (၃၀၇) နှင့် နတ်သံကွင်းမြို့အခြေစိုက် ခြေမြန်တပ်မ (၇၇) လက်အောက်ရှိအမည်မသိရှိရသော တပ်ရင်းတို့သည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းရှိ ဒေသအချို့နှင့် ကျေးရွာအချို့သို့ ဝင်‌ရောက်ခဲ့သည်။ ထို့နောက် အိမ်များမီးရှို့ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် မြေမြှုပ်မိုင်းများထောင်ထားခဲ့ကြသည်။ ထို့ကြောင့် ရွာသူ၊ရွာသား အများအပြားကြောက်လန့်ပြီး ထွက်ပြေးကြသည်။ SAC စစ်သားများသည် ကျေးရွာနှင့် ကျေးရွာဝန်းကျင်တွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့သောကြောင့် ၎င်းတို့ဆုတ်ခွာသွားပြီးနောက် ရွာသူ၊ရွာသားများအိမ်သို့ပြန်လာသောအခါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် အများအပြားဖြစ်ပွားခဲ့ပါသည်။

  

၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ နံနက် ၈း၃၀ မိနစ်တွင် မူးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ဟ--- ကျေးရွာတွင် နေထိုင်သော မဃ--- နှင့် သူ၏အမေသည် (အိမ်တွင်သန့်ရှင်းရေးလုပ်ပြီးနောက်) သစ်ကိုင်းစွန့်ပစ်ရန် ကျောင်းနှင့် နီးသော နေရာတစ်နေရာသို့သွားကြသည်။ သွားနေစဉ်လမ်းတွင် မဃ--- သည် SAC တို့ထောင်ထားခဲ့သော M14 မိုင်းတစ်လုံးကို နင်းမိသည်။ မဃ--- သည် ခြေထောက်နှစ်ဖက်လုံးတွင်ပြင်းထန်စွာဒဏ်ရာရရှိပြီး ပေါက်ကွဲမှုကြောင့် ညာဖက်ခြေထောက်ကို ဆုံးရှုံးလိုက်ရသည်။ အခင်းဖြစ်ပွားချိန်တွင် ရွာထဲ၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်သားများ ရှိသောကြောင့် ၎င်းတို့၏အကူအညီဖြင့် မဃ--- ၏မိဘများနှင့်ဦးလေးဖြစ်သူ ဦးဆ--- တို့သည် မဃ--- ကို (မူးမြို့နယ်၊ ဖလီးထာကျေးရွာအုပ်စုရှိ) KNU စီမံခန့်ခွဲသော ဆေးရုံတစ်လုံးသို့ပို့‌ဆောင်လိုက်သည်။ မဃ--- သည် ညာဘက်ခြေထောက်ကို ခွဲစိတ်ရပြီး ဘယ်ဘက်ခြေထောက်တွင်မူ ဒဏ်ရာများရရှိခဲ့သော်လည်း ဖြတ်တောက် ရန်မလိုပါ။

 

ဆေးရုံတွင်ကုသမှုကုန်ကျစရိတ်နှင့်ပတ်သက်၍ မဃ--- ၏ဦးလေးဖြစ်သူ ဦးဆ--- သည် “အခုတော့ ကုန်ကျစရိတ် တွေကို မသိသေးဘူး။ ဆေးရုံကဆရာ၊ဆရာမတွေက ကျွန်တော်တို့ရဲ့ (ငွေရေးကြေးရေး) ပြဿနာကိုနားလည် ပေးကြတယ်။ ပြီးတော့ အများအားဖြင့် သူတို့က ပြည်သူတွေကို ကူညီတာများတယ် (အခမဲ့ကုသပေးခြင်း)။ […] သူတို့ (ထိခိုက်ဒဏ်ရာရသူ၏မိဘ) တွေက အခက်အခဲနဲ့ရင်ဆိုင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အခြေအနေက သိပ်အဆင်ပြေတာမဟုတ်ဘူး။ ကျွန်‌တော်ကတော့ သူတို့ကိုဝမ်းမနည်းဖို့နဲ့ ဆရာဝန်တွေကငါတို့ကိုနားလည် လိမ့်မယ်လို့ပြောတယ်။” ဟုရှင်းပြပါသည်။ ထို့အပြင် ဦးဆ--- မှ ဆက်လက်၍ “သူ့ရဲ့မိဘတွေက တစ်နေ့လုပ် တစ်နေ့စားသမားတွေဘဲ။ […] အခုချိန်မှာကျွန်တော်တို့ကဘာမှ လုပ်လို့မရဘူး။ သွားလာလို့လဲမရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပစ်ခတ်မှုတွေလည်းဖြစ်နေတယ်၊ မြေအောက်ကမိုင်းတွေကိုလည်းကြောက်ရသေးတယ်။ စားဝတ်နေရေး အတွက် အရမ်းခက်ခဲတယ်။ ရွာထဲကရွာသားတွေအတွက်တစ်ကယ်ခက်ခဲတယ်။ လယ်သမားတွေဆို တော်သေးတယ်။ နေ့စားသမားတွေဆို အခုချိန်မှာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိဘူး။” ဟုဆက်လက်ဖော်ပြခဲ့ပါသည်။ (လူ့အခွင့်အရေး ချိုးဖောက်ခံရသူ၏ မိသားစုသည် ကုသမှုခံယူပြီးနောက် ဆေးဝါးကုန်ကျစရိတ်နှင့် စားဝတ်နေရေးအတွက် မည်သည့်အဖွဲ့အစည်းမှ ထောက်ပံ့မှုတစ်စုံတစ်ရာရရှိခဲ့သည်ကို မသိရှိရပါ။)

 

SAC စစ်သားများသည် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဟ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လှည့်ပတ်ချိန်တွင်) မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သောကြောင့် ရွာသူ၊ရွာသားများသည် ကြောက်ရွံ့စွာသွားလာလုပ်ကိုင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် မြေမြှုပ်မိုင်းများကို မည့်သည့်နေရာတွင် ထောင်ထားခဲ့သည်ကို မသိရှိကြသောကြောင့်ဖြစ် သည်။ မဃ--- ၏အဖြစ်အပျက်ကြောင့် ရွာသူ၊ရွာသားများသွားလာသည့်အခါ လုံခြုံမှုမရှိသကဲ့သို့ ခံစားကြရပြီး ကြောက်ရွံစွာနေထိုင်ကြရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အများပြည်သူများသိရှိစေရန်အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤအကြောင်းအရာများကိုအသုံးပြုရန်နှင့် ဖြန့်ဝေရန် KHRG အားခွင့်ပြုခဲ့ပါသည်။

Mon, 30 Sep 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်